ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ် (အပိုင်း -၄)

in #myanmar6 years ago (edited)

ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်

အပိုင်း - ၁ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၂ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၃ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်

ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...

ချောရဲ့ ဆံနွယ်တွေ လေပြေများတိုးဝှေ့သွားတိုင်းပျံဝဲလျက်ရှိသည်။ လေပြေများကို မနာလိုသော စိတ်တို့နှင့်အတူ လူးလွင့်နေသာ ဆံနွယ်တွေကို ငေးကြည့်နေမိသည်။ ရုတ်တရက် အနံ့သင်းသင်းလေးတစ်ခု နှခေါင်းထဲ တိုးဝင်လာသည်။ ဘာနံ့ဖြစ်မလဲ " စံပယ်နံ့ " အနံ့တွေကို မကြိုက်တက်သော သူတစ်ယောက် အခုတော့ ခုံမင်စွာ ရူရှိုက်နေမိသည်...
----------------------------×××------------------------------

my-pham-286.jpg
Credit Image source

အပိုင်း - ၎

ကျော်ရဲနှောင်တစ်ယောက် FOREVER ဆိုင်မှထွက်လာပြီး ဘယ်ကိုသွားရမလဲမသိ၊ ဦးတည်ရာမရှိဖြစ်နေသည်။ ရောက်ချင်ရာရောက် ရှေ့နောက်တောင်မြောက် ဆိုင်ကယ်ဦးတည့်ရာ လျှောက်သွားမည်ဆိုပါက မန္တလေး နေပူပူထဲ
သွားလို့အဆင်မပြေပေ။ မန္တလေးက ပူရင်လည်းအရမ်းပူသလို
အေးပြီဆိုရင်လည်း အရမ်းအေးသည့် ရာတီဥတုမျိုးဖြစ်သည်။
ထို့ကြောင့်ထင်ပါသည် ကျော်ရဲနှောင် ဘဝတွင် ချိုမြန်သော အခိုက်တန့်နှင့် ခါးသီးဖွယ် အဖြစ်ဆိုးတို့ကို ပူးတွဲ ခံစားစေခဲ့သော
နေရာဟာလည်း ဤမန်းရွှေမြို့တော်ကြီးပင်ဖြစ်သည်။
မန္တလေးမြို့နေပူပူကြီးထဲမှ ပြင်ဦးလွင်မြို့လို လျောက်သွားလို့ မဖြစ်သေးချေ။ ဒီအချိန် လည်လို့ပက်လို့ အေးအေးဆေးဆေး အနားယူလို့ရမဲ့နေရာကိုစဉ်းစားကြည့်သည်။ ရုတ်တရက် ကျော်ရဲနှောင် တွေးမိလိုက်သောနေရာကတော့ မန္တလေးမြို့ရဲ့အထင်ကရ
ဖြစ်တဲ့ မန္တလေးတောင်ကြီးပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျော်ရဲနှောင် အတွေးထဲ ချောရဲ့ပုံရိပ်တို့ဖြတ်သန်းသွားသည်။
မန္တလေးတောင်ပေါ်တွင်လည်း ချောနဲ့ကျော်ရဲနှောင်တို့အတွက် အမှတ်တရတွေက တစ်ပုံတပင်ကြီးရှိနေလေသည်။ ချောနဲ့ပက်သက်သမျှ အရာအားလုံးကိုမေ့ပျောက်လုနီးနီးရှိ ပြီဖြစ်သော်လည်း ခုလိုနေရာတိုင်းတွင် ချောရဲ့အငွေ့သက်တို့ဖြင့် ပြည့်နေသော မန္တလေး မှာတော့ ချောကိုသတိမရပဲ ဘယ်လိုနေနိုင်ပါ့မလဲ။ မာထန်နေသော ကျော်ရဲနှောင် နှလုံးသားမှာ အလိုလို နုလို့လာခဲ့လေပြီ။

8ce2fe1538d2baf190f6f2367ebdc0fc--mandalay-tapestry.jpg
Credit Image source

ကျော်ရဲနှောင် ဆိုင်ကယ်ကို ၇၃ လမ်း မိန်းထဲမှ ၂၆ လမ်း ကျုံးထောင့်သို့ ဦးတည်မောင်းလာခဲ့သည်။ အဓိက မိန်းလမ်းဖြစ်သဖြင့် ဆိုင်ကယ်များ ၊ ကားများ နှင့် ရှူပ်ယှက်ခက်လျက်ရှိသည်။ ဘာကြောင့်များ အပြိုင်အဆိုင်တိုးဝှေ့ မောင်းနှင်နေကြပါလိမ့် ၊ အချိန်တန်ရင် မိမိလိုရာခရီးကိုရောက်မည်မဟုတ်လား။ ထူးခြားတာက ယခုလို အရှိန်ဖြင့် အပြိုင်ဆိုင်မောင်းနှင်ကြသော်လည်း တိုက်မိခိုက်မိခြင်းမရှိပဲ ရှောင်ကွင်းသွားနိုင်တာကိုက မန္တလေး သားတို့၏ ကျွမ်းကျင်မှုတစ်ခုပင်ဖြစ်သည်။ ဆိုင်ကယ်ကို ပုံမှန်မောင်းရင်း မရောက်တာကြာပြီဖြစ်လို့ မိမိကျင်လည်သိကျွမ်းခဲ့သော နေရာများ ဘာတွေထူးထူးခြားခြား ပြောင်းလဲသွားပြီလဲ ဆိုတဲ့သိချင်စိတ်ကြောင့် လမ်းဘေး ဝဲယာကို
ကျော်ရဲနှောင် လိုက်ကြည့်မိသည်။ အရာအားလုံးကတော့ပုံမှန်ပါပဲ
စားသောက်ဆိုင်အသစ်တွေ ၊ ဘီယာဆိုင်အသစ်တွေ တိုးလာရုံကလွဲလို့ ဘာမှတော့ ထူးထူးခြားခြား ပြောင်းလဲမသွားပေ။
ရုတ်တရက် ကျော်ရဲနှောင် အကြည့်က ဆိုင်တစ်ဆိုင်သို့ရောက်သွားသည်။ ကျော်ရဲနှောင် ရင်ထဲ လစ်ဟာသွားသလို ခံစားလိုက်ရသည်။ ဂစ်တာဆိုင်လေးတစ်ဆိုင်ဖြစ်သည်။ အတိတ်က ကြည်နူးစရာ အဖြစ်ပျက်တို့က ကျော်ရဲနှောင် အတွေးထဲ သို့ဝင်ရောက်လေတော့သည်။

669d7d3003d9a2a1b208322c992cf35f.jpg
Credit Image source

ညနေခင်းတစ်ခုတွင် သူငယ်ချင်းများ ဝိုင်းဖွဲ့ကာ အဆောင်တွင် ဂစ်တာတီးပြီး သီချင်းဆိုနေကြသည်။ ကျော်ရဲနှောင် က ဂစ်တာတီးပြီး ကျန်သူငယ်ချင်းများက ပြိုင်တူသီချင်းဆိုကြသည်။
လွပ်လွပ်ပျော်ရွှင်ဖို့ အကောင်းဆုံး လူငယ်ဘဝပင်ဖြစ်သည်။
၁နာရီကြာ ဂစ်တာတီး သီချင်းဆိုပြီးသောအခါ ဂစ်တာဝိုင်းကိုသိမ်းလိုက်ပြီး ရေမိုးချိုးသူကချိုး အပြင်သွားသူကသွားကြနှင့် အလျှိုလျှိုထွက်သွားကြလေတော့သည်။
ကျော်ရဲနှောင် လည်း ရေချိုးဖို့စောသေးတာမို့ အဆောင်မှာ ဖွင့်ထားသော အအေးဆိုင်သို့ ထွက်လာခဲ့သည်။ အအေးဆိုင်ဆိုပေမဲ့
ယမ်ယမ်ခေါက်ဆွဲ ၊ ကော်ဖီ ၊ ဆေးလိပ် ၊ လက်ဖက်သုတ် စသဖြင့်အစုံရသည်။ များသောအားဖြင့် ဝန်ထမ်းများက bill ဖွင့်ပြီး
စားကြသောက်ကြသည်။ လကုန်ရက် လစာထုတ်မှ ပေါင်းပြီးရှင်းကြသည်။ စားပွဲသေးသေးလေးတွင်ဝင်ထိုင်ကာ အအေးမှာ သောက်ပြီး အေးဆေးအနားယူနေခိုက်...

"အကို သီချင်းဆိုလို့ မောသွားပြီလား...."

" အော်...ဘယ်သူလဲလို့ ညီမကိုး...။ လာလေ ထိုင်ပါဦး
အအေးသောက်မလား၊ အပူသောက်မလား? "

" ဟုတ် အအေးပဲသောက်တော့မယ်...
အန်တီရေ... စပရိုက်တစ်ဗူးပေးပါရှင့်... "

"အကိုတို့ အဆောင်မှာ ဂစ်တာတီး ပြီး သီချင်းဆိုနေကြတာ အရမ်းပျော်ဖို့ကောင်းမှာပဲ လွပ်လွပ်လပ်လပ်ပဲ ၊ ညီမ ယောက်ျားလေးသာဖြစ်လိုက်ချင်တယ်။ "

" ဒီလိုပါပဲ အလုပ်ထဲမှာ ပင်ပန်းလာသမျှ ခုလိုသူငယ်ချင်းတွေနဲ့
ဂစ်တာတီးပြီး သီချင်းဆိုလိုက်တော့ ပြေပျောက်သွားတာပေါ့ "

" ဟီး အားကျလိုက်တာ အကိုတို့ကို ၊ ဒါနဲ့ အကိုညီမပြောတာရော
မှက်မိသေးရဲ့လား "

" မှက်မိပါတယ် ညီမ အားတဲ့အချိန်ပြောလေ အကိုဂစ်တာတီး
သင်ပေးပါ့မယ် "

" အကိုမေ့များသွားပြီလားလို့ ၊ အင်း...ဒါဆို...ညီမက မနက်ပိုင်း
ဂျူတီဆိုတော့ ညနေပိုင်းဆိုအားပါတယ်... "

" အကိုလည်း မနက်ပိုင်း ဂျူတီပဲ ၊ အဲ့ဒါဆို ညနေပိုင်းသင်ပေးဖို့
အဆင်ပြေတာပေါ့ "

" ဟုတ် ကျေးဇူးနော် အကို... အဲ့ဒါဆိုရင် မနက်ဖြန် ညနေပိုင်းဆုံမယ်လေ...ဒါနဲ့ ဘယ်မှာ တီးတင်ကြမလဲ?"

" ဒါတော့ ညီမသဘောလေ... "

" အဆောင်မှာသင်ရင် ဝိုင်းပြောကြလိမ့်မယ်... အဲ့တော့...
ဟို ၂၆ လမ်းထိပ် မြို့ပက်လမ်းနားမှာ လယ်ကွင်းတွေရှိတယ်
အဲ့ဒီမှာ အရိပ်ကောင်းတဲ့အပင်တွေရှိတယ် အဲ့ဒီမှာဆို အေးအေးဆေးဆေး သင်လို့ရတယ်..."

" ကောင်းပြီလေ...အဲ့ဒါဆို ညီမပြောတဲ့နေရာမှာပဲ
သွားသင်ကြတာပေါ့ "

------×××------

ညနေပိုင်းမို့ အဆောင်တွင် သူငယ်ချင်းများ ဆုံနေကြသည်။
သို့သော် ခါတိုင်းလို ဂစ်တာမတီးပဲ အပြင်သွားဖို့ သန့်သန့်ပြန့်ပြန့် ဝတ်စားထားသော ကျော်ရဲနှောင် ကိုသူငယ်ချင်းများက သတိထားမိကြသည်။

" ကိုရဲနှောင် ဂစ်တာမတီးတော့ဘူးလား ဒီမှာလူစုံနေပြီ "

" ညမှ တီးကျမယ်လေ အခုအပြင်သွားစရာရှိလို့ "
( ရယ်ကျဲကျဲ နှင့် ဖြေလိုက်လေသည်)

" ဟာဗျာ....ဒီမှာတော့ သီချင်းဝိုင်းဆိုဖို့စောင့်နေကြတာ "

" အေးပါကွာ ညပြန်လာရင် ဆုံကြတာပေါ့ ... ကဲ ခုတော့အပြင်ခန
သွားလိုက်ဦးမယ် "
( ပြောပြောဆိုဆိုနှင့် ဂစ်တာကို ကောက်လွဲပြီး ၊ ဆိုင်ကယ်နဲ့ အဆောင်ရှေ့ သို့ထွက်လိုက်လေသည်။ ထို့နောက် အဆောင်ရှေ့ သစ်ပင်အောက်တွင် ဆိုင်ကယ်ရပ်ကာ စောင့်နေလိုက်သည်)

တစ်အောင့်လောက်နေတော့ ခင်ချောစု ရောက်လာလေသည်။
သူမက ခေတ်ဆန်ဆန်တာ ဝတ်စားတက်သည်။ ဂျင်းဘောင်ဘီနှင့်
ရှက်င်္အကျီအပြာနုရောင်အကွက်ကို လက်တစ်ဝက်လောက် ခေါက်တင်ထားသည်။
ဆံနွယ်တွေက ကုတ်ပေါ်ထိ ပြန့်ကျနေပြီး လေအဝှေ့တွင် ပျံဝဲလျှက်ရှိသည်။

" အကိုစောင့်နေတာကြာပြီလား "

" မကြာသေးပါဘူး အခုလေးတင်ရောက်တာ...
ကဲ... ဆိုင်ကယ်ပေါ်တက်သွားရအောင် "

"ဟုတ်"

မြို့ပက်လမ်းဖြစ်သဖြင့် အသွားလာကျဲသည်။ ထို့နောက် လယ်ကွင်းများကြားတွင် လှည်းသွားဖို့ လမ်းကျဉ်းလေးရှိသည်။ လှည်းလမ်းတစ်လျောက်တွင် အရိပ်ကောင်းသော ကုက္ကိုပင်ကြီး
များလည်းရှိသည်။ ထိုလမ်းကျဉ်းထဲသို့ ကျော်ရဲနှောင် ဆိုင်ကယ်ကို
သတိထားမောင်းသွားလိုက်သည်။ မြေလမ်းဖြစ်သဖြင့် လမ်းက ချိုင့်ခွက်များရှိသည်။ မြေလမ်းနှစ်ဖက်တွင် စိမ်းစိုနေသော လယ်ကွင်းများကို မျက်စိတစ်ဆုံးမြင်ရသည်။ အရှေ့ဘက်တည့်တည့်တွင်လည်း
ပြင်ဦးလွင် တောင်တန်းကြီးများက စီးကာထားသည်။ ထိုထဲမှ အနီးဆုံးတောင်ကြီးပေါ်တွင် စေတီတစ်ဆူကိုရှင်းရှင်းကြီးမြင်ရသည်။
ထိုတောင်ကတော့ ရန်ကင်းတောင်တော်ကြီးပင်ဖြစ်သည်။
အလုပ်နှင့် အဆောင်သို့သာ နေတိုင်းသွားလာနေရသောကြောင့်
ခုလို ရှူခင်းတွေကို မြင်လိုက်ရတော့ ကျော်ရဲနှောင် ရင်ထဲ အေးချမ်းသွားသည်။ ဒီလိုပဲ ချော တစ်ယောက် လည်း လက်နှစ်ဖက်ကိုဆန့်ကာ ကလေးလေးလို မြူးတူးပြုံးပျော်နေသော
မျက်နှာလေးကို ဆိုင်ကယ်မောင်းရင်း နောက်သို့တစ်ချက်တစ်ချက်
လှည့်ကြည့်ကာ ကျော်ရဲနှောင် ခိုး ခိုးကြည့်မိလေသည်။

30856927e79cd3c66b9ebf7117271fef.jpg
Credit Image source

ထို့နောက် အရိပ်ကောင်းသော လမ်းဘေးက ကုက္ကိုပင်ကြီး အောက်တွင် ဆိုင်ကယ်ရပ်လိုက်သည်။ အရိပ်ကောင်းကောင်းရပြီး ထိုင်စရာ မျက်ခင်းလေးများပါရှိသဖြင့် အဆင်ပြေနေပြန်သည်။

"ဟူး"....(လေကို တဝကြီးရှူကာ မှုတ်ထုတ်လိုက်သံ)

" အရမ်းကို သာယာတဲ့နေရာလေးပဲ၊ လေကောင်းလေသန့်လည်းရတယ် ၊ ရှူခင်းတွေကလည်းအရမ်းလှ ၊ ပြီးတော့ ဂစ်တာတီးလည်း သင်ရမယ်ဆိုတော့ ချောလောက်ကံကောင်းတဲ့သူ ရှိမှာမဟုတ်တော့ဘူး... "

" ရှူခင်းတွေက အရမ်းလှတာပဲ အကိုဒီဘက်ကို တစ်ခါမှ မရောက်ဖူးဘူး...."

" ချောကတော့ တခါတလေ ရောက်ဖြစ်တယ်... ၊စိတ်ညစ်တဲ့
အခါမျိုးဆိုရင်ပေါ့ ။ "

" လာ.... ဒီနားက မျက်ခင်းပေါ်ထိုင်ပြီး ဂစ်တာတီး စသင်ရအောင်..."

မျက်ခင်းလေးပေါ်မှာ နှစ်ဦးသား နေရာယူထိုင်လိုက်ကြသည်။
ဂစ်တာတီးခက်ပုံ ၊ လက်ကွက်တွေကို သေသေချာချာ
ကျော်ရဲနှောင် က တီးပြလေသည်။ ထို့နောက် ချောကို ဂစ်တာကိုင်စေပြီး တီးခက်စေသည်။ ချောရင်ခွင်ထဲတွင် ဂစ်တာထားလိုက်ပြီး ဘယ်လက်နှင့် လက်ကွက်ကိုင်ဖို့ ပြပေးသည်။
ချောကိုင်လို့ မရဖြစ်နေသည်။ ဒါကြောင့် ချောရဲ့လက်ချောင်းလေးတွေကို နေရာမှ ဖိထားဖို့ ကျော်ရဲနှောင် က မရွေ့ပေးရသည်။ နူးညံ့ပျော့ပြောင်းလှသော ချောရဲ့ လက်ချောင်းလေးတွေက အပြစ်ဆိုဖွယ်မရှိ ၊ ချောရဲ့ လက်ချောင်းများနှင့် ကျော်ရဲနှောင် ထိတွေ့မိသောအခါ အမျိုးမည်မသိသော ခံစားမှုတို့ က ရင်ထဲတွင်ဖြစ်ပေါ်လာသည်။
ချောကတော့ ဂစ်တာလက်ကွက်ကိုသာ အာရုံစိုက်နေသည်။

ချောရဲ့ ဆံနွယ်တွေ လေပြေများတိုးဝှေ့သွားတိုင်း ပျံဝဲလျက်ရှိသည်။
လေပြေများကို မနာလိုသော စိတ်တို့နှင့်အတူ လူးလွင့်နေသာ ဆံနွယ်တွေကို ငေးကြည့်နေမိသည်။ ရုတ်တရက် အနံ့သင်းသင်းလေးတစ်ခု နှခေါင်းထဲ တိုးဝင်လာသည်။ ဘာနံ့ဖြစ်မလဲ " စံပယ်နံ့ " အနံ့တွေကို မကြိုက်တက်သော သူတစ်ယောက် အခုတော့ ခုံမင်စွာ ရူရှိုက်နေမိသည်...

" အကို... ချောတီးတာ အဆင်ပြေလား "

" အော်... အဆင်ပြေပါတယ် "

ရုတ်တရက် သတိဝင်သွားကာ ကျော်ရဲနှောင် ပြန်ဖြေလိုက်ရသည်။

" အား... လက်နာလိုက်တာ "
( နာမှာပေါ့ လက်တွေကအရမ်းနုတာကိုး)

" တော်တော်နာသွားလား.... စစသင်ချင်းတော့
အရမ်းနာလိမ့်မယ်... နောက်ကျရင် အသားမာတည်ပြီး
မနာတော့ဘူး... "

" ချောအခုလက်အရမ်းနာသွားလို့ နားဦးမယ် ...
အကိုသီချင်းဆိုပြဦး.."

" အယ်... ချောက ဘာသီချင်းနားထောင်ချင်လို့လဲ..
ဟာ ဆောရီး... ညီမက ဘာသီချင်းနားထောင်ချင်လို့လဲ..."
(ရုတ်တရက် ချောလို့ပြောမိသွားသည် ၊ ကျော်ရဲနှောင် နှလုံးသားက
အဆင့်ကျော်သွားသည်)

" ရပါတယ် အကိုအဆင်ပြေသလိုခေါ်ပါ...
အင်း အကိုကြိုက်တဲ့သီချင်းဆိုပြ "

♥♥♥ သိပ်ချစ်တဲ့ နွယ်နီရဲ့အဝေးမှာ တစ်ဖက်သက်ငါခံစားရ...
မင်းကတော့သိမယ်မထင်ဘူး....နွယ်နီရေ.... ♥♥♥

လွမ်းဆွတ်ဖွယ် သီချင်းသံနှင့်အတူ ထိုညနေခင်းလေးဟာ
ဘာမှမထူးခဲ့ပေမဲ့ ကျော်ရဲနှောင် အတွက်တော့ အမြဲသတိရနေမဲ့
ညနေခင်းလေးပင်ဖြစ်သည်။
-----------------------×××××××----------------------------

အပိုင်း - ၅ ဆက်ရန် >>>

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

IMG_20180325_103553.jpg

ကိုကိုမိုးဟိန်း

သစ်အယ်သီး

Author - KoKoMoeHein @myanmarkoko

MSC no.118

Sort:  

မိုက်တယ်ဗျို့ ... စိတ်ကူးယဉ်စရာကောင်းတဲ့အခြေအနေပါပဲ

ဟုတ် ကျေးဇူးပါဗျ စိတ်ကူးယဉ်ဆိုပေမဲ့
တကယ့်အဖြစ်ပျက်လေးတွေလည်း ပါတယ်ဗျ😁😁😁

ကောင်းခန်းတော့ရောက်လာခဲ့ပြီ😁
သူ့လက်လေးကိုကိုင်လို့ သူအမည်လေးအဖြားဆွတ်ခေါ်ခဲ့လိုက်သည်
သို့ပေမယ့် သီချင်းက နွယ်နီဖြစ်နေတယ်😂😂

ဟုတ် ဘာဆိုရမှန်းမသိတာနဲ့ နွယ်နီပဲဆိုလိုက်တာ😁😁

ဆက်အားပေးနေမယ် အကိုရေ အရင်ပိုင်းနဲ့ ဆက်စပ်မိတယ်

ကျေးဇူးပါ ညီရေ ဆက်လက်ကြိုးစားရေးသားပါ့မယ်

ဟေ့တို့ လဲ ဂစ်တာတီး တင်ပေးပါလား ဟီးးးး
ဇာတ်လမ်းက စိတ်ဝင်စားဖို့ ပိုကောင်းလာပြီဗျာ
ဆက်လက်ပြီး စောက်မျှော်အားပေးနေမယ်ညီ

ကျေးဇူးပါ ကိုဇော်ရေ
ကြိုးစားရေးပါ့မယ်

အိုး အရေးအသားကတော့ ရှယ်ပဲ့ဗျို့ ။စာရေးဆရာလုပ်သင့်ပီ

ဟီးကြိုးစားနေဆဲပါဗျို့
လာအားပေးလို့ ကျေးဇူးညီရေ

ဂီတာသင်ဆရာဘဲလုပ်တော့မယ်ဗျာ

ဟုတ် အဲ့အလုပ်က ဝင်ငွေကောင်းတယ်😁😁😁

ဂီတာတီးသင်ပေးတဲ့ ဆရာမရှိလားမသိဘူး အာ့ဆိုရင် ပြေးသင်ပြစ်မှာ

ဟီး ရှိမှာပါဗျ😁😁😁

ဂစ်တာတီးဖို့မဖြစ်တော့တာလက်နာမခံနိုင်လို့
၈တန်းနှစ်လောက်သင်ဖူးသေးတယ်

ဟုတ် လက်နာတာက အရမ်းပဲ တစ်ချို့တွေဝါသနာပါလို့သင်
ကြပေမဲ့
လက်နာတာ မခံနိုင်လို့ မသင်ကြတော့ဘူး😁

တကယ်ကိုစိတ်ကူးယဉ်ဆန်ပြီးဇာတ်လမ်းထဲမြောသွားအောင်ကိုဖတ်ပြစ်လိုက်တယ်ဗျာ

ဟုတ် ခုလို အားပေးလို့ကျေးဇူးပါ အကိုရေ...
ကြိုးစားရေးသားပါ့မယ်

ကီး ညှိလို့ရတော့မလား

ရတော့မယ် ဗျို့😁😁😁

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 58495.14
ETH 2461.74
USDT 1.00
SBD 2.36