ကိုယ်ချစ်တဲ့သူတွေကို တန်ဖိုးထားတတ်ဖို့

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာပါရှင်…..အခု Steemit Commiunity ထဲမှာ အိမ်ထောင်ရှိပြီးသားသူတွေ မိခင် ဖခင်နေရာရောက်နေသူတွေ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူတွေ ချစ်သူရည်းစားရှိသူတွေ ရှိကြမှာပါ…

image
.လူတိုင်း ချစ်ခြင်းမေတ္တာကို ခံစားတတ်ကြသည်…ချစ်ခြင်းမေတ္တာကို တန်ဖိုးထားကြသည်…ချစ်ခြင်းမေတ္တာခိုင်မြဲရန် နားလည်မှု ကိုယ်ချင်းစာတရား သံယောဇဉ် ဂရုစိုက်မှု ကြင်နာယုယမှု တို့နှင့် တည်ဆောက်ထားကြသည်…သို့သော်….လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသည်…တစ်ယောက်နှင့် တစ်ယောက် တွေးတောပုံချင်း အမြင်ချင်း မတူညီကြ ပြသာနာဖြစ်ကြသည်…ထိုအချိန်တွင် ညှိနှိုင်းကြရသည်…ညှိနှိုင်းမရသည့်အဆုံးတွင် လမ်းခွဲကြသည်အထိ ဖြစ်ကြသည်….ညှိနှိုင်းသည်ဟု ဆိုရာတွင်နှစ်ယောက်စလုံးမှ ဖြစ်စေ တစ်ယောက်မှ ဖြစ်စေ အလျော့ပေးကြရသည်….နှစ်ယောက်စလုံး အလျော့မပေးကြဘဲ ငါမှန်သည်ချည်း ဖြစ်ကြပါက အဆိုးနှင့်သာ အဆုံးသတ်ကြရမည်…စောင်းကြိုးကဲ့သို့ မလျော့လွန်းမတင်းလွန်း မှသာ သာယာနာပျော်ဖွယ် အသံဖြစ်လာမည်….တင်းလွန်းလျှင် ပြတ်မည်သာဖြစ်သည်…လက်ဖ၀ါးနှင့် လက်ဖမိုးကဲ့သို့ပင် ကိုယ့်ဘက်က အမှန်ချည်းသာ ထင်ကြသည်…ထိုအခါ စောင်းကြိုးကဲ့သို့ သာယာနာပျော်ဖွယ် ပျော်ရွှင်ဖွယ် မိသားစု တစ်ခုဖြစ်လာအောင် မလျော့လွန်း မတင်းလွန်း ဖြစ်အောင် ကြိုးစားကြရမည်…ကိုယ်ချင်းစာတရားထားပြီး နေကြရမည် သို့မှသာ အေးချမ်းသာယာသော မိသားစုဘ၀ကို ပိုင်ဆိုင်ကြရမည် ဖြစ်ပါသည်….

image
ကျွန်မကြည့်ဖူးသော ဇာတ်လမ်းတိုလေး တစ်ပုဒ်ကို အမှတ်ရမိသည်…မိသားစု ၃ယောက်ရှိသည့်အနက် .မိခင်ဖြစ်သူသည် အရွယ်မရောက်သေးသော သမီးငယ်လေးသည် ဖခင်ဖြစ်သူနှင့်သာနေထိုင်ရသည်.....ဖခင်ဖြစ်သူကလည်း သမီးလေးနေထိုင်စားသောက်ရန်နှင့် သမီးလေး ရှေ့ရေးအတွက် အလုပ်ကြိုးစား ၍ ငွေရှာနေရသည်....အိမ်တွင် အိပ်ချိန်သာနေရသည်....တစ်နေ့တွင် သမီးလေးက အလုပ်လုပ်နေသော ဖခင်နားကပ်၍ ဖခင် တစ်နာရီ လုပ်ခလစာ မည်မျှရသနည်းဟု မေးမြန်းသည်....ဖခင်ဖြစ်သူကလည်း အလုပ်လုပ်နေချိန်ဖြစ်နေသည်က တစ်ကြောင်း မုန့်ဖိုးရချင်၍ မေးမြန်းသည်ဟု ထင်၍ တစ်ကြောင်း သမီးလေးကို အော်ဟစ်လိုက်မိသည်....ပြီးမှ ငါ့သမီးလေးမှာ အကြောင်းပြချက်တစ်ခုခု ရှိမှာပဲ ဟုတွေးမိပြီး သမီးလေး အခန်းသွားကြည့်သောအခါ ငိုနေသော သမီးလေးကို တွေ့ရလေသည်....သမီးလေးကို ချော့ပြီး ဖေဖေ တစ်နာရီကို လုပ်ခလစာ 2 Dollar ရတယ် သမီးလေး ဘာကြောင့်သိချင်တာလဲ ဟု မေးရာ သမီးလေးက ဖေဖေ သမီးကို 1 Dollar ချေးပေးပါ ဟု ဆိုလေသည်…ပြီးနောက် အ၀တ်ဗီရိုကြားထဲမှ သူမ စုဆောင်းထားသော 1 Dollar ကို ထုတ်ယူခဲ့လေသည်…ထိုအခါ ဖခင်ဖြစ်သူက သမီးမှာ ငွေရှိသားနဲ့ တောင်းရသည်ဟု စိတ်ဆိုးဒေါသထွက်လာသည်….ထိုအချိန်သမီးလေး ပြောလိုက်သော စကားကြောင့် ဖခင်သည် သူ့အတွေးတွေ အလွန်မှားသွားပြီ ဟု နောင်တရလေသည်….သမီလေးက ဖေဖေ သမီးဆီမှာ စုထားတဲ့ 1 Dollar နဲ့ ဖေဖေ့ဆီက 1 Dollar ပေါင်း 2 Dollar နဲ့ ဖေဖေ့ဆီက အလုပ်ချိန် ၁နာရီ ၀ယ်ချင်ပါတယ်….တဲ့ အဲ့တစ်နာရီ အချိန်ကို သမီးဘေးနားမှာ နေပေးပါ ဖေဖေ…..တဲ့လေ…..ထိုဇာတ်လမ်းတိုလေးကို ကြည့်ရင်း ကျွန်မ မျက်ရည်ဝဲလာသည်….သူမနေရာမှာ ကျွန်မသာဆိုရင် ဟု စဉ်းစားမိသည်…သူမလို အရွယ်မရောက်သေးသူ တစ်ယောက်က 1 Dollar ရအောင် မည်ကဲ့သို့ စုဆောင်းခဲ့သလဲ သူမမုန့်ဖိုးတွေကို မစားရက် မသောက်ရက် စုဆောင်းခဲ့မှာ သေချာပါသည်…သူမ ဘယ်လောက် ချစ်ခြင်းမေတ္တာကို ငတ်မွတ်ခဲ့ရမလဲ…ကျွန်မစိတ်ထဲတွင်…ထိုဇာတ်လမ်းတိုလေးသည် အချိန်အတော်ကြာ နေရာယူနေခဲ့သည်…ချစ်ခြင်းမေတ္တာကို အပြည့်အ၀ ကွင်းကွင်းကွက်ကွက် မြင်တွေ့လိုက်ရသည်…ခံစားလိုက်ရသည်….
image
နောက်ဖတ်ဖူးသော ဇာတ်လမ်းတိုလေး တစ်ပုဒ်ကို ပြောပြချင်ပါသေးသည်…မိသားစု သုံးယောက်…ဖခင် မိခင် နှင့် သိတတ်ခါစ သမီးငယ်လေးတစ်ယောက်…ချမ်းသာသော မိသားစု မဟုတ်ဘဲ သာမာန် လက်လုပ်လက်စား ၀န်ထမ်း..ဖခင်သည် အလုပ်ကြိုးစားနေရသည့် အခြေအနေ…တစ်နေ့ ဖခင်သည် ဧည့်ခန်းတွင် အလုပ်လုပ်နေစဉ် ရေချိုးခန်းထဲမှ မိခင် ဖြစ်သူက သမီးငယ်လေးကို ဆူပူနေသည်ကို ကြားသဖြင့် ရေချိုးခန်းထဲ ၀င်ကြည့်ရာ..သမီးငယ်လေးမှ မိမိ လွန်စာ ချွေတာစုဆောင်းပြီး ၀ယ်ယူထားသော မိမိလွန်စွာနှစ်သက်သည့် Laptop ကို ရေထဲစိမ်၍ တွေ့ရလေသည်...မိခင်သည် အမျိုးသားစိတ်ဆိုးမည် စိုးပြီး သမီးငယ်ကို ဆူပူနေသည်....ထိုအခါ ဖခင်က သမီးလေး ဘာလုပ်နေသလဲ ဟု မေးရာ ဖေဖေ့ Laptop ညစ်ပတ်နေလို့ ရေဆေးပေးတာပါတဲ့…..ထိုအချိန် ထိုနေရာတွင် ကျွန်မတို့သာ ဆှိုလျှင် စိတ်ဆိုး ဒေါသထွက်နေမှာ အသေအချာပင် ဖြစ်သည်..သို့သော် ဖခင် သည် ဒေါသမထွက် စိတ်မဆိုး ဖခင်ဖြစ်သူ ပြောလိုက်သော စကားသည် ကျွန်မစိတ်ထဲတွင် စွဲကျန်နေခဲ့အောင် အံ့အားသင့်စေခဲ့သည်…ဖခင်က Laptop က သမီးလေးလောက် အရေးမကြီးပါဘူး သမီးကသာ ကိုယ့်အတွက် အစားမထိုးနိုင်လောက်အောင် တန်ဖိုးရှိတာပါတဲ့ Laptop ဆိုတာ ငွေပြန်စုဆောင်းပြီး ၀ယ်ယူလျှင် ရနိုင်ပါသည်တဲ့…..တွေးကြည့်ကြရအောင် ကျွန်မတို့ တစ်နေ့တစ်နေ့ ဘာမဟုတ်တဲ့အရာတွေ အတွက် တန်ဖိုး အရှိဆုံး အစားမထိုးနိုင်သူတွေကို စိတ်ထိခိုက်အောင် စိတ်ဒဏ်ရာရအောင် ပြုလုပ်နေကြသည်…ကျွန်မကိုယ်တိုင် အပါအ၀င် ဖြစ်နေပါသည်…ဒီဇာတ်လမ်းလေးကို ဖတ်ပြီးသည့်နောက် ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်သူတွေကို ကျွန်မ စိတ်မထိခိုက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါသည်….ဒီလိုလူတွေကို ဆုံးရှုံးသွားပြီးမှ နောင်တရလည်း ကိုယ့်နားကို ကိုယ်ချစ်ရသူတွေ ကိုယ်တန်ဖိုးထားရသူတွေ ပြန်ရောက်လာဖို့ မဖြစ်နိုင်တော့ပါဘူး….

ကိုယ်တန်ဖိုးထားတဲ့သူတွေကို ရှိနေတုန်းမှာ တန်ဖိုးထားကြပါ…ဆုံးပါးသွားပြီးမှ ကိုယ့်အနားမှာ မရှိတော့မှ တမ်းတနေလည်း ပြန်မရောက်လာနိုင်တော့ပါ…ကိုယ်ချစ်ရသူတွေ ဖခင် မိခင် ညီအကို မောင်နှမ ကိုယ့်အမျိုးသား ကိုယ့်ဇနီးမယား….ဒီလူတွေကို တန်ဖိုးထားကြပါ…ပိုပြီး ချစ်ခင်ကြင်နာကြပါ……ဒီစာလေးကို ဖတ်မိတဲ့သူတွေလည်း ကျွန်မလိုပဲ အတွေးတစ်စ စိတ်ထဲရောက်ပြီး ကိုယ်ချစ်တဲ့သူတွေ အနားမှာ ရှိတဲ့အချိန် တန်ဖိုးထားတတ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်….ကျွန်မ ပုံ့ပုံ့ပါ…..
Photo from google search....

Sort:  

ဟုတ်​တယ်​ဗျာ
အလုပ်​​တွေပဲ လုပ်​​နေရင်း ကိုယ့်​မိဘ​တွေဆီကို မ​ရောက်​နိုင်​ဘူးဖြစ်​​နေတယ်​.....
Post ​ကောင်းတစ်​ခုပါဗျာ

ဒါနဲ့ ပုံ​တွေက Google ကဆိုရင်​ credit ​ပေးသင့်​ပါတယ်​ အကြုံပြုခြင်းပါ

အကြံပေးတာ ကျေးဇူးပါရှင့်

Thank you @boomboombam for making a transfer to me for an upvote of 0.97% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

Boomboombam, အကောင့်ဖွင့်တာကြာပီလား ပြီးတော့ msc မှာပါပီးပီလား ? ပရိုမုတ်က Sbd ဒါမှမဟုတ် steem ကို ပရိုမိုရှင်းပေးတဲ့သူတွေဆီကိုလွဲပိး vote ခိုင်းတာပါ

Congratulations @boomboombam! You received a personal award!

1 Year on Steemit

Click here to view your Board

Do not miss the last post from @steemitboard:

Christmas Challenge - The party continues

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @boomboombam! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63186.04
ETH 3392.68
USDT 1.00
SBD 2.50