ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်(အပိုင်း - ၅)

in #myanmar6 years ago (edited)

ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်

အပိုင်း - ၁ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၂ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၃ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၄ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်

ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...

------------------------×××--------------------------------

blonde-blur-close-up-164826.jpg

အို.... ဆိုတဲ့ ရှက်သံလေးနဲ့ ချောတစ်ကိုယ်လုံး ကျော်ရဲနှောင် ရင်ခွင်ထဲ နှစ်မြုပ်သွားလေသည်။ ကျော်ရဲနှောင် ရင်ထဲ တလှပ်လှပ်ခုန်ကာ တစ်ကိုယ်လုံးပေါ့ပါးပြီး လေထဲလွင့်မျော နေသလို ၊ ဒါဟာ အိမ်မက်ဆိုရင် တသက်လုံး မနိုးထပါစေနှင့်ဟု
ဆုတောင်းမိလိုက်လေသည်။

အပိုင်း (၅)

" အချစ်ဆိုတာဘာလဲ?
အချိန်တိုင်း ၊ စက္ကန့်တိုင်း လူတစ်ယောက်ရဲ့ အကြောင်းတွေ
တွေးနေမိတက်တာ အဲ့ဒါမျိုးကို အချစ်လို့ခေါ်သလား?
ဒီအချိန်ဆို သူဘာလုပ်နေမလဲ ၊ သူဘယ်သူတွေနဲ့ရှိနေမလဲ ၊ သူဘာတွေတွေးနေမလဲ ၊ သူစိတ်ညစ်နေလား ၊ သူပျော်နေလား ၊ သူဗိုက်ဆာနေမလား ၊ တွေးသမျှတိုင်းဟာ သူ့အကြောင်းတွေချည်းပဲဆိုရင်...
အဲ့ဒါကိုအချစ်လို့ခေါ်တယ်"

လက်ဖက်ရည်ဆိုင်မှာဖြစ်သည်။ ကျော်ရဲနှောင် တို့သူငယ်ချင်း အဖွဲ့ထဲတွင်အသက်အကြီးဆုံး ဖြစ်သလို အချစ်နယ်ပယ်မှာ ရင်ကျပ်သော "ကိုအောင်ကြီး" က အချစ်ဒဿနကို ဝါရင့်သူပီပီ
ပယ်ပယ်နယ်နယ်ဖွင့်ဆိုနေလေသည်။ ကျန်လူငယ်များကပါးစပ် အဟောင်းသားဖြင့် နားထောင်နေကြသည်။

ကိုအောင်ကြီးပြောသလို အဲ့ဒီလိုမျိုးသာအချစ်မှန်ခဲ့ရင် ကျော်ရဲနှောင် တစ်ယောက် ချောကို ရူးရူးမူးမူး ချစ်မိနေလေပြီ။ ဂစ်တာတီး သင်ပေးတိုင်း ၊ ချောရဲ့ ဝိုင်းဝိုင်းစက်စက် ရွှေသမင်မျက်လုံး ၊ ဖြောင့်ဆင်းပြီး ချွန်မြနေတဲ့ နာတံလေး ၊ မထူမပါး နှုတ်ခမ်းနုနုလေး ၊လေတိုက်တိုင်း မျက်နှာပေါ်ဝဲကျလာတဲ့ ဆံနွယ်လေးတွေ ၊ ပြုံးလိုက်တိုင်း စိမ်းနေတဲ့ ပါးပြင်ပေါ်က သွေးကြာစိမ်းစိမ်းလေးတွေ ၊ ဂစ်တာကီးပြောင်းပြီးတီးတိုင်း အချိုးကျကျ ရွေ့လျားနေတဲ့ လက်ချောင်းနုနုလေးတွေ ၊ ချောနဲ့ပက်သာသော အရာအားလုံးကို ကျော်ရဲနှောင် အရူးတစ်ယောက်လို ငေးမောကြည့်နေမိသည်။ ချောနဲ့ နီးနီးကပ်ကပ်နေရတဲ့အချိန်တိုင်း ကျော်ရဲနှောင် ရင်ခုန်သံတွေ အလိုလိုမြန်နေတာကို သတိထားမိသည်။

asian-boys-cute-923657.jpg

" ဒါနဲ့... ရဲနှောင် ၊ မင်းနဲ့ ခင်ချောစု အခြေနေက
ဘယ်လိုလဲ? "

ရုတ်တရက်မေးလာသော ကိုအောင်ကြီး စကားကြောင့်
ကျော်ရဲနှောင် အတွေးပျက်သွားသည်။

" ဗျာ... ဘာအခြေနေလဲ ကိုအောင်ကြီး ရ "

" ဟေ့ယောင်... ခုမှ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့
မင်း ခင်ချောစု ကို ဂစ်တာတီး သင်ပေးနေတာ ငါတို့မသိဘူးများ
ထင်နေလား ၊ မင်း သူ့ကိုနဲနဲလေးမှ ရင်မခုန်ဘူးလား? "

" ဟာ... ကိုအောင်ကြီး ကလည်း ဘာတွေပြောနေမှန်းမသိဘူး "

" ဘာ... ငါကဘာပြောနေမှန်းမသိဘူးဟုတ်လား ၊ မင်းကိုယ်မင်းသိမှာပေါ့ ။ ခင်ချောစုက ငါတို့အဆောင်မှာ အလှဆုံး၊
အချောဆုံး ၊ အလန်းဆုံး အဲ့ဒီလို နတ်မိမယ်လေးကို လိုချင်နေတဲ့သူတွေများတယ်နော်၊ အခုခြေနေက အခွင့်ရေးက မင်းလက်ထဲမှာနော် ၊ ငါတောင်ရည်းစားရှိနေလို့ မဟုတ်လို့ကတော့
အဲ့ဒီဘဲဥဖွေးဖွေးလေးကို ချီတာကြာပြီ ဟီးဟီး..."

" ဘဲဥ ကျီးကန်းချီသလိုဖြစ်နေမှာပေါ့ ကိုအောင်ကြီးရ ဟားဟား..."

အဖွဲ့ထဲတွင် အငယ်ဆုံး ငထွေးက ဝင်နောက်သည်။ သူငယ်ချင်း တစ်ဖွဲ့လုံး အားရပါးရ ဝိုင်းရယ်လိုက်၍ လက်ဖက်ရည်တစ်လုံးဆူညံ သွားသည်။ ကိုအောင်ကြီးက စပ်ဖြည်းဖြည်းဖြင့်သာ လုံးဝစိတ်ဆိုးတက်သူမဟုတ် ၊ သဘောထားပြည့်ဝသူလည်းဖြစ်သည်။

" ငါအတည်ပြောနေတာ ရဲနှောင် ၊ မင်းနဲ့ ခင်ချောစုနဲ့ တကယ်လိုက်ဖက်ပါတယ် ။ ခင်ချောစု က ဘာအပြစ်မှပြောစရာ မရှိဘူး ၊ မိဘတွေကလည်း ကြီးကြီးတက်ချမ်းသာကြတယ် ၊ တစ်ဦးတည်းသောသမီး ၊၊ "

" သူ့မိဘတွေ ချမ်းသာတာမချမ်းသာတော့ ကျွန်တော်စိတ်မဝင်စားပါဘူး ၊ အဓိက က တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ ချစ်ကြပြီး ပျော်ပျော်ရွှင်ရွှင် နေရရင် ပြီးပြီမလား ။ "

ကျော်ရဲနှောင် ပါးစပ်ကလွက်ခနဲထွက်သွားသည်။

" ဟိုးဆရာ... နေပါဦး မင်းပြောတော့ ခင်ချောစုနဲ့ ဘာမှမဖြစ်သေးဘူးဆို ၊ ဘယ်ကအချစ်စစ်က ပါလာတာလဲ "

" စကားအဖြစ်ပြောတာပါ ၊ တကယ်ပဲ... ကိုအောင်ကြီး ကလည်း စကားကို အထန လိုက်ကောက်နေတယ်.."

" စကားထဲက ဇာတိပြဆိုသလို ၊ အရိပ်မြွတ်တော့ ထွက်လာပြီပေါ့ ၊ ယောက်ျား ချင်းတွေပဲကွာ လာပြီးရှက်မနေနဲ့ရဲနှောင် "

ကိုအောင်ကြီး ကဗွင်းဗွင်းကြီးပြောချလိုက်တော့ ကျော်ရဲနှောင် ရှက်ရမ်းရမ်းကာ ဘာလုပ်ရမှန်းမသိတာနဲ့ စားပွဲပေါ်က ရေနွေးကြမ်းခွက်ကို ကောက်ကိုင်ပြီးမော့သောက်လိုက်သည်။

" ဖြီး.... ပူလိုက်တာ "

" ဟား....အခုမှ ငါငဲ့ထားတာ မင်းကရှက်ရမ်းရမ်းပြီး သောက်တာကိုး နဲတောင်နဲသေးတယ်... ဟား..."

ကိုအောင်ကြီး က ပြောဆိုလိုက်သောအခါ တစ်ဖွဲ့လုံးဝိုင်းဟား ကြပြန်သည်။

" တော်ပြီဗျာ...ဘာမှန်းမသိဘူး လူကိုသက်သက်လိုက်စနေတယ်...
ပြန်တော့မယ်ဗျာ "

" ဟာ.. ပြန်တော့မလို့လား... နေပါဦး စကားကောင်းနေတာကို..
ဟာ... ဟေ့ယောင်..."( ကျော်ရဲနှောင် ထွက်သွားတော့ ကိုအောင်ကြီး က လှမ်းအော်ပြောသည်)

" ကလေးရှက်သွားပြီ... ဟား..."

ဘေးနားက ငထွေးက ဝင်ထောက်ပြောသည်။

ကျော်ရဲနှောင် လှည့်မကြည့်တော့ တစ်ချိုးတည်း အဆောင်ပြန်လာတော့သည်။ တကယ့်ကို အစနှောက်သန်ကြသော သူငယ်ချင်းများ ဖြစ်ကြသည်။ ကိုအောင်ကြီး ကအဆိုးဆုံး။

-----×××------

အနောက်ဘက်ကောင်းကင်တွင် နီမြန်းလျှက်ရှိသည်။ သူရိန်နေမင်းကြီးသည် အလင်းရောင်ဖျော့ဖျာ့သာရှိတော့ပြီး နီရဲလျှက်ရှိသည်။ မိုးကောင်းမှာလည်း တိမ်မျှင်များက ဟိုတစ်စ ဒီတစ်စ ။ လေပြေများပြေးလွှားဆော့ကစားသွားတိုင်း စိမ်းစိုနေသော စပါးခင်းများက တစ်ညီတစ်ညာတည်း ယိင်းညွတ်လျှက်။
အရှေ့ဘက် တောင်တန်းကြီးတွေက မီးခိုးရောင်သန်းနေသည်။
စပါးခင်းများကြားက မြေလမ်းလေးက တိမ်တောက်နေသောကြောင့်
ရောင်ပြန်ကာ အထင်သားမြင်နေရသည်။ ကက္ကိုပင် အုတ်အုတ်စိုင်းစိုင်း ကြီး အောက်မှ ဂစ်တာတီး ပြီးသီချင်းဆိုသံ ခပ်သဲ့သဲ့လေးက ပတ်ဝန်းကျင်ကို ဖုံးလွမ်းလျှက်ရှိသည်။

countryside-guitar-guitarist-33687.jpg

♥♥♥ အချစ်ဆိုတာဟာ ကောင်းကင်းက ငှက်တစ်ကောင်လိုပဲ...
ဘဝဆိုတာဟာ ဖြတ်သန်းမှ အဓိပ္ပာယ်ရှိတယ်...
တစ်ချိန်လုံး...ဖြတ်သန်းလာခဲ့ရတဲ့ အမောတွေကို...
ချွေးသိပ်ဖို့ နားခိုရမဲ့ အချစ်သစ်ပင်ဆီကို...ကူးခက်ရင်း...
အရှိန်ဟုန်ပြင်း...လေကိုထိုးခွင်းလာခဲ့ရင်း...
အတောင်ပံခက်သံ... အချက်တိုင်းမှာ...ချစ်တယ်...
ချစ်တယ်ဆိုတဲ့ ရိုက်ချက်များ... ရွှေနားတော်ပါးဆီ...
ပဲ့တင်မြည်ဟီးလို့...ချစ်တယ်.....
အရမ်းပဲ ချစ်နေပြီ... ♥♥♥

" အရမ်းနားထောင်လို့ ကောင်းတာပဲ ၊ ဒါနဲ့ ခံစားချက်တွေလား?
သီချင်းနားထောင်ရင် ချောတောင် ကြက်သိမ်းထမိတယ်..."

" ဂစ်တာတီးပြီး သီချင်းဆိုတဲ့အခါ mood သွင်းပြီးဆိုရတယ် ၊
ဒါမှ နားထောင်တဲ့သူရဲ့ ရင်ထဲကို ရောက်သလို ဆိုရတဲ့သူလည်း
အရသာရှိမှာပေါ့။ တစ်ချို့သီချင်းတွေက ကိုယ်နဲ့မတိုက်ဆိုင်ပေမဲ့
အငှါးခံစားချက်နဲ့ ဆိုရတယ်။ ပြီးတော့ ဒီသီချင်းလေးက
အကိုနဲ့တိုက်ဆိုင်နေလို့..."

" အဲ့ဒါဆို အကို့မှာ ကောင်မလေးရှိတယ်ပေါ့ "

" မရှိပါဘူး...ဒါပေမဲ့ ရင်ခုန်နေရတဲ့သူတော့ရှိတယ် "

" ဟုတ်လား...ချောတို့အဆောင်ကဆိုရင်
ချောအောင်သွယ်ပေးမယ် "

" ခက်တာက ညီမအောင်သွယ်ပေးလို့မရဘူး အဲ့ဒီကောင်မလေးနဲ့ "

" ဘာလို့လဲ အကို "

" အဲ့ကောင်မလေးက...."

ကျော်ရဲနှောင် ရှေ့ဆက်ပြောဖို့ အင်တင်တင်ဖြစ်နေသည်။

" ဘာဖြစ်လည်း အကို ဆက်ပြောလေ...."

" အဲ့ကောင်မလေးက ညီမဖြစ်နေလို့ပဲ.."

" ရှင်............ "

ချောမျက်နှာလေး ရှက်သွေးဖြာသွားပြီး ပန်းနုရောင် သန်းသွားသည်။
သို့ပေမဲ့ ရုတ်တရက်ပြောလိုက်သော စကားကြောင့် အံသြသွားခြင်းလား ? အခွင့်ရေးသမား ဟုထင်သွားခြင်းလား?

" စိတ်ဆိုးသွားလားညီမ.. ၊ အကိုအခွင့်ရေးသမားမဟုတ်ပါဘူး၊ ညီမကို တကယ်ချစ်မိနေလို့ပါ... "

" စိတ်မဆိုးပါဘူးအကို... ၊ ဒါပေမဲ့ ရုတ်တရက် ဆိုတော့
အံသြ သွားလို့ပါ..."

" အဲ့ဒါဆို အကို့ကိုလက်ခံနိုင်မလား?... "

" အို... အရမ်းမလောပါနဲ့ အကိုရယ်...
မိန်းခလေးပီပီ အိုက်တင်လေးတော့ ခံပါရစေဦး... "

" ဟင်... ဒါဆို အကို့ကို လက်ခံတယ်ပေါ့နော်...
ဝမ်းသာလိုက်တာချောရယ်... "

" ချက်ချင်းကြီး အဖြေပြန်ပေးလို့ဆိုပြီး အထင်မသေးရဘူးနော်...
ညီမ အကိုရဲ့ ဂစ်တာတီး ပြီး သီချင်းဆိုသံလေးတွေကြားတည်းက
စိတ်ဝင်စားနေမိခဲ့တာ.... "

" တကယ်!!! ....ချစ်လိုက်တာ ချောရယ်... "(ကျော်ရဲနှောင် ပြောပြောဆိုဆိုနှင့်သိမ်းကြုံးဖက်လိုက်သည်။)

အို.... ဆိုတဲ့ ရှက်သံလေးနဲ့ ချောတစ်ကိုယ်လုံး ကျော်ရဲနှောင် ရင်ခွင်ထဲ နှစ်မြုပ်သွားလေသည်။ ကျော်ရဲနှောင် ရင်ထဲ တလှပ်လှပ်ခုန်ကာ တစ်ကိုယ်လုံးပေါ့ပါးပြီး လေထဲလွင့်မျော နေသလို ၊ ဒါဟာ အိမ်မက်ဆိုရင် တသက်လုံး မနိုးထပါစေနှင့်ဟု
ဆုတောင်းမိလိုက်လေသည်။

ဘေးနားကပ်လျှက် မြတ်ခင်းပေါ်က ဂစ်တာလေးကတော့
သူတို့နှစ်ဦးတွက် အချစ်သက်သေလေးပါပဲ....

...........................×××.........................

အပိုင်း - ၆ ဆက်ရန် >>>

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

IMG_20180325_103529.jpg

Photos >>Pexels

ကိုကိုမိုးဟိန်း

သစ်အယ်သီး

Author - KoKoMoeHein @myanmarkoko

MSC no.118

Sort:  

ဪ အပေါ်ဆုံးက...Oက
အောက်ဆုံးကြမှ ပြန်...Oကြတာကိုး😁😁

ဟီး ... အဲ့လိုလေးလုပ်ကြည့်တာ😁😁😁

အောက်ဆုံးက မင်းသားက ခါးထောက်နေတာလား ဘာကို ကိုင်မလို့ ပြင်နေတာလဲ

ရုတ်တရက် ဆိုတော့ ဘာကိုင်လို့ ကိုင်ရမှန်းမသိဖြစ်သွားတာ😁😁

မြက်ခင်းပြင်ပေါ်မှာ ပြောပြောဆိုဆိုနဲ့ဖတ်လိုက်ပြီး အဲထက်တော့ မပိုတော့နဲ့နော်

ဟုတ် အဲ့လောက်ပဲပြီးသွားတယ် မပိုတော့ဝူး😁😁

ဘဲဥ ကျီးကန်းချီသလို ဆိုပါလား ဥပမာလေးကမိုက်တယ်ဗျို့ 

ဟုတ် ကျေးဇူးပါ ကိုအောင်ကြီးက စိတ်မဆိုးတက်လို့
တော်သေးတယ်😁😁

မိုက်တယ်ဗျာ။ဖတ်လို့အဆင်ပြေပါတယ်။

ဟုတ် ကျေးဇူးပါအကို😁😁

ရေးတတ်​ပါ​ပေ့ ကိုကိုမိုးဟန်​ရယ်​😂😂
လက်​ဖက်​ရည်​ ဆိုင်​ထိုင်​တဲ့အပုဒ်​​လေး ပိုသ​ဘောကျတယ်​😂😂

ဟီး... နာမည် credit ပေးပါတယ်ဗျ
လာအားပေးလို့ ကျေးဇူးပါ😁😁

အောင်ကြီးတို့ ငထွေးတို့ရော ပါတာပဲဗျ ။ဇာတ်ကောင်တွေက စုံလှချေလား။

ဟီး နာမည်ရှာမရတာနဲ့ သတိရတာရေးလိုက်တာ😁😁

စိတ်​ကူးယဉ်​ ဆန်ဆန်လေးပဲ မျှောသွားတယ်

ဟုတ် မျောသွားတယ်လို့
ပျော်တာပေါ့လို့....ကျေးဇူးညီရေ

ဇာတ်လမ်းထဲမှာစီးမျောသွားတာပဲဗျာ
အားပေးနေပါတယ်bro

ကျေးဇူးပါ အကိုရေ
အကို့ရဲ့အရေးသားလေးတွေလည်း အတုယူလျက်ပါဗျ

အဲ့လိုအချစ်ဆိုရင် ကျွန်တော့အဖေကိုသတိရတယ်။

အဲ့လို အချစ်မျိုး က အရမ်းကို အနှစ်သာရ ရှိပါတယ် ဗျာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 58034.65
ETH 2448.81
USDT 1.00
SBD 2.38