အချိန်အတိုအတွင်းမှာ တစ်ခုခုကို သင်ယူဖို့မိမိကိုယ်ကို ပျိုးထောင်ခြင်း အပိုင်း(၁)

in #myanmar6 years ago (edited)

my sign.JPG

ရက်တွေနေ့တွေကလည်း တစ်နေ့ပြီး တစ်နေ့ ကုန်ကုန်လာပေမဲ့ မကုန်ဆုံးတာကတော့ လုပ်စရာတွေ တစ်ရက်ပြီး တစ်ရက်ပိုပိုတိုးလာတာပါပဲ။ အဲ့ဒီလိုတိုးလာတာတွေထဲမှာ အပျော်ဆုံးကတော့ အလုပ်အကိုင်အခွင့်အလမ်းသစ်ပေါ့ဗျာ။ ဒီရက်ပိုင်း မိတ္တူလုပ်ငန်းအတွက် အခွင့်အလမ်းသစ်တိုးလာတော့ ကျန်တော် အပျော်ကြီးပျော်ပြီလေ။ မိတ္တူလေးလည်းလုပ်ရင်း ပိုက်ဆံလည်းရ အဆက်အသွယ်လေးလည်းရဆိုတော့ ရှယ်လွတ်ကောင်းသပေါ့ဗျာ။ ဒါနဲ့ ဒီနေ့ ကျန်တော်တို့ အဖွဲ့တစ် ပရိုနေ့ကို ပြန်ရောက်ရှိလာပြီဆိုတော့ ကျန်တော်လည်း ဒီတစ်ခေါက်တော့ မကျန်ခဲ့အောင် အပြေးလေးအိမ်ပေါ်တက်ပြီး ပရိုအတွက် ဦးနှောက်ထဲက သိထားတာတွေကို သုံးပြီး အသိပညာတစ်ခုလေ့လာရင်း ပြန်ပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ ဒီတော့ ကျန်တော်ဖတ်တဲ့ စာစဉ်လေးတစ်ခုအကြောင်းက ဘာဖြစ်မလည်းဆိုတာကို အောက်မှာဆက်ဖတ်ကြည့်လိုက်ရအောင်နော့်။

သင်တစ်ခုခုကိုလေ့လာဖို့ ဆုံးဖြတ်ပြီး ဘယ်ကနေ စလေ့လာရမလည်းမသိဖြစ်နေပါသလား။ ဘာသာရပ်တစ်ခု၊ ပရိုဂရမ်မင်း၊ စီးပွားရေး တွေကိုလေ့လာချင်နေတာလား။ ဒါမှမဟုတ် သင်္ချာ၊ ငွေကြေး နဲ့ ရူပဗေဒ တွေကို ကိုင်တွယ်လေ့လာချင်နေတာလား။ ဟုတ်ပြီ ဒီနေ့ ဘယ်လိုလုပ်ရမလည်းဆိုတာကို ကျန်တော်ပြောပြပါမယ်။

အချိန်အတိုလေးအတွင်းမှာ ကျန်တော်လေ့လာခဲ့ဖူးတဲ့ နည်းစနစ်တွေကို ပြောပြပေးပါမယ်။ အခုပြောပြမယ့်နည်းက ကျန်တော် MIT computer science လေးနှစ် curriculum ကို ၁၂ လအတွင်း သင်ယူခဲ့နိုင်တဲ့နည်းပါ။ ဒီလိုပဲ ဘာသာစကားတွေ၊ စီးပွားရေးတွေနဲ့ အခြားသောဘာသာရပ်တွေကိုလည်း ဒီနည်းနဲ့ သင်ယူခဲ့တာပါ။

လေ့လာသင်ကြားဖို့အတွက် မဟာဗျူဟာအပေါ်ကိုပဲ ကျန်တော်ပိုပြောပါမယ်။ တနည်းပြောရရင် ၀ိုးတ၀ါးဖြစ်နေတဲ့ ရည်မှန်းချက်တွေကို ဖြုတ်ချပြီး ပိုပြီး ထိရောက်ပြီးလက်တွေ့ကျတဲ့နည်းနဲ့ အစားထိုးနိုင်ဖို့ပါပဲ။ တတ်နိုင်သမျှ ကျန်တော်အသုံးပြုတဲ့ နည်းပညာတွေရဲ့ နည်းစနစ်တွေကို လင့်တွေပေးထားပေးပါမယ်။ ဥပမာ Feynman နည်းစနစ်ပေါ့ (မှတ်ညဏ်ပြန်ခေါ်နည်း)။

ဒီနည်းဗျူဟာမှာက ဖြစ်နိုင်ခြေ တစ်ခုတည်းရှိပါတယ်။ တကယ်လို့ တခြားနည်းလမ်းကိုတွေ့ရှိထားတယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။ ကျန်တော်က ကျန်တော် တွေ့ရှိထားတဲ့ ခက်ခဲတဲ့ ဘာသာရပ်တွေကို ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတဲ့ နည်းလမ်းကိုပဲပြောပြချင်တာပါ။

---၂ မိနစ် ပြင်ဆင်ခြင်း---

တကယ်လို့ စာဖတ်ဖို့ အချိန်သိပ်မရဖူးဆိုရင် လိုအပ်တဲ့အဆင့်တွေကို အကျဉ်းချုပ်ပြောပြပေးပါမယ်။

  1. လေ့လာမှုအတွက် ရည်မှန်းချက် ကို အရင်ဆုံးထားရှိပါ။

  2. လေ့လာစရာတွေရှာဖွေပြီး အဆင့်လိုက် တစ်ဆင့်စီလေ့လာဖို့ အစီအစဉ်ရေးဆွဲပါ။

  3. ကိုယ့်ရဲ့ရှေ့ဆက်လေ့လာမှု့ကို အကျိုးပြုမယ့် တုန့်ပြန်ချက်တွေကို သတ်မှတ်ပါ။ တနည်းပြောရရင် ပြန်လှန်သုံးသပ်ပါ။

  4. ပရိုဂျက်တစ်ခုလုံးအပေါ်အကျိုးသက်ရောက်မှု့ကို ပြန်လည်စစ်ဆေးပါ၊ ပြန်စီစဉ်ပါ။

  5. ရေရှည်အတွက်ဖြစ်စေမယ့် နည်းဗျူဟာတွေတိုးတက်အောင်ပြုလုပ်ပါ။

တစ်ချို့နည်းလမ်းတွေက သင်နေ့စဉ်လုပ်ဆောင်နေတဲ့ပုံစံနဲ့ ကွဲပြားနေပါမယ်။

ပထမဆုံးအနေနဲ့ကတော့ လေ့လာမှု့ ရည်မှန်းချက်တွေက တာဝန်တွေနဲ့ အသားကျစွဲလမ်းဖို့လိုပါမယ်။ လူအများစုကတော့ စနစ်မကျ လေးနက်မှု့မရှိတဲ့ပုံစံနဲ့ လေ့လာကြိုးစားကျပါတယ်။ အဲ့ဒါဟာ အချိန်ကုန်လူပန်းဖြစ်စေပြီးတော့ ရလဒ်ကျတော့ နဲနဲပဲ ရစေပါတယ်။

ဒုတိယအနေနဲ့ကတော့ တုန့်ပြန်မှု့(သူများတွေက ကိုယ်အပေါ်ပေးတဲ့ထင်မြင်မှု)တွေကို လက်ခံပြီး များများလေ့ကျင့်ဖို့ပါပဲ။ အတန်းထဲမှာဆိုရင်တော့ဖြင့် ဒီအဆင့်ကို လျစ်လျူရှုထားကျပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဆိုင်းမန့်တွေနဲ့အလွတ်စာမေးပွဲတွေမှာ ပါဝင်ပြီးပြီလို့ ယူဆထားကျလို့ပါ။ မိမိကိုယ်ကိုပြန်ပြီး သင်ကြားမယ်ဆိုရင်တော့ လေ့လာရေးလုပ်ဆောင်ချက်တွေကနေ လွဲချော်သွားဖို့နဲ့ တုန့်ပြန်မှု့တွေကို ရှောင်ရှားဖို့ဆိုတာ လနဲ့ချီပြီး ကြာမယ်ဆိုတာကို ယုံကြည်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ပြင်းထန်တဲ့ စိတ်နဲ့ လေ့လာဖို့တက်ကြွနေဖို့လိုပါတယ်။ ဒီလိုပြောပေမဲ့ အစပိုင်းမှာ ပြင်းထန်မနေပဲ ထိုင်းမိုင်းနေမယ်ဆိုတာပြောရဲပါတယ်။ တက်ကြွလာဖို့ဆိုတာကလည်း ကိုယ့်ရဲ့လေ့လာမူ့ရဲ့ ရရှိလာတဲ့ ရလဒ်အပေါ်မှာလည်း မူတည်ပါတယ်။ နှစ်လ သုံးလကိုတော့ နည်းဗျူဟာနှေးနှေး အသုံးပြုပြီးလေ့လာနိုင်ပါတယ်။ ရလဒ်ကိုမြင်လာတဲ့အချိန်ကျမှသာလျှင် စိတ်ပျက်တာတွေ၊ အရှံးပေးချင်တာတွေပျောက်ပြီး ပိုတက်ကြွလာမှာပါ။

Translated by @saipanpha
msc-186

Original Link

end.PNG

Sort:  

မိုင်ဆုံခ 🙏🏻 အရမ်းကောင်းတဲ့ ဘာသာပြန်မှုပါဘဲဗျာ

အော့ခ မိုင်ဆုန်
ကျေးဇူးခ
နောက်လည်းအားပေးပါဦး

Thanks bro 😊😊

ဖတ်လို့လည်းကောင်း ဗဟုသတတွေလည်းရပါ့ဗျာ။ ဒီတပါတ်တော့ reply နောက်မကျစေနဲ့ဗျ။

ဟုတ်ကိုထွေး
နောက်မကျအောင် တစ်ခါတည်းထိုင်ဖြေနေတာ 😁😁

တကယ့်ကိုကောင်းမွန်တဲ့အကြံပေးချက်တွေပါပဲ
မှတ်သားထားလိုက်ပါတယ်ဗျ

ဟုတ်ကဲ့ပါဘဒို 😊

ဟုတ်တယ်၊ပညာရပ်အသစ်တွေလည်းလေ့လာချင် အရွယ်ကလည်းရလာတော့ မှတ်ဉာဏ်ကသိပ်မကောင်းတော့ စနစ်တစ်ခုနဲ့အမြန်လေ့လာနေရတာပါ အိုကေပါ

ဟုတ်ဘဒိုရေ နောက်နေ့တွေမှည အဆက်တွေထပ်တင်သွားပေးမယ်နော်

ဗဟုသုတတွေရပါတယ်ဗျာ

ဟုတ်ကဲ့ပါ ဘဒိုရေ 😁

လိုက်​နာထိန်းသိမ်းရမည့်​အချက်​များပါပဲ။

ဟုတ်တယ် မအိရေ
ကျန်တော်လည်း ခုမှသိတာ တစ်ချို့အချက်တွေက
နောက်နေ့ကျ အဆက်တင်ပေးပါမယ်နော်

မှတ်သား လိုက်နာစရာ အချက်တွေပါ။

ဟုတ်တယ်ဆစ်
သတိထားစရာတွေပါ

အိမ်း ကောင်းတယ်။ ဒါပဲပြောတတ်တော့တယ်ဗျာ။

ဟုတ် ကျေးဇူးပါ ဘဒို

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95