Vote နှင့် Comment ရရှိနိုင်သည့် နည်းလမ်းများကိုရှာဖွေခြင်း

in #steemhunt6 years ago (edited)

image

Vote နှင့် Comment ရရှိနိုင်သည့် နည်းလမ်းများကိုရှာဖွေခြင်း

Steemit Platform ပေါ်တွင် ပို့စ်များရေးသား၍ Steem dollar များစုစောင်းရယူရန်ကြိုးပမ်းတော့မည်ဆိုလျှင် ပထမအရေးကြီးဆုံးမှာ Vote နှင့် Comment များ ရရှိရေးဖြစ်ပါသည်။ အကြောင်းမှာ Steemit ကချမှတ်ထားသော မူအရပင် Vote နှင့် Comment များလျှင် လူကြိုက်များသည် သတ်မှတ်ထား၍ဖြစ်ပါသည်။ သို့သော် Steemit တွင် ကောင်းဆုံးသောစာများရေးတင်ပေးနေနိုင်လျှင် Vote နှင့် Comment များ အများကြီးရရှိလာ လိမ့်မည်ဟုထင်လျှင်တော့ လွဲ ပါလိမ့်မည်။ဘာမန့်လို့မန့်ရမှန်းမသိအောင်ညံ့ဖျင်းလွန်းသည့်စာများထက် အနည်းငယ်သာလွန်ယုံမျှရှိပါလိမ့်မည်။

သို့ဖြစ်၍ Vote နှင့် Comment များရရှိရေးအတွက် နည်းလမ်းများကို ရှာကြံလာကြလေသည်။ ထိုသို့ရှာကြံလာ ကြသည့်သူများထဲတွင် MSC သည်လည်းတစ်ဦးအပါအဝင်ဖြစ်လေသည်။ MSC ၏နည်းလမ်းသည် လူတိုင်းလုပ်နိုင်ပြီး အ လွယ်ကူဆုံးလုပ်နိုင်သည့်နည်းလမ်းဖြစ်ပါသည်။ ယင်းမှာ Messenger Chat group တည်ထောင်ပြီး အချင်းချင်း အပြန် အလှန် upvote ပေးရန် Vote နှင့် Comment မပေးမနေရသည့်စနစ်ဖြစ်သည်။ နောက်တစ်ခုမှာ Curie ကိုအကူ အညီတောင်း၍ Promotion ပေးခြင်းဖြစ်သည်။ဒီတစ်ချက်က ကိုဟင်နရီအောင်၏ စွမ်းဆောင်ချက်နှင့်ဖြစ်သည်။

သို့သော် Vote နှင့် Comment များရရှိနိုင်သည့် နည်းလမ်းများမှာ အများအပြားရှိပါသေးသည်။@minowsupport ၏ထောက်ပံ့မှုဖြင့် Discord တွင် Upvote တောင်းခံသည့်နည်းလမ်း။steembottracker.com တွင် Promote ယူ၍ မိမိ Vote ပေးစေချင်သော Url ဖြင့် မိမိပိုင် SBD,Steem စသည်တို့ကို ပေးပို့၍ Vote ပေးခိုင်းခြင်း၊ History tag, Photo tag, science tag, article tag စသည်ဖြင့် tag တူရာတူရာစုပေးပြီး Vote ပေးစေခြင်း စသည့်နည်းလမ်းများရှိပါသည်။

ထို့အပြင်ယခုနောက်ပိုင်းတွင် Steemhunt, Steempress-io, Steempress, kryptonia,superiorcoin စသည့် သူ များမှလည်း ယင်းတို့၏ tag များကို အသုံးပြုပြီး ပို့စ်တင်ပါက Vote နှင့် Comment ရမည့်စနစ်များ တီထွင်လာကြရာပါ သည်။ ထို့ပြင် SMTs ခေါ် Smart Media Token များတီထွင်အသုံးပြုလာကြပြီး Steemit User များအလိုချင်ဆုံးဖြစ်သည့် Steem Power (SP)နှင့်ညီမျှသော Token များပေးကမ်းကာ Steemit platform သို့ထိုးဖောက်ဝင် ရောက်လာကြပါသည်။ ထိုအပြင် 8ball, byteball သည့် application များမှလည်း RP နှင့်ညီမျှသော bytes များအကောင့်ဖွင့်ယုံဖြင့်ပေးလာ သည်ကိုတွေ့ရသည်။

Steemhunt သည် သူ့ Website တွင် အကောင့်ဖွင့်သူများကို Hunt token များထုတ်ပေးလျှက်ရှိပြီး Steemhunt tag ကိုအသုံးပြု၍ Post တင်သူများကိုလည်း Upvote များရရရှိစေရန်ဖန်တီးလာကြပါသည်။ steemhunt tag ကိုအသုံးပြု၍ Post တင်သည့်အခါ www.steemhunt.com ၏ today list တွင်ပါဝင်လာမည်ဖြစ်ပြီး today list ရှိ Post များကို Vote, comment, resteem များပြုလုပ်လျှင် Hunt token များထုတ်ပေးနေသည့်အတွက် ဤနည်းသည်လည်း Vote, comment ရရှိနိုင်သည့်နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။

kryptonia,superiorcoin ဆိုလျှင် ယင်းတို့ ကိုယ်ပိုင် Website များတွင်အကောင့်ဖွင့်ပါက Discord channel ကဲ့သို့ Vote , comment များလာပေးရန်စီစဉ်လာကြသည်။အကောင့်ဖွင့်လိုပါက အောက်ပါလင့်တွင် အကောင့်ဖွင်နိုင်ပါ သည်။

https://kryptonia.io/?ref=KDN47LVN7Q

အကောင့်ဖွင့်ပြီး၊ မှတ်ပုံတင်ပြီးတာနဲ့ facebook, twitter, gmail နဲ့ linkIn account တွေနဲ့ ချိတ်လိုက်ရင် ၄၀၀ Superiorcoin ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Task တစ်ခု အလကားပေးပါတယ်။ task ဆိုတာကတော့ Steemit မှာပို့စ်တင်သလိုမျိုး Title, Body နဲ့ ကိုယ် က Vote, Comment ပေးစေချင်တဲ့ Post Link ကိုထည့်ပေးရတာပါပဲ။ ကိုယ် task ကိုသူများ Vote , Comment ပေးရင် သူက superiorcoin တွေပေးပါတယ်။ သူများ task ကို ကိုယ်က Vote , Comment ပေးရင်လည်း ကိုယ်က superiorcoin တွေရပါတယ်။ နည်းလမ်းအသေးစိပ်ကိုတော့ @mmunited ရဲ့ အောက်က Link မှာ သွားကြည့်နိုင်ပါတယ်။မြန်မာဘာသာနဲ့ရေးသားထားတာပါ။
နောက်တစ်ခုကတော့ How to get a Whale Vote on your post ပါ ။ သိတဲ့အတိုင်း Steemit platform ပေါ်မှာ Whale အဆင့်ဆိုတာအမြင့်ဆုံးပါ။ သူတို့တွေက ကိုယ်ကိုလာပြီး 100% Upvote ပေးဖို့ဟာ မတွေးကောင်းစရာပါ။ ဒါပေမယ့်နည်းလမ်းတွေဟာရှိနေကြတာပါ။ အသေးစိတ်ကိုတော့ အောက်ကါ Link မှာဖတ်ရှုပါ။ သူကတော့ English လိုပါ။

ယခုဖေါ်ပြပါနည်းလမ်းများအပြင် အခြားသောနည်းလမ်းများလည်းရှိနေနိုင်ပါသေးသည်။ Steemit Myanmar အဖွဲ့ဝင်များ စူးစမ်းရှာဖွေကြပြီး Vote , Comment တိုးတက်ရရှိကြပြီး Steem Power များလည်းအမြန်မြင့်တက်လာနိုင်ကြပါစေ။
ဤ ပို့စ်တွက်ကျွန်တော်ရေးသားချက်များသည် အလုံးစုံပြည့်စုံလှသည်မဟုတ်ပါ။ အငြင်းပွားခြင်း၊ဖြည့်စွက်ခြင်း၊ အကြံပြုခြင်း ဝေဖန်ခြင်းများကို လေးနက်စွာခံယူကြိုဆိုပါသည်။

မင်းစိုးနိုင်

MSC 010

Photo-Google

Sort:  

မျှဝေပေးလို့ကျေးဇူးအထူးပါဆရာရေ့

ကျေးဇူးမတင်ပါနဲ့အပြန်အလှန်မျှဝေကြတာပေါ့

‌ပြော ပြ‌ပေးလို့ ‌ကျေးဇူးပါ ဆရာစိုး။

သိသမျှကို မျှဝေတာပါ၊တကယ်တော့ အများရဲ့အတွေ့အကြုံတွေနဲ့ဆွေးနွေးပေးစေချင်တာပါ

အောက်ကလင့်ခ် ဆိုတာ ဘယ်ဟာလဲရှင်...။ whale တွေဆီက vote ရနိုင်အောင်ဆိုတဲ့ဟာကလေ...

အဲဒီလင့်ကို လာဘမ်းသွားလို့ဖြုတ်ပေးလိုက်ရတာ

ကျေးဇူးပါဆရာ အခုလိုပြောပြပေးတဲ့အတွက်

ဝိုင်းဝန်းလေ့လာကြတာပေါ့၊

Link သိပါရစေ

အထက်ကလင့်က အကောင့်ဝင်ဖွင့်လို့ရပါတယ်၊တကယ်လာပြီးလည်း vote ပါတယ်၊ အောက်ကလင့်က တင်ထားတာကိုလာဘမ်းသွားလို့ဖြုတ်ပေးလိုက်ရတာ

နည်းလမ်းလေးတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။အားလုံးအတွက်လည်း အသိတိုးစေပါတယ်။link လေးတွေလည်း အလင်းပြပေးပါခင်ဗျာ

  vote   

myanmar tagကို နောက်ကထားလည်း ရလား ဦးမင်း

ရတယ်ထင်တာပဲ၊steemhunt ကိုရှေ့ကထားလိုက်တာက သူတို့လာ vote မယ်ဆိုလို့လေ

ကျေးဇူးပါဦးမင်းရေ
လေ့လာကြည့်ပါအုံးမည်

လေ့လာပါ၊မှတ်သားပါ၊မျှဝေပါဗျာ

Congratulations @minsoenaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66274.97
ETH 3175.04
USDT 1.00
SBD 4.06