Useful Tips & Tricks for Myanmar Steemians - Part 2 ! မြန်မာစတီးမစ်လောကသားများအတွကိ သိသင့်သည်များ အပိုင်း ၂

in #myanmar7 years ago (edited)

Useful Tips & Tricks for Myanmar Steemians - Part 1 ကို ဖတ်ရှုရန် ......

tips & tricks.jpg

စုတုပြုခြင်း

အပိုင်း-၁ကို ရေးသားရာတွင် စုတုပြုဟူသည့်စကားကို တွင်တွင်သုံးခဲ့ပါသည်။ အကြောင်းရင်းမှာ မိမိကိုယ်တိုင်က စတီးမစ်နယ်ပယ်ထဲကို ၀င်ရောက်မှသာ စာများ ရေးသားဖြစ်သောကြောင့် ဖြစ်ပါသည်။ တခြားသူများရေးသည့်စာများကို ဖတ်ရှုကာ စုဆောင်းတန်သည် စုဆောင်း၊ တုပတန်သည် တုပကာ မိမိမူအဖြစ်သို့ ပြုလုပ်တန်သည်ပြုလုပ်ရသောကြောင့် ဖြစ်ပါသည်။ သာဓကတစ်ခုပြပါမည်။ အညာကျေးလက်သားတစ်ယောက်ဖြစ်ဟန်တူသူတစ်ဦး စာရေးသားသည်ကို ဖတ်ဖူးပါသည်။ အဲဒီလိုဟူသော စကားလုံးကို အေးလိုဟု ရေးသားပါသည်။ အကယ်၍သာ သူသည် အချက်အလက်များကို စုဆောင်းပါက မြန်မာစကားလုံးအမှန်ကို သိရှိပါမည်။ သူတစ်ပါးဟန်ကို အတုခိုးပါက မိမိစာမှာ ပြင်ဆင်ပြုလုပ်ပါက မှန်ကန်သည့် အသွင်ကို ကူးပြောင်းသွားပါမည်။ ၄င်းအချက်မှာ စကားလုံးပိုင်းဆိုင်ရာပဲ ရှိပါသေးသည်။ နောက်ထပ်နမူနာပြရမည်ဆိုပါက ကျွန်တော် ဘာသာပြန်လုပ်တုန်းက အဖြစ်အပျက်ကို ပြန်လည်တင်ပြပါမည်။ ဘာသာပြန်လုပ်သူအများစုမှာ ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်တစ်ခုခုမှ လာကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်အမူအရာသည်လည်းကောင်း စကားပြောဟန်သည်လည်းကောင်း ပြောင်းလဲခဲ့ပါသည်။ မိမိကိုယ်တိုင် မသိသော်လည်း ဘာသာပြန်အလုပ်နောက်ပိုင်း စက်ရုံတစ်ခုတွင် လက်ထောက်ကြီးကြပ်ရေးမှူးအလုပ်ကို ပြောင်းလဲလုပ်ကိုင်ရာတွင် စကားပြောသည့် အမူအယာမှာ ထူးခြားနေပါသည်။ ပွင့်ပွင့်လင်းလင်းပြောတတ်သည့် အလုပ်သမားများကြားတွင် ကိုယ်က ယဉ်ကျေးသိမ်မွေ့လွန်းနေသလို ဖြစ်သွားပါသည်။ မိမိကိုယ်ကို အမွှန်းတင်ခြင်း မဟုတ်ပါ။ မတူသည့်အရာနှစ်ခုကို နှိုင်းယှဉ်ရာတွင် ဖြစ်တတ်သည့် သဘောကိုတင်ပြခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် စုတုပြုခြင်းဖြင့် မိမိစာပေသည်လည်း တခြားစာရေးဆရာတို့၏ အမူအယာသက်ရောက်မှုမှ မိမိ၏ ဟန်သို့ ပြောင်းလဲနိုင်ပါကြောင်း ထပ်မံအသိပေးလိုက်ပါသည်။

စာရေးသားရာတွင် သတိပြုရမည့်အချက်များ

စာရေးသားရာတွင် သူတစ်ပါးစာကို ကူးမချဖို့ ကိုးကားလျှင်လည်း မူလစာရေးသူ၏ သြဇာဟန်ပန်ကို လွတ်အောင် သတိပြုဖို့ အပိုင်း-၁တွင် ကြိုတင်သတိပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းအချက်မှာ အရမ်းအရေးကြီးသောကြောင့် ဖြစ်ပါသည်။ စတီးမစ်နယ်ပယ်တွင် လည်ပတ်နေသော ငွေကြေးများသည် သိက္ခာရှိသောစာအရေးအသားအပေါ်တွင် အများကြီးမူတည်ပါသည်။ " စတီးမစ်နယ်ပယ်ရှိ စာများကို မယုံကြည်ရဘူး "ဟု သတ်မှတ်ခံရပါက ငွေကြေးတန်ဖိုးများ ကျဆင်းကာ မိမိပင် နစ်နာရပါမည်။
ထို့ပြင်နောက်ထပ် သတိပြုရမည့်အချက်များမှာ -

  • စာများရေးသားရာတွင် အတတ်နိုင်ဆုံး ပီသမှန်ကန်အောင် ရေးသားပေးရန်

  • မိမိရေးသားသည့် ဘာသာစကားကို မှန်ကန်စွာ အသုံးပြုပေးရန်

  • မိမိရေးသားသည့် ဘာသာရပ် ခေတ်အခြေအနေနှင့် လိုက်ဖက်သည့် စကားများကိုသာ အသုံးပြုပေးရန်

  • Facebook ကဲ့သို့ Socal Media ပေါ်ရှိ အလွယ်လမ်းလိုက်ပြီး အသုံးပြုသည့် စကားလုံးအပျက်အစီးများကို အသုံးမပြုရန်

  • မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် ဖုန်းအပလီကေးရှင်းနှင့် ဆော့ဝဲလ်များသည် မှန်ကန်မှုမရှိဘဲ မိမိအရေးအသားကို အထင်သေးစရာ ဖြစ်စေသောကြောင့် အသုံးမပြုပေးရန်

  • ဓာတ်ပုံများကို ယူသုံးပါက အကိုးအကား (credit) ကို မမေ့မလျော့ ထည့်ပေးရန်

  • ပိုင်ရှင်အမည်ရေးထိုးထားသာ ပုံများကို မယူသုံးပါရန်

  • မိမိကို မှတ်ချက်ပြုထားပါက မမေ့မလျော့ အကြောင်းပြန်ပေးရန်

  • ဘာသာပြန်ထားပါက မူရင်းစာရေးသူ၏နာမည်၊ စာအုပ်အမည်၊ ကိုးကားသည့်နေရာများကို credit လုပ်ပေးပါရန်

စသည်တို့ဖြစ်ပါသည်။

စတီးမစ်တွင် တခြားသူဆီမှ နည်းပညာပိုင်းဆိုင်ရာ အတုခိုးခြင်း

စတီးမစ်သည် ပွင့်လင်းသောနယ်ပယ်တစ်ခုဖြစ်ပါသည်။ မိမိပြုလုပ်သမျှ အားလုံးက အကုန်မြင်နေရပါသည်။ အရိုးရှင်းဆုံး နည်းလမ်းကား Wallet တွင် ၀င်ရောက်ကြည့်ရှုနည်း ဖြစ်ပါသည်။

အထက်ပါပုံကား စာရေးသူ၏ Wallet မှတ်တမ်းဖြစ်ပါသည်။

  • မိမိက မည်သူကို ငွေလွှဲထားသလဲ
  • မိမိက SBD ၊ Steem ၊ SP ကို မည်ကဲ့သို့ ချိန်းထားသလဲ
  • မိမိက ဘယ်လောက်ပမာဏကို Power Up ထားသလဲ
  • မိမိက ဘယ်လောက်ပမာဏကို Power Down ထားသလဲ
  • မိမိက မည်သူ့ဆီသို့ ငွေလွှဲထားသလဲ
  • မိမိဆီကို မည်သူက ငွေလွှဲထားသလဲ

အားလုံးကို Wallet မှ သိနေရပါသည်။ ထို့ကြောင့် မိမိထက် ခရီးရောက်နေသူက မည်သို့ ကြိုးစားနေကြောင်း သိရှိလိုပါက ၄င်းတို့၏ Wallet ကို ၀င်ရောက်ကြည့်ရှုအတုယူနိုင်ပါသည်။

ထို့ပြင် မိမိကို အားပေးသောသူများက ပေးသည့် vote များကို စစ်ဆေးကာ " မည်သူက စာမူခ ဘယ်လောက်ပေးသလဲ" သိရှိနိုင်ပါသည်။

  • ကြည့်ရှုစစ်ဆေးလိုပါက https://busy.org ကို ၀င်လိုက်ပါ။

  • Search နေရာတွင် မိမိရှာဖွေလိုသော စတီးမစ်နာမည်ကို ရိုက်ထည့်၍ ရှာဖွေပါ။

  • ထို့နောက် မိမိကြည့်ရှုလိုသော post ကို သွားပြီး ၄င်းအောက်ခြေရှိ မြှားပြထားသော နေရာကို နှိပ်လိုက်ပါ။

  • ထို့နောက် အသေးစိတ်အချက်အလက်များကို စစ်ဆေးနိုင်ပါသည်။

  • vote ပေးသည့် ပမာဏကို စစ်ဆေးရာတွင် အသုံးဝင်သည့်အချက်မှာ booster များ၏ လက်ရှိ vote ပေးသည့် ပမာဏကို သိရှိခြင်း ဖြစ်သည်။ ၄င်း၏ wallet မှ booster များကို လွှဲပေးသည့် ပမာဏကို သိရှိနိုင်ပြီး busy.org မှ စစ်ဆေးချက်အရ ပြန်လည်ရရှိသည့် ပမာဏကို သိရှိနိုင်ပါသည်။ ထို့ကြောင့် booster များကို မသုံးခင် ပြန်လည်သုံးသပ်နိုင်ပါသည်။

ဤနေရာတွင် သတိပြုရမည်မှာ မိမိစာကို အားပေးသူများကို မမေ့ထားရန် ဖြစ်ပါသည်။ ၄င်းတို့၏ စာများကိုလည်း တတ်နိုင်သမျှ ၀င်ရောက်ဖတ်ရှုပေးကာ vote ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

နောက်ထပ် နည်းပညာပိုင်းဆိုင်ရာ အတုခိုးရမည်မှာ မှတ်ချက် (comment) များကို ၀င်ရောက် ကြည့်ရှုခြင်း ဖြစ်ပါသည်။ မှတ်ချက်ပေးသူများတွင် မိမိနှင့် အမြင်စိမ်းသည်များပါဝင်ပါက လေ့လာနိုင်ခြင်း ဖြစ်ပါသည်။ သာဓကအားဖြင့် ယခုလက်ရှိတွင် Discord များကို အသုံးပြုသည်များ ခေတ်စားလာပါသည်။ ပုံမှန်ရနေကျမှတ်ချက်နှင့်မတူသည့် Minnowsupport မှ မှတ်ချက်ပေးသည်ကို ကြည့်ရှုခြင်းဖြင့် ထူးခြားသည့် အချက်ကို သိရှိနိုင်ပါသည်။

အထက်ပါပုံမှ Minnowsupport မှ မှတ်ချက်ပေးထားခြင်းဖြစ်ပါသည်။ အ၀ါရောင်ဆေးခြယ်ထားသည့် နေရာကို နှိပ်ကာ သူတို့အကြောင်း စုံစမ်းရန် သတင်းပေးထားသည်ကို သတိပြုမိမှာပါ။ စူးစမ်းလိုစိတ်ဖြင့် ၀င်ရောက်ပါက ၄င်းတို့၏ Discord channel ကို ၀င်သွားပြီး တခြားသူများ ရေးထားသည့် စာများကို ဖတ်ရှုကာ တခြားသူများကို မေးမြန်းကာ သတင်းတစ်စုံတစ်ရာ ရနိုင်ပါသည်။

Minnowsupport ၏ wall ကို ၀င်ရောက်ပြီး အောက်ပါအတိုင်း အနီရောင် ၀ိုင်းပြထားသော ၄င်းတို့ပေးထားသည့် link များကို ၀င်ရောက်ပြီးလည်း သတင်းရယူနိုင်ပါသည်။

တစ်ခုသတိပြုရမည်မှာ အင်္ဂလိပ်စာဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ဘာသာစကားနားမလည်ပါက တတ်ယောင်ကား မလုပ်ရန် နားလည်သူထံမှ နည်းနာခံရန် လိုအပ်ပါသည်။

Tips & Tricks အပိုင်း-၂ကို ဤနေရာတွင် ရပ်တန့်ပါမည်။ စတီးမစ်နယ်ပယ်တွင် ကျင်လည်ရင်း နောက်ထပ် ထူးခြားမှုများ တွေ့ရှိပါက အပိုင်း-၃ ကို ဆက်လက်ရေးသားသွားပါမည်။

အားပေးဖတ်ရှုသော မြန်မာစတီးမစ်မိသားစုဝင်များ လိုရာခရီးပန်းတိုင်ကို ရောက်ရှိနိုင်ကြပါစေ။

Author - @sawlwin
#kosaw

Images Credit - Google

MSC - 176

Sort:  

ကျေးဇူးပါဗျာ

အရမ်းကို ဗဟုသုတရပါတယ်​ မသိတာများသိလိုက်​ရပါတယ်​ သူများvote​ပေးတဲ့ ရာခိုင်​နှုန်းကို ဘယ်​လိုကြည့်​ရမလဲ မသိဘူးဖြစ်​​နေတာ ခု​တော့သိသွားပြီ ​ကျေးဇူး ကို​စော

နည်းနည်းကျန်နေလို့ ထပ်ဖြည့်ထားတယ် ပြန်ဖတ်ကြည့်ဦးနော်

ဗဟုသုတရပါတယ်​ဗျ ​နောက်​ထပ်​နည်း​လေး​တွေမျှ​ပေးပါအုံးအကို

သိသလောက် ပြောပြပေးနေပါမယ်ဗျာ

မသိသေးတဲ့သူတွေ အတွက်တော့တော်တော်အသုံးဝင်တဲ့tipsတွေပါဘဲ့ကိုစောရေ...နောက်ထပ်ဒီလိုပိုစ့်တွေလည်းမျော်နေပါမယ်

နောက်ထပ်တစ်ခုတင်ဖို့ လုပ်ထားပါတယ် မကြာပါဘူး လာပါမယ်

ကျေးဇူးပါ အစ်ကိုရေ
ကျွန်တော်တို့လို newbie တွေအတွက်
အလွန်အသုံးဝင်ပါတယ်

ဝမ်းသာပါတယ်ဗျာ

ကျေးဇူးပါ
ဆက်လက် လေ့လာစူးစမ်းပါဦးမည်

လေ့လာတာ ကောင်းပါတယ်

ဗဟုသုတရ​စေတယ်​ဗျ

ဝမ်းသာပါတယ်

ကျေးဇူး ကိုစောရေ မသိတာတွေအတွက်ပါ

ဟုတ်ကဲ့ပါ

စုတုပြုလေးကို အရမ်းသဘောကျတယ်ဗျာ

ဟုတ် မျက်စိထဲ မြင်အောင်တော့ ရေးဖွဲ့ထားပါတယ်

အရမ်းကိုမှတ်သားရမယ့်စာတွေပါတယ်ဗျာ.....
ကျေးဇူးပါအကိုရေ

ဟုတ်ကဲ့ တစ်ခုခုရသွားရင် ဝမ်းသာပါတယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59538.61
ETH 2658.79
USDT 1.00
SBD 2.45