အချိန်အတိုအတွင်းမှာ တစ်ခုခုကို သင်ယူဖို့မိမိကိုယ်ကို ပျိုးထောင်ခြင်း အပိုင်း(၃)

in #myanmar6 years ago

my sign.JPG

ပြီးခဲ့တဲ့အပိုင်း(၁ ) နဲ့ အပိုင်း(၂) ကိုမဖတ်ရသေးဖူးဆိုရင် အောက်က အပိုင်း (၁) ၊ အပိုင်း(၂) ဆိုတာလေးကိုနိပ်ပြီးဆက်ဖတ်လို့ရပါတယ်။

အချိန်အတိုအတွင်း.................အပိုင်း(၁)
အချိန်အတိုအတွင်း.................အပိုင်း(၂)

၎။ စိန်ခေါ်ခြင်းရဲ့ ချိုမြိန်မှု့ကိုရှာဖွေပါ။ ။ စိန်ခေါ်မှု့တွေကို ရင်ဆိုင်ပြီး အောင်မြင်ဖို့ဆိုတာ အတော်လေးခက်ခဲပြီး အရှံးပေးဖို့ကတော့ အတော်လေးကိုလွယ်ကူပါတယ်။ တစ်စုံတစ်ခုကိုလေ့လာနေရင်း စိတ်ထဲမှာ လုပ်ဆောင်ရမှာကြောက်လာပြီဆိုရင် အရှံးပေးလာချင်တာဟာ သဘာဝပါပဲ။ တကယ်လို့ ကျန်တော်တို့က အရှံးပေးခဲ့တယ်ဆိုရင်တောင် ပြန်ပြီ စိန်ခေါ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ကိုယ့်ဘက်ကကြိုးစားပြီဆိုတာနဲ့ အတင်းအကျပ်လုပ်ဆောင်ဖို့ မိမိကိုယ်ကိုစေခိုင်းတာက အဲ့လောက်မခက်ခဲဖူးဆိုတာကို မြင်လာမှာပါ။ အဓိက ကတော့ လူတွေက ဒီအဆင့်ကိုကျော်သွားကျတာပါပဲ။ နောက်တစ်ခုက လူတွေက ဒါကို အရေးပါတယ်လို့ မတွေးကျတာလည်းပါပါတယ်။ အတော်များများကတော့ အတင်းအကျပ်လေ့လာယူတာဟာ သူ့နည်းလမ်းမဟုတ်ဖူးဆိုပြီးတော့ ထားလိုက်ကျပါတယ်။

---အဆင့် (၂) လိုက်လျောညီထွေရှိတဲ့ သင်ရိုးညွန်းတမ်းကို တည်ဆောက်ပါ။---

နောက်အဆင့်ကတော့ လိုအပ်တာတွေကိုစုဆောင်းတာပါပဲ။ ပြသနာက ကိုယ့်လိုအပ်တဲ့ အရာတွေအားလုံးကို လွယ်ကူစွာရှာဖွေလို့မရတာပါပဲ။ ဒါပေမဲ့ အဲ့ဒီ အရာတွေ ရှာဖွေရတာနဲနဲခက်ပြီး ရှာတွေ့တဲ့အခါမှာလည်း လိုအပ်တာတွေမဟုတ်ပဲ အသုံးမ၀င်တာတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ရအောင်ရှာဖွေပါ။

ကျန်တော်ရှာဖွေတွေ့ရှိတာကတော့ လိုအပ်တဲ့အရာတွေကိုရှာဖွေတာဟာ အတော်လေးကို အရေးကြီးပါတယ်။ လိုအပ်တဲ့အရာတွေကို ရှာဖွေတွေ့ရှိတာဟာ ရည်မှန်းချက်ကို သွားဖို့ လှေကားထစ်တစ်ခုတက်လိုက်တာပါပဲ။ လိုအပ်တဲ့ လေ့လာစရာတွေကို ကျန်တော်ရှာဖွေတဲ့ ဆိုက်တစ်ချို့ကို ပြောပြပေးပါမယ်။

 Open courses and MOOCs (edX, Coursera, Udemy, MIT’s OCW)
 Textbooks (look in the comments here for good ones)
 Pre-packaged courses
 Book lists (Personal MBA, Good Reads, etc.)
 Videos (YouTube, Khan Academy, Patrick JMT, etc.)
 Journal articles
 Private instruction/tutoring
 Educational software

ဒီဆိုက်တွေနဲ့ ဒီစာသား၊ ဆော့ဝဲတွေကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။

ကိုယ်လုပ်မယ့် ပရိုဂျက်အပေါ်မူတည်ပြီး ကိုယ်လေ့လာရမယ့်အရာတွေကို ရွေးချယ်ဖို့ နာရီအနည်းငယ် အသုံးပြုစေချင်ပါတယ်။ ကျန်တော်ကတော့ မှတ်စုလေးထားပါတယ်။ ပြီးတော့ အဲ့မှတ်စုကလိုအပ်တာတွေကို နေရာအသီးသီးကနေ ရယူပါတယ်။ ပြီးမှ တစ်ခုကိုရွေးပါတယ်။

အကြံပေးချင်တာတစ်ခုကတော့ သင်ခန်းစာ စာအုပ်အထူကြီးကြည့်ပြီးတော့ စိတ်ညစ်နေစရာမလိုပါဖူး။ ကျန်တော့်တုန်းကဆိုရင် MIT Challenge အတွက် MIT’s OCW ကနေ ထောက်ပံ့ပေးတဲ့ လေ့လာစရာ ဖတ်စာအုပ်နဲ့ အခြားလေ့လာစရာအချို့ကိုပဲသုံးပြီး မပြောပလောက်တဲ့ မပြည့်စုံမှု့သာ ရှိခဲ့ပါတယ်။ ခက်ခံမှု့ဆိုတာ လေ့လာစရာအရင်းအမြစ်မရှိတဲ့ပြသနာမဟုတ်ပဲ လေ့လာတဲ့ ဘာသာခက်ခဲတာပဲဖြစ်တာများပါတယ်။

ကိုယ်လေ့လာရမယ့် အရာတွေကိုတွေ့ရှိပြီဆိုရင်တော့ လိုက်လျောညီထွေဖြစ်မယ့် သင်ရိုးညွန်းတမ်းဖြစ်အောင် စီစဉ်လိုက်ပါ။ လိုက်လျောညီထွေဖြစ်အောင်ဆိုတာက ကျောင်းမှာနဲ့မတူပဲ ကိုယ်သွားမယ် လေ့လာမယ့်အစီအစဉ်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့်ဖြစ်ဖို့ပြောတာပါ။

MIT Challenge ကို ကျန်တော်ကြိုးစားတဲ့အခါမှာ ကျန်တော့်မှာ ရွေးပြီးလေ့လာစရာ ဗီဒီယိုဖိုင်၊ ဖတ်စာအုပ်၊ tutorials ဖိုင်တွေနဲ့ ဖတ်စရာတွေ အနဲငယ်သာရှိပါတယ်။ ကျန်တော့် သင်ရိုးညွန်းတမ်းက အရင်းအမြစ်တစ်ခုတည်းကိုသာ လက်ကိုင်ပြုပြီး လေ့လာခဲ့ရတာပါ။ ဒါပေမဲ့ သူများပြန်ပေးလာတဲ့ အကြံညဏ်နဲ့ တုန့်ပြန်ချက်ကို ပြန်လည်ဆန်းစစ်ပြီး ဖြည့်စွက်ခဲ့ရတာပါ။ ဗီဒီယိုဖိုင်ကိုလေ့လာပြီး ဖတ်စာအုပ်နဲ့ အခြားသော ဖတ်စရာတွေက လိုအပ်ချက်တွေကို ပြန်ဖြည့်စွက်ပြီး လိုအပ်တာတွေကို ဖြည့်စည်းခဲ့ရတာပါ။

အသိပညာတွေကိုပဲလေ့လာနေတာမဟုတ်ပဲ အသုံးဝင်တဲ့ အတတ်ပညာတွေကိုပါလေ့လာဖို့လိုအပ်တယ်ဆိုတာကို ကျန်တော် သိခဲ့ရပါတယ်။ ကျန်တော် ပရိုဂရမ်းမင်းဘာသာရပ်လေ့လာတဲ့အခါမှာ ကျန်တော် မတူညီတဲ့ အရင်းအမြစ်တွေကိုသုံးပြုခဲ့ပါတယ်။ အဲ့ဒီလိုအသုံးပြုခဲ့လို့ တုန့်ပြန်ချက်တွေက ကျန်တော့်ရဲ့ အားနည်းချက်တွေကို ပိုမိုလွယ်ကူစွာ မြင်နိုင်ပြီး ပိုမိုမြန်ဆန်စွာ ပြင်ဆင်ရေးသားနိုင်ခဲ့ပါတယ်။

နောက်ဆုံးသော့ချက်ကတော့ သင်ရိုးညွန်းတမ်းကိုအသုံးပြုပြီး စိတ်ထိခိုက်မှု့မရှိအောင်လို့ပါ။ အရင်းအမြစ်တွေကို ရှာဖွေထုတ်နူတ်ရတာ ဟာအကုန်လုံးကို လေ့လာနိုင်ဖို့တော့မဟုတ်ပါဖူး။ အကုန်လုံးကိုလေ့လာနိုင်ဖို့ဆိုတာထက် ကျန်တော်တို့ဘယ်ကနေစရမယ်ဆိုတဲ့ လေ့လာအားစိုက်ထုတ်စရာနေရာကို သိသွားဖို့ကအဓိကပါ။ ခက်ခဲတဲ့ အရင်းအမြစ်တွေကိုလေ့လာပြီး လွယ်ကူကျွမ်းကျင်သွားတယ်ဆိုရင်လည်း တစ်ချို့ထပ်လေ့လာရမယ့် တူညီတဲ့ အရာတစ်ချို့ကို ဖြုတ်ထားနိုင်ပါတယ်။

Translated by @saipanpha
msc-186

end.PNG

Sort:  

ချီတာ အရူးကောင်။ ဆေးမှားသောက်ထားတာနေမှာ။

ဟုတ်တယ် အဲ့ကောင်ဇောက်ရူး။

အသိအမြင် တိုးတာပေါ့ဗျာ

ဟုတ်ဘဒို
အသစ်တွေကြီးပဲ

လေ့လာသင်ယူနေသူများအတွက် အထောက်အကူပြုမဲ့
ပို့စ်ကောင်းတစ်ခုပါဗျာ

ဟုတ်ဘဒိုရေ
ကျေးဇူးပါ

similar content လဲပြောသေးလဒီ link ဘဲလိုက်ချနေတယ်

ကျန်တော်တို့ကိုတေးထားတာနေမယ်။
ပိုစ့်အခုတင် အခုလာ ဘုတ်တယ် 😂

အဲ့လောက်ထိလေ့လာဖို့အများကြီးပြင်ဆင်ရဦး
မယ်ဗျာ

ကိုယ်လေ့လာမယ့်အရာတွေကို အစီအစဉ်တကျလေးထားပြီး လိုက်လုပ်ကြည့် ဘဒို
လွယ်သွားမှာ

ကျွန်တော်တို့အတွက် အထောက်ကူဖြစ်စေရတော့
ဝမ်းသာမိပါတယ် ကိုစိုင်း

ဟုတ်ကဲ့ ဘဒိုရေ

လေ့လာသင်ယူရမဲ့ အရာလေးတွေပါဘဲဗျာ

တကယ့်​ကိုအဖိုးတန်​တဲ့အချက်​အလက်​​တွေသိရတာပါပဲ။

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 60313.79
ETH 2889.34
USDT 1.00
SBD 2.47