Meditation For Mindfulness (4)

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

part 1
part 2
part 3

အားလုံးဘဲ မင်္ဂလာပါ။ ကျန်းမာပါစေ ချမ်းသာကြပါစေ၊ စိတ်နှလုံး အေးချမ်းကြပါစေ အေးချမ်းပါစေ အေးချမ်းပါစေ။ ဝင်လေထွက်လေကို သိမှတ်ခြင်းခေါ် အာနာပါန နည်းကို တစ်ဆင့်တက်ပြီး ဆွေးနွေးတင်ပြပါရစေ။ ထိုအကြောင်းကို မပြောခင် အာနာပါန အကြောင်းကို အနည်းငယ်မိတ်ဆက်ပါရစေ။ ဒီနေ့တော့ ဘာသာရေးဆန်ဆန် ဆွေးနွေးပါရစေ။ သမိုင်းကြောင်း ပြောရမှာဆိုတော့ ဘာသာရေးဆန်သွားရင် နားလည်ပေးပါ။ ပွင့်တော်မူကြကုန်ပြီးသော ဘုရားတိုင်း ဘုရားတိုင်းဟာ အာနာပါန ကျင့်နည်းနဲ့ ဘုရားအဖြစ်ကို ရောက်ကြတာပါ။ ထိုနည်းကလွဲပြီး ဘုရားဖြစ်တဲ့ မြတ်စွာဘုရားဆိုတာ မရှိခဲ့ပါဘူး။ ထိုအာနာပါနနည်းဟာ အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ အာနာပါနဟာ သမထလည်းဖြစ်သလို ဝိပဿနာလည်း ဖြစ်စေပါတယ်။ ပြောရမယ်ဆိုရင် နှစ်လမ်းသွားလို့ရတဲ့နည်းပါ။

images (14).jpeg
crd.org.source

ဒီအာနာပါနနည်းကို နည်းစနစ်မှန်စွာနဲ့ ဝီရိယပြင်းထန်စွာ အားထုတ်လို့ရှိရင် ၇ရက်မှ ၇နှစ်အတွင်း ဘဝလွတ်မြောက်မှုခေါ် နိဗ္ဗာန်ကို ရစေပါတယ်လို့ ရှင်တော်ဘုရား ဟောကြားထားပါတယ်။အာနာပါနနည်းကို အကျင့်ထုံလာတဲ့သူဟာ ကိုယ်သေမယ့်နေ့ကို ကြိုသိပါတယ်။ ဒါဟာထူးခြားချက်ပါ။ မြန်မာပြည်မှာ ကိုယ့်ဘာသာရေချိုး ၊အိပ်ယာပြင်၊ အားလုံးနှုတ်ဆက် ၊ ပြုံးပြုံးလေးနဲ့အသက်ထွက်သားတဲ့သူတွေတစ်ပုံကြီးပါ။ သေပြီးတောင် အကြောတွေကပျော့ပျောင်းစေတယ်။ အာနာပါန ကျင့်ကြံသူတွေသေရင် မပုပ်သိုးပါ။ မပုပ်မသိုး ရုပ်ကလပ်တော်တွေထားခဲ့တဲ့ ရဟန္တာမထေရ်ကြီးတွေ ဆရာတော်ကြီးတွေဟာ အာနာပါနနည်းနဲ့ကျင့်ကြံခဲ့လို့ပါ။ ဥပမာ စွန်းလွန်းဆရာတော်ဘုရားကြီး။ ဝင်လေထွက်လေမှတ်တာ ကုသိုလ်နည်းတယ်မထင်နဲ့။ တစ်နေ့သုံးခါ အိုးတစ်ရာဖြင့် ချက်ကာထမင်း ကျွေးမွေးခြင်းထက် မယွင်းစင်စစ် နို့တစ်ညှစ်စာ ကြိမ်သုံးခါမျှ မေတ္တာပွားများ ကျိုးကြီးမားသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်းတဲ့။ ထိုမေတ္တာပွားတဲ့အကျိုးထက် ဝင်လေထွက်လေကို တစ်ရှူ တစ်ရှိုက်မှတ်တဲ့ကုသိုလ်က ပိုကြီးမားတယ်တဲ့။ပေါ့ပေါ့မတွေးပါနဲ့ မိတ်ဆွေ ၊ရတဲ့အကျိုးတရားက ပြောမကုန်နိုင်အောင်ပါ။ အာနာပါန အကျိုးတရားကို စိတ်ချမ်းသာစေရုံ စိတ်အေးချမ်းစေရုံလောက်နဲ့ပြောရတာ မြတ်စွာဘုရားကို အားနာဘို့ကောင်းလှပါတယ်။ ဒီဘဝမပြောနဲ့ သံသရာအတွက်ပါ ကောင်းစေတဲ့ ကျင့်နည်းတွေပါ။

images (15).jpeg
crd.org.source

Meditation လို့ ယေဘူယျသတ်မှတ်ပေမယ့် တကယ်တမ်းလေ့လာရင် နည်းစနစ်တွေ အများကြီး ကွဲပြားတာတွေရှိပါတယ်။ စိတ်တည်ငြိမ်စေတဲ့ သမထနည်းတင် ၄၀ ရှိပါတယ်။ အခုအနောက်နိုင်ငံသားတွေ ခံစားသိမြင် အရသာတွေ့နေတဲ့ mindfulnessဟာ တကယ့်အကျိုးတရားပိုင်းနဲ့နှိုင်းယှဉ်ရင် ပါးပါးအဆင့်ဘဲရှိပါသေးတယ်။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင် ပီတိ အဆင့်လောက်မှာကတည်းက Mindfulness အကျိုးတရားက ရရှိနေပါပြီ။ အဓိကပြောချင်တာက အကျိုးတရားပိုင်းဟာ mindfulnessထက် နက်ရှိုင်းသလို လက်တွေ့လုပ်ငန်းစဉ်ကလည်း သူ့အဆင့်လိုက်ရှိပါတယ်။ လယ်တီဆရာတော်ကြီးရေးသားခဲ့တဲ့ အာနာပါန ဒီပနီကျမ်းမှာ ကျင့်ရမယ့်အဆင့်နဲ့ပက်သက်လို့ အလင်္ကာရေးဖွဲ့ထားခဲ့ပါတယ်။
သတိမြဲရာ ပထမာ
ဒုမှာ ရှည်တိုသိ
လုံးစုံလင်းရာ တ-၌သာ
စ-မှာ ငြိမ်းစေဘိ။ (လယ်တီဆရာတော်)

images (16).jpeg

crd.org.source

အချုပ်ပြောရမယ်ဆိုရင် အခြေခံအဆင့် လေးဆင့် ရှိပါတယ်။ပညာရပ်တစ်ခုကို လေ့လာမယ်ဆိုရင် နည်းစနစ်ကျကျ မှန်မှန်ကန်ကန် သိထားဘို့ အလွန်အရေးကြီးပါတယ်။ လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့။ အခုမလုပ်နိုင်သေးတောင် နောင်အဆင်ပြေရင် လုပ်နိုင်အောင် သိထားတော့ ပိုကောင်းတာပေါ့။ ကျွန်တော်လည်း ထိုကုသိုလ်လေး လိုချင်လို့ စာအုပ်ကိုမှီငြမ်းပြီး နားလည်သလောက်ရေးခြင်းဖြစ်ပါတယ်။ နောက်နေ့တွေမှာ တစ်ပိုင်းစီ တစ်ဆင့်စီ တင်ပြဆွေးနွေးသွာပါ့မယ်။ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ရပ်နားပါရစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Experience must be bought.

ကျမ်းကိုး - ဒဿနပါရဂူကျမ်း(ဓမ္မာစရိယဦးဌေးလှိုင်)

MSC-228
@mahaw

Sort:  

Oxford ဆရာတော်ဟောတာ ဒီနေ့ နာခဲ့ရတယ် အရမ်းကောင်းတာပဲ အရမ်းရှင်းတယ်

Posted using Partiko Android

Emotion အကြာင်း ဟောတာ သိပ်ကောင်းတယ်။

တရားထိုင်မယ်ဆိုရင် ကိုမဟော်ကို လာမေးမေ

Posted using Partiko Android

ကုသိုလ်လိုချင်လို့ စောင့်နေပါမယ်ဗျာ။

တော်ဘီ နောက်မဖတ်တော့ဘူး ဘုန်းကြီးဝတ်ချင်စိတ်ပေါက်တော့မယ် ☺

ကြိုးစားရမှာပ

တဖြည်း ဖြည်းကြိုးစားရင် လုပ် ဖြစ်ပါတယ်ဦး။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63470.48
ETH 2544.22
USDT 1.00
SBD 2.72