Useful Tips & Tricks for Myanmar Steemians - Part 1 ! မြန်မာစတီးမစ်လောကသားများအတွကိ သိသင့်သည်များ အပိုင်း ၁

in #myanmar6 years ago (edited)

စတီးမစ်ကို အများစုက ငွေရှာတဲ့နေရာတစ်ခု ဘာမှ မရင်းနှီးရဘဲ စာရေးခြင်းဖြင့် ဝင်ငွေရနိုင်သော နေရာတစ်ခုအဖြစ် သိကြပါသည်။ တစ်စိတ်တစ်ပိုင်းတော့ မှန်နိုင်ပေမယ့် တရားသေမစွဲမှတ်စေချင်ပါ။ မိမိအနေဖြင့် သူတစ်ပါးအား ကူညီနိုင်သော နေရာတစ်ခု မိမိအရေးအသားကို အားပေးပြီး စာမူခချီးမြှင့်ပေးသောနေရာတစ်ခု မိမိအတွေးအမြင်များ ရင့်သန်စေသော နေရာတစ်ခု မိမိ၏ ဖန်တီးမှုအား ရင့်သန်စေသောနေရာတစ်ခုအဖြစ် ကျွဲကူးရေပါ သဘောတရားကို သိမြင်သည့်သူ ရှားပါသည်။ စာရေးမှ ဝင်ငွေရသည်ဟု အယူအဆအလွဲအမှားကြောင့် copy post တင်သူများ စုတုပြုသော်လည်း မူရင်းစာရေးသူ၏ အရေးအသား အာဘော် လွှမ်းမိုးမှုမှ မရုန်းထွက်နိုင်သူများလည်း ရှိပါသည်။ ထို့ကြောင့် ပထမဆုံး စတီးမစ်အကြောင်း သိရှိရန် စတီးမစ်ဝေါဟာရများ အပိုင်း ၁ ကို ရေးသားဖြစ်ခဲ့ပါသည်။

metal-3d-printing-tips-and-tricks.jpg

မိမိစာရေးသည့်သက်တမ်းတစ်လျှောက်လုံးတွင်လည်း မိမိကိုယ်တိုင် အမှားများကို ပြုလုပ်ခဲ့ပါသည်။ အမှားလုပ်ရင်း အမှန်ပြင်ရင်း ယခုလို အခြေအနေကို ရောက်ရှိခဲ့ပါသည်။ ဆောင်ရန် ရှောင်ရန်များကိုလည်း သိရှိလာခဲ့ပြီး မိမိကိုယ်တိုင်သာမက တခြားသူများပါ အကျိုးရှိအောင် မျှဝေလိုစိတ်ဖြင့် ဤစာကို ထပ်မံရေးသားလိုက်ရပါသည်။

စာရေးသားခြင်း

writings.png

  • စာရေးသားခြင်းကို မိမိအမြင်ကတော့ ပန်းပုဆရာကဲ့သို့ မူလသစ်သားတုံးကို မလိုအပ်သည်များ ဖယ်ထုတ်ပြီး မိမိပြချင်သည့် အလှတရားကို ချပြခြင်းဟု မြင်ပါသည်။

  • မိမိစိတ်တွင်း ရှိသည်များကို အကြမ်းချရေးလိုက်ပါ။

  • စာဖတ်သူနေရာမှ ခံစားပြီး ဖတ်၍ အဆင်မပြေသည်များကို ပြုပြင်သွားပါ။

  • မိမိဟန်ပန် မရှိပါက တခြားသူများ ရေးထားသော စာများကို စုတုပြုပါ။

  • မိမိသိသလောက် စတီးမစ်နယ်ပယ်အတွင်းရှိ စုတုပြုနိုင်သော စာရေးဆရာများကို ညွှန်းဆိုပါမည်။

  • ဝတ္ထုရေးဟန် ကဗျာရေးဟန် ရသစာပေ သုတစာပေ ရေးဟန်များကို စုတုပြုလိုပါက ဆရာ @tinhlaingoo ၏ စာများကို ဝင်ဖတ်ပါ။

  • စတီးမစ်နယ်ပယ်မှာ ယခုမှ ခြေချသူများအနေဖြင့် သိသင့်သိထိုက်သည်များကို သိရှိလိုပါက ဆရာ @tinhlaingoo ၏ စာပေများကိုပဲ ဝင်ဖတ်ပါ။

  • စကားပြေရေးဟန်ကို စုတုပြုလိုပါက ဆရာ @twingyiwunmaung ၏ စာများကို လေ့လာပါ။

  • မိမိပေးချင်သည့် message ကို မိမိအတွေ့အကြုံများဖြင့်ယှဉ်ကာ သုတရသရရှိအောင် ပေးစွမ်းနိုင်သော စေတနာအပြည့် ပါဝင်သည့် ရေးဟန်ကို လေ့လာလိုပါက အစ်ကို @kachinhenry ၏ စာများကို ဝင်ရောက်ဖတ်ရှုပါ။

  • ပေါ့ပေါ့ပါးပါးရေးဟန်များကို လေ့လာလိုပါက ကို @moezaw ရဲ့စာများကို ဝင်ဖတ်ပါ။

  • စာအရေးအသားလှပပုံ post အပြင်အဆင်လှပပုံများကို စုတုပြုလိုပါက ကို @ansoe ၏ စာများကို လေ့လာပါ။ သုတရသလည်း တစ်ပါတည်း ရရှိစေပါမည်။

  • ဖတ်ရှုပြီးပါက အတုခိုးစရာများကို အတုခိုးပါ။

  • မိမိ မကြိုက်သည်များကို ပြင်ဆင်ပါ။

  • စိတ်တိုင်းမကျမချင်း စာကို အဆက်မပြတ်ရေးနေပါ။

  • တဖြည်းဖြည်း မိမိဟန်ဖြစ်သွားပါမည်။

စာရေးကွက်များ

download.jpeg

  • မိမိဖတ်ဖူးသည့် အကြောင်းအရာကို မိမိအမြင်မှ ရေးနိုင်သည်။

  • ကို @kolinn တို့ ကို @billionariehein တို့ကဲ့သို့ မိမိဖြစ်ရပ်မှန်ကို ရေးနိုင်သည်။

  • ကို @phyowaiaung ကဲ့သို့ မိမိဒေသပတ်ဝန်းကျင်ကို ရေးနိုင်သည်။

  • ကို @minthwayko ကို @myintlwinsoe ကို @thethtooaung ကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာများကို ရေးသားနိုင်သည်။ အမြင့်ကြီး မမှန်းဘဲ မူလတန်းအဆင့်သိသင့်သည်ကို ကျေညက်ပြီးမှ အဆင့်ဆင့်တော့ တက်သင့်ပါသည်။

  • @eieikhing ကဲ့သို့ ကဗျာများကို ရေးနိုင်သည်။

  • ကို @aungkhant ကဲ့သို့ English လို ရေးသားနိုင်သည်။

  • ကို @rocketgyi@aburmeseabroad ကဲ့သို့ ခရီးသွားအမှတ်တရများကို စိတ်ဝင်စားဖွယ် ရေးသားနိုင်သည်။

  • ကို @moezaw ကဲ့သို့ စပ်မိစပ်ရာ ရေးသားနိုင်သည်။

  • ကို @thatkozaw ကဲ့သို့ စတီးမစ်အကြောင်း သိသင့်သည်ကို ရေးသားနိုင်သည်။

  • @pyaesonekhinkhin ကဲ့သို့ ခံစားချက်များ ရေးနိုင်သည်။ ရင်ဘတ်ချင်း တူသူများ ရှိပါသည်။

  • @meechit ကို @myanmarkoko ကဲ့သို့ ပန်းချီ ကာတွန်းများ ရေးတင်နိုင်ပါသည်။

  • @nang.myint.thwel ကဲ့သို့ ပန်းပုံ ရှုခင်းပုံများကို လှလှပပရိုက်ကူးပြီး စိတ်ဝင်စားစရာကောင်းအောင် ရေးတင်နိုင်ပါသည်။

  • မည်သည့်အရာပဲ ရေးရေး စာဖတ်သူကို သုတ ရသ တစ်ခုခုပေးနိုင်ပါစေ။

  • စာဖတ်တတ်သည့် မည်သူမဆို စာရေးတတ်ပါသည်။

  • စိတ်ကူးမထွက်သည်သာ ရှိပါမည်။

  • စာတစ်လုံးမှ စာတစ်ပိုဒ် ဖြစ်အောင်ဖွဲ့ပါ။

  • စာတစ်ပိုဒ်မှ စာတစ်ပုဒ်ဖြစ်ပါစေ။

  • ဘာမှရေးစရာ မရှိရင် သူတစ်ပါးစာများကို ဝင်ဖတ်ပါ။

  • vote ပေးပါ မိမိအတွက် ဆုလာဘ်ရပါသည်။

  • မှတ်ချက် (comment) သေချာရေးပါ။ သဘောကျသည့်သူများ vote သွားပါက ဆုလာဘ် ရရှိပါမည်။

  • မှတ်ချက်ရေးသားချက်များကို လေ့လာလိုပါက ကို @phyowaiaung ၏ မှတ်ချက်ပေးထားသည်များကို လေ့လာပါ။

  • ထပ်ပြောပါမည် အလွယ်လမ်းလိုက်ပြီး ကူးမချပါနှင့်။

  • မိမိနာမည်ကို မိမိထိန်းသိမ်းပါ။

(ဆက်လက်ဖော်ပြပါမည်)

မှတ်ချက်

  • ယခုရေးသားချက်သည် မိမိအမြင်သာလျှင် ဖြစ်သည်။

  • မိမိသိသမျှ စတီးမစ်နည်းပညာတချို့ကိုပါ ဖော်ပြလိုသောကြောင့် Tips & Tricks ဟု ခေါင်းစဉ်တပ်ထားခြင်း ဖြစ်ပါငည်။

Author - @sawlwin
#kosaw

Images credit - Google
MSC 176

Sort:  

ခုလို ပြုစုထားဖို့ ဆိုတာ တကယ်ကို ကြိုးစားပြီး လေ့လာထားမှာ ရတာ ဗျာ ကိုစောကို လေးစားပါတယ်။

ထပ်ဖြည့်ထားသေးတယ် ကိုဖြိုးအကြောင်း ပြောစရာရှိတာနဲ့

လေ့လာအား အရမ်းကောင်းတာပဲ့နော်
တစ်ယောက်ချင်းစီရဲ့ ရေသားမှုလေးတွေကို သေချာမှတ်သားထားနိုင်တာကိုက လေးစားဖို့ ကောင်းလှပါတယ်

ကိုယ်လည်း အတုခိုးနေရတာမို့ပါ

အရမ်းလေးစားသွားပြီဗျာ bro ဘယ်လောက်လေ့လာလည်းဆိုတဲ့ သက်သေတွေပါ။
အားပေး အတုယူလျှက်ပါ ကိုဗီး

အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

လေ့လာအား​ကောင်းတယ်​​ဟေ့ :-)

ဆရာ့ကျေးဇူးလေ မင်းလည်း အရေးအသားကောင်းလာတာပဲ

ကိုစော ရဲ့ လေ့လာချက်ကတော့ 9+ပဲ

ဆရာ့ကျေးဇူးပါ

ကျေးဇူးပါ Newbie လေးဆိုတော့ လေ့လာရတယ်
အသိအမြင်တိုးပါတယ်
ဆွေးနွေးဝေဖန်အကြံပေးပါ

ကိုဟိန်းကိုတော့ တင်းသွားပြီ အမြဲဝေဖန်ခိုင်းပြီး vote တော့ တစ်ချက်မှ မပေးဘူး စာရေးတာ အဆင်မပြေရင်လည်း ပြန်ဝေဖန်သွားလေ ကျွန်တော်ကတော့ နောက်ဆုံးပေးခဲ့တဲ့ comment မှာကတည်းက စကားကုန်ပြောပြီးသွားပြီ ပြန်ကြည့်လို့ ရပါတယ် ခင်မင်လို့ ဘွင်းဘွင်းပဲ ပြောသွားပါတယ် စိတ်ဆိုးရင် မခင်လို့ပါ

ဝင်ဖတ်တိုင်း vote ပါတယ်ဗျ
SPနည်းတာရယ် sbdဈေးကျတာရယ်ကြောင့်လားမသိဘူး
Vote worth က 0.00 တဲ့ Screenshot_20180119-201545.png

ကျေးဇူးပါဗျာ စိတ်မကောင်းဖြစ်နေသူကို စိတ်ညစ်အောင် လုပ်မိပြီ sorry ပါ ဝေဖန်စရာ မရှိတော့ ကုတ်ကတ်ဝေဖန်ကြည့်တာ လွန်သွားတယ်

ညီကိုတွေ စိတ်မဆိုးကြဘူးလို့ထင်ပါတယ် ကိုစောရေ

တူညီတဲ့ လမ်းကို လျှောက်နေတဲ့ ညီအစ်ကိုတွေမို့ပဲ ပြောရဲတာပါ ကိုမိုးဇော်ရေ

ကျွန်တော်ဆို post တွေအကုန်မဖတ်ဖြစ်ပူး။အစ်ကိုကတော့ တော်တော်ဖတ်ဖြစ်မယ်ထင်တယ်။နောက်ပိုင်းကျတော်လဲ post တွေသေသေချာချာဖတ်ပီးလေ့လာရမယ် 😁

ဆရာ @tinhlaingoo ကျေးဇူးပါ

တစ်ခါတစ်လေ လက်ခနဲစဉ်းစားမိရင် ခေါင်းစဉ်လေး note ထဲမှတ်ထားလိုက်တယ် နောင်မှပြန်ချဲ့တွေးတယ်

နောက်ဆုံးမှာ စာတစ်ပုဒ်ဖြစ်သွားတာပေါ့

ကျေးဇူးပါအကို​ရေ
အများကြီး ​လေ့လာခွင့်​ရသွားပြီ

ဝမ်းသာပါတယ်ဗျာ

လမ်းညွှန်ပြောပြပေးလို့ 
ကျေးဇူးပါအကို

အကူအညီလိုရင် တောင်းပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64669.52
ETH 3430.49
USDT 1.00
SBD 2.52