ံHow to avoid Bandwidth Limit Exceeded Problems ! Bandwidth ပမာဏ ကျော်လွန်သွားမှုကို ဘယ်လို ရှောင်ရှားမလဲ ...

in #myanmar6 years ago (edited)

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များခင်ဗျား

ကျွန်တော်တို့ အပြင်မှာ စာရေးမယ်ဆိုရင် အခြေခံအားဖြင့် စာရွက်တော့ လိုပါတယ်။ စာရွက်ဆိုတာက ရေးစရာ နေရာပါ။ ရေးစရာ နေရာလွတ်မရှိဘဲ စာတစ်ပုဒ်ဆိုတာ ဖြစ်မလာပါဘူး။ စတီးမစ်မှလည်း ထို့အတူပါပဲ။ ကျွန်တော်တို့တွေ ဗုတ်ပေးတာ၊ comment ပေးတာ၊ Resteem လုပ်တာ၊ post တွေမှာ စာတွေ အရှည်ကြီးရေးတာ၊ ပုံတွေ အများကြီးထည့်တာတွေ လုပ်ကြပေမယ့် အဲဒါဟာ စာရွက်ပေါ်မှာ နေရာလွတ်မရှိအောင် စာရေးသလို ဖြစ်နေတယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့်ပဲ စာရွက်နေရာမလောက်တဲ့ပြဿနာ (Bandwidth Limit ကျော်နေတဲ့ ပြဿနာ) ပေါ်နေတာ ဖြစ်ပါတယ်။

ရိုးရိုးလေးပြောရရင်တော့ Bandwidth ဆိုတာ သတင်းအချက်အလက်ကို သယ်ဆောင်နိုင်စွမ်း ဖြစ်ပါတယ်။ စတီးမစ်က ဘလော့တစ်ခုမှာ ကိုယ့်ရဲ့ data တွေကို ဘယ်လောက် upload လုပ်နိုင်လဲ ဘယ်လောက် download လုပ်နိုင်လဲဆိုတဲ့ ပမာဏပဲ ဖြစ်ပါတယ်။ မိမိရဲ့ Bandwidth ပမာဏဟာ မိမိရဲ့ sp ၊ မိမိရရှိတဲ့ ဆုလာဘ် (Reward) အပေါ်မှာ မူတည်သွားပါတယ်။ မိမိမှာ sp များတာ၊ ဆုလာဘ်များတာဟာ စတီးမစ်မှာ မိမိရဲ့ ရှယ်ယာတွေ များသလို ဖြစ်သွားပြီး မိမိရဲ့ Bandwidth ကလည်း တိုးသွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ Bandwidth ပမာဏကို သိချင်ရင် https://steemd.com/@sawlwin လို့ ရိုက်ထည့်ပြီး ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။ @sawlwin နေရာမှာတော့ မိမိရဲ့ user name ကို ထည့်ပေးရပါမယ်။

Bandwidth ကျော်တဲ့ပြဿနာပေါ်တဲ့အခါ စစ်ဆေးစေလိုတာက တချို့လူတွေမှာ လိုင်းမကောင်းတာကြောင့်လည်း အဆိုပါ ပြဿနာပေါ်နိုင်တာကြောင့်ပါ။ တကယ်လို့ steemd မှာ စစ်ဆေးလို့ Bandwidth ကျန်သေးတယ်ဆိုရင်တော့ အချိန်ခဏစောင့်ပြီး မိမိတင်လိုတဲ့ post ကို ပြန်တင်နိုင်ပါတယ်။

အထက်ပါ ပုံအတိုင်း ဖြစ်နေလျှင် Bandwidth နည်းပါးတာ ကျိန်းသေသွားပြီ ဖြစ်ပါတယ်။

Bandwidth များအောင် ဘယ်လိုလုပ်ကြမလဲ ?

  • Bandwidth ဟာ မိမိရဲ့ SP နဲ့ တိုက်ရိုက်အချိုးညီတာကြောင့် power up တာ၊ reward ရယူတာတွေ လုပ်ပြီး မိမိရဲ့ Bandwidth ပမာဏတိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။

Bandwidth ပမာဏကျော်လွန်တဲ့ ပြဿနာကို ဘယ်လိုရှောင်ရှားကြမလဲ ?

  • အဆိုပါ ပြဿနာကို ရှောင်ရှားဖို့်အောက်ပါအချက်များကို လိုက်နာရပါမယ်။
  1. မိမိစာကိုအရည်အသွေးကောင်းအောင်လုပ်ပါ။
    စာအရေးအသားကောင်းပါက ဆုလာဘ်ရရှိမှုများပြီး စတီးမစ်က မိမိရဲ့ရှယ်ယာလည်း များလာသလို ဖြစ်ကာ မိမိရဲ့ Bandwidth တိုးလာမှာ ဖြစ်ပါတယ်။

  2. ပုံမှန်စာရေးတင်ပါ။
    စတီးမစ်မှာ blockchain တစ်ခုဖြစ်ပြီး ဘလော့အသစ်များက အမြဲတိုးပွားနေပါတယ်။ post အသစ်ရေးတိုင်း ဘလော့အသစ်မှာ ဆုလာဘ်များ ရရှိကာ ဘလော့တိုင်းမှာ မိမိရဲ့ ရှယ်ယာများရျိနေမှာ ဖြစ်ပါတယ်။

  3. မလိုအပ်တဲ့ မှတ်ချက် (comment ) များကို မလုပ်ပါနဲ့။
    ယခုမှ စတီးမစ်နယ်ပယ်ထဲကို ၀င်ရောက်သူများအနေနှင့် bandwidth ရရှိမှု နည်းပါးသောကြောင့် မိမိရဲ့ bandwidth ကို ဆုံးရှုံးစေမယ့် အပြုအမူမျာ်းကို သတိထားရပါမယ်။ ဗုတ်ပေးခဲ့တယ်နော်၊ Follow လုပ်ပေးပါဦး၊ Follow လုပ်ထားလို့ ပြန်ပြီး Follow လုပ်ပါဦးစသည့် မှတ်ချက်များပေးခြင်း မပြုလုပ်သင့်ပါ။

  4. Post များ Comment များကို ပြင်ဆင်ခြင်း (edit) မလုပ်ပါနဲ့။
    မိမိတင်မယ့် Post နှင့် Comment များကို မတင်ခင် နှစ်ခေါက် သုံးခေါက် ပြန်လည်စစ်ဆေးကြည့်ပါ။ ပြင်စရာ မရှိတော့ဘူးဆိုမှ တင်ပေးပါ။ edit ပြုလုပ်၍ ကုန်သွားမယ့် Bandwidth ပမာဏကို သက်သာစေပါမယ်။

  5. Post တိုင်းကို Resteem မလုပ်ပါနဲ့။
    Resteem လုပ်တာက အဲဒီ post ကို ကိုယ့်ရဲ့ timeline မှာ သိမ်းထားသလို ဖြစ်နေတာကြောင့် မိမိမှာ ရှိသည့် Bandwidth ပမာဏကို နည်းပါးသွားစေပါတယ်။ ဒါကြောင့် အမြဲတမ်း Resteem လုပ်ခြင်းကို ရှောင်ကျဉ်ရပါမယ်။

နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ 4GB memory stick နဲ့ 8GB ပမာဏရှိတဲ့ ဒေတာတွေကို ထည့်သွင်းလို့ မဖြစ်နိုင်ပါ။ ဆံ့နိုင်သည့် ပမာဏဖြစ်အောင် ပထမဆုံးလုပ်ဆောင်ရပါမယ်။ ထို့ကြောင့် မိမိ၏ Bandwidth ကို မကုန်ဆုံးနိုင်သော ပဒေသာပင်ကြီးလို့ မှတ်ယူကာ ကြိုက်သလို Upvote ပေးတာ၊ Comment ပေးတာ၊ Resteem လုပ်တာ၊ Edit လုပ်တာများကို ရှောင်ရှားပြီး Bandwidth ပမာဏတိုးပွားအောင် Power Up တာ၊ စာပုံမှန်ရေးတာများ ပြုလုပ်ကြစေလိုပါတယ်။ သို့မှသာ မိမိဆန္ဒရှိသည့် ပန်းတိုင်သို့ အဆက်မပြတ် လှမ်းသွားနိုင်မည် ဖြစ်ပါတယ်။

Reference - https://steemit.com/steemit/@mohsan0073/what-is-bandwidth by @mohsan0073

Author - @sawlwin
#kosaw

Images Credit - Screenshots and Google

MSC 176

Sort:  

ရှင်းရှင်းလင်းလင်းနားလည်သွားပြီ အကိုရေ။ ကျေးဇူးတင်ပါတယ်။

ဟုတ် ဝမ်းသာပါတယ်

ဟုတ်အကိုအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးအ
များကြီးတင်ပါတယ်ဗျ ကျွန်တော်က လူသစ်မို့ပါ

ဟုတ်ကဲ့ အကျိုးရှိတယ်ဆိုရင် ဝမ်းသာပါပြီ

ကျေးဇူးကိုစောရေ
Spများသူတွေအတွက်ကတော့ ကိစ္စသိပ်မရှိပေမယ့်
နည်းတဲ့သူတွေအတွက်ကြတော့ မလွယ်ဘူး

sp500 ကျော်ရင် စိတ်ချရပြီလို့ တစ်ဦးကတော့ ဆိုထားတာပဲဗျ ဒါပေမယ့် မသေချာပါဘူး

အားလုံးအတွက်သိသင့်တဲ့အချက်လေးတွေပါ။

ဟုတ်ပါတယ်ဗျာ

ကျေးဇူး ကို​စော

ဟုတ်ကဲ့ ကိုအောင်ကြီး

ဗဟုသုတရပါတယ်ကျေးဇူးပါ

ဝမ်းသာပါတယ်ဗျာ

bandwidthနဲ့ ပတ်သက်လို့ ကိုစောရဲ့ ပိုလ့်လေး ဖတ်လိုက်မှဘဲ သေချာသဘောပေါက်တောတယ် ကျေးဇူးပါ

ဝမ်းသာပါတယ် မစု

သိ​ပေမယ့်​ သူငယ်​ချင်း လိုရှင်းပြတတ်​ဘူး 😊

နားလည်အောင် အရင်လုပ်ထားရင် ဖြစ်ပါတယ် သူငယ်ချင်း

အခုလို ရှင်းပြပေးတော့ ကျနော့ အတွက်တော့ အဆင်ပြေပါပြီ ကျေးဇူးကိုစော

ဟုတ်ကဲ့ ဝမ်းသာပါတယ်

ဗဟုသုတတွေချည်းပါပဲ ကိုစော

တစ်စုံတစ်ရာ အကျိုးရှိသွားရင် ဝမ်းသာပါတယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64573.45
ETH 3441.06
USDT 1.00
SBD 2.51