အချိန်အတိုအတွင်းမှာ တစ်ခုခုကို သင်ယူဖို့မိမိကိုယ်ကို ပျိုးထောင်ခြင်း အပိုင်း(၂)

in #myanmar6 years ago (edited)

my sign.JPG

ပြီးခဲ့တဲ့ တစ်ခေါက်က ကျန်တော် အချိန်တိုအတွင်းမှာ တစ်ခုခုကိုသင်ယူဖို့ မိမိကိုယ်ကိုပျိုးထောင်ခြင်း အပိုင်း(၁) ကိုရေးသားပြီးပါပြီ။ အပိုင်း(၁) ကိုမဖတ်ရသေးဖူးဆိုရင် ဒီလင့်ကနေသွားရောက်ဖတ်ရှု့လို့ရပါတယ်။

အချိန်အတိုအတွင်း.......အပိုင်း -၁- ဖတ်ရန်.

ဒါဆိုရင် အဆင့်တွေ အသေးစိတ်ကိုသွားကျရအောင်......

အဆင့်တစ် - စွဲလမ်းအောင်ပြုလုပ်ခြင်း။

အရာအားလုံးက စစ်မှန်သေချာတဲ့ တက်ကြွမှု့နဲ့ဆိုရင် အောင်မြင်မှာ အမှန်အကန်ပါပဲ။ ကိုယ်လုပ်မယ့်အရာအတွက် ကိုယ့်ရဲ့ တက်ကြွစိတ်ပါမှု့ဟာ ကိုယ်အောင်မြင်မှု့အတွက် အခြေခံအုတ်မြစ်ပါပဲ။ ဒါကြောင့် အုတ်မြစ်ဆိုတဲ့ တက်ကြွစိတ်ပါမှု့မရှိရင် အောင်မြင်မှု့ရရှိဖို့ဆိုတာဟာလည်း အခုကျန်တော်အပေါ်မှာပြောပြတဲ့နည်းတွေကိုသုံးတယ်ဆိုရင်တောင် မဖြစ်နိုင်ပါဖူး။

ကျန်တော့်ရဲ့ ချဉ်းကပ်လေ့လာနည်းက အချိန်တိုအတွင်းမှာ အသစ်အသစ်တွေကို လေ့လာဖို့ပါပဲ။ စွဲလမ်းခြင်းလို့ပြောရင် လူတွေက ကျန်းမာရေးထိခိုက်မှာနဲ့ အန္တရာယ် ရှိတယ်လို့ လူ့အတွေးမှာ ဂယက်ရိုက်ပါတယ်။ ဒါပေမဲ့ စွဲလမ်းခြင်းကလည်း မိမိရှေ့ဆက်နိုင်ဖို့တွန်းအားတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မိမိရဲ့ ပရိုဂျက်အပေါ် နည်းစနစ်တကျ စီစဉ်ထားခြင်းဖြင့် မိမိလေ့လာမယ့်ဘာသာရပ်တွေအပေါ်မှာ သေသေချာချာအာရုံ စူးစိုက်လာနိုင်မှာပါ။ ဒီလိုစူးစိုက်လာနိုင်တဲ့အခါမှာ ကိုယ်လေ့လာရမယ့်အရာတွေ တစ်ခုပြီးတစ်ခု တစ်ဘာသာပြီးတစ်ဘာသာ ပြီးဆုံးလာမှာပါ။

MIT Challenge က ဒီအတွက်အကောင်းဆုံးဥပမာပါ။ ကျန်တော် ကွန်ပျူတာသိပ္ပံလိုချင်တာကြောင့် ကျန်တော့ မသဲကွဲတဲ့ ရည်မှန်းချက်တွေကို တစ်ဆင့်ခြင်းခွဲခြမ်းလိုက်တော့ ကျန်တော့်အတွက် စိတ်ဝင်စားစရာကောင်းလာပါတယ်။ ကျန်တော်က ကွန်ပျူတာသိပ္ပံကို အကုန်လုံးစပြီး စတင်ခဲ့မယ်ဆိုရင်တော့ သေချာပါတယ် နောက်ဆယ်နှစ်လောက်မှ ကျန်တော် အားလုံးကိုနားလည်မှာပါ။ ကျန်တော်က တစ်ခုခြင်းဆီကိုလေ့လာပြီးမှ တစ်ခုကိုဆက်သွားတော့ နောက်တစ်ခုအတွက်လည်းလွယ်ကူသွားသလို လေ့လာရတဲ့ကျန်တော့်အတွက်လည်း ၀န်ပေါ့ပြီး ပိုလေ့လာခြင်းစိတ်ဖြစ်တာပေါ့ဗျာ။

သင်လုပ်ဆောင်ရမှာက အရမ်းကျယ်ပြန့်နေစရာမလိုပါဖူး။ ပရိုဂျက်တစ်ခုကို ရက်တစ်ပတ် အနဲငယ် အချိန်အနဲငယ်ပေးရုံနဲ့ကို အဆင်ပြေပါတယ်။

ေ၀၀ါးနေတဲ့ရည်မှန်းချက်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ သုံးဖို့ ကျန်တော်တွေ့ထားတဲ့ နည်းလမ်းတစ်ချို့ကို ကျန်တော်ပြောပြပါမယ်။

၁။ နာမည်ပေးပါ။ ။မိမိရဲ့ ပရိုဂျက်ကိုနာမည်ပေးတာဟာ သင့်ဘာလုပ်မယ်ဆိုတဲ့ သင့်ရည်မှန်းချက်နဲ့ လိုအပ်ချက်၊ မလိုအပ်ချက်တွေကို ရှင်းလင်းစွာသိမြင်စေနိုင်ပါမယ်။ နာမည်ရှိထားတာဟာ ပရိုဂျက်ကို တစ်ကွဲတစ်ပြားမဖြစ်စေပဲ၊ ဒီခေါင်းစဉ်အောက်ကနေပဲ လိုအပ်ချက်တွေ အဆင့်တွေကို လုပ်ဆောင်ရတဲ့အတွက် မလိုအပ်တာတွေလေ့လာမိတာတွေကို မဖြစ်စေတဲ့အတွက် အချိန်ကုန်လူပန်းဖြစ်မဲ့ အရာကနေ ပိုပြီးအကျိုးရှိမယ့်အရာတွေကို ပိုပြီးဂရုစိုက်လာနိုင်မှာပါ။

၂။ တိကျသေချာတဲ့ရည်မှန်းချက်ချခြင်း။ ။ ရည်မှန်းချက်တွေကို နည်းနိုင်သမျှနည်းစေတာကလည်း တစ်ခုခုကိုပိုမြန်မြန် လက်ဆုပ်လက်ကိုင်ပြနိုင်မှာပါ။ ဘာသာရပ်တစ်ခုလုံးကိုလေ့လာမယ့်အစား စကားပြောကိုအရင်ဆုံးတစ်ရက်လောက်လေ့လာဖို့ ရည်မှန်းချက်ချတာမျိုးပေါ့။

၃။ မလုပ်ချင်တဲ့အရာတွေကို အတိုင်းအတာထားပါ။ ။ ကိုယ်လုပ်ချင်တာတွေကို လုပ်နေသလို လိုအပ်မယ်ဆိုရင် ကိုယ့်မလုပ်ချင်တဲ့အရာတွေကိုလည်း လေ့လာရပါတယ်။ ထမင်းပဲချက်မယ် ဟင်းမချက်ဖူးဆိုရင် ချိုမြိန်တဲ့ ဟင်းဖြစ်မလာသလိုပေါ့။ မလုပ်ချင်တဲ့အရာ မလေ့လာချင်တဲ့အရာဆိုပေမဲ့ ကိုယ့်ပရိုဂျက်နဲ့သက်ဆိုင်ပြီးလိုအပ်တဲ့ အရာမှသာ လေ့လာရမှာပါ။ ဒါပေမဲ့ မိမိဘာသာလေ့လာနေရတဲ့သူတွေဟာ အရာအားလုံးကို လေ့လာဖို့ရှောင်ရမယ်လို့တော့ မဆိုလိုပါဖူး။ တကယ်လို့ မိမိလေ့လာမယ့်အရာက ကိုယ်စီစဉ်ထားတဲ့အထဲမပါပေမဲ့ မိမိ ပရိုဂျက်ကို အကျိုးရှိစေမယ်ဆိုရင် ထပ်လေ့လာရမှာပါ။

Translated by @saipanpha
msc-186

Original Link

end.PNG

Sort:  

မှတ်သားထားရပါတယ်ဗျာ

ဟုတ်ကဲ့ပါဘဒို

စိတ်အားထက်သန်တတ်ကြွမှု မရှိပါဘဲ အောင်မြင်နိုင်စရာ မရှိ

ဟုတ်တယ်ဘဒိုရေ

ကျေးဇူးတင်ပါတယ်ဗျာ

ဟုတ်က်ုစော

အနှစ်ရှိတဲ့ စာတွေပါဘဲဗျာ

ဟုတ်ကဲ့ပါဘဒို
ကျေးဇူးပါ

မှတ်သားပြီးလုပ်ဆောင်မယ်ဗျို့ ကျေးဇူးကိုစိုင်း
အားရှိသွားပြီ

ဟုဟု ဘဒို
အားပေးတဲ့အတွက်ကျေးဇူးပါ 😊

အားပေးခဲ့ပါပြီ

ဟုတ်ကဲ့ပါဘဒို

မှတ်​သားစရာ​တွေပါပဲ။

ဟုတ်မအိ

ဘာလုပ်မယ် ညာလုပ်မယ်ဆိုပီး ပရောဂျက်တွေတော့ဆွဲဖူးတယ်။
Name မပေးဖူးဘူးတစ်ခါမှ 😁
ဒီတစ်ခါ ပရောဂျက်နာမည်လှလှလေးပေးကြည့်ဦးမှပါ😁😁

နာမည်လေးကော
လိုအပ်တာတွေပါ ချရေးလိုက်တော့ဆစ် 😊

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 60313.79
ETH 2889.34
USDT 1.00
SBD 2.47