နေတက် ရေတက်ဖွားများ ( ၄ )

in #myanmar6 years ago (edited)

image

စနေနံသား တစ်ကောင်ဖွားများဆိုသည်မှာ လိမ္မာပြီဟေ့ ဆိုသည်နှင့် ရဟန္တာကြီးတစ်ပါးအသွင် ဖြစ်တော့သည် ။ အပြစ်ပြောစရာဟူ၍ မတွေ့ ။ ကိုယ်နှုတ်စိတ် သုံးပါး ယဉ်ကျေးသည်မှာ အလွန်ပင် ။ မိုက်ပြီဟေ့ ဆိုလျှင်လည်း အနန္တော အနန္တ ဘယ်နှပါးရှိမှန်းမသိ ။ ဒေဝဒတ် အဇာတသတ်ပင် လိုက်မမှီဟု ကြားခဲ့ဖူးသည် ။ ထို့ ကြောင့် နေတက် ရေတက်ဖွား ဆိုပြီး ခေါ်ဆိုခဲ့ကြသည် ထင်ပါသည် ။ နေမင်း၏ ပူပြင်းမှု ။ လမင်း၏ အေးချမ်းမှု ဆန့် ကျင့်ဘက်နှစ်ခု ဒွန်တွဲ ခေါ်ဝေါ်သမုတ်ထားသည်ကိုက သတိထားစရာပင် ။ ထိုနှစ်ခုအကြား ကျအောင်နေပြန်သော်လည်း သူများထက် ထူခြားပြန်ပါသေးသည် ။

ယခုလည်း တင်သိန်း တစ်ယောက် ဥစ္စာစောင့် မျိုးနွယ်ဝင် နတ်ပြိတ္တာတို့  ဘုံဗိမ္ဗာန်ထဲ ရောက်ခဲ့သည့် သတင်းက ရပ်ကွက်စုံ သတင်းစုံ မိခင်ဒေါ်ညာသူကြောင့် ဟိုးလေးတကြော်ကြော်ဖြစ်သွားလေတော့သည် ။ တင်သိန်းတစ်ယောက် တစ်ပတ်လောက်အကြာမှာတော့ ထမင်းပုံမှန်ပြန်စားလေသည် ။ ပုံမှန်လိုပင် ပြန်မပြော နားမထောင် လုပ်ချင်ရာ လုပ်တတ်သည့် ဇွတ်တရွတ်စိတ်များ ပြန်ပေါ်လာသည်ကို တွေ့သောကြောင့် မိခင်ဖြစ်သူ အနည်းငယ် စိတ်အေးသွားရသည် ။

ထို့ သို့ သော လူသားစင်စစ်ဘဝမှ နတ်ပြိတ္တာနွယ်ဝင်များနှင့် ရင်းနှီးကျွမ်းဝင်သည့် ပေါင်းဖက်သည့်ဇာတ်လမ်းမျိုး ဘုရားရှင် လက်ထက်တော်ကလည်း ပေါ်ပေါက်ခဲ့ဖူးသည် ။ လင်မယားနှစ်ယောက်တွင် လင်ဖြစ်သူက ဆုံးပါးသွားပြီးနောက် သစ်ပင်ကြီးတစ်ပင်တွင် အညံစား ရုက္ခစိုးနတ်ဖြစ်နေသည် ။ မယားဖြစ်သူကို စွဲလမ်းသည့်စိတ်ကြောင့် တစ်နေ့  မယားဖြစ်သူကို သူနေထိုင်ရာ ဘုံဌာနသို့  ခေါ်ယူပေါင်းသင်းခဲ့လေသည် ။ တစ်ပတ်လောက်အကြာမတော့ မယားဖြစ်သူ၏ ဆန္ဒအရ လူပြည် လူလောကသို့  ပြန်ခွင့်ပြုလိုက်ဖူးသည် ။ သို့ သော် သဟဇာတမဖြစ်တော့ချေ ။ လူ့ ပြည်တွင် နှစ်ပေါင်း ၃၀ လောက် ကုန်ဆုံးသွားခဲ့ချေသည် ။ သူနှင့်တန်းတူ ရွယ်တူ များအားလုံး နားထိုင်း ပါးထိုင်းတွေ ဖြစ်ကြကုန်သည် ။

မျက်စိဖြင့် မမြင်နိုင်သော်လည်း မရှိဟူ၍ ယုံကြည်မရပေ ။ လူပြည် နှင့် နတ်ပြည်တို့ ၏ သက်တမ်းကား အလွန်ပင် ကွာခြားသည် ။ နတ်ပြည်မှာ သိကြားမင်း၏ အခြွေအရံတစ်ဦး ပန်းခူးရင်းရုတ်တရက် နတ်သက်ကြွေကာ လူပြည်၌ သန္ဓေတည်ခဲ့သည် ။ ကုသိုလ် ကောင်းမှုဖြင့် နေထိုင်ရင်း အသက် ၁၂၀ ကျော်မှ ကွယ်လွန်ပြီး မူလနတ်ပြည်၌ နတ်သမီးပြန်ဖြစ်သော်လည်း ပန်းခူး၍မပြီးသေး ။ သူပျောက်သွားသည်ကိုပင် သတိမထားမိကြပေ ။ ထို့ ကြောင့် အချိန်ကင်းမဲ့ဇုန်သဖွယ် အဖြေရှာရ ခက်လှသည် ။ သိပ္ပံပညာဖြင့် လိုက်မမှီသော သဘာဝလွန်ဖြစ်ရပ်ဆန်းများလည်းဖြစ်သည် ။ နိုင်ငံတကာတွင်လည်း နှစ်ပေါင်းအတော်ကြာမှ ပြန်ပေါ်လာသော လေယာဉ်ပျံများ မီးရထားများ ရှိခဲ့ဖူးသည် ။ လိုက်ပါသူ တစ်ဦး တစ်ယောက်မျှ အသက်ကြီးသွားခဲ့ခြင်း အိုခြင်း နာခြင်း မရှိခဲ့ဟု DNA စစ်ဆေးချက်များ တွေ့ရှိခဲ့ရသည် ။

တင်သိန်းအကြောင်းကနေ စကားထွက်သွားလို့  ပြန်ဆက်ရအောင် ။ တင်သိန်းအနေအထား အဆင်ပြေသွားလို့  ဒေါ်ညာသူ စိတ်အေးမည် ကြံကာရှိသေး ။ သားကြီး သြရသ ဖြစ်သူ စနေသားဦး တင်မြင့်က တစ်စခန်း ထလာပြန်သည် ။ " ဘုတ် " ခနဲ အသံနဲ့အတူ ကြည့်မိတော့မှ ဒေါ်ညာသူတစ်ယောက် ခေါင်းနပန်းကြီးမိပြန်သည် ။
တင်မြင့်ယူလာပြီး ပစ်ချလိုက်သည်ကား ယောကျာ်းပေါင်လုံးလောက်ရှိသော စပါးအုံးမြွေကြီးပင် ။ တိတိကျကျဆိုလျှင် ရွာထဲမှ ဟိန္ဒူလူမျိုးများ ကိုးကွယ်သည့် ကာလီမယ်တော် ဘုရားကျောင်းမှ မြွေကြီးပင်ဖြစ်ပေသည် ။ တင်မြင့်တစ်ယောက် ဘယ်လို ဂြိုလ်မွှေလာပြန်ပြီလဲ မသိပါဘူးဟု ငြီးတွားရင် ဒေါ်ညာသူ ရင်တမမ ဖြစ်နေပါတော့သည် ။

ဆက်ရန် . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Sort:  

ဆက်ဖတ်ပါမည်အရှင်ဘုရား

ဟုတ်ကဲ့ပါ အားပေးတဲ့အတွက် ကျေးဇူးပါ

နတ်ပြည်ရောက်သွားတဲ့ အချိန် ဖုန်းလေးပါသွားရင် sefle ဆွဲခဲ့ရမှာ

ဒီခေတ်ကတော့ ခေါ်မနေတော့ဘူး cele ဖြစ်သွားပြီး ဟော့နေမှာကြောက်လို့ တဲ့

Loading...

မြွေကိုဘာလုပ်မှာပါလိမ့်

လာမယ် ဆရာကတော်ရေ မြွေကို ဘာလုပ်မယ်ဆိုတာ

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 66739.21
ETH 2594.70
USDT 1.00
SBD 2.70