အရက်သမားလေး ကျွန်တော် အပိုင်း(1)
ကျွန်တော် ငယ်ငယ်ကတော့ လိမ္မာတဲ့ သားလေးတစ်ယောက်ပေါ့။ ကျွန်တော့ မိဘတွေကလည်း ကျွန်တော့ကို ချစ်လိုက်ကျတာ။ ကျွန်တော့်မိဘတွေက ဆင်းရဲသည်။ အဖေကတော့စစ်သား အမေကတော့ မှီခိုပေါ့ဗျာ။အမေက မှီခိုလို့သာ နာမည်တပ်ထားတာပါ မိသားစုထဲမှာ အပင်ပန်းဆုံးပေါ့ဗျာ။
photo credit google
ကျွန်တော်တို့က မိသားစုငါးယောက်ဗျ အဖေကစစ်သားဆိုတော့ အမြဲတမ်း တာဝန်နဲ့ အလုပ်နဲ့အိမ်မှာမရှိဘူး။ အမေကပဲ မိုးလင်းတာနဲ့ ချက်ပြုတ် ကြုံရာကျရာအလုပ် အကုန်လုပ်ရသည်။ပန်းရန်ရွက် မြစ်ထဲသွားကြိမ်ရေဆေး နှမ်းရိတ် ကြံခုတ် စသည့် ကြုံရာကျရာ အလုပ်လေးလုပ်ပြီး မိသားစုကို ရှာကျွေးသည်။
photo credit google
အဖေကတော့ ညပိုင်းအလုပ်မရှိရင် အမေနဲ့ ညဆိုင်းတူတူဆင်းရင်း အပိုဝင်ငွေ ကူရှာပေးသည်။ကျွန်တော်တို့မောင်နှမကလဲ တတ်နိုင်သလောက် ကူရသည်။ကျောင်းပိတ်ရက်များဆိုလျင် ညီမလေးကို ဘေးအိမ်မှာအပ်ခဲ့ပြီး အမေနဲ့အတူ ဒိုးတူဘောင်ဖက် ကူလုပ်ပေးသည်။ဤသို့ မိသားစုအားလုံး ရှာဖွေ၍ရထားသော ပိုက်ဆံလေးကို ချွေတာသုံးဆွဲပြီး ကျွန်တော်တို့ မောင်နှမတွေကို ကျာင်းထားပေးခဲ့သည်။ဆင်းရဲပေမဲ့ ကျွန်တော်တို့ မိသားစုလေးကို သူများတွေသဘောကျ ကြသည်။ကျွန်တော့ကိုလည်း တော်လိုက်တာ လိမ္မာလိုက်တာ မိဘကိုသိတတ်သည့် သားအလိမ္မာလးဆိုပြီး ချီးမွမ်းကြသည်။အဲ့ဒါတွေကတော့ ကျွန်တော်ငယ်ငယ်တုန်းကပေါ့။
photo credit google
ကျွန်တော်ဆယ်တန်းဖြေပြီးတော့ အလုပ်လိုက်လျှောက်သည်။အလုပ်တွေက မရ။လိုချင်ရင် ဘယ်သောအခါမှ အလွယ်တကူ မရတတ်တာ ကျွန်တော့် မွေးရာပါ ကံကြမ္မာလားပင်။တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က"ဟိတ်ကောင်…အရက်ချက်စက်ရုံမှာ လူခေါနေတယ်ပြောတယ်…သွားလျှောက်ကြည့်ပါလား"ဆိုသည့် သတင်းလေးရသည်။ကျွန်တော်သွားလျှောက်တော့ ကံဆိုးတာလား ကံကောင်းတာလားမသိ အလုပ်ရခဲ့သည်။ကျွန်တော် အရမ်းပျော်ခဲ့သည်။သူများတွေကတော့ အရက်ချက်စက်ရုံမှာအလုပ် လုပ်ရသည်မှာ ပင်ပန်းကြောင်းပြောသည်။ကျွန်တော်ကတော့ ဒီထက်ပင်ပန်းတာတောင်လုပ်ခဲ့သေးတာပဲ အေးဆေးဟုတွေးမိသည်။ စက်ရုံက မနက်ဆိုင်း ညဆိုင်း အလှည့်ကြအလုပ် လုပ်ရသည်။အလုပ်ဝင်ကာစ ဖြစ်သောကြောင့် မနက်ဆိုင်း အလုပ်ဆင်းရသည်။အဆင်တွေပြေလို့…
ဆက်ရန်……
MSC-224
You got a 7.63% upvote from @dailyupvotes courtesy of @myintlwinsoe!
Please upvote this comment to support the service.
FOLLOW⇆BACK⇉@a-0-0
စိတ်ဝင်စားစရာ ကောင်းတယ်
ဟုတ်ကဲ့အခုလိုဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ဗျ
စိတ်ဝင်စားဖို့ကောင်းပါတယ်👍
ဟုတ်ကဲ့
ဟမ် အရက်ချက်စက်ရုံဆိုမှတော့ အရက် အ၀သောက်ပေရော့ ။ ဘ၀သရုပ်ဖော် လေး ပီပြင်လာပီ အားပေးတယ်။
ကျေးဇူးပါဆရာညီ
ပထမအပိုင်းကိုဖြတ်လိုက်တာမှာ..နဲနဲလေးမစောဖူးလား။အမြည်းလေးနဲနဲတော့..ကျွေးရမှာ။
ဟုတ်ကဲ့ နောက်မဖြစ်အောင်သတိထားပါ့မယ်
ကိုယ်ကတော့ အရက်သမားကြီးရယ်ပါ
😂😂😂
ဖတ်လို့ကောင်းပါသည်။
ကျေးဇူးပါမအိ
This post has received a 10.75% upvote from @lovejuice thanks to @myintlwinsoe. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
Excellent idea. I really love it @myintlwinsoe
😁😁😁