ဘုရားသခင် နှင့် နေ့လည်စာ စားခြင်း

in #myanmar7 years ago (edited)

photo-1474313438662-85ce389c174a.jpg

တစ်ခါက ဘုရားသခင်ကို တွေ့ဆုံလိုသော လူငယ်တစ်ဦး ရှိခဲ့ပါသည်။သူက ဘုရားသခင်နေထိုင်ရာ အရပ်သို့ သွားရောက် ရန်မှာ ခရီးရှည်တစ်ခုဖြစ်ကြောင်း သိရှိပြီး ဖြစ်သောကြောင့် ပေါင်မုန့်များ နှင့် သောက်ရန် အားဖြည့် အရည် ခြောက်ဗူး တစ်ပါ ကင် ကို ခရီးဆောင် အိတ်ဖြင့်ထုပ်ပိုးကာ သူ့၏ ခရီးကို စတင်ခဲ့ လေ၏။

သူသည် ဧရိယာ အစု သုံးခုခန့် ခရီးပေါက်ပြီးချိန်တွင် မိန်းမကြီး တစ်ဦးကို တွေ့ရှိလေသည်။သူမသည် ပန်းခြံအတွင်း ထိုင်နေလျက် ရှိပြီး ခိုငှက်များကို ငေးကြည့်နေပါ၏။ လူငယ်သည် သူမအနီး ထိုင်လိုက်ပြီး ခရီးဆောင်အိတ်ကို ဖွင့်လိုက်ပါသည်။

photo-1455628508298-04cd1c1675f8.jpg

သူသည် အား ဖြည့် အချိုရည်ဗူးများအနက်မှ သောက်ရန် တစ်ဗူးကို ယူနေချိန်တွင် ၎င်း မိန်းမကြီးသည် ဆာလောင်နေသည့် ပုံ ပေါက်နေသည်ကို သတိပြုမိ ခဲ့သောကြောင့် သူမကို ပေါင်မုန့်တစ်ခု လှမ်း၍ ပေးလိုက်လေ၏။

သူမက ကျေးဇူးတင်စွာဖြင့် လှမ်းယူလိုက်ပြီး လူငယ် ကို ပြုံးပြလိုက်သည်။သူမ၏ အပြုံးသည် အလွန်လှပလျက်ရှိသော ကြောင့် လူငယ်လေးသည် ထပ်မံမြင်တွေ့လိုသည် ဖြစ်ရာ အားဖြည့် အရည်ဗူး တစ်ဗူးကို ထပ်မံ ပေးလိုက်လေ၏။ထိုအခါ သူမက နောက်တစ်ကြိမ် ထပ်မံ ပြုံးပြ လိုက်ပြန်သည်။ ထိုအခါ လူငယ်သည် ကျေနပ်နှစ်သက်သွားလေသည်။

photo-1440178536296-c1041e136dda.jpg

သူတို့သည် တစ်ညနေလုံး စားသောက်လိုက် ပြုံးပြလိုက်ဖြင့် ထိုင်နေခဲ့ကြပါသည်။သို့သော် စကားတစ်လုံးမျှ မပြောဖြစ်ကြပါ။

ဤသို့ဖြင့် မှောင်စပျိုးလာသော အချိန်တွင် လူငယ်သည် သူပင်ပန်းနေသည်ကို သတိပြုမိခဲ့ပြီး အိမ်ပြန်ဖို့ရန် အတွက် မတ် တပ်ရပ်လိုက်ပါသည်။

photo-1483529223932-70b45efa9fd6.jpg

သို့သော် သူသည် ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးချိန်တွင် မိန်းမကြီးဆီသို့ ပြန်လှည့်လာခဲ့ပြီး တင်း ကြပ်စွာ ပွေ့ဖက်ထားလိုက်ပါသည်။ သူမသည် လူငယ်လေးကို နှစ်လိုဖွယ်အရှိဆုံး အပြုံးကိုသာ ပေးမြဲ ပေးခဲ့ပါ၏။

လူငယ်လေးသည် သူ၏ အိမ်သို့ ပြန်လည် ရောက်ရှိ၍ တံခါး ကို ဆွဲဖွင့်လိုက်ချိန်တွင် အချိန်အနည်းငယ်နောက်ကျနေခဲ့ပြီး သူ၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို သတိပြုမိခဲ့သော သူ၏ မိခင်ကို အံ့ အားသင့်စေခဲ့လေ၏။

photo-1492899607222-5d9ac07b82f7.jpg

သို့အတွက်သူမက `` မင်းကိုယ်မင်း ပျော်ရွှင်မှု ဖြစ်စေတဲ့ ဘယ်အရာများကို လုပ်ဆောင်ခဲ့ပါသလဲ ´´ ဟူ၍ လူငယ်လေးကို မေးမြန်းလိုက်ပါသည်။

လူငယ်က " ဘုရားသခင်နှင့် အတူ နေ့လည်စာ စားခဲ့ရ ပါတယ် ´´ ဟူ၍ ပြောလိုက်ပြီး သူ၏ မိခင်က တစ်စုံတစ်ရာ တုံ့ပြန် မ ပြောခင် အချိန်တွင်ပဲ `` အမေ သိလား ။ သူမဟာ သားအမြဲ မြင် တွေ့ရနိုင်တဲ့ အလှပဆုံး အပြုံးတစ်ခုကို ပေးခဲ့ပါတယ် ´´ ဟူ၍ ပြောပြလိုက်လေ၏။

photo-1440178536296-c1041e136dda.jpg

ထိုအချိန်အတွင်းမှာပင် ပန်းခြံအတွင်းမှ အမျိုးသမီးကြီးသည်လည်း ပျော်ရွှင်မှုများဖြင့် သူမ ၏ အိမ်သို့ ပြန်သွားခဲ့လေ၏။သူမ၏ သားသည် သူမ မျက်နှာပေါ်မှ အေးချမ်းမှုကို တွေရှိခဲ့ပြီး အံ့သြဘနန်း ဖြစ်ကာ `` အမေ ဒီနေ့မှာ ပျော်ရွှင်မှု ဖြစ်စေတဲ့ ဘယ်အရာကို လုပ်ဆောင်ခဲ့ပါသလဲ´´ ဟူ၍ မေးမြန်း လိုက်လေ၏။

သူမ က " ပန်းခြံထဲမှာ ဘုရားသခင်နှင့်အတူ ပေါင်မုန့်စားခဲ့ရ ပါတယ် ´´ ဟူ၍ပြောလိုက်လေသည်။ထို့နောက် သူမ၏ သားမှ တုန့်ပြန်ပြောဆိုမှု မပြုခင် မှာပဲ `` မင်းသိလား ။ သူဟာ ငါထင်ထား တာထက် အရမ်းငယ်ရွယ်နေပါသေးတယ်´´ ဟူ၍ ထပ်ပြောလိုက် လေသည်။

photo >> https://unsplash.com

friendly
@shweyaungmyanmar

Sort:  

သိပ်သဘောမပေါက် အချစ်ဘုရားနဲ့များတွေ့ခဲ့တာလား

အခုလို တိုက်ရိုက် ပြန်တာက လည်း ဖတ် ရတာ သိပ် အဆင်မပြောတော့ဖူး
ဆရာတင် က မြန်မာမှု ပြု ဖို့ သင်ပေးတယ်
တဖြည်းဖြည်း ပြောင်းဖို့ လုပ်ရဦးမယ် do

ဘုရားသခင်ကိုအချိန်တိုင်းတွေ့နိုင်ပါစေဗျာ

မျှဝေလေ့ရှိ တဲ့လူတွေ နဲ့ ပေါ့

Good Post
Thank for sharing

thank for your supporting.

ကျေးဇူး ပြည့်စုံ

Very Good.

ကျေးဇူးပါ

လ၃့်တောင်သွားတယ် ပို့ယ်ခေါင်းစဉ်က

ဘာပါလိမ့် ဆိုပြီးပေါ့

Thank you 😃

thank for your supporting

တော်တော်ကလေးတော်လာပြီ။

တယ် ´ ကို မသုံးပဲ သည် ´ ပြောင်းသုံးထားပါတယ် ဆရာ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69123.03
ETH 3739.29
USDT 1.00
SBD 3.69