ဖြစ်တည်မှု တစ်ခုချင်းစီ၏ အတိုင်းအတာ

in #myanmar7 years ago (edited)

photo-1507619443569-b670b3ecda18.jpg

သူငယ်ချင်း လေးယောက်သည် ကျောင်းပြီး၍ နှစ်ပေါင်း ၃၀ အကြာတွင် ပြန်လည်တွေ့ဆုံရန် ချိန်ဆိုခဲ့ကြလေ၏။ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံသည်နှင့် ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက်ကြ လေသည်။ထို့နောက် ၎င်းတို့ အတွင်းမှတစ်ဦးသည် သန့်စင်ခန်း သို့ သွားနေခဲ့ချိန်တွင် အခြားသုံးဦးသည် ရှေးဟောင်းနှောင်းဖြစ် များ စတင်ပြောဆိုလျက်ရှိကြပြီး အောင်မြင်မှု ရရှိနေကြသည့် သူတို့၏သားများ အကြောင်းကို ရောက်ရှိသွားလေသည်။

ပထမတစ်ဦးက သူ၏ သားသည် စီးပွားရေးကို လေ့လာခဲ့ပြီး ဘဏ်လုပ်ငန်းရှင် တစ်ဦးဖြစ်လာကာ အလွန် ချမ်းသာနေသော ကြောင့် သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းကို ဖယ်ရာရီ တစ်စီး ဝယ် ပေးခဲ့ကြောင်း ပြောပြသည်။

photo-1488667732045-ad6830a850cf.jpg

ဒုတိယ သူငယ်ချင်းက သူ၏သားသည် လေယာဉ်မှူးတစ်ဦး ဖြစ် လာခဲ့ပြီး ကိုယ်ပိုင် လေကြောင်းလိုင်းတစ်ခုကို စတင်ကာ ချမ်း သာလာခဲ့ပြီးနောက် သူ၏ အကောင်းဆုံးသူငယ်ချင်းကို ဂျက်လေ ယာဉ် တစ်စီးဝယ်ပေးခဲ့ကြောင်း ပြောပြလိုက်၏။

တတိယ သူငယ်ချင်းက သူ၏သားသည် အင်ဂျင်နီယာ တစ်ဦး ဖြစ်လာခဲ့ပြီး ကိုယ်ပိုင် ကုမ္ပဏီ တစ်ခုကို တည်ထောင်ခဲ့ပြီးနောက် သူ၏ အကောင်းဆုံး သူငယ်ချင်းကို ရဲတိုက်တစ်လုံး ဆောက်ပေးခဲ့ ကြောင်း ပြောပြလိုက်၏။

photo-1485083269755-a7b559a4fe5e.jpg

စတုတ္ထ သူငယ်ချင်းသည် သန့်စင်ခန်းမှ ပြန်လာခဲ့ပြီးနောက် ဆူဆူညံညံ ဘယ်အကြောင်းတွေ ပြောနေကြကြောင်း မေးမြန်းလေ ၏။သူတို့ က ၎င်းတို့ သားများ မည်သို့ အောင်မြင်နေကြကြောင်း ပြောနေကြခြင်း ဖြစ်သည်ဟု ဖြေလိုက်ကြပြီး သူ့ကိုလည်း သူ့သား အကြောင်းကို မေးမြန်းကြလေသည်။

သူငယ်ချင်းဖြစ်သူက သူ၏သားသည် ပညာကို ကောင်းစွာ မသင်ယူခဲ့၍ ဘား တစ်ခု၌ ဖျော်ဖြေသူတစ်ဦးသာ ဖြစ်ကြောင်း ပြောပြလိုက်လေသည်။ အခြားသုံးဦးက သူငယ်ချင်းဖြစ်သူသည် အောင်မြင်မှု ရရှိမလာသည့်သူ၏သားနှင့် ပတ်သက်၍ လွန်စွာ စိတ်ပျက်ရမည် ဖြစ်ကြောင်း ပြောကြလေ သည်။

photo-1482112048165-dd23f81c367d.jpg

ထိုအခါ စတုတ္ထ သူငယ်ချင်းက `` အိုး အဲဒီလို မဟုတ်ပါဘူး။ သားဟာ စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်ပြီး လူချစ်လူ ခင်လည်း အလွန်များတဲ့ တစ်ယောက်ဖြစ်ပါတယ်။။လွန်ခဲ့တဲ့ တစ်ပတ်က သူ့မွေ့နေ့မှာ ဆိုရင် သူ့ရဲ့ သူငယ်ချင်းတွေဆီက ဖယ်ရာရီ တစ်စီး ဂျက်လေယာဉ် တစ်စီး နဲ့ ရဲတိုက် တစ်လုံးတောင် မွေးနေ့ လက် ဆောင် ရခဲ့ပါသေးတယ်´´ ဟူ၍ ပြောလိုက်လေ၏။

သဘာဝတရားသည် နုနယ်သော ယုန်သတ္တဝါ အတွက် လျင် မြန်ခြင်း ကို ဖန်ဆင်းပေးထားပါ၏။လျင်မြန်မှု မရှိသည့် လိပ် သတ္တဝါ အတွက်မူကား လုံခြုံမှု ရရှိစေနိုင်သော အခွံမာကို ဖန်ဆင်း ပေးခဲ့ ပြန်ပါသည်။ဖြစ်တည်မှု တိုင်းတွင် အားသာချက် အားနည်းချက် ကိုယ်စီဖြင့် ပင်ကိုယ်အနှစ်သာရ အတိုင်းအတာများ တည်ရှိနေပြီး ဖြစ်ပါသည်။

photo-1478754351612-f8b7577a3859.jpg

မိမိတို့ ကိုယ်တိုင် အတွက် ဆန်းစစ်နိုင်ရန် မေးခွန်းများ ရှိနေပါ သည်။သင်၏ ပင်ကိုယ် အားနည်းချက် အားသာချက်များကို သိရှိပါပြီ လား။ မိမိ၏ အတိုင်းအထာ အလားအလာများကို မည်မျှ ချစ် မြတ်နိုး တန်ဖိုးထားတတ်ပြီနည်း။အခြားသူတစ်ပါးတို့၏ ဖြစ် တည်မှုများကို လည်း လေးစားတတ်ပါပြီလား။

လူသားတိုင်းသည် မိမိအတိုင်းအတာနှင့် မိမိ ဖြစ်တည် တည်ရှိ နေကြခြင်းပင် ဖြစ်ပါ၏။အဆိုပါ လူသားတစ်ဦးကို မိမိ၏ စံနှုန်းသတ် မှတ်ချက် ပေတံဖြင့် တိုင်းတာကြည့်၍ မရကောင်းပေ။မိမိ၏ ပေတံ ဖြင့် တိုင်းတာရန်မစွမ်းသာသည့် ဖြစ်တည်မှု များ ရှိနေပါသည်။၎င်း ဖြစ်တည်မှု တခုချင်းစီ၏ မူလ အနှစ်သာရကို တန်ဖိုးထားတတ်ရပေ မည်။

photo >> https://unsplash.com

friendly ,
@shweyaungmyanmar
MSC - 049

Sort:  

စံသတ်​မှတ်​ချက်​မတူတာကို တူ​အောင်​ညိ၍မရပါ

ကိုယ့်ပိုင် ဖြစ်တည်မှု တစ်မျိုးစီနဲ့ ပေါ့ကိုအတာ

မတူတာတွေဘေးဖယ်လို့ထား
တူတာတွေနဲ့ရှေ့ဆက်လို့သွား

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

@reported has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ကျောင်းမှာသုံးတဲ့ ပေတံကသာ လူတိုင်းအတွက် စံသတ်မှတ်ချက်ဖြစ်မှာပါ ဘ၀မှာတော့ ကိုယ်သုံးတဲ့ ပေတံနဲ့ သူများတွေကို လိုက်တိုင်းနေရင် မှားမှာပေါ့နော်

ဟုတ်တာပေါ့ ကိုစိုး

up လား ညေးတင်

Thank ကိုသာအေး

မူလအနှစ်သာရကို တန်ဖိုးထားတတ်ရမယ်ဆိုတာလေး အရမ်းကြိုက်တယ်ဗျာ nice post bro

ဟုတ် ကျေးဇူးပါ ဗျ

အရမ်းကောင်းပါတယ်

thank ကိုချစ်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69033.32
ETH 3748.46
USDT 1.00
SBD 3.67