Today has the party of sunshine

in #myanmar6 years ago (edited)

မှတ်ချက် -

စိတ်ချမ်းသာလိုလျှင် ကဗျာဆုံးသည်အထိပဲ ဖတ်ပါ ...

ရှေ့ဆက်ပြီး အတွေးကွန့်ထားတာကို လုံးဝ ( လုံးဝ ) မဖတ်ပါနှင့်။

သင် စိတ်ဆင်းရဲသွားရမည်။


ice-crystal-2871068_1280.jpg

Source

------–----------------------------

ယနေ့ နေသာပါသည်


ရင်ခွင်ထဲမှာ
အပျော်တွေ ပိုက်ထွေးလို့
အချစ်ရပ်ဝန်းဆီ
စမ်းချောင်းလေး ဖြာဆင်းသွားတယ် ...

ချစ်သူရဲ့ရယ်သံက
ဆည်းလည်းသံအလားပင် ...

ယနေ့ ...
ကိုယ့်နှလုံးသားရပ်ဝန်းမှာ
နေသာနေတာကြောင့်
အရာရာကြည်လင်လို့
အပြစ်မမြင်
အချစ်တွေသာ ထင်နေတာ
ရေမှာ အရုပ်ရေးမှန်း
မသိနိုင်လောက်အောင်
အံ့ချီးမကုန်တဲ့
ပန်းချီလက်ရာ ပါရမီအလားပင် ...


ဆက်ဖတ်မယ် ဆိုရင်လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲနော် ...

.
.
.
.
.


fist-2526897_1280.jpg

Source

တားမရရင်လည်း ဆက်သာဖတ်ပါဗျာ ...

ကဗျာအကြောင်း ကိုယ့်အမြင်လေးကို ပြောပြပါမယ် ...


သာမန်ကြည့်ရင်တော့ အချစ်ကဗျာတစ်ပုဒ်ပါ ... ချစ်သူအပေါ် ဘာမှ အပြစ်မမြင်နိုင်အောင် ဖြစ်နေတဲ့ သာမန်လူတစ်ယောက်ရဲ့ခံစားချက်လေးတစ်ခုသာ ... သို့သော်လည်း အမြင်တွေက ဘယ်မှာ ဒေါက်ခံထားတာလဲ ... အချစ်စိတ်တစ်ခုတည်းမှာပဲ မူတည်နေပါတယ် ... တကယ်လို့ အချစ်သာ အဓိက ဆိုတဲ့ အတွေးလေး ပျောက်သွားရင်ရော ... ဘာဖြစ်လာမလဲ?

ဆက်စဉ်းစားကြည့်ရအောင် ...

ရင်ခွင်ထဲမှာ အပျော်တွေ ပိုက်ထွေးနေတယ် ... တကယ်လို့ အဲဒီအပျော်တွေက လေထဲမှာ လွင့်ပါသွားရင်ကော ... အချစ်ရပ်ဝန်းကို ကြည်နူးမှု စမ်းချောင်းလေး ဖြတ်ဆင်းပါဦးမလား ... သမီးရည်းစားဘဝမှာ အရာရာဟာ ချစ်စရာ ကြည်နူးစရာ ကောင်းနေတယ် ... လွမ်းဆွတ်တယ်ဆိုရင်တောင်မှပဲ အဲဒီအလွမ်းဟာ ထမင်းစားပြီး လွမ်းနေတဲ့ အလွမ်း ... တစ်နည်းပြောရရင် ဗိုက်ဝပြီး ထမင်းလုံးစီပြီး နေ့လယ် တစ်မှေးအိပ်တုန်း မက်တဲ့ အိပ်မက်သာသာပါ ... တကယ်လို့ ဗိုက်ဟောင်းလောင်းနဲ့ လွမ်းဆွတ်နေမယ်ဆိုရင် အလွမ်းပီသပါဦးမလား ... လူ့သဘာဝအတိုင်း ပိုသာလွန်တဲ့ ခံစားချက်ကိုပဲ မြင်ကြပါတယ် ... သူ ငါ့အပေါ်မှာ ဘယ်လောက်ကောင်းနေပါစေ ... သူလုပ်ခဲ့တဲ့ အမှားကြီး တစ်ခုကို မမြင်နိုင်သေးသရွေ့ သူ့အပေါ် ဘယ်တော့မှ အကောင်းမမြင်နိုင်ဘူးဆိုတာ ခေတ်အဆက်ဆက် လူ လူ့ လူး တွေ ကျင့်သုံးလာခဲ့တဲ့ စည်းကမ်းတစ်ခုပါ ...

ချစ်သူရဲ့ ရယ်သံက ဆည်းလည်းသံအလားပင် ဖြစ်ပေမယ့် အမြင်မကြည်လင်မှု မှန်ချပ်ကို ပိတ်ကာလိုက်ရင် အဲဒီရယ်သံက ကိုယ့်ရင်ထဲ တိုးဝင်ပါဦးမလား ... ဘယ်လိုပဲ ကိုယ့်စိတ်ကို ကိုယ်တိုင် ထိန်းချုပ်ပြီး ပုံသေအမှန်တရားတွေနဲ့ လမ်းကြောင်းပြောင်းနေလည်းပဲ ဆည်းလည်းသံ ထွက်ပါဦးမလား ... ကြားတော့ ကြားနေမယ် ... ခေါင်းလောင်းကွဲကြီးက အက်ကိုးအသံသာ ဖြစ်နေတော့မယ် ...

ယနေ့ ကိုယ့်နှလုံးသားရပ်ဝန်းမှာ နေသာနေပေမယ့် သဘက်ခါ ဖိန်းနွှဲခါမှာ နေမသာတော့ရင်ရော ... အပြစ်မမြင် အချစ်တွေပဲ ထင်နေဦးမှာလား ... ရေမှာ အရုပ်ရေးတယ်ဆိုမှတော့ အမြဲ ထင်စရာ ဘာရှိတော့မှာလဲ ... အံ့ချီးမကုန်တဲ့ ပန်းချီလက်ရာဟာ ကြည့်ရှုသူရဲ့ခံစားမှုအပေါ်ပဲ မူတည်သွားတယ် ... လတ်တလော ဝမ်းရေးအတွက် ရုန်းကန်နေရသူအနေနဲ့ ဘာကြောင့် ပန်းချီအနုပညာကို ခံစားတတ်မှာလဲ ... သင်္ချာကျွမ်းကျင်သူအနေနဲ့ အနုသုခုမဘက်မှာ ဒုန်းဝေးနေတာ သူ့ဘဝနဲ့ သူကြောင့်ပါ ... ကိုယ်တွေက ကမ္ဘာကြီးကို အမြဲတည်ရှိနေမယ် ... ကိုယ့်ဘဝလေးဟာ အမြဲ မပြောင်းလဲဘူးလို့ ဘာကြောင့် ထင်မြင်နေကြတာလဲ?

စဉ်းစားပါ ... တွေးတောပါ ... စိတ်ညစ်ဖို့ မဟုတ်ပါဘူး ... ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာ အမြဲရှိနေအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားနိုင်အောင်ပါ ...

စာဖတ်သူတွေထဲမှာ အိမ်ထောင်သည်လည်းပါမယ် ... ပိုင်ရှင်မဲ့တွေလည်း ပါမယ် ... သာမန်အနေနဲ့ ဘယ်သူမဆို တွေးမိတာကတော့ ငါ့ဘဝက မဆိုးဘူးနဲ့ ငါ့ဘဝက ဆိုးတယ် ၂ခုပဲ ရှိပါတယ် ... ဘယ်လို ဆိုးသွားတာလဲ ... ဘယ်လို ကောင်းအောင် လုပ်မလဲ ဆိုတာကိုတော့ ကိုယ့်ပတ်ဝန်းကျင်နဲ့ လိုက်ဖက်စွာ ကိုယ့်ဘာသာ ပုတ်သင်အရေခွံခြုံရမှာပါ ... မီးရောင်အောက်မှာ အနီရောင် ပြောင်းဖို့ သင်ပေးထားတဲ့ စာဖတ်ပြီး အစိမ်းရောင် သစ်တောထဲမှာ သွားပြောင်းနေရင် ကိုယ်က လောကကြီးနဲ့ အံမဝင် ဂွင်မကျသူသာ ဖြစ်နေပါမယ် ...

စဉ်းစားပြီးရင် ဆက်ပြီး ကြည်နူးပါ ... နှလုံးသားအာဟာရက နတ်သုဒ္ဓါဆိုတာ စားသုံးဖူးသူတွေအသိပါ ...

တစ်ခုပဲ စိတ်ထဲ ကြိုတင်ဖြေသိမ့်ထားဖို့ လိုတယ် ...

စမ်းချောင်းတစ်ခုတည်းမှာတောင် ရေက ၂ ခါ တူညီစွာ မစီးဆင်းပါဘူး

အားလုံးပဲ ကံကောင်းခဲ့ ကံကောင်းဆဲ ကံကောင်းမြဲ ဖြစ်ကြပါစေ ...


girl-801804_1280.jpg

Source

-----–---------------------------------

@sawlwin

MSC 176

Sort:  

စိတ်မကြည်ရင် စဲလဲသံလည်းမကြားတော့ဘူးဟုတ်တယ်

အသံကာလာချိန်းသွားတယ်ပေါ့

အတွေးအခေါာကောင်းပါသည်

ကျေးဇူးတင်ပါတယ် အန်တီ

မဖတ်​နဲ့ဆိုမှပိုစိတ်​၀င်​စားပြီးဖတ်​လိုက်​ပါပြီ....

စိတ်ချမ်းသာပါစေဗျာ

ကဗျာလေးမှာပါတဲ့ ချစ်ခြင်းတရားတွေကို လူတွေရဲ့ သဏ္ဌာန်မှာ ရှိတတ်တဲ့ တရားတွေနဲ့ဖော်ကျူးပြသွားတာ အရမ်းသဘာဝကျတယ်

သဘာဝတရားက မပြောင်းလဲပါဘူး အသွင်မတူတာပဲ ရှိပါတယ်

နတ်သုဒ္ဓါ က သာမန်လူစားရင် အစာမကြေဘူးတဲ့ ဒါကြောင့် မစားတော့ပါဘူး

ဦးစိုး စားပြီး ပါပြီ

ဟုလား မေ့နေတာနေမယ် ☺☺☺

ကောင်းလွန်းလို့  ဆွေမျိုးမေ့သွာပြီပေါ့လေ

ခုမှသတိရတယ် ကိုစောရေ ဒါကြောင့် အစာမကြေဖြစ်နေတာကိုး

တိန်

လိုက်လျောညီထွေနေရလွန်းလို့ တစ်ခါတစ်လေ ကိုယ်ဘယ်သူဆိုတာတောင် ပျောက်လာတယ်

Mixture ဖြစ်သွားတာလေ

မဖတ်နဲ့ဆိုလေ ဖတ်ချင်လေဖဲ😁

ပိုင်ရှင်မဲ့ကြီး အားပေးသွားတယ်

နတ်‌သုဒ္ဓါ တဲ့။တင်‌စားချက်‌မိုက်‌တယ်‌ဟ။

အရသာ ဘယ်လိုနေလဲ ကိုမဟော်

လွမ်းလည်းလွမ်းဖူး
ကြွေကွဲတာကြွေကွဲ
ဖြေဆည်မရခဲ့သလို
နောက်တော့လည်း....
ဘာမှ မဟုတ်တော့သလို
ခုတော့လည်း ဘာမှ မဖြစ်ခဲ့သလို

အခုက ဘေးမှာ အမြဲ ရှိနေပြီပဲဟာ

ယနေ့ နေသာပါသည် ကဗျာလေးကို အမြင်နှစ်မျိုးနဲ့ မြင်ပြီး တွေးပြသွားတာ ကောင်းတယ်ဗျာ။ဆက်မဖတ်နဲ့ စိတ်ဆင်းရဲမယ်ဆိုပြီး စာဖတ်သူ၏စိတ်ကို ဆွပေးထားတာဟာလည်း ဆွဲဆောင်မှုတစ်ခုပါ။လေးစားလျက်

မှတ်ချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63220.55
ETH 2560.85
USDT 1.00
SBD 2.80