အချိန်အတိုအတွင်းမှာ တစ်ခုခုကို သင်ယူဖို့မိမိကိုယ်ကို ပျိုးထောင်ခြင်း အပိုင်း(၅)

in #myanmar6 years ago (edited)

SWIM IN THE SEA.jpg

ပြီးခဲ့တဲ့အပိုင်းတွေကိုမဖတ်ရသေးဖူးဆိုရင် အောက်ကလင့်တွေကိုနိပ်ပြီး သက်ဆိုင်ရာအပိုင်းတွေကို ဖတ်ရှု့နိုင်ပါတယ်။
အချိန်အတိုအတွင်းမှာ.................... အပိုင်း(၁)

အချိန်အတိုအတွင်းမှာ.................... အပိုင်း(၂)

အချိန်အတိုအတွင်းမှာ.................... အပိုင်း(၃)

အချိန်အတိုအတွင်းမှာ.................... အပိုင်း(၄)

လုပ်ဆောင်ချက်တွေက ရိုးရှင်းပါတယ်။

၁. နေ့စဉ်အလုပ်ချိန် သတ်သတ်မှတ်မှတ်ချမှတ်ပါ။ အချိန်ကြာဖို့မလိုပေမဲ့ အလုပ်ပြီးမြောက်တာကတော့ အတိုင်းအတာတစ်ခုပြီးသင့်ပါတယ်။

၂. သတ်မှတ်ပြီးတဲ့အချိန်ကို အကြောင်းပြချက်ဘာပဲရှိရှိ အနဲဆုံးသုံးပတ်အထိ ဆက်တိုက်ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ ကိုယ်လုပ်တဲ့အကြိမ်ရေက အဓိကမကျဘဲ အရေးကြီးတာတစ်ခုက အစပိုင်းမှာ အကျင့်ဖြစ်အောင်လုပ်ဖို့လိုအပ်တာပါပဲ။

ဒီနည်းဗျူဟာရဲ့ ကောင်းကျိုးကတော့ ကြိုးစားမှု့က ခဏအတွင်းအကျင့်ဖြစ်သွားတာပါပဲ။ တကယ်လို့သင့်ရဲ့ပရိုဂျက်ကိုအချိန်ပြည့်မပေးနိုင်ဖူးဆိုရင် ကိုယ့်စည်းကမ်းကိုထပ်ထုတ်တာဟာ ဖြေရှင်းနည်းတစ်ခုပါပဲ။ အခြားနည်းလမ်းတွေတော့ရှိပေမဲ့ တကယ်လို့သင်က သူ့ရဲ့ဖြစ်လာမယ့်အကျိုးဆက်ကိုမဖြေရှင်းနိုင်ဖူးဆိုရင် သင့်လေ့လာဖို့တက်ကြွနေတဲ့စိတ်က ဆုတ်ယုတ်သွားမှာမို့ ကျန်တော်မပြောတော့ပါဖူး။

၂. အစွဲအလမ်းကြီးသော အခိုက်အတန့်

ဒီနည်းဗျူဟာကိုတော့ ကျန်တော့် ပရိုဂျက်ထဲမှာ ထဲထဲဝင်ဝင်စိတ်ဝင်စားဖို့နဲ့ လျင်မြန်စွာ လေ့လာပြီးစီးနိုင်ဖို့အတွက်ကို အသုံးပြုတာပါ။ ဒီအတွေးအခေါ်လေးကတော့ ကျန်တော်တို့ပရိုဂျက်အတွက် ကျန်တော်တို့ရဲ့အားလပ်ချိန်ကိုအသုံးပြုပြီး ပြီးစီးစေတာပါ။

ဒီနည်းလမ်းက တကယ်ကိုစိတ်ထဲကနေ တက်ကြွနေမှသာလျှင် အလုပ်ဖြစ်မှာပါ။ ဒီလိုအတင်းအကြပ်ခိုင်းရတဲ့ အခြားအကြောင်းရင်းတွေလည်းရှိပါတယ်။ တကယ်လို့ သင်က ဒီအတိုင်းသာလုပ်ချင်နေတယ်ဆိုရင်တော့ နည်းဗျူဟာ တစ် အစား၊ အစားထိုးလုပ်လိုက်ပါ။

ဒီနည်းလမ်းရဲ့ ကောင်းကျိုးကတော့ အစပိုင်းမှာ သင့်ရဲ့စိတ်ကိုတက်ကြွနေစေတာပါ။ အချို့သော ပရိုဂျက်တွေက လျင်မြန်စွာပြီးဆုံးပါတယ်။ ကျန်တော်ကတော့ ဒီလိုဆုံးဖြတ်ချက်နဲ့ ချဉ်းကပ်ပါတယ်၊ ဘာလို့လည်းဆိုတော့ ရက်သတ္တပတ် အနဲငယ်ကြာပြီးရင် ကျန်တော့်စိတ်တက်ကြွမှု့တွေ လျော့နည်းလာမယ်ဆိုတာကိုသိလို့ပါ။ တစ်ခုက ကျန်တော် ရလာဒ်ကိုမြန်မြန်မြင်ချင်တာကြောင့်လည်းပါပါတယ်။ ဆိုးကျိုးကတော့ရှင်းပါတယ် ဒါပေမဲ့ တစ်ခါတစ်လေလည်း ဘာမှတော့မဖြစ်ပါဖူး။

၃. ဆုံးဖြတ်ပြီးသော အချိန်ဇယား

နောက်ဆုံးနည်းဗျူဟာအနေနဲ့ပြောချင်တာကတော့ ရည်မှန်းချက်နဲ့ သတ်မှတ်နာရီကို တိတိကျကျဆုံးဖြတ် သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့ သင်က ကျူရှင်ယူတာ ဒါမှမဟုတ် တခြားက အကူအညီကိုယူတယ်ဆိုရင် သတ်မှတ်ပမာဏ သင်ခန်းစာတွေကို ပြီးဆုံးအောင်ဆောင်ရွက်တာဟာ သင့်ကိုပိုပြီး စိတ်တက်ကြွစေမှာပါ။ ဒါပေမဲ့ ကိုယ့်သတ်မှတ်ချက် သင်ခန်းစာအစီအစဉ်အတိုင်းမဟုတ်ပဲ သူတို့ချမှတ်တဲ့ အစီအစဉ်ဖြစ်သွားတာလေးပဲ ကွဲပြားသွားမှာပါ။

တခြားအရာတွေကတော့ သင်လိုအပ်မယ့် စာမေးပွဲတွေကို ဖြေဆိုတာပါပဲ။ ဒါဟာလည်း သင့်ဘာသာသင်လေ့လာမှု့ကို ကြီးကြီးအထောက်အကူပြုစေပါတယ်။ အခြေခံနည်းနဲ့ သင်ဖြေဆိုရမယ့်စာမေးပွဲကို အပိုင်းအသေးသေးလေးတွေအဖြစ်ခွဲထုတ်လိုက်ပြီး ပိတ်ရက်တိုင်းလေ့လာတာဟာလည်း အချိန်ဆွဲတာကိုမဖြစ်စေပဲ ပိုပြီး လေ့လာစိတ်တက်ကြွလာစေပါတယ်။

တန်ပြန်နည်းဗျူဟာ

အပေါ်က နည်းဗျူဟာသုံးခုကို ယှဉ်ကြည့်မယ်ဆိုရင် တစ်ချို့နည်းတွေဟာ အလွန်ကိုမှ ဂရုတစိုက်လုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုပြောလို့ အဲ့ဒီနည်းလမ်းတွေက မအောင်မြင်နိုင်တာတော့မဟုတ်ပါဖူး။ ဒါပေမဲ့ သူတို့တွေအလုပ်ဖြစ်ဖို့ စိတ်တက်ကြွမှု့တွေ ပိုပြီးအချိုးမညီဖြစ်နိုင်တာကြောင့် ကိုယ်ပိုင်စည်းကမ်းနဲ့ မလွတ်သွားဖို့တော့ ထိန်းသိမ်းရမှာပါ။

o လုပ်ချင်တဲ့အချိန်မှ ပရိုဂျက်ထလုပ်ခြင်း။
o အချိန်ဇယား ဒါမှမဟုတ် နောက်ဆုံးအချိန် မသတ်မှတ်ထားခြင်း။
o လေ့လာဖို့အချိန်ကိုနောက်မှလေ့လာရန်စီစဉ်ထားခြင်း(ဒီလိုအချိန်ဆွဲရတာဘာကြောင့်ဆိုတဲ့အကြောင်းရင်းမရှိပဲနဲ့ဆွဲတာပါ)

နောက်ဆုံးအနေနဲ့ပြောရရင်တော့ သင်ပဲ သင့်ရဲ့စိတ်အားတက်ကြွမှု့နဲ့ ကိုယ့်ကိုကိုယ်အသိဆုံးပါ။ တကယ်လို့ အလုပ်ပြီးတာမပြီးတာက အရေးမကြီးဖူးဆိုရင်တော့ ဒီအဆင့်ကိုစိတ်ပူစရာမလိုပါဖူး။ ကျန်တော်ကတော့ နည်းဗျူဟာ တစ်ကိုပဲ အသုံးပြုပါလို့ အကြံပြုချင်ပါတယ်။ အဲဒါက ကျန်တော်တို့ ဘာလုပ်ရမယ်မသိခင်မှာ ဘယ်တစ်ခုလုပ်ရမယ်ဆိုတာကိုသိဖို့ အကောင်းဆုံးမလို့ပါ။

အဆင့်ငါး။ ။ ရေရှည်ထိန်းသိမ်းခြင်း။

ဒီနောက်ဆုံးအဆင့်ကတော့ ရွေးချယ်လို့ရပါတယ်။ လေ့လာတဲ့ ပရိုဂျက်တော်တော်များများအတွက် ကျန်တော့်မှတ်ညဏ်တွေပြန်မှတ်မိမယ်ဆိုတာကို ကျန်တော် ကျိန်းသေပါတယ်။ဘာလို့လည်းဆိုတော့ ကျန်တော်တို့ တကယ်လုပ်ခဲ့ကျတယ်လေ။

တကယ်လို့သင်က ပြန်မမှတ်မိမှာကိုစိတ်ပူနေတယ်ဆိုရင်တော့ဖြင့် နည်းလမ်းအနဲငယ်သုံးပြီး မှတ်မိအောင်ပြန်လုပ်လို့ရပါတယ်။ ရေရှည်လေ့ကျင့်မှု့နဲ့ ထိန်းသိမ်းထားခြင်းနည်းလမ်းက သင့်ကို နှစ်များစွာကြာရင်တောင်မမေ့အောင်ကူညီမှာပါ။

ရေရှည်ထိမ်းသိမ်းဖို့လေ့လာခြင်း

ကျန်တော်ပထမ လက်နက်အနေနဲ့ မှတ်ညဏ်တွေကြာရှည်မှတ်မိနေဖို့ကိုတော့ ပထမဆုံးလေ့လာချိန်မှာ ကောင်း၂နားလည်အောင်လေ့လာပါတယ်။ ကျန်တော်တွေ့ရှိတာက သေချာလေ့လာတာဟာ ရေရှည်မှတ်မိဖို့အတွက်အကောင်းဆုံးရည်မှန်းချက်ပါပဲ။

ရူပဗေဒလေ့လာတာကိုပဲကြည့်ပါ။ ကျောင်းသားအများစုဟာ ဖော်မြူလာတွေနဲ့ အခြေအနေတွေကို လေ့လာမှတ်သားဖို့ပဲ သူတို့အချိန်ကိုသုံးကျတာပါ။ တော်တဲ့ကျောင်းသားကတော့ ဒီဖော်မြူလာက ဘာကိုပြောပြီး ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ အချက်ကိုရှာဖွေဖို့ အချိန်ကိုအသုံးပြုပါတယ်။

နားလည်ဖို့ လေ့လာတာဟာ တစ်ခါတစ်လေတော့ ရေတိုရည်မှန်းချက်မဟုတ်ပါဖူး။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အလိုလိုသိနားလည်အောင်လုပ်ခြင်းထက် ပြသနာတစ်ခုကို အီကွေရှင်း အသုံးပြုပြီး ဖြေရှင်းဖို့လေ့လာတာဟာ အချိန်သိပ်မကြာပဲ ပြီးစီးစေပေမဲ့ နှစ်ရှည်ကြာလာတဲ့အခါမှာ အီကွေရှင်းတွေကိုကျန်တော်တို့တွေမေ့ပျောက်တတ်ကျပြီး အလိုလိုသိနားလည်သဘောပေါက်ထားတာကပဲ ဦးနှောက်ထဲမှာကျန်ရှိမှာပါ။

ဒါ့ကြောင့်လည်း ကျန်တော်က ဒါကို စိတ်ကူးအတွေးပုံစံကားချပ် အနေနဲ့ တင်စားထားတာပါ။ သူတို့တွေက အလိုလိုသိစိတ်ဖြစ်အောင် အဆင့်လိုက် အထောက်အကူပြုပြီး သင့်လေ့လာတဲ့အရာကို ခေါင်းထဲစွဲကျန်နေအောင်ကို ကူညီပေးနိုင်တာပါ။

မေ့တတ်တဲ့စိတ်ကိုတော့ ခံနိုင်ရည်ရှိတယ်လို့တော့ မဆိုလိုပါဖူး။ ဒါပေမဲ့ ရေရှည်မှတ်မိစေပါတယ်။

ရေရှည်ထိန်းသိမ်းမှု့အတွက် သင်လုပ်ဆောင်နိုင်တဲ့ လုပ်ထုံးလုပ်နည်းတစ်ချို့

၁။ နည်းဗျူဟာပတ်လမ်း

ကမ္ဘာကြီးကို လဘယ်လိုပတ်နေတယ်ဆိုတာကို စိတ်ကူးနဲ့ပုံဖော်ကြည့်ရအောင်။ လစဉ်တိုင်း ဒီနေရာဟောင်းကိုပဲ ပြန်ရောက်လာပါတယ်။ ဒီနည်းဗျူဟာကလည်း ဒီလိုပဲလုပ်ဆောင်ပါတယ်။ ပရိုဂျက်ပြီးဆုံးသွားတဲ့အခါမှာ ပြက္ခဒိန်ပေါ်မှာ အမှတ်အသားတစ်ခု လစဉ် သို့မဟုတ် နှစ်စဉ်နှစ်တိုင်းလုပ်ကြည့်ပါ။ လစဉ် သို့မဟုတ် နှစ်စဉ် အဲ့ဒီအချိန်ပြန်ရောက်တိုင်း ပရိုဂျက်အသေးလေးပြန်လုပ်ပြီး ကိုယ်လေ့လာခဲ့တဲ့ အတတ်ပညာကို ပြန်လေ့ကျင့်ပါ။

ကျန်တော် MIT Challenge မှာတုန်းက လိုအပ်တဲ့ ကွန်ပျူတာသိပ္ပံနဲ့ဆိုင်တဲ့ အသိပညာတွေကို ဒီနည်းကိုအသုံးပြုပြီးလေ့လာခဲ့ပါတယ်။ ပရိုဂျက်အသေးလေးတွေကို ၆လ ၁၂လ အကြာမှာ တစ်ခေါက်ပြန်လည်ပြုလုပ်ခြင်းဖြင့် ကျန်တော်တတ်ထားတာတွေဟာ မမေ့ပျောက်ပဲ မှတ်မိနေစေပါတယ်။

တကယ်လို့ ရည်မှန်းချက်က မှတ်မိဖို့ပဲဖြစ်ပြီး တိုးတက်ဖို့မဟုတ်ဖူးဆိုရင်တော့ ပတ်လမ်းလေ့ကျင့်ခန်းကိုပြန်ပြင်ဆင်ဖို့မလိုအပ်ပါဖူး။ တစ်ခုနဲ့တစ်ခုကြားက ကြာချိန်ဟာ အနေတော်ကွာမယ်ဆိုရင် လေ့လာမှတ်မိဖို့အတွက်အကောင်းဆုံးဖြစ်မှာပါ။ ချွင်းချက်တစ်ခုကတော့ အတတ်ပညာတွေအရမ်းမြင့်သွားရင်လည်း သူဟာနဲ့သူပြောင်းလည်းမှု့တွေအရမ်းကိုမြန်မှာပါ။

၂။ လေ့ကျင့်အချိန်ဇယား

နောက်ထပ်နည်းဗျူဟာကတော့ လေ့ကျင့်အချိန်ဇယား သို့မဟုတ် ပြန်လှန်လေ့ကျင့်ခြင်းပါပဲ။ Benny Lewis ဆိုတဲ့လူတစ်ယောက်ဟာဆိုရင် ဘာသာစကားဆယ်မျိုးကို မွတ်နေအောင်ပြောတတ်ပြီးတော့ ပြန်လှန်လေ့ကျင့်ခြင်းနည်းလမ်းနဲ့ သူတတ်တဲ့ဘာသာစကားတွေမမေ့အောင် လေ့ကျင့်တယ်ဆိုပါတယ်။ ဘာသာစကားတွေကို အပတ်စဉ်အပြောလေ့ကျင့်ပြီးတော့ ရေရှည်မမေ့အောင်သူထိန်းသိမ်းထားပါတယ်။

ကျန်တော်ကိုယ်တိုင်လည်း ဒီနည်းလမ်းနဲ့ ကျန်တော်လေ့လာချင်တဲ့ဘာသာရပ်တွေကိုလေ့လာခဲ့ပါတယ်။ ကျန်တော်လေ့လာချင်တဲ့ဘာသာရပ်တွေကို လစဉ်ကြေးပေးသွင်းပြီးတော့ ပုံမှန်ပိုစ့်တွေပြန်လည်းတင်ခြင်းဖြင့် အမြဲထိတွေ့မှု့ရှိအောင်လုပ်ဆောင်ပါတယ်။

သတ်သတ်မှတ်မှတ်စည်းကမ်းသတ်မှတ်ခြင်း

တကယ်လို့ ဒီနည်းစနှစ်က သင့်အတွက်အရမ်းကိုရှုပ်ထွေးနေတယ်ဆိုရင် Anki လိုမျိုး ဆော့ဝဲကိုအသုံးပြုပြီး မှတ်မိအောင် မှတ်သားနိုင်ပါတယ်။ ဒီဆော့ဝဲက ပြန်လည်မှတ်သားဖို့လိုအပ်တဲ့ အချက်အလက်တွေကို ကဒ်လေးနဲ့မှတ်သားပြီး ပြန်ပြန်ကြည့်ရတာပါ။ ဆေးပညာနဲ့ ဥပဒေ လေ့လာတဲ့ကျောင်းသားတွေဆိုရင်ပိုပြီးအသုံးပြုသင့်ပါတယ်။ သင်ကြားရတဲ့ ဆေးပညာမှတ်ချက်နဲ့ ဥပဒေပုဒ်မတွေကို Anki ထဲထည့်သွင်းပြီးတဲ့နောက် ဘယ်အချိန်မှာ ပြန်ပြီးကြည့်မယ်ဆိုတာကို အချက်ပေးဖို့ပြုလုပ်ထားတဲ့အတွက် ကျန်တော်တို့သိခဲ့တဲ့ ဗဟုသုတက မမေ့ပဲ ပြန်လည်မှတ်မိမှာဖြစ်ပါတယ်။

အချိန်အတိုအတွင်းမှာ တစ်ခုခုကိုသင်ယူဖို့ မိမိကိုယ်ကိုပျိုးထောင်ခြင်း ပိုစ့်လေး ဒီမှာပဲပြီးဆုံးပါတယ်။ ဒီပိုစ့်လေးနဲ့တွဲပြီးလေ့လာရမယ့်အချို့အရာတွေကိုထပ်လာမယ့်ပိုစ့်မှာ ဆက်ပြီးတင်ပေးပါမယ်။ အားလုံးပဲမင်္ဂလာရှိသောနေ့ကလေးဖြစ်ပါစေ။

Translated by @saipanpha

my sign.JPG

end.PNG

Sort:  

လူတိုင်းအတွက် အသုံးဝင်တဲ့နည်းလေးတွေပါဘဲဗျာ

ဟုတ်ဘဒိုရေ
နက်ဖန် အချောသတ်ပြီးရင် pdf လေးကောလာပါဦးမယ်။

နည်းဗျာဟာကောင်းတွေကို လေ့လာနေရလို့ chat group မလည်နိုင်ဘူး ထင်ပ

ကျောင်းကိစ္စ အိမ်ကိစ္စတွေ ရှင်းရတာများနေလို့ပါ ကိုဟိန်း

pdf ဒုန်း ဒုန်း ဒုန်း

ဒီညကို edit ပြီး လာပါမယ်ဘဒို

မှတ်သား လိုက်နာစရာ အချက်အလက်တွေပါ။

ဟုတ်တယ် ဆစ်ရေ

လိုက်နာနိုင်ရင်အကောင်းဆုံးပါ

ဟုတ်ပါတယ်ဘဒိုရေ

ကြိုး စား​လေ့ ကျင့်​​လေ တိုး တက်​​လေ

တိုးတက်လေ အောင်မြင်ဖို့နီးစပ်လေ :P

နည်းဗူဟာတွေက ကောင်းလွန်းလှပါတယ်ဗျာ

ဟုတ်ဘဒို 😁

အတော်အသုံးဝင်တဲ့အကြောင်းအရာလေးတွေပါဗျာ

ဟုတ်ဘဒိုရေ 😊

အားပေးခဲ့ပါတယ် ဘဒိုရေ

ဟုတ်ကျေးဇူးပါ ဘဒိုရေ

မှတ်​သားစရာအချက်​​တွေပါပဲ။

ဟုတ်တယ် မအိ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63252.26
ETH 2662.75
USDT 1.00
SBD 2.79