အရက်သမားလေးကျွန်တော် အပိုင်း(3)
အပိုင်း(1)ဖတ်ရန်
အပိုင်း(2)ဖတ်ရန်
ပြောမရသည့် အဆုံး အဖေကကျွန်တော့်ကိုလက်သီးဖြင့် ထိုးကာ " ဒီလောက်တောင်မိဘစကားနားမထောင်တဲ့ကောင် အိမ်ပေါ်ကဆင်းကွာ" ဆိုပြီးမောင်းချသည်။ကျွန်တော်အိမ်ပေါ်မှဆင်းလာခဲ့ရသည်။credit source image
မိဘအထိန်းအကွပ်အောက်မှ လွှတ်သွားသော ကျွန်တော် နေချင်သလိုနေသည်။ စားချင်သလိုစားသည်။ သွားချင်သလိုသွားသည်။ စည်းလွတ် ဘောင်လွတ်ဖြင့်နေထိုင်ရင်း အရက်ကိုလည်း မိုးလင်း မိုးချုပ် သောက်ဖြစ်လာခဲ့သည်။အစပိုင်းတွင် အပျင်းပြေသောက်ရာမှ နောက်ပိုင်း မသောက်ရ မနေနိုင်ဖြစ်လာခဲ့ရသည်။အရက်က ကျွန်တော့်ကိုဝါးမြိုသွားလေပြီ။
ကျွန်တော့်ရဲ့ မကောင်းသတင်းများကို တယောက်စကား တယောက်နားဖြင့် အမေကြားသိသွားသည်။အမေမှ ကျွန်တော့ကို ပြန်ခေါ်ရန် အဖေ့အား စေခိုင်းသည်။အဖေက"ဘဝအကြောင်းပို နားလည်လာအောင် ထားလိုက်…ပြန်မခေါ်ဘူး"ဟုပြောသောအခါ အမေကအဖေ့ကို"ကျွန်မသားလေး အပြင်မှာ ဒီတိုင်းပြစ်ထားရင် ပိုပြီးပျက်စီးသွားလိမ့်မယ်…တော်ပြန်မခေါလဲ ကျွန်မပြန်ခေါ်မယ်… တော်တို့မွေးထားတာမဟုတ်တော့ သွေးအေးလိုက်ကြတာ…ကျွန်ုပ်က ဝမ်းနဲ့လွယ်ပြီးမွေးထားတာ တော်ရေ့… တစ်ခုခုဖြစ်သွားရင် ကျွန်တော်ပဲရင်ကျိုးရမှာ… တော်မခေါ်လဲ ကျွန်မပဲ ပြန်ခေါ်မယ်"ထိုသို့ဖြင့် ကျွန်တော် အိမ်သို့ပြန်ရောက်ခဲ့လေသည်။
ကျွန်တော် မိုးလင်းတာနဲ့ အရက်သောက်ချင်လာသည်။ မသောက်ရလျင် ကတုန်ကယင်ဖြစ်လာသည်။ ကျွန်တော် အဖေနှင့်အမေရှေ့မှာတော့မသောက်ရဲ ခိုး၍သောက်ရသည်။အလုပ်ဖွင့်ရက်ဆို အလုပ်မသွားခင် အရက်ဆိုင်သို့ သွားသောက်ရသည်။ ပိတ်ရက်ဆို အရက်ခိုးသောက်ရသည် အရက်ပုလင်းလေးဝယ်ကာ ခြံထဲကအပင်အောက် အိမ်သာခေါင်မိုးပေါ်တွင် အရက်ပုလင်းကလေးများဖွက်ထားသည်။အဖေနှင့်အမေ အလစ်တွင် ကျွန်တော်ခိုးသောက်သည်။ အရက်သောက်ချိန် ကျော်သွားသောအခါ ကတုန်ကယင်ဖြစ်လာကာ အရက်သောက်သောအခါ လေခံပြီး သောက်သမျှ အကုန်ပြန်အန်ထွက်လာသည်။ ကျွန်တော်အရက်သမားကြီး လုံးလုံးဖြစ်သွားသည်။credit source image
တရက်၌ ကျွန်တော် သောက်နေကျအရက်ဆိုင်တွင် ဝေဝေဆိုသော စားပွဲထိုးကောင်မလေးတစ်ယောက်ရောက်လာသည်။ ထိုအရက်ဆိုင်တွင် စားပွဲထိုးကောင်မလေးရှိသောကြောင့် ပို၍စည်ကားလာသည်။ အရက်လာသောက်သောသူတိုင်းက ကောင်မလေးကို စကျသည် အထင်သေးချင်ကြသည်။ ကောင်မလေးကို ပြောသည့်အခါတိုင်း ကျွန်တော် ကောင်မလေးဘက်မှ ကာပေးမိသည်။ထိုသို့ဖြင့် သူငယ်ချင်းများက အာ့ကောင်မလေးဖြင့်ဝိုင်းစကြသည်။ အာ့လိုဖြင့် ကျွန်တော်အရက်သမားနှင့် ကောင်မလေးရင်းနှီးလာသည်။
တစ်နေ့အလုပ်မှ သူငယ်ချင်းများနှင့် သောက်ပြီးပြန်လာရာ အချိန်မတော် လမ်းတွင် ဝေဝေအား လူတစ်ယောက်က စားပွဲထိုးကောင်မလေးကို လက်ကိုအတင်းလိုက်ဆွဲကာ စကားလိုက်ပြောနေတာမြင်မိသည်။ ဒီတိုင်း မမြင်ချင်ယောင်ထားခဲ့ရင်လဲ ကောင်မလေးဒုက္ခရောက်တော့မည်။ ကျွန်တော် သူတို့ဆီသွားကာ " ဟိတ်ရောင် မင်းကောင်မလေးကို အာ့လိုမလုပ်နဲ့လေကွာ နှမသားခြင်း စာနာမှုထားပါ"ပြောမိသည်။သူတို့က"မင်းနဲ့ဘာဆိုင်လဲ"ဟုဆိုကာ စကားများပြီး ထိုးကြိတ်ရန်ဖြစ်ကျလေသည်။ကျွန်တော်မူးနေသောကြောင့် အထိုးခံလိုက်ရသည်။ ဝင်ဆွဲသော ဝေဝေပါ အထိုးခံလိုက်ရသည်။ ကျွန်တော်မျက်နှာတွင်လဲ အထိုးခံရသောကြောင့် ညိုမဲသွားသည်။ ဝေဝေမျက်နှာတွင်လဲ အထိုးခံလိုက်ရသောကြောင့် နီရဲပြီးနှုတ်ခမ်းပေါက်သွားလေသည်။ ဝေဝေ အထိုးခံရသောအရှိန်ကြောင့်မျက်ရည်များဝဲနေသည်။နောက်ပိုင်း ကျွန်တော် အနားရှိ တုတ်ဖြင့် လိုက်ရိုက်မှ ထိုသူများထွက်သွားတော့သည်။credit source image
ကျွန်တော်အမူးကမပြေသေးသည့်အပြင် ရန်ဖြစ်သောပုံစံဖြင့် အိမ်သို့မပြန်ချင်တော့။ ဝေဝေကလဲ အညိုအမည်းမျက်နှာဖြင့် အိမ်မပြန်ချင်ဘူး ဟုဆိုလာသည်။ကျွန်တော် ဝေဝေကို တည်းခိုခန်းခေါ်ကာ တစ်ယောက်တစ်ခန်းစီ ငှားကာ သူ့အခန်းသို့အရင် ပို့ပေးကာ ကျွန်တော့်အခန်းသို့ ပြန်လာပြီး ကုတင်ပေါ်ခေါင်းချလိုက်သောအခါ ကျွန်တော်မူးမူးနှင့် အိပ်ပျော်သွားတော့သည်။ မနက်ရောက်သောအခါ ဘေးနားမှ တစ်ရှုံရှုံ ငိုသံကြားလိုက်ရသည်။"ငါဘယ်ရောက်နေတာလဲ" သေချာတာတော့ ကျွန်တော့် အိမ်တော့မဟုတ်။ကျွန်တော်မျက်လုံးကို အမြန်ဖွင့်လိုက်သည် ဘေးနားမှာ ဝေဝေ ငိုနေတာတွေ့လိုက်သည်။ကျွန်တော်အမြန်စဉ်းစားလိုက်သည်။ကျွန်တော် ညက ဝေဝေကို အခန်းသို့ ပို့ပြီး အခန်းပြန်လာပြီး အိပ်သည်ထိမှတ်မိသည်။ဒါဆို ဝေဝေက ဘလိုလုပ် ကျွန်တော်အခန်းထဲ လာငိုနေသနည်း။
ဆက်ရန်
MSC-224
@myintlwinsoe
You got a 100.00% upvote and resteem from @singing.beauty courtesy of @myintlwinsoe. Thank you for using the @singing.beauty UPVOTE and RESTEEM service.
If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @singing.beauty by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount
You will earn 80% of the voting service's earnings based on your delegated SP's prorated share of the service's SP pool at the end of EACH voting round! That is up to 38.5% APR! You can also undelegate at anytime.
You got a 50.00% upvote and resteem from @ebargains courtesy of @myintlwinsoe. Thank you for using the @ebargains UPVOTE and RESTEEM service.
If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @ebargains by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount
You will earn 80% of the voting service's earnings based on your delegated SP's prorated share of the service's SP pool at the end of EACH voting round! That is up to 38.5% APR! You can also undelegate at anytime.
အိုက်စ်ကောင်းခန်းကြီးရောက်မှ ဖြတ်သွားတယ် လူဇိုး။ တစ်ယောက်တစ်ခန်းဆီ အိပ်တာသေချာလို့လား။ကောင်မလေးက ဘေးမှာ လာငိုနေတာဆိုတော့ စဉ်းစားစရာပဲ။ ဘုရား ဘုရား စိတ်ထဲထင်သလို မဖြစ်ပါစေနဲ့။
ကိုထွေးက ဘယ်လိုထင်လို့လဲ😁😁😁
Play Back ကို speaking conversely ပုံစံနဲ့ ရေးသားရင် ရသပိုမြောက်စေတယ်၊ ဘန်းစကားများကိုသုံးရတာလည်းအဆင်ပြေပါလိမ့်မယ်၊ ကိုယ်တိုင်ပြန်ပြောတဲ့ ပုံစံမျိုးမဟုတ်ပဲ၊ ဇာတ်ကြောင်းပြရေးနည်း၊ ဖြစ်စဉ်ပြရေးနည်းတို့သုံးနိုင်ရင်လည်း စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာမှာပါ။ ပြောင်းလဲ ကြည့်စေချင်တယ်ကွယ်။
ဟုတ်ကဲ့ပါ ဆရာ သားပြောင်းပြီး ရေးကြည့်ပါမယ် ခင်ဗျာ။
You got a 24.52% upvote from @emperorofnaps courtesy of @myintlwinsoe!
Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!
You got a 50.00% upvote from @allaz courtesy of @myintlwinsoe!
Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!
You got a 14.69% upvote from @redlambo courtesy of @myintlwinsoe! Make sure to use tag #redlambo to be considered for the curation post!
You got a 66.67% upvote from @lrd courtesy of @myintlwinsoe!
You got a 25.00% upvote from @nado.bot courtesy of @myintlwinsoe!
Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.
You got a 66.67% Prime Upvote from @alphaprime courtesy of @myintlwinsoe!
All Upvoted posts are considered for additional Upvotes and Resteem based on quality content criteria chosen by our moderators in an effort to give something back to the community.