တာဝန်ယူမှု တာဝန်ခံမှု

in #myanmar6 years ago

မိုးရာသီဆိုတော့ မနှစ်က ဖာထားတဲ့ ကတ္တရာလမ်းပိုင်းတွေက ချိုင့်တွေ ပြန်ဖြစ်ပြီပေါ့။ ချိုင့်တွေထဲ မိုးရေတွေကဝင်တော့ ဆိုင်ကယ်စီးရတာလည်း မမြင်မစမ်းနဲ့။ ကိုယ့်ရှေ့နားမှာ ဆိုင်ကလုန်းဆိုင်ကယ်လေးနဲ့ တက္ကသိုလ် ကျောင်းသူလေး ၂ယောက်။ ရေဝင်နေတဲ့ ချိုင့်ကို ရှောင်ပေမဲ့ တဖက်က ကားကလည်း လာနေတာမို့ မလွတ်တော့ဘဲ လဲပါလေရော။ ဆိုင်ကယ်နောက်မှာ ထိုင်နေတဲ့ကောင်မလေးက ဆိုင်ကယ်ပေါ်က လွင့်ကျပြီး ကတ္တရာလမ်းနဲ့ ခေါင်းနဲ့ ပစ်ရိုက်မိတယ်။ ဆိုင်ကယ်ဦးထုတ်က မပါလေတော့ ခေါင်းကထွက်တဲ့ သွေးတွေက လမ်းပေါ်မှာ ရဲကနဲဘဲ။ လူက ခေါ်မရတော့ဘူး ဆန့်ငင် ဆန့်ငင်နဲ့။ သေပလားကို ထင်တာ။ တော်သေးတယ် နောက်တော့မှ ပြန်သိရတာ ခေါင်းပေါက်သွားတာတဲ့။ ဆိုင်ကယ်မောင်းတဲ့ ကောင်မလေးကတော့ ဒူးခေါင်းနဲ့ တံတောင်ဆစ်တွေမှာ ပွန်းပဲ့ပြီး သွေးတွေထွက်နေလေရဲ့။ မနက်ပိုင်း သားတော်မောင်ကို ကျောင်းသွားပို့ရင်း ကိုယ့်ရှေ့မှာ ဖြစ်ခဲ့တဲ့ ကိုယ်တိုင် မြင်လိုက်ရတဲ့ မတော်တဆမှုပါ။

IMG_20180827_210135.png
credit image source

ဒီ အဖြစ်အပျက်ကို မြင်လိုက်တော့ ကိုယ်တွေ သားအမိ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့က ဖြစ်ခဲ့တဲ့ မတော်တဆမှုကို ပြန်သတိရစေပါတယ်။ အဲ့အချိန် တရုတ်ကုမ္ပဏီတစ်ခုကနေ ဓာတ်တိုင်တွေကို ကွန်ကရစ်တိုင်တွေ အဖြစ်ပြောင်းလဲဖို့ ကန်ထရိုက် ယူထားတယ်လို့ သိရပါတယ်။ သစ်သားဓာတ်တိုင်တွေကနေ ကွန်ကရစ်ဓာတ်တိုင်တွေ အစားထိုးပြီး လမ်းဘေးတဖက်ထဲမှာ စိုက်ထူ ပြုပြင်နေတဲ့ အချိန်ဖြစ်ပါတယ်။ လမ်းရဲ့ ဝဲဘက်မှာ ဓာတ်တိုင်နဲ့ ယာဘက်မှာတော့ ဖုန်းတိုင်တွေ စိုက်ထူထားပါတယ်။ လမ်းရဲ့ယာဘက်မှာ ရှိတဲ့ လူနေအိမ်တွေကို မီးသွယ်မယ်ဆိုရင် လမ်းရဲ့ အပေါ်ကနေ ဖြတ်ပြီး သွယ်တန်းပါတယ်။ မတော်တဆမှု ဖြစ်ခဲ့တဲ့ရက်က သားသားကို မူကြိုကျောင်းက ကြိုပြီး အပြန်မှာ ကိုယ်တွေရှေ့က တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် 125ဆိုင်ကယ်လေးနဲ့ မောင်းနှင်နေပါတယ်။ ကိုယ်တွေက သူ့နောက်က ကလစ်ဆိုင်ကယ်လေးနဲ့ မောင်းနှင်လာပါတယ်။ အဲ့အချိန်မှာ လမ်းရဲ့ ဝဲဘက်မှာ ရှိတဲ့ ဓာတ်တိုင်ကနေ လမ်းရဲ့ယာဘက်မှာရှိတဲ့ အိမ်တစ်အိမ်ကို ဓာတ်ကြိုးသွယ်တန်းနေတဲ့ အချိန်ပါ။ တိုက်ဆိုင်စွာဘဲ ကိုယ်တွေ ဖြတ်လာတဲ့ အချိန် ဓာတ်ကြိုးဟာ ကြွေသီးပါ အပါ ဓာတ်တိုင်တက်နေသူရဲ့လက်ကနေလွတ်ပြီး ပြုတ်ကျလာပါတယ်။

IMG_20180827_210727.png
credit image source

ကိုယ်ရဲ့ရှေ့က ကျောင်းသားလေးဟာ ကျလာတဲ့ ဓာတ်ကြိုးကို ရှောင်ရင်း ဆိုင်ကယ်ဟာ လျှောထွက်သွားပြီး အရှိန်ပြင်းပြင်းနဲ့ လဲသွားပါတယ်။ ကိုယ်တွေ သားအမိလည်း မိုးပေါ်က ကျလာတဲ့ ဓာတ်ကြိုးကို ရှောင်တိမ်းဖို့က ရုတ်တရက် ဖြစ်တာကြောင့် ဆိုင်ကယ် ဘရိတ်ကို ဆောင့်အုပ်လိုက်ရပါတယ်။ ဆိုင်ကယ်ဟာ ရပ်သွားပေမဲ့ ရှေ့ဘီးထောင်လာပြီး လမ်းဘေးကို အရှိန်နဲ့ ပြန်ကျလာပါတယ်။ ကိုယ်တွေရှေ့က ဆိုင်ကယ်လဲတဲ့ ကျောင်းသားလေးလည်း ဂျင်းဘောင်းဘီဝတ်ထားလို့သာ တော်ပါသေးတယ်။ ဒါတောင် အသားတွေ စုတ်ပြတ်သွားပြီး သွေးချင်းချင်းရဲနေပါတယ်။ ခြေသန်းဟာ တခြမ်းလောက် ပဲ့ထွက်သွားခဲ့ပါတယ်။ ကိုယ်တွေသားအမိလည်း သားသားက ညာဘက်လက်ကလေး လက်မောင်းအလယ်လောက်က ၂ပိုင်းကျိုးသွားသလို ကိုယ်ကိုတိုင်လည်း လယ်ပင်း ညှပ်ရိုး ကျိုးသွားခဲ့ပါတယ်။

IMG_20180827_210453.png
credit image source

ဒီ မတော်တဆ ဖြစ်စဉ်တွေကြောင့် ဘယ်သူ့မှာတာဝန်ရှိသလဲလို့ မေးစရာပါ။ ကိုယ်တွေ ဖြစ်စဉ်မှာ လျှပ်စစ်ကုမ္ပဏီက သူတို့မှာ တာဝန်မရှိပါဘူးပေါ့။ ဆိုင်ကယ်လဲတာဟာ သူတို့ကြိုးနဲ့ ထိမိခိုက်မိတာ မရှိဘူးပေါ့။ မှန်ပါတယ် ဒါပေမဲ့ မီးကြိုးတွေသွယ်တန်းနေထဲက အန္တရာယ်ရှိတယ်ဆိုရင် လမ်းသွားလမ်းလာတွေကို တားသင့်ရင်တားရမဲ့တာဝန် သူတို့မှာရှိပါတယ်။ ဓာတ်ကြိုးပြုတ်ကျလာလို့သာလျှင် တိမ်းရှောင်ရင်း ဆိုင်ကယ်လဲရခြင်း ဖြစ်ပါသည်။ မကျလာလျှင် လဲစရာအကြောင်းမရှိပါ။ ကံကောင်းထောက်မ၍ ဓာတ်ကြိုးနှင့် မထိခြင်းဖြစ်သည်။ ဓာတ်ကြိုးသာ တည့်တည့်ပြုတ်ကျလို့ကတော့ လည်ပင်းဘဲ ပျက်မလား ကြိုးမှာ ပါလာတဲ့ ကြွေသီးနှင့် ရိုက်မိပြီး ခေါင်းကြေမလားပင်။ ဒီနေ့ကြုံခဲ့ရတဲ့ ကျောင်းသူလေးတွေ ဖြစ်စဉ်သည်လည်း ထိုင်နည်းတူစွာပါဘဲ။ ချိုင့်ခွက်မရှိလျှင် မလဲနိုင်ဘူးပေါ့။ ကိုယ့် အန္တရာယ်ကိုယ် စောင့်ရှောက်ရမည်မှာ မှန်သော်လည်း အန္တရာယ် ဖြစ်စေသည့် အနေအထားမဖြစ်စေရန် တာဝန်ရှိသူများမှလည်း ဂရုစိုက်သင့်သည် မဟုတ်ပါလား။ တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် အနေအထားသည် နောင်နှစ်ပေါင်း မည်မျှအထိ အသက်ဝင်နေအုံးမည်ဆိုသည်မှာ တွေးစရာ တစ်ခုပင် ဖြစ်ပေတော့သည်။

@suhlaing
msc 175

Sort:  

Congratulations @suhlaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ကံ​ကောင်းလို့​ပေါ့မမစုရယ်​။

ကံကောင်းလို့ဘဲ မအိရေ

ပြင်ရင်းဖာရင်ဘယ်တော့များမှကောင်းတော့လမ်းရမလဲနော်

လမ်းပြင်တာ မဟုတ်ဘူး အမရေ လမ်းဖာတာဖြစ်နေပြီ

ဟုတ်ပါ့ ဒီနိုင်ငံမှာကလေ နေရာတိုင်းမှာ ပြည်သူတွေက ကြည့်နေ ကြည့်စားပဲ။ကိုယ်ဖြစ်ကိုယ်ခံဆိုတာတွေချည်းပါပဲ။

တာဝန်ယူပေးတယ်ဆိုတာ ဘယ်နေရာမှ မရှိဘူး ရှောင်လို့ ရသမျှရှောင်ကျတော့တာ

ဒီနှစ်ထဲ ကလေးလေးတစ်ယောက်တောင် ဓာတ်လိုက်လို့ ဆုံးခဲ့သေးတာလေ
FBမှာ နာမည်ကြီးပဲ
လမ်းပေါ်ဓာတ်ကြိုးကျတာ အချိန်မီ မပြုပြင်လို့ ဆုံးခဲ့ရတာ

အမှန်ပါဘဲ ကောင်းကင်ဓာတ်ကြိုးစနစ်ကို ဖျက်သိမ်းသင့်ပါပြီ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တရားခံဘယ်သူလည်းဟေ့

နာ ဘဲ နာဘဲ နာဘဲ

အင်း ဟုတ်‌ပါတယ်‌ ညီမရယ်‌။တစ်‌ ဖြည်း ဖြည်း ‌ပြောင်းလဲလာတန်‌‌ကောင်းပါရဲ့။

ရွှေပြည်တော် မျှော်တိုင်း ဝေးးးး

အယ့် စုရယ် သားလေး သနားပါတယ် မတ်မတ်ကြည် မြင်မိတယ် စု သားကိုကြည့်လိုက် ဘယ်လို ဒေါသတွေ ထွက်နေမယ်ဆိုတာကို😞

ဒေါသထွက်ပြီး ပြဿ နာရှာဖို့ထက် ဆေးရုံကို ဘယ်လိုသွားရမလဲဆိုတာတွေးနေရလို့ photoတောင် မရိုက်လိုက်နိုင်ဘူး မဟုတ်ရင် တရားစွဲမှာ မယ်ကြည်ရေ

အယ် ... ကိုယ်ညံ့လို့ ကိုယ်ခံရတာ ခံပေါ့...
ဘာ... အစိုးရကို အပစ်တင်ချင်တာလား...
ဘာ... သူများကို အပစ်ပြောချင်တာလား...
မရဘူးနော် ကိုယ်ညံ့ရင် ကိုယ်ခံရမယ်...ဒါပဲ

😁😁😁😁😁
ကိုယ့်နိုင်ငံကြီး အဲ့လိုပါ....

အခွန်ကောက်တာ ဘာလုပ်ဖို့ပါလိမ့် အဲ ပြောပြဇေ

အခွန်ကောက်တာ ကောက်တဲ့သူတွေ ဘက်ဖို့ပါ😁😁😁

နာ ပြောဘုးနော် ၆၆ (ဃ)

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66761.99
ETH 3256.83
USDT 1.00
SBD 4.27