GP-2 သို့ အလည်တစ်ခေါက်

in #myanmar6 years ago (edited)

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး
ကျန်းခန်းသာလို့မာကြပါရဲ့လားဗျ...
အခုဆိုရင် ကျွန်တော်တို့ MSC အဖွဲ့သားများ အရင်ကထက်ပိုပြီး
စည်းလုံးမှုရှိလာတာကိုတွေ့ရတော့ ရင်ထဲမှာ အတိုင်းမသိကြည်နူးမိ
ပါတယ်။ စာရေးအားလည်း ကောင်းလာကြပြီး မိမိတို့၏ ပန်းတိုင်ကို
ရောက်လုနီးနီးကဲ့သို့ စိတ်အားထက်သန်စွာ ပို့စ်များတင်ကြ၊ ကွန့်မန့်တွေပေးကြ၊ အတွေးခေါ်များ ဖလှယ်ကြနှင့် တကယ်ကို ပျော်ရွှင်စရာကောင်းသော စတီးမစ် ရွာကြီးတစ်ရွာပင်ဖြစ်နေပေပြီ။ ငြိမ်းချမ်းမှု အစစ်မှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီဟု ကျွန်တော်၏ စိတ်တွင် ထင်မြင်မိပါတယ်။

ယခုလို MSC အဖွဲ့သားများ စည်းစည်းလုံးလုံးနှင့် စာများများရေးကာ မဝေးတော့တဲ့ အနာဂတ်အတွက်ကြိုးစားနေသည်ကို တွေ့ရတော့ ကျွန်တော်လည်း အားကျကာ ကြိုးစားရေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာပါတော့တယ်။ ဒီလိုနှင့် ကျွန်တော်လည်းရေးမယ်ပေါ့ ဆိုပြီးအားခဲထားခဲ့ပါတယ်။ အလုပ်ပြီးစီးချိန်တွင် စားပွဲတွင်ထိုင်ကာ တ၀ကြီးရေးပစ်မယ်ဟု ကြံလိုက်ကာမှ အတွေးများကထွက်မလာပေ။ ဟိုယောင် ဒီယောက်ယောင် ဖြစ်နေလို့မဖြစ်သေးပေ။ ရှားရှားပါးပါး အချိန်များကို အကြိုးရှိရှိ အသုံးချ မှ ဖြစ်မည်ဟုတွေးမိခဲ့ပြီး။ GP-2 Pro ထဲ လည့်ပက်မွေကြည့်မိပါတယ်။ ကျွန်တော်တို့ @steem-myanmar သည်လည်း အရင်လို ခြောက်ကပ်ကပ် မဟုတ်တော့ စိုစိုပြေပြေဖြစ်လို့နေပါတယ်။
ပထမဆုံး ၀င်ဖတ်ဖြစ်ခဲ့တာကတော့ ဆရာမင်းစိုးနိုင် ရဲ့ ပိုစ့်ဖြစ်ပါတယ်။ ခေါင်းစဉ်က Vote နှင့် Comment ရရှိနိုင်သည့် နည်းလမ်းများကို ရှာဖွေခြင်းဖြစ်သည်။ ခေါင်းစဉ်ကို ဖတ်လိုက်ရုံနှင့် မဖတ်ပဲမနေနိုင်အောင်ကို ဖြစ်မိပါတယ်။ လူအများစိတ်ဝင်စားအောင် ခေါင်းစဉ် ပေးတက်သော ဆရာ့ကို အမြဲလေးစားမိခဲ့ပါတယ်။ ဆရာ့ ဆောင်းပါးထဲတွင် ကျွန်တော်မသိသေးသော ကွန့်မန့်ဘုတ် ရအောင်လုပ်နည်းသစ်တွေကို တွေ့ရှိခဲ့ရသောကြောင့် Resteem လုပ်ကာ Save ထားလိုက်ပါတယ်။

ဆရာပိုစ့် မဖတ်ရသေးသူများ ဤ နေရာကို နှိပ် ၍ ဖတ်နိုင်ပါသည်….

အဲ့ဒီနောက်မှာတော့ မစုလှိုင် ရဲ့ ပိုစ့်ကလည်း အတွေးသစ်အမြင်သစ်များကို ရရှိစေခဲ့ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု ဆိုသော ခေါင်းစဉ်အတိုင်း ကိုယ်တွေ့ဖြစ်ရပ်လေးတွေနှင့် ခိုင်းနှိုင်းရေးသား ထားသောကြောင့် ဖတ်သူရင်ထဲတွင် ထင်ကျန်စေခဲ့သော ပိုစ့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

မစုရဲ့ ပိုစ့် မဖတ်ရသေးသူများ ဤ နေရာကို နှိပ်ပြီး ဖတ်နိုင်ပါသည်….

ဆက်လက်ကာ ကိုစောလွင်ရဲ့ ပိုစ့်ကို ဖတ်ဖို့အလှည့်ကျလာပြန်ပါတယ်။ မဖတ်ရသေးခင် မှက်ချက်ကို မြင်တော့ နဲနဲတွန့်သွားတယ်။ စိတ်ချမ်းသာလိုလျှင် ကဗျာဆုံးသည်အထိပဲ ဖတ်ပါ…။ ရှေ့ ဆက်ပြီးအတွေးကွန့်ထားတာကို လုံးဝ(လုံး) မဖတ်ပါနှင့် တဲ့လေ။ အဲ့ဒါလည်းမြင်ရော စိတ်က နှစ်ခွဖြစ်သွားတယ်။ ဖတ်ရမလား ၊ မဖတ်ရဘူးလား။ ကျွန်တော့် စိတ်က ဖတ်လျှင်လည်း အဆုံးထိဖတ်လိုက်ရမှ မဖတ်ဘူးဆိုလည်း လုံးဝမဖတ်တက်ပေ။ ဒီလိုနှင့် ဆုံးဖြတ်ချက်ချကာ အဆုံးထိဖတ်လိုက်မိပါတယ်။ ပထမ ကဗျာလေးကို ဖတ်ပြီးတော့ ကြည်နူးသွားတာပေါ့ ။ အောက်က ကဗျာကို ထပ်ကွန့်ပြီးရေးထားတာလည်းဖတ်လိုက်ရရော ကြည်နူးတာတွေ ဘယ်ပျောက်သွားမှန်းမသိတော့။ ကိုစောရဲ့ လက်တွေ့ကျကျ စဉ်းစားပြီး ရေးသားထားတဲ့ ထပ်ကွန့် စာကလည်း အတွေးများစရာဖြစ်ခဲ့ပါတော့တယ်။

ကိုစောရဲ့ ပိုစ့်မဖတ်ရသေးသူများ - နေရာကိုနှိပ်ပြီး ဖတ်နိုင်ပါသည်…။

GP-2 Pro ထဲကိုလည်မိတာ ဒီနေ့ ကျွန်တော့်အတွက်တော့ အားရကျေနပ်ခဲ့ရပါတယ်။ နောက်များလည်း ကြုံရင်ကြုံသလို လည်ခွင့်ပြုကြပါအုံးနော်… ။

လောလောဆယ်ဆယ်တော့ ပြီးခဲ့တဲ့ Sunday တုန်းက တူလေးတွေကို ပျင်းပျင်းနဲ့ ဆွဲပေးခဲ့တဲ့ ပုံလေးတွေကို ရှုစားပေးကြပါအုံးဗျာ။ ဒီနေရာမှာ နဲနဲတော့ ပြောပါရစေ။ ခုခေတ် ကလေးတွေ ကလေးမဟုတ်တော့တဲ့အကြောင်းပေါ့ ။ တူလေးရေ… အပုံဆွဲပေးမယ် ဆိုတော့ ။ တူလေးက ဘာပြန်ပြောတယ်မှက်လည်း ဟုတ်ဦးဦး လက်မောင်းမှာ I Love You ဆွဲပေးတဲ့လေ။ ကြည့်ပါဦး ခုခေတ်ကလေးတွေ ဘယ်လောက်ထိ သိတက်ကုန်ကြပြီလဲ။ ကျွန်တော်တို့ တုန်းက ၂ တန်းကျောင်းသားဘ၀က စားမယ် ၊ သောက်မယ် ၊ ဆော့မယ် ဒါပဲသိခဲ့ကြတာ။ ခုတော့ ဒီကောင်တွေက I Love You ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။
ဒါနဲ့ ကျွန်တော်လည်း ဘယ်ရမလဲ ။ ဘာ အိုက်လက်ယူ မှ မဆွဲပေးဘူး။ အိုက်လက်ယူ ဆိုတာ ပျော့ညံ့တဲ့ သူတွေ ဆွဲတာ။ ယောက်ျားဆိုတာ သန်သန်မာမာ ရဲရဲ ရင့်ရင့် နဂါးပုံပဲ ဆွဲပေးမယ်ဆိုပြီး နဂါးပုံပဲဆွဲပေးလိုက်ပါတယ်။ ကလေးဆိုတော့ လူကြီးပြောသမျှ ဟုတ်ပေါ့လေ။ ဒီကောင်က သိပ်တော့ ကျေနပ်တာမဟုတ်ဘူး။ ဆွဲပေးပြီးသွားတော့လည်း သူပျော်သွားတာကိုတွေ့ရတော့ ကျွန်လည်း ပျော်မိပါတယ်။

ကျွန်တော့်ရဲ့ လက်ရာလေးကို အားပေးကြပါအုံးဗျာ….

IMG_20180825_211722_2.jpg

IMG_20180825_212637.jpg

IMG_20180825_212644.jpg

IMG_20180826_200202.jpg

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Author - KoKoMoeHein @myanmarkoko

MSC no. 118

Sort:  

နဂါးကြီး vote လိုက်တာ တက်သွားတယ်ကွယ်

တက်တော့အားရှိသွားတယ်ဗျို့

အ‌တွေးတစ်‌စကို ဆွဲထုတ်‌ပြီး postတစ်‌ခုဖြစ်‌‌အောင်‌‌ရေးသွာတာ good တယ်‌။ ညီက ပန်းချီဆရာလား။

ပန်းချီဆရာတော့မဟုတ်ပါဘူး။
ဝါသနာရှင် ပါ။
ကျေးဇူးကိုမဟော်

ပုဂံမှာ အခြေချ လုပ်စားလို့ရပီဟေ့ လို့ ကြွေးကြော်လိုက်ပါ

ဦးစိုး အားပေးရင် အခြေချတော့မလားလို့ 😂

ဆိုးဘူးနော် တစ်ရုပ် နှစ်ထောင် ဆယ်ရုပ်ဆို နှပ်နေလို့ရဘီ

တွက်ခြေကိုက်တာပေါ့ 😂

ဖတ်မှတ်လေ့လာ အောင်ကြောင်းဖြာ

ဟုတ် ဖတ်ပြီဆို ရင်ထဲရောက်အောင်ဖတ်တာ။

အိုင်လပ်ယူ လွယ်သား နဂါးကဆွဲရခက်တာ
အဟုတ်ဟေ့မိုက်တယ်

ခက်တာကို ပိုပြီးကြိုက် ဆွဲပေးလိုက်တာခိခိ 😁

မန်းရှင်းလုပ်ပေးတာ ကျေးဇူးတင်ပါတယ်

ဟုတ် နောက်လည်း ပေးပါရစေ ကိုစော

လက်ရာကတော့ရှယ်ပဲbroရေ

ကျေးဇူးပါ ကိုသာကျော်

တတ်တူးထိုးစားလို့ရပီ

ဟိ အခြေနေကောင်းရင်လုပ်စားမလားလို့

ပုံဆွဲကောင်းတာပဲ။steemitမှာ ပုံဆွဲတာတွေရော မတင်ဘူးလား။

ဟုတ် ပုံကောင်းတစ်ပုံရဖို့က အတော်အချိန်ပေးရတာမို့ပါဗျာ

ဆွဲထားတာလှပါ့

ဟုတ် ကျေဇူးပါ မအိ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62912.13
ETH 2544.21
USDT 1.00
SBD 2.84