အရက်သမားလေးကျွန်တော် အပိုင်း(2)

in #myanmar7 years ago

အပိုင်း ၁ ဖတ်ရန်
နောက်ပိုင်း ညဆိုင်းများပါဆင်းရလေသည်။အလုပ်တွင် အနေကြာလာသည်နှင့်အညီ တစ်ဖြေးဖြေးနဲ့ ခင်မင်သူမျာ သူငယ်ချင်း အပေါင်းအသင်းများ များလာခဲ့၏။အပေါင်းအသင်းများကတော့ စရိုက်အမျိုးမျိုးပေါ့။ကွမ်းကြိုက်တဲ့သူရော ဆေးလိပ်ကြိုက်တဲ့သူရော အရက်ကြိုက်တဲ့သူရောအစုံပါပဲဗျာ။
credit image source
အရက်ချက်စက်ရုံဆိုတော့ တော်တော်များများက အရက်သောက်တတ်သည်။သူငယ်ချင်းများက သူတို့သာက်တဲ့အခါတိုင်း "ဟိတ်ရောင် သောက်ကြည့်ပါလား" ဆိုပြီးခေါ်ကြသည်။ကျွန်တော်က"ဟင့်အင်းတော်ပါပြီ"ဆိုငြင်းဆိုတက်သော်လည်း လူငယ်ပီပီ စမ်းသောက်ကြည့်ချင်တဲ့စိတ်လေးကလဲရှိနေသည်။ညဆိုင်းလဲကျသောရက်ဖြစ်၍ မျက်လုံးရှေ့မှာ သူများသောက်နေတာ မြင်ဖန်များလာသောအခါ သောက်ကြည့်ချင်တဲ့စိတ်လေးကို ထိန်းသိမ်းရခြင်းမှာ ယိုင်နဲ့နဲ့ ဖြစ်လာခဲ့သည်။နောက်ပိုင်းတွင် သူငယ်ချင်းတွေအရက်သောက်ဖို့ ခေါ်သောအခါ"မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ"ဆိုတော့ မငြင်းတော့ပဲ ဝင်သောက်မိသည်။
credit image source
ကျွန်တော့ရဲ့ ပထမဆုံး အရက်သောက်သောနေ့ အတွေ့ကြုံမှာ တသက်မမေ့နိုင်စရာ။သူငယ်ချင်း ငှဲ့ပေးသော အရက်ခွက်လေးကို ကောက်ကိုင်ပြီး တစ်ငုံ မော့သောက်လိုက်သည်။အား…ပါးပါး ပါးစပ်ထဲမှာခါးတူးသောအရသာနှင့် ဂျပိုးနံ့ကဲ့သို့သော အနံ့သည် မွန်ထူသွားသည်။ကျွန်တော် ပြန်ထွေးထုတ်ပစ်ချင်သည် သို့သော် သူငယ်ချင်းတွေရှေ့တွင် အရီခံရမည်စိုး၍ ကျိတ်မှိတ်မြိုချလိုက်သည်။အရက်သည် လည်ချောင်းအဝင်မှ ဗိုက်ထဲထိကို ပူခနဲဆင်းသွားသည်။လူတစ်ကိုယ်လုံးလည်း ရှိန်းတိန်းဖိန်းတိန်း ဖြစ်သွားလေ၏။ထို့နောက်"အား…"ဟူသောအသံပြုရင်း လေပူတချက် မှုတ်ထုတ်လိုက်လေသည်။သူငယ်ချင်းများက ကျွန်တော်၏ မယ့်ရှုံ့သွားသောမျက်နှာကြည့်ပြီး ရယ်ကြလေသည်။

အရက် တစ်ခွက်ကနေနှစ်ခွက် နှစ်ခွက်ကနေသုံးခွက် တစ်ဖြေးဖြေးခွက်အရေတွက် များလာသည့်အလျောက် လူလည်းနဲနဲမူးလာသည်။လူတစ်ကိုယ်လုံးလဲ လေထဲမြှောက်နေသကဲ့သို့ ဖြစ်နေသည်။။စကားပြောလျင် လျှာတွေလေးလာသည်။သို့သော် စကားကိုခါတိုင်းထက်ပိုပြီး ပြောဖြစ်နေသည်။သူငယ်ချင်းများက ကျွန်တော့ကို အပြန်စက်ဘီးစီးပြန်ရမည်ဖြစ်၍ ထပ်မသောက်တော့ရန်ပြောသည်။အဝင်ဆိုးသော်လည်း ရီဝေဝေလေးနဲ့ နေလို့တော့ကောင်းသား။

နံနက်တစ်နာရီလောက်တွင် အလုပ်ပြီးသွားသည်။သူငယ်ချင်းများနှင့်ရီဝေဝေအရသာကို ခံစားရင်း စက်ဘီးကိုယ်စီစီးပြီး အိမ်ပြန်ခဲ့ကြသည်။လမ်းခွဲတစ်နေရာအရောက် သူငယ်ချင်းတွေနဲ့လမ်းမတူသောကြောင့် တစ်ရောက်ထဲပြန်မဲ့နေရာကိုရောက်လာတယ်။သူငယ်ချင်းတွေက " ဟိတ်ရောင် သားကြီး မင်းနောက်မှာ အဖော်ပါလာတယ်… ကောင်းကောင်းသွားနော်…ဂရုစိုက်သွား…အန္တာရာယ်လဲကြည့်ပေါ့…အရမ်းတော့စိတ်မလှုပ်ရှားနဲ့"ဟုပြောပြီး သူတို့လမ်းသူတို့ ဆက်ထွက်သွားရန်ပြင်သည်။ သူတို့ပြောသောစကားကို ကျွန်တော် နားမလည်"ဟိတ်ကောင်တွေ ဘာတွေပြောနေတာလဲ"ဟု မေးသောအခါ"ကောင်းကောင်းသွား"ဟုပဲပြောကာ လက်ပြနှုတ်ဆက်သွားလေသည်။

ကျွန်တော့ ဘေးတွင် ဖြူဖြူကြီး တခုကိုတွေ့မိသည်။သူငယ်ချင်းများနှင့် လမ်းခွဲပြီးကာမှ ဆံပင်မွှေးများထောင်လာသည်။ကြက်သိမ်းမွှေးတွေထလာသည်။သေခြာလည်း လှည့်မကြည့်ရဲ။သတ္တိကောင်းသောကျွန်တော် ရှိသမျှသတ္တိတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ချင်းမလှပျောက်သွားလေသည်။ဇောချွေးများပြန်လာသည် မျက်လုံးထောင့်မှ ခိုးကြည့်မိသည် ဘေးနားတွင် ရိပ်ခနဲရိပ်ခနဲ ဘေးနားမှ ဖြူဖြူကြီး တစ်လွှင့်လွှင့်ပါလာနေသေးသည်။သုံးခါလောက်ခိုးကြည့်ပြီးသောအခါ သေချာပြီ ကျွန်တော့နောက်မှာသရဲပါလာပြီ။စိတ်ထဲတွင်လည်း"အမေရေ"ဆိုပြီးတမိသည်။ သောက်ထားတဲ့အရက်တောင် ဘယ်နားပျောက်သွားလဲကျွန်တော် မသိတော့ ။သရဲမနှင့် ပြန်သောနေ့မှ အိမ်ကလဲမရောက်နိုင်။
credit image source
ဘုရားစာတောင်ဆိုဖို့ သတိမရရ ။စိတ်ထဲတွင်"အိမ်ကိုမြန်မြန်ရောက်ပါတော့…အမေရေကယ်ပါအုံး"ဟုတတွတ်တွတ်ပြောပြီး စက်ဘီးကိုအသားကုန်နင်းမိသည်။သရဲမကလဲ အမှီလိုက်သည် မျက်လုံးထောင့်တွင် အဖြူရောင်ကြီးသည် ရိပ်ခနဲရိပ်ခနဲ ။အိမ်လမ်းထိပ်ကိုရောက်ပြီ။ကျွန်တော်လဲ လမ်းထဲအဝင် ခွေးတွေကအူပြီးစီးကြိုနေလေရဲ့ ကျွန်တော် သေးများပင်ထွက်ကျချင်လာသည်။အမေကတော့ ပြန်လာချိန် အိမ်တခါးလေး စေ့ပြီး ထိုင်စောင့်နေမြဲ။ခြံထိပ်ရောက်တော့ " အမေ့" လို့ခေါကာ စီးလာတဲ့စက်ဘီးကိုပြစ်ချပြီး တံခါးကို"ဝုန်း"ခနဲ ဆွဲဖွင့်ကာ ဘုရားစင်ရှေ့အပြေးသွားမိသည်။ဘုရားသောက်တော်ရေစွန့်ကာ ခေါင်းတွေပွတ် တစ်ခါတည်းပါမော့သောက်မိလေသည်။အိမ်ထဲရောက်သည် အထိ အူလိုက်တဲ့ခွေးတွေ တော်တော်အမြင်ကပ်ဖို့တောင်ကောင်းသည်။ ကျွန်တော်အရက်စသောက်တဲ့ ညလေးတစ်ညက သရဲနှင့်အတူ အိမ်ပြန်ရသောကြောင့် လုံးဝမမေ့နိုင်တော့ပြီ။

တစ်ခါကနေနှစ်ခါ တစ်ရက်မှနှစ်ရက် ဆက်တိုက် အရက်သောက်နေရာမှ ကျွန်တော်အရက် စသောက်တတ်လာသည်။အမေသိတော့ ဆူသည် အရက်မသောက်ရန်တားမြစ်သည်။အပေါင်းသင်း မင်သောကျွန်တော် အမေ့ရှေ့တွင်"ဟုတ်ကဲ့"ဟုပြောသော်လည်း စက်ရုံရောက်လာလျင် ပြန်သောက်ဖြစ်သည်။နောက်ပိုင်း အဖေကိုယ်တိုက် အရက်မသောက်တော့ရန်ပြောလာသည်။ကျွန်တော်ကလည်း သောက်မြဲအတိုင်း သောက်နေသည်။ပြောမရသည့် အဆုံး အဖေကကျွန်တော့်ကိုလက်သီးဖြင့် ထိုးကာ " ဒီလောက်တောင်မိဘစကားနားမထောင်တဲ့ကောင် အိမ်ပေါ်ကဆင်းကွာ" ဆိုပြီးမောင်းချသည်။ကျွန်တော်အိမ်ပေါ်မှဆင်းလာခဲ့ရသည်။မိဘအထိန်းအကွပ်အောက်မှ လွှတ်သွားသော ကျွန်တော်……

ဆက်ရန်

MSC-224
@myintlwinsoe

Sort:  

သရဲက အထီးလား အမလား စကားလေးနည်းနည်းပါးပါးတောင် မပြောဖြစ်ကြဘူးလား။ သရဲဘဝမှာ ကျင်လည်ရတာအဆင်ပြေလား နံမည်ဘယ်လိုခေါ်လဲ ဘာညာ နည်းနည်းပါးပါး ဗျူးကြည့်ရမှာဗျ။😁😁😁

ငိ အချွန်နဲ့မနေတယ်။ဒီမှာကြောက်လို့ သေးတောင်ထွက်ချင်ချင် ။

သရဲမကလဲ အတာ စက်ဘီးပေါ်တက်စီးပီးလိုက်ရမှာ အဟေး။ အမူးလေး ပြေသွားရောလား။

ပြေတာမှ ရှု ရှုးတောင် ထွက်ချင်သလို ဖြစ်သွားတဲ့အထိပဲ

အရက်မူးတာပါပြေသွားခဲ့ရသည်ပေါ့😁😁

ဟုတ်ပေါ့ ဘယ်ရောက်မှန်းတောင်မသိဘူး

You got a 68.01% upvote from @minnowvotes courtesy of @myintlwinsoe!

This post has received a 23.58% UpGoat from @shares. Send at least 0.1 SBD to @shares with a post link in the memo field.

Interested to earn daily? Delegate Steem Power to receive 95% payout rewards. Use this link https://on.king.net/shares to delegate SP to @Shares. Join us at https://steemchat.com/ discord chat.

Support my owner. Please vote @Yehey as Witness - simply click and vote.

အရှိန်​မြင့်​လာပြီ

နောက်ပိုင်း သင်ခန်းစာယူစရာလေးတွေပါလာပါမယ်ဗျ

စိတ်​ဝင်​စားလာပြီကိုမြင့်​​ရေ

ဟုတ်ကဲ့မအိ နောက်ပိုင်း သင်ခန်းစားယူစရာလေးတွေ ပါလာမှာဗျ

အားပေးနေပါသည်

ကျေးဇူးပါ

အချိန်ကား ၁၉၉၂ ခုနှစ်ခန့်က ရန်ကုန်မြို့၊ ပုဇွန်တောင်၊ ကြက်တန်းထောင့်တွင် ယှာုအမှတ်(၇၂၁၁)လိုင်းကားသည် အသက်(၅၀)အရွယ် ဒေါ်ခင်မြင့် ကို တိုက်မိသဖြင့်သေဆုံးခဲ့သည်။ ယာဉ်တိုက်သည့်အချိန် ယာဉ်ပေါ်တွင် ယာဉ်မောင်၏ ဇနီးလည်းပါလာသည်။ မခင်မြင့်တွင် ထီးအနီကလေးတစ်လက်ပါ လာသည်။ သွေးအိုင်ထဲတွင်လဲကျသေဆုံးနေသောမခင်မြင့်၏ သွေးအချို့က ထီးတွင်စွန်းပေသွားသည်။ ယာဉ်မောင်း၏ မိန်းမက ထီးတွင်ပေနေသောသွေး များကိုဆေးကြောကာ၊ အိမ်သို့ယူလာသည်။ အိမ်ရောက်တော့ ညနေပိုင်းမှာ အသက်(၈)နှစ်အရွယ်သမီးငယ်က "အမေ ဆံပင်ဖြူဖြူ နဲပအဖွားကြီး တစ်ယောက် သူ့ထီးလောတောင်းနေတယ်"ဟုပြောသည်။ မိခင်ကမယုံ "ဘယ်မှာလဲ အဲဒီမိန်းမ" "ဟိုမှာလေ အမေရဲ့ ဖိနပ်ချွတ်မှာ ထိုင်နေတယ်"
ကလေးကပြောဆိုပြီး လက်ညှိုးထိုးပြသည်။ မိခင်ကမမြင်ရ။ " ပြောစမ်း သူကဘယ်လိုပုံလဲ" ထိုမိန်းမက ကြောက်လန့်တကြား ကလေးကို မေးသည်။ "ဟိုမှာလေ ဆံပင်ဖြူဖြူ၊ အသားညိုညို ခပိဝဝ ဂင်တိုတိုနဲ့ မတွေ့ဘူးလား" သူ့သမီးပြောသည့်ပုံစံနှင့်ကားတိုက်သေသည့် မိန်းမမှာ တစ်ပုံစတည်းဖြစ်နေသဖြင့်။ ကြောက်လန့်ကာ သာကေတ ကွင်းပြင်တစ်နေရာကိုလွှင့်ပစ်ခဲ့ရသည့် သာဓကရှိပါတယ်ဗျာ။

အခုလို နမူပြ လမ်းညွှန်ပေးတာကျေးဇူးတင်ပါတယ်ဆရာ

အရက်​သမားအ​ကြောင်း​သေခြာသိ​အောင်​ ချပြမှာလား

ကိုအောင်ကြီးရှိတယ် မလိုတော့ဘူး

အားပေးခဲ့ပါတယ်

အရက်သမားလေးကို လာရောက်လည်ပတ်ပေးတာ ကျေးဇူးတင်ပါတယ်ဗျ

Coin Marketplace

STEEM 0.30
TRX 0.26
JST 0.039
BTC 95213.51
ETH 3406.88
USDT 1.00
SBD 3.49