နေတက် ရေတက်ဖွားများ ( ၅ )

in #myanmar6 years ago

image

အပိုင်း ( ၁ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-1-bcbefc3902925

အပိုင်း ( ၂ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-2-386982b8cedc7

အပိုင်း ( ၃ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-3-dad79a476a686

အပိုင်း ( ၄ ) ဖတ်ရှုရန် . . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-4-21147ec0b548c

တင်မြင့်ကား သားအကြီးဆုံးဖြစ်သလို အပေဆုံး အတေဆုံးဟုပင် ဆိုရမည် ။ အလုပ်ဟူ၍မရှိ လက်ကြောတင်းအောင်မလုပ်ပဲ ရွာရဲ့ချဉ်ဖတ်အဖြစ်သာ နေသည် ။ သူ့ အတွက် စားစရာသောက်စရာဟူ၍ မပူရပေ ။ သူ့ ထံတွင် မြွေတစ်ကောင် မဟုတ်တစ်ကောင် ခါးပိုက်ထောင်ထဲ အမြဲပါလေ့ရှိသည် ။ ထမင်းစားချိန်တန်လျှင် ထမင်းဆိုင်တွင် မြွေထုတ်ပြ၍ မိုက်ကြေးခွဲ စားသောက်လိုက်သည်သာ ။ ထိုကဲ့သို့  ခြောက်လှန့် စားသောက်နေသော်လည်း မည်သူမျှ မငြင်းဆန် အံ့မတုဝံ့ချေ ။ တင်မြင့် မြွေဖြင့်တိုက်လွှတ်မည်ကို အလွန်ပင်ကြောက်ကြသည် ။ ထို့ ကြောင့် မသထာသော်လည်း ကျွေးမြဲ ပေးမြဲပင် ။ တင်မြင့်ကလည်း မသထာမှန်းသိပေမဲ့လည်း မြွေနှင့် ခြောက်လှန့် စားသောက်ရသည်ကပင် သူ့ အတွက် ဂုဏ်ရှိသလိုလို ခံစားနေတော့သည် ။

တင်မြင့်ကား မိခင်မေတ္တာ အပြည့်အဝ ရခဲ့သူ မဟုတ်ပါချေ ။ သူ့ ကိုမွေးပြီး လေးငါးနှစ်သား အရွယ်ကပင် သူ့ ရွာကို ဆေးကုလာသည့် ရှမ်းလူမျိုးဆေးဆရာကြီးတစ်ဦးက မွေးစားရန်ဟူ၍ ခေါ်ဆောင်သွားသည် ။ ထိုအရွယ်မှ မိသားစုနှင့်ကွဲကာခဲ့ရသည်မို့  ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေတော့နေတော့သည် ။ ရှမ်းဆေးဆရာကြီးတို့ ဒေသတွင် မြွေဆိုးအလွန်ပေါများသည့်အတွက် မြွေနိုင်သည့် ဆေးကို ဂါထာမန္တာန်စုတ်၍ သူထိုးခဲ့ရသည် ။ ထို့ ကြောင့် ငယ်စဉ်ကတည်းကပင် မြွေနိုင်သည် ။ အဆိပ်ရှိရှိ မရှိရှိ တင်မြင့် လက်ထဲ ရောက်သွားလျှင် မြွေဟူသမျှ သတ်လိုကသတ် လွှတ်လိုကလွှတ်ဖြစ်ကုန်တော့သည် ။ ယခုလည်း ဇာတိရပ်ရွာ ပြန်လာသည့်အခါ တင်မြင့် မြွေအမျိုးမျိုးပြပြီး" ကိုက်ခိုင်းလိုက်ရမလား လွှတ်ထားခဲ့ရမလား " ဆိုပြီး ခြောက်လှန့် ကာ အူစိုနေခြင်းပင် ။ အိမ်လည်းမကပ် ရှိသည်ဟူ၍လည်း သဘောမထား မိခင်ဖြစ်သူလည်း ပြောမနိုင်၍ လွှတ်ထားရသည် ။

ယခုလည်း တင်မြင့် လောင်းကြေးစားကြေးဖြင့် မြွေဖမ်းလာသည် ။ နတ်မြွေဟု အများက သတ်မှတ်ထားသော ကာလီမယ်တော်ကျောင်းမှ မြွေကြီးဖြစ်သည် ။ ယောကျာ်းပေါင်လုံးလောက်ရှိပြီး စပါးအုံးမြွေ အမျိုးအစားပင် ။ ပွဲတော်ရက်ဆိုလျှင် ထိုမြွေကြီးအား နို့ တိုက်ပွဲပင်ကျင်းပကြသည် ။ ထိုမြွေကိုမှ တင်မြင့်ဖမ်းလာသည်ဆိုတော့ မိခင်ဒေါ်ညာသူတစ်ယောက် ရင်တထိတ်ထိတ်နှင့်ပင်။ ဖမ်းလာရသည်ကလည်း တင်မြင့်မာနကြောင့်ဟုပြောရမည် ။ " တင်မြင့် မင်းမြွေသာနိုင်တာ ကာလီမယ်တော်ကျောင်းက မြွေကိုတော့ မင်းမနိုင်ဘူးမလား။ မင်းဖမ်းပြီး ချက်စားရဲတယ်ဆို မင်းသောက်သမျှ အရက်ဖိုး ငါတို့ အမြဲရှင်းမယ် " ဆိုပြီး စကားစတော့ တင်မြင့်မူးပေမဲ့ ခေါင်းထောင်သွားသည် ။ မာနကို ထိခိုက်လာသည်ကိုး။ တလွဲမာနဖြစ်သွားသည်ဆိုတာကိုတော့ တင်မြင့်သိချိန်နှောင်းခဲ့ရသည် ။

တင်မြင့် ဖမ်းလာသော မြွေကြီးအား ချက်ရန် ပြင်လေသည် ။ သို့ သော် သူ့ စိတ်ထဲမှာ ခါတိုင်းလိုမဟုတ် ထူးထူးဆန်းဆန်း သတိထားမိနေသည် ။ သို့ ပေမဲ့ စကားအခံရှိထားသည်မို့  မြွေကြီးကို သတ်ကာ အပိုင်းပိုင်းတုံးပြီး ဒန်အိုးကြီး တစ်လုံးထဲ ထဲ့ပြုတ်တော့သည် ။ မြွေကြီးကား အပိုင်းပိုင်း အတစ်တစ်ဖြစ်နေသော်လည်း ဒန်အိုးထဲတွင် လှုပ်နေတုန်းပင် တင်မြင့်ကြောက်မိသည် ။ ကိုဟ့်ကိုကိုယ်လည်း သတိပေးသလိုမျိုးတွေးမိသည် ။ " မြွေသေရင်သေ မြွေမသေရင် ငါသေလိမ့်မယ် "ဆိုပြီး မီးသာနိုင်နိုင်ထိုးသည် မီးများများထိုးလေ မြွေသားများထည့်ထားသည့် ဒန်အိုးကြီးက ပိုလှုပ်လေဖြင့် တင်မြင့်တစ်ယောက် ဇောချွေးများပျံနေလေသည် ။

ဆက်ရန်. . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Sort:  

မြွေကအူယားစရာ ကြောက်လဲကြောက်စရာ။

မတ်ဇာကို အဲ့လိုမြွေသား ချက်ကျွေးမယ်

အာ့မလေး မြွေမြင်ရင်ကို ကြောက်တာ စားဖို့ကတော့ဝေးရော

တူတူပဲ စားလို့ မရဲဘူး ကြောက်တာ

ဒုက္ခဘဲ ကိုတင်​မြင့်​ဘာ​တွေဆက်​ဖြစ်​မလည်း

လာမယ် ကွောင်ကြီးရေ

ကာလီ မယ်တော်ရဲ့ မြွေကိုမှ တင်မြင့်ရယ် ဒုက္ခလှလှတွေ့တော့မယ်

ဒုက္ခက လှလို့ လားမတ်စုရယ် တင်မြင့်တော့ သေချာနေပြီ

ကောင်းခန်းရောက်နေပီ

ဆက်မျှော်နေပါ လာမည်

မြွေဆို မြင်ယုံနဲကြောက်တာ
မခံချင်စိတ်ကကြောက်စရာပါလား

တစ်ချို့မြွေလေးတွေ ချစ်စရာပါ ဦးထွေးရဲ့

မြွေကောင်းကိုမှကွယ် ........

vote and ment အတွက် လာအားပေးသွားပါတယ်။မြွေကြီးကို ဒန်အိုးထဲမှာထည့်ပြီး ချက်ကြတာ စိတ်ဝင်စားစရာပါ။ကောင်းလှပါသည်ခင်ဗျာ

ကျေးဇူးပါ pro လည်းလူနည်းသွားတော့ vote ment လိုနေတာ

သုတစာပေအရေးအသားဖက်ကိုကူးစပြုလာပြီပေါ့လေ။

ဟုတ်တယ် ဆရာဖေဖေရေ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ဦးလေးအရင်းခေါက်ခေါက်တွေ အကြောင်းကို ရေးဖို့ တွေးမိတာပါ စနေသားချည်း၇ယောက် နှစ်ယောက်လားပဲ အသက်ရှင်တယ် ကျန်တဲ့သူတွေ ဆိုးသွမ်းပေတေရင်း ဆုံးသွားကြပြီ

Congratulations @gunapeya! You have received a personal award!

SteemitBoard World Cup Contest
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 66882.49
ETH 2597.23
USDT 1.00
SBD 2.71