Useful Tips & Tricks for Myanmar Steemians - Part 3 ! မြန်မာစတီးမစ်လောကသားများအတွကိ သိသင့်သည်များ အပိုင်း ၃

in #myanmar6 years ago (edited)

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များခင်ဗျာ

Useful Tips & Tricks for Myanmar Steemians - Part 1 နှင့် Part 2 ကို ရေးသားအပြီးမှာ မိမိသိသမျှ ကုန်သွားသဖြင့် Part 3 ကို ဆက်ရေးရန် အနည်းငယ်ကြာမြင့်သွားသော်လည်း အမှတ်မထင် စ်တ်အနှောင့်အယှက်ဖြစ်စရာတစ်ခုကို ကြုံတွေ့ရသဖြင့် ယခုကဲ့သို့ ရေးသားဖြစ်ခဲ့ပါသည်။

image

Be Patient & Be Respect

မိတ်ဆွေတို့အထဲမှာ စာအရေးအသားကောင်းသူများ ရှိနိုင်ပါသည်။ ယခုမှ စတင်သူများ စတီးမစ်အကြောင်းကို မသိသူများ ရှိနိုင်ပါသည်။ သို့သော်လည်း ယုန်နှင့်လိပ် အပြေးပြိုင်ပွဲကဲ့သို့ ရေရှည်တွင် ဇွဲရှိသူ စိတ်ရှည်သည်းခံသူက အနိုင်ရသွားပါမည်။

ထို့ပြင် စတီးမစ်တွင် တစ်ဦးတစ်ယောက်ကောင်းဖြင့် အောင်မြင်သည်များ ရှိသော်လည်း ရှားပါးပါသည်။ အများနှင့်စုဖွဲ့ကာ ကွန်ယက်သဖွယ် အတူလက်တွဲကြိုးပမ်းရသည်က များပါသည်။ ထိုသို့စုဖွဲ့ရာတွင် အဖွဲ့၏ခေါင်းဆောင်များက ချမှတ်ထားသော စည်းကမ်းများကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တဝေမသိမ်း လိုက်နာရမည်မှာ အဖွဲ့ဝင်တို့၏ တာဝန်ပင် ဖြစ်သည်။ မလိုက်နာနိုင်ပါက ၄င်းအဖွဲ့မှ သိက္ခာရှိစွာ နှုတ်ထွက်လိုက်ပါ။ပြစ်ချက်တွေ့ပြီး အထုတ်ပယ်ခံရပါက မိမိအတွက် မကောင်းပါ။ အနည်းဆုံး အရှက်ရသည့်အပြင် ရှက်ရမ်းယမ်းပါက အဖွဲ့အစည်းပါ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထိုကဲ့သို့ဥပမာများကို @cheetah-myanmar တွင် ဝင်ကြည့်နိုင်ပါသည်။ နောက်ထပ် လိုက်နာသင့်သည်ကတော့ မိမိကိုယ်ကိုအပြင် သူတစ်ပါးကိုပါ လေးစားမှုရှိရန် ဖြစ်ပါသည်။

မည်သို့လေးစားရမည်နည်း ?

မိမိကိုယ်ကို လေးစားရန် အထွေအထူးမပြောတော့ပါ။ copy မဟုတ်သော စာများကို ရေးတင်ခြင်းဖြင့် မိမိဂုဏ်ကို မြှင့်တင်နိုင်ပါသည်။ အများကို လေးစားမှုအကြောင်းကိုသာ အဓိကထား၍ ပြောကြားသွားပါမည်။

မိတ်ဆွေတို့ အဖွဲ့အစည်းနှင့် လုပ်ကိုင်ရာတွင် facebook chat group များ ဖွဲ့စည်းပြီး လုပ်ဆောင်ကြမည်မှာ သေချာပါသည်။ တာဝန်ယူမှု အနည်းအများအပေါ် မူတည်ပြီး မိမိဝင်ထားသည့် chat group အရေအတွက်လည်း ကွာခြားသွားနိုင်ပါသည်။ group တိုင်းမှာ စည်းကမ်းချက်များရှိပါသည်။ ပြောဆိုဆက်ဆံရသည့်လူများလည်း အနည်းနှင့်အများရှိပါမည်။ ထိုအခါ အဆင်မပြေမှုများ ရှိနိုင်သည်။ ပူးပေါင်းအဖြေရှာခြင်းဖြင့် ပြေလည်သွားကြပါသည်။ သို့သော် ကျွန်ပ်ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်ကတော့ မည်သို့မှ သည်းခံနိုင်စရာ မရှိပါ။ လွန်ခဲ့သည့် ရက်သတ္တပတ်က Bandwidth ပြဿနာတက်ခြင်းကို sp နည်းသော လူအများစုကြုံတွေ့ခဲ့ပါလိမ့်မည်။ မိမိမှာ မကြုံတွေ့သော်လည်း မိသားစုဝင်များ အဖြေရှာတွေ့နိုင်စေရန် ညတွင်းချင်းံHow to avoid Bandwidth Limit Exceeded Problems ! Bandwidth ပမာဏ ကျော်လွန်သွားမှုကို ဘယ်လို ရှောင်ရှားမလဲ ... ဟူ၍ post ရေးတင်ပေးခဲ့ပါသည်။ အဆိုပါညက chat group တစ်ခုတွင် ၄င်းပြဿနာကို လူတစ်ယောက်က မေးမြန်းလာသဖြင့် ဝင်ရောက်ဖြေကြားပေးနေစဉ် စကားမဆုံးသေးဘဲ ရွဲ့တဲ့တဲ့အပြောအဆိုများဖြင့် group ထဲမှ ထွက်သွားခြင်းကို ကြုံခဲ့ရပါသည်။ သူသည် မိမိနှင့် မိတ်ဆွေမဟုတ်ပါ။ ခံစားစရာလည်း မလိုအပ်ပါ။ သို့သော် မြန်မာစတီးမစ်မိသားစုဝင်များအနေဖြင့် ဆင်ခြင်စရာတစ်ခုရရှိရန် သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။

  1. အဆိုပါ group တွင် မိမိလေးစားသောဆရာတစ်ဦးက group ဝင်များ သိရှိလိုသမျှ မေးမြန်းနိုင်ရန် မိမိကို ထည့်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် အမေးရှိပါက ဖြေကြားခွင့် ရှိပါသည်။
  2. မိမိက အဆိုပါ ပြဿနာကို လေ့လာနေသောကြောင့် ဖြေကြားခြင်း ဖြစ်သည်။ ၄င်းလိုအပ်သည့်အဖြေကို မရခင် စကားဆုံးသည်အထိ နားထောင်သင့်ပါသည်။ စကားမဆုံးခင် chat group မှ ထွက်သွားခြင်းက ၄င်း၏ မူလအကျင့်ကို ဖော်ပြနေပါသည်။
  3. မိမိက ဆရာမဟုတ်သဖြင့် ဆရာဟု မည်သူ့ထံမှ အခေါ်မခံခဲ့ပါ။ ထို့ကြောင့် group ထဲမှ မထွက်ခွာခင် ဆရာချင်း မိုးမွှန်အောင် ပြောဆိုသွားခြင်းက မိမိကို ရွဲ့စောင်းခြင်းဟု မှတ်ယူပါသည်။
  4. ထိုသူမှာ MSC အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး MSC အမှတ်စဉ် ၅၀ အတွင်း ဝင်နေသည့် ၄င်း၏နံပါတ်သည် မိမိထက် ပိုပြီး ရှေ့ရောက်ပါသည်။ sp စုသည့်သူဆိုပါက အဆိုပါ Bandwidth ပြဿနာကို မကြုံတွေ့သင့်ပါ။
  5. ထို့ပြင် အဆိုပါ ပြဿနာအကြောင်းကို MSC ၏ leader ဖြစ်သူ ကိုဟင်နရီက လွန်ခဲ့သော ၆လကျော်ကတည်းက ဤသို့ ရေးတင်ထားပါသည်။ ယခုအထိ မသိရှိသည်က ၄င်း၏ လေ့လာမှု အားနည်းခြင်းကို ပြသနေပါသည်။
  6. အဓိကအချက်ကတော့ မိမိ မသိရှိသည်ကို အချိန်ကုန်ခံကာ ဖြေကြားပေးသူကို မလေးစားသည့် ၄င်း၏ လုပ်ရပ်ပင် ဖြစ်ပါသည်။

ယခုစာကို ဖတ်ရှုသူ မိတ်ဆွေများအနေနှင့်လည်း မိမိအမြင်ကို ရေးသားနိုင်ပါသည်။ အနည်းဆုံးတော့ မိတ်ဆွေတို့ ခံယူသင့်သည့် စည်းကမ်းတစ်ခုရသွားသည်ဟုဆိုလျှင် အမုန်းခံပြီး ရေးသားရကျိုးနပ်သည်ဟု မှတ်ယူပါသည်။ ကာယကံရှင်ကလည်း ဤသို့ရေးသားသင့်သလားဟု ဝေဖန်ချင်လျှင် ယခု post ကိုသာမက စာရေးသူရေးသားထားသည့် တခြား post များကိုပါ ဖတ်ရှုပြီးမှ ဝေဖန်ပေးပါဟု မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာစတီးမစ်မိသားစုဝင်များ အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ပါစေဗျာ ...

Author - @sawlwin
#kosaw

MSC 176

Sort:  

ကိုစော eSteem app မှာ laptop မှာသုံးလို့ရလား

မရဘူးလို့ သိထားတယ်ဗျ cb လာခဲ့ပါလား ပြောပြစရာရှိတယ်

ဟုတ်ကဲ့ပါ ကိုစော

စသုံးတာမကြာသေးတော့သိပ်တော့နားမလည်သေးပါဘူးခုလိုpost တွေတင်ပေးလို့ကျေးဇူးပါ

ဟုတ်ကဲ့ နားမလည်တာရှိရင် Facebook cb မှာ မေးပေးပါ profile မှာ link တင်ထားပါတယ် တတ်နိုင်တာရှိရင် ကူညီပါ့မယ်

ကျေးဇူးပါရှင့်

အ မေး ရှိရင် အဖြေရှိတယ် ဆိုပေမယ့်
အနည်းဆုံးတော့
ကိုယ်ထမင်းကိုယ်စားပြီး အချိန်ကုန်ခံ ဖြေပေးတဲ့သူကိုတော့ အားနာသင့်တယ်ထင်ပါတယ်

ဒါကြောင့်ပဲ အခုလိုရေးဖြစ်တာပါ

တခါတလေတော့လည်း Bandwidth ကြောင့်လား
Connection ကြောင့်လား မကွဲဘူးဗျို့
မိမိရရှိတဲ့ bandwidth ကလည်း နည်းလိုက်များလိုက်😁
စိတ်ဓာတ်ရေးရာ မတူသူတွေ ခေါင်းထဲ မထားပါနဲ့
အမှိုက်တွေပါဗျာ ထုတ်သာပစ်လိုက်
အောင်မြင်ရေးစာတွေပဲ ဖတ်နေတော့ ဆရာတော့လုပ်ချင်တယ်
ကိုစောရေ ကိုယ့်အိမ်ထဲ အမှိုက်လာပစ်တာ မခံနဲ့ဗျ

အဲဒီလူကလည်း ဘယ်သူနဲ့မှ မတည့်သူပါ ဘယ်သူနဲ့မှ အဆင်မပြေလိုံ့ MSC မှာ Group ပြောင်းပေးထားရတဲ့သူပါ ကျွန်တော်လိုက်စုံစမ်းထားပါတယ် ကျွန်တော်တို့လူတွေ သိစရာရအောင် ရေးလိုက်တာပါ ထမင်းသိုး ဟင်းသိုးကို စိတ်ထဲ မထည့်ထားပါဘူး နောက်ပိုင်း ပတ်သက်စရာရှိရင် ထည့်စဉ်းစားဖို့ record တော့ မှတ်ထားပါတယ်

အမှန်​ဘဲကို​စော

မှန်ရမှာပေါ့ ကိုအောင်ကြီးရယ်

ကိုစောရေ ကျွန်တော်တော့ bandwidth ပြဿနာကိုမကြုံဖူးခဲ့လို့  သိပ်မကြာခင်ကမှသိရတာဗျိုး ဟီး😁😁
အစ်ကိုဟင် FBမှာတင်ထားတယ်ဆိုတာကိုတောင် အရင်က မဖတ်ဖြစ်ခဲ့ဘူးထင်ပါတယ် ကျွန်တော်ပြန်ကြည့်မိတော့ likeတောင်မပေးထားမိဘူး
အရင်က ဖတ်ဖြစ်လားမဖတ်ဖြစ်လားတောင် ကိုယ့်ကကိုယ်မသိတော့ဘူး
Powerတော့ upနေတာဆိုတော့ မကြုံဖူးခဲ့လို့ မရှာဖွေမိတာလည်းပါမယ်ထင်တယ် ကိုစောရေ

ကိုယ်ပြောတဲ့စကားကိုအမှားအမှန်မထောက်ပြပဲ အပြစ်ပဲပြောနေသူတွေရှိခဲ့ရင်တော့ သူ့လမ်းသူသွားပါစေဗျာ
ထားထားလိုက်ပါ

ဟုတ်ပါတယ် ကိုမိုးရေ power up နေတဲ့သူကတော့ အဲဒီပြဿနာကို မကြုံနိုင်ပါဘူး သူ့ကို ဘာမဆို neglect ထမင်းသိုး ဟင်းသိုးပဲ သဘောထားပါတယ်ဗျာ အခုလို အဖြစ်မျိုးရှိတယ်ဆိုတာနဲ့ ကျွန်တော်တို့ မိမိဘာသာစောင့်ထိန်းသင့်တဲ့စည်းကမ်းတစ်ခုကို သိရှိအောင် ဝေမျှပေးတာပါ

ဆရာတောင်မှ Bandwidth ပြဿနာက သိပေမယ့် မကြုံဘူးတော့ မဖြေရှင်းတတ်ဘူးလေ။ဆရာက ရသမျှSp စုတာကြောင့်လဲဖြစ်မှာပေါ့လေ.

ဆရာ့ bandwidth က ပါဝါအပြည့်ပဲ ဆရာ ကျွန်တော်ကအားကျနေတာ ဒါကြောင့် ဆရာ အဲဒီအခက်အခဲကို မကြုံရတာပါ ကျွန်တော်လည်း အဲဒါမျိုး တစ်ခါပဲ ကြုံပါတယ် အခု ရသမျှ sp စုနေတော့ မဖြစ်တော့ဘူး အရင်တစ်ခေါက်က လူအတော်များများ တစ်ပြိုင်နက်တည်းဖြစ်လို့ ကျွန်တော် လိုက်စုံစမ်းဖြစ်တာပါ မဟုတ်ရင် ရေးဖြစ်မှာ မဟုတ်ဘူး

Respect---Respect နဲ့ပြောနေကြတာ
တကယ်လုပ်နိုင်ဖို့ ကြိုးစားကြရမှပါ
ဟုတ် တယ်မလား

အဲဒီလိုဆိုရမှာပေါ့ မသိသူလည်း သိအောင် ပြောပေးဖို့တော့ လိုအပ်ပါတယ် သိရက်နဲ့ မလုပ်တာက ကိုယ့်သောကပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64573.45
ETH 3441.06
USDT 1.00
SBD 2.51