ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ် အပိုင်း (၆)

in #myanmar6 years ago (edited)

ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်

အပိုင်း - ၁ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၂ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၃ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၄ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၅ အားဤနေရာအားနှိပြီးဖတ်ရန်

ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...

------------------------×××--------------------------------

အပိုင်း - (၆)

ဂစ်တာဆိုင်လေးကို ရုတ်တရက် တွေ့မိလိုက်ရာမှ ချောကိုဂစ်တာတီးသင်ပေးခဲ့သော အတိတ်က ကြည်းနူးစရာ အမှတ်တရများကို ပြန်စဉ်းစားရင်း ဆိုင်ကယ်မောင်းလာရာ မန္တလေး တောင်ခြေသို့ရောက်ရှိလာပြီဖြစ်သည်။ မန္တလေးတောင်ပေါ်သို့ ခြေလျင် နှင့် ကားလမ်း နှစ်မျိုးလုံးဖြင့် တက်နိုင်သည်။ ကျော်ရဲနှောင်
မန္တလေးတောင်ပေါ်သို့ ကားလမ်းအတိုင်း ဆိုင်ကယ်ကို သတိထားကာ မောင်းတက်လာသည်။ တောင်တက်ကားလမ်းမှာ အကွေ့ကောက် အလွန်များပြီး အန္တရာယ်ရှိသည်။ လမ်းက မက်စောက်ပြီး စက်ဝိုင်းအကွေ့များဖြစ်သည်။

" မောင်... သတိထားနော် အကွေ့တွေ အရမ်းများတယ်... "

" စိတ်ချပါချောရဲ့... မောင်ကပြင်ဦးလွင်သားပါ ၊ ဒီအကွေ့တွေ လောက်ကတော့ အေးဆေးပဲ... "

" ဒါတော့ဒါပေါ့ မောင်ရယ်... သတိ ဆိုတာပိုတယ်မရှိပါဘူး... "

" အင်းပါ... မောင်သတိထားပါ့မယ် "

ရုတ်တရက် အမြဲစိတ်ပူပေးတက်လေ့ရှိသော ချောရဲ့အသံတို့နားထဲ ကြားယောင်လာသည်။

မတွေးပဲ ရောက်ရောက်လာသော ချောအကြောင်းတွေကို ဦးနှောက်က ခါထုတ်လိုက်ရင်း ဆိုင်ကယ်ကိုသာ ဂရုစိုက်ပြီး ဆက်မောင်းသည်။ ၁၅ မိနစ်စာလောက် မောင်းလာပြီးသော် မန္တလေးတောင်ပေါ်သို့ ရောက်ကာ ဆိုင်ကယ် အပ်သော နေရာတွင် ဆိုင်ကယ်အပ်လိုက်ပြီး ဘုရားရင်ပြင်ပေါ်သို့ တက်လာခဲ့သည်။
ရင်ပြင်ပေါ်သို့ ရောက်သောအခါ လေပြေအေးအေးလေးက ဆီးကြို လိုက်သောကြောင့် ကျော်ရဲနှောင် ရင်ထဲအေးခနဲဖြစ်သွားသည်။
တောင်ပေါ်ဘုရားရင်ပြင်ပေါ်မှ လှမ်းကြည့်လိုက်သောအခါ ပတ်ဝန်းကျင် တစ်ခုလုံး အပူရှိန်ကြောင့် မှုံ မှိုင်းမှိုင်းသာ မြင်ရသည်။ နွေဦးရာသီ လတပေါင်းဖြစ်သောကြောင့် နေ့လည်ခင်းဆို အပူချိန်က မြှင့်တက်လျှက်ရှိသည်။ဘုရားရင်ပြင်ပေါ်မှ ရှူခင်းများလှည့်ပက် ကြည့်ကာ မြွေကြီးနှစ်ကောင် ရုပ်ထုနားသို့ရောက်သောအခါ အတိက်က အမှတ်တရတစ်ခုက ခေါင်းထဲချက်ချင်းရောက်လာသည်။

ve-tham-quan-Mandalay.jpg
Image Credit Scource

လသာသောညတစ်ညဖြစ်ပြီး ကောင်းကင်တစ်ခုလုံး တိမ်ကင်းစင်ကာ ကြည်ပြာလျှက်ရှိသည်။ ကြယ်ကလေးများက မှိတ်တုပ်မှိတ်တုပ်နှင့် လနှင့်အပြိုင် အစွမ်းကုန် လင်းလက်နေကြသည်။ ညအခါ မန္တလေးတောင်ပေါ်မှ လှမ်းကြည့်လိုက်လျှင် စိန်များစီခြယ်ထားသလို မန္တလေးမြို့ကြီးဟာ မီးရောင်တလက်လက်ဖြင့် တောက်ပနေသည်။
မြွေကြီးနှစ်ကောင် ရုပ်ထုနားရှိ အလှူခံပုံးထဲသို့ အလှူငွေထည့်ပြီး
ရူခင်းများကြည့်ရန် ဘုရားရင်ပြင်ပေါ်သို့ ခင်ချောစုနှင့် ကျော်ရဲနှောင် တို့ လှေကားထစ်အတိုင်း တက်လာခဲ့ကြသည်။

" ဝါး... ဒီလိုကြတော့လည်း မန္တလေးမြိုးကြီးရဲ့ ညရှူခင်းက
အရမ်းလှတာပဲနော်...၊ ဒါပထမဆုံး မန္တလေးတောင်ပေါ်ကို
မောင် ညအချိန်ရောက်ဖူးတာပဲ... "

" ချောကတော့ ခနခန ရောက်ဖူးတယ်... ၊ ချော ဆယ်တန်းဖြေပြီးတော့ နောက်ဆုံးအကြိမ် တောင်ပေါ်ကို ရောက်ခဲ့တာပဲ ၊ နောက်ပိုင်းဘွဲ့ရပြီး အလုပ်တွေလုပ်တော့ မရောက်ဖြစ်တော့ဘူး "

astrology-astronomy-beautiful-713664.jpg

ထို့နောက်နှစ်ယောက်သား ဘုရားစောင်းတန်းအတိုင်း ပြန်ဆင်းလာခဲ့ကြသည်။ လူတွေ အနည်းငယ်သာရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။
အတန်ကြာလျောက်လာပြီးသောအခါ ထိုင်နားရန် အုတ်ခုံလေးပေါ်တွင် နှစ်ယောက်သား အတူထိုင်လိုက်ကြသည်။ ခနကြာတော့ ကောင်းကင်က ကြယ်တွေကို မော့ကြည့်ရင်း ချောကစကားဆိုလေသည်။

" မောင်... နှောင်နှစ်ပေါင်းများစွာကြာ လာတဲ့အခါ လူတွေဟာ
ကောင်းကင်က ကြယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ကြယ်ဖြင့်
ဝယ်ယူသတ်မှတ်ကြလိမ့်မယ်တဲ့ ၊ အဲ့ဒီခါကျရင် မောင် ဘယ်ကြယ်ကို ရွေးမလဲ "

" ဘယ်လို ဘယ်လို... ကြယ်တွေကို ကိုယ်ပိုင်ကြယ်အဖြစ်သတ်မှတ်ပြီး ဝယ်ယူကြမယ်ဟုတ်လား ၊
ကြံကြံဖန်ဖန်ချောရယ်.... "

" ဘာလဲ... မောင်ကချောကို လှောင်တာလား ၊ ခုလိုသိပ္ပံခေတ်ကြီးထဲမှာ ဘာမဆိုဖြစ်လာနိုင်တာပဲ "

" အင်းပါချောရယ်... မောင်ကစတာပါ ချောဆိုရင်ရော
ဘယ်ကြယ်ကိုဝယ်မလဲ "

ကျော်ရဲနှောင် က မှိတ်တုပ်မှိတ်တုပ်လင်းနေသော ကောင်းကင်က ကြယ်တွေကို မေးငေါ့ပြလိုက်သည်။

" ဟော ... ဟိုမှာတွေ့လား ကြယ်သုံးလုံးတန်းနေတာ ၊
ဘယ်ဘက်ကြယ်က ချော ၊ ညာဘက်ကြယ်က မောင် ၊ အလယ်က
ကြယ်လေးက မောင်နဲ့ချောတို့ရဲ့ အချစ်သက်သေလေးပေါ့။ "

" တော်တော်လည်း စိတ်ကူးကောင်းတဲ့ မိရွှေချောရယ်...၊
(ကျော်ရဲနှောင် ပြောပြောဆိုဆိုနှင့် ချောရဲ့ခေါင်းကို ခပ်ဖွဖွလေးပွတ်လိုက်သည်။)

" မောင့်ရဲ့ချစ်သူပဲဟာ ဒီလောက်တော့ရှိမပေါ့ "
(ချောက ပြောရင်းနဲ့ ကျော်ရဲနှောင် ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။
ကျော်ရဲနှောင် လည်းပြန်ပြီး တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။)

" မောင်... မွန်းတယ် ၊ အသက်ရှူတောင်ကျပ်လာပြီ ၊ နဲနဲလျော့ပါ။
တော်ကြာလူတွေမြင်လိမ့်မယ် "

" မလျော့ပါဘူး...ကိုယ်ချစ်သူမို့ဖက်တာဘာဖြစ်လဲ ၊ အနမ်းပေးမှ လွတ်ပေးမယ် "

" ဟာ... မောင်ကလည်း ကလေးဆိုးကြီးကျနေတာ ၊ လွတ်ပါ...
မွန်းလှပြီ... အနမ်းပေးမယ်ကွာ ၊ လွတ်တော့... "

ကလေးလေးလို ဂျီကျနေသော ကျော်ရဲနှောင်ကို ချောက မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ လရောင်ဖျာကျနေသော
ချောရဲ့ ပါးမို့မို့လေးက အထင်းသားမြင်နေရသည်။ စကားပြောလိုက်တိုင်း လှုပ်ရှားနေသော ချောနှုတ်ခမ်းလေးက
ကျော်ရဲနှောင် ရင်ကိုတလှပ်လှပ် ခုန်စေသည်။

" ကဲ...အနမ်းပေးတော့ "

" အင်းပါ... မျက်စိမှိတ်ထား မောင်... "
ကျော်ရဲနှောင် မျက်စိမှိတ်လိုက်သည်။

" မွ "

ကျော်ရဲနှောင် တကိုယ်လုံးပူနွေးသွားသလိုခံစားလိုက်ရသည်။
ကမ္ဘာကြီးနှင့် ခေတ္တ အဆက်သွယ်ပျက်ကာ လေဟာနယ်ထဲ
လွင့်မျှောသွားသလိုမျိုး၊ ဘယ်လိုခံစားမှုမျိုးဘာလိမ့်။
သေချာတာတစ်ခုက နှုတ်ခမ်းနားတဝိုက် ပူထူသွားတာကိုတော့
ကျော်ရဲနှောင် အသေချာသိလိုက်သည်။

ရှက်ရှက်နှင့် ရင်ခွင်ထဲကို တိုးဝင်လာသော ချောကို ပြန်ဖက်ဖို့
မေ့သွားလောက်အောင်ပင် ကျော်ရဲနှောင် မင်သက်သွားသည်။
မန္တလေးတောင်ပေါ်တည့်တည့်တွင် လမင်းကြီးကတော့
သာမြဲသာဆဲပင်။

affection-art-backlit-556662.jpg

အပိုင်း - ၇ဆက်ရန် >>>

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

Photos >>Pexels

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Author - KoKoMoeHein @myanmarkoko

MSC no.118

Sort:  

ချစ်သူတို့ သဘာဝ အတူသွားဖူးတဲ့နေရာလေးတွေ ပြန်ရောက်မိရင်
ပြန်လည်သတိရတတ်ပါတယ်လေ... ခွဲခွာနေရချိန်ဆို ပိုလို့သတိရမိတာပေါ့

အမှန်ပဲ အကိုရေ...
မန္တလေမြို့ကြီးရဲ့နေရာတိုင်းက အမှတ်ရစရာတွေဖြစ်နေတယ်ဗျာ

ကမ္ဘာကြီးနှင့်​ ​ခေတ္တ အဆက်​အသွယ်​ပြတ်​ကာ ​လေဟာနယ်​ထဲ လွင့်​​မျောသွားသလိုမျိုးဆိုပါလား ကိုယ်​​တွေ့​တွေ ကိုယ်​​တွေ့​တွေ

ဟီး ကိုတွေ့မို့ ယုံလိုက်ပါဗျာ😁😁

ဘာလုပ်တာတုန်း အနမ်းပေးမယ့်အချိန်မှာ မြ ဆိုတော့ ဘယ်လိုတွေးရမှာတုန်း

ဟီး... အနမ်းပေးတဲ့အချိန်ကျမှ ဒုက္ခရောက်နေလို့ဗျို့😁😁

အပိုင်းဆက်မျှော်နေပါမယ်..

ကျေးဇူးပါ ညီရေ
ခုလိုလာပြီးအားပေးလို့

အပိုင်းဆက်လေး မျော်နေမယ်ခွယ် photo တွေက သိပ်မိုက်

ဟုတ် ကျေးဇူးပါ ဘုရား


ပွဲတွေကြမ်းနေပြီဟ
🙈🙈🙈😁😁

ဟီးပွဲ ကြမ်းပလိုက်တယ်😁😁

အနမ်းပေးတာက မွတဲ့လား ...

ဟုတ် ဘယ်လိုအသံထွက်ရမလဲမသိလို့ မွပဲလုပ်လိုက်တယ်😁😁

ကြည်နူးစရာဗျာ ဒီတစ်ပါတ်ဖတ်လိုက်ရတဲ့ အခန်းတွေက

ဒါနဲ့  အနမ်းတစ်ခုရဲ့ ဒိုင်ဏ္ဏာရီ အကြောင်း ရေးချင်မိတယ်ဗျို့

ရေးလိုက်ပါဗျို့ ခုလိုအတွေးတစ်ခုရလိုက်တယ်ဆိုရင်ပဲ
ကျေနပ်ပါပြီ ကျေးဇူး ကိုဇော်ရေ...

ကျော်ရဲနောင်မပြောနဲ့ ဖတ်ရတဲ့ ကိုယ်တွေတောင် လေဟာနယ်ထဲ ရောက်သွားသလိုပဲ။

တကယ်လားဗျို့ အဲ့လိုလေးခံစားပြီး ဖတ်ပေးတော့
အရမ်းပျော်သွားပြီဗျို့ ကျေးဇူးပါကိုထွေး...

အား​ပေးလျှက်​ပါဗျာ...

ကျေးဇူးပါ ကိုလင်းရေ...

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 66996.66
ETH 3235.91
USDT 1.00
SBD 2.63