မနိုးထချင်ဘူး အိပ်မက်သခင်ရယ်

in #myanmar6 years ago (edited)

မနိုးထချင်ဘူး အိပ်မက်သခင်ရယ်(၁)

https://steemit.com/myanmar/@aungtharkyaw/mnundefinedtaundefinedngbau-aipmkthkhngyay-2599326788fbe

မနိုးထချင်ဘူး အိပ်မက်သခင်ရယ်(၂)

https://steemit.com/myanmar/@aungtharkyaw/mnundefinedtaundefinedngbau-aipmkthkhngyay-8d9f292f7367e

မနိုးထချင်ဘူး အိပ်မက်သခင်ရယ်(၃)

https://steemit.com/myanmar/@aungtharkyaw/mnundefinedtaundefinedngbau-aipmkthkhngyay-7679adaa43f75

မနိုးထချင်ဘူး အိပ်မက်သခင်ရယ်(၄)

https://steemit.com/myanmar/@aungtharkyaw/mnundefinedtaundefinedngbau-aipmkthkhngyay-bd06d2c93897b

အခန်း(၅)မှအဆက်-

လက်ရှိအချိန်ထိတော့မိမိနှလုံးသား
ကိုလှုပ်ခပ်နိုင်မယ့် ယောကျာ်းမျိုး
မတွေ့ရှိသေးပေ။သူငယ်ချင်းလေး
ယောက်စလုံး"ရည်းစားမထားကြေး"
ဆိုပြီးကတိပြုထားကြသည်မဟုတ်ဘဲ
ရည်းစားထားဖို့ရန်ပင် အစီအစဉ်မရှိ
သေးကြောင့်ဖြစ်မည်။
ချည်းကပ်လာကြသည့်ယောက်ျား
လေးများကိုလည်းကိုယ့်နည်းကိုယ့်
ဟန်ဖြင့်ရှောင်တိမ်းခဲ့ကြလေသည်။
"ဟဲ့ အိမ်ရောက်ပြီ ဆင်းတော့လေ"
သံစဉ်မှဆိုင်ကယ်ကိုအိမ်ရှေ့တွင်
ရပ်၍ပြောလိုက်တော့မှအတွေးနယ်
ချဲ့ခြင်းသည်ပျက်လွင့်သွားလေတော့
သည်။
"ဟင် ဟုတ်လား?"
"အမယ်လေး မိဟန်နီ
နောက်ကနေဘာတွေများတွေးရင်း
လိုက်လာတာလဲ"
"ဟီး ဘာမှမဟုတ်ပါဘူးဟာ ဒီလိုပါပဲ"
"ကဲ ငါတို့ပြန်တော့မယ်နော်"
"အေးအေး ဆိုင်ကယ်ဂရုစိုက်စီးသွား
ကြဦးနော်"
သူငယ်ချင်းများခပ်လှမ်းလှမ်းသို့
ရောက်သည်အထိနောက်မှ
ငေးကြည့်ပြီးခြံတံခါးကိုဖွင့်၍
အိမ်ထဲသို့ဝင်လိုက်ပါသည်။
image
ခြံအတွင်းအုတ်နံရံဘေးတွင်အလှ
စိုက်ပန်းအိုးများဖြင့်မိမိကိုယ်တိုင်
တယုတယစိုက်ပျိုးထားသော
နှင်းဆီပင်များသည်အရောင်အသွေး
ကိုယ်စီနှင့်သူ့ထက်ငါအပြိုင်ပွင့်လန်း
နေကြပါတော့သည်လင်းသည်
နှင်းဆီပန်းကိုအင်မတင်နှစ်သက်
မြတ်နိုးသူဖြစ်သည်။တစ်ခါတစ်ရံ၌
တစ်စုံတစ်ခုကိုငေးစိုက်ကြည့်၍
အတွေးပင်လယ်တွင်လွင့်မျောနေ
တတ်သောအကျင့်လည်းရှိသသည်။
ယနေ့တိမ်ကင်းစင်၍နေသာသော
ကြောင့်ရာသီဥတုသာယာသည်ဟု
ဆိုနိုင်သည်။
image
သို့သော်ယခုအချိန်တွင်
ရုတ်တရက်မိုးရွာချခဲ့လျှင်လည်း
ပြဿနာတော့မရှိပေ။နက်ရှိုင်းစွာ
ခံစားတတ်သောနှလုံးသားပိုင်ရှင်
မိမိအဖို့သဘာဝတရားကပေးစွမ်း
သည့်အရာများကိုကျေကျေနပ်နပ်
ခံယူရန်အဆင့်သင့်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်လင်း၏
နှလုံးသားထဲတွင်သမပိုင်းဇုန်တစ်ခု
့ဖြစ်တည်နေသောကြောင့်သာ။ ။

              အခန်း(၆)

image

"မင်းမရှိတဲ့မဏ္ဍပ်ထဲမှာ
မင်းမသိတဲ့အလွမ်းများနဲ့ငါ
အို ပန်းတောက်ပွင့်တွေနဲ့
အပေါင်းအသင်းရောင်းရင်းတွေနဲ့
အားလုံးရှိနေတော့လည်း နင်မပါတော့အလကားပဲ"
ခြံထဲတွင်လေ့ကျင့်ခန်းလုပ်ရင်း
သင်္ကြန်သီချင်းသံကိုကြားမိပါတော့
သည်။
"ဒီနေ့ မဟာသင်္ကြန်အကျနေ့ပင်"
နှစ်တစ်နှစ်ကုန်ဆုံးခြင်း၏ရှေ့ဆောင်
ပြယုဂ်ဖြစ်သောသင်္ကြန်သို့ရောက်ရှိ
လာပါတော့သည်။အနီးအနားပတ်ဝန်းကျင်တစ်ခုလုံး
တွင်သင်္ကြန်သီချင်းသံများဖြင့်
ပျံ့လွင့်နေတော့လေသည်။
ဒီနှစ်တော့ စိမ်းတို့အိမ်ရှေ့တွင်
သူငယ်ချင်းများစု၍မဏ္ဍပ်ထိုးဖြစ်
သည်။ဟန်နီလင်းထက်
စိမ်းလဲ့မျိုးဦး သက်ဦးခင်
သံစဉ်ချိုတို့သူငယ်ချင်းလေးယောက်
သည်ကျိကျိတက်ချမ်းသာသော
မိသားစုများမှမဟုတ်ကြသော်လည်း
အတန်အသင့်ပြည့်စုံကြသူများ
ဖြစ်သည်။ထို့ကြောင့်လည်း၎င်းတို့
၏ဆန္ဒများကိုအမြဲစုပေါင်း၍
အကောင်အထည်ဖော်လေ့ရှိကြသည်။
မနက်(၇)နာရီထိုးရှိသေးသော်လည်း
သူငယ်ချင်းများမှာ ရေပက်ရန်
တက်ကြွလှပေသည်။စိမ်းလဲ့အိမ်သို့
ရောက်လာကာ-
"ဟဲ့ စိမ်းလဲ့"
သံစဉ်မှသွက်လက်စွာစတင်နှုတ်ဆက်
လေသည်။
"ပြောလေ"
"နင့်အသံကြီးကလည်း မပျော်သလို
ကြီးပဲ"
"မဟုတ်ပါဘူးဟာ ငါအိပ်ရေးပျက်
ပြီးခေါင်းမကြည်လို့"
"နင်ကလည်းအရေးအကြောင်းဆို
လုပ်ပြီ ခေါင်းကြည်သွားအောင်
ရေလောင်းပေးရမလား?"
"မိန်းမတွေ အစောကြီးရှိသေးတယ်
သိပ်မကဲချင်ရှာဘူးနော်"
အံမယ် အပြင်လည်းထွက်ကြည့်လိုက်
ဦး လမ်းပေါ်မှာလူတွေလှုပ်လှုပ်ရွရွ
ဖြစ်နေပြီ"
"ကဲပါဟာ ဟုတ်ပါပြီ ငါအဝတ်အစား
သွားလဲလိုက်မယ် ငါ့အမေကနင်တို့
အတွက်နန်းကြီးသုပ်လုပ်ထားတယ်
ပြီးရင်စားကြမယ်"
"သိတယ် အဲ့ဒါကြောင့်မနက်ကအိမ်
ကနေဘာမှမစားခဲ့ဘူး"
သက်ကအရွှန်းဝင်ဖောက်လိုက်သည်။
"ငါရောပဲ"
"ငါလည်းတူတူပဲ အန်တီလက်ရာဆို
အမုန်းဆွဲမှာပဲ"
လင်းနှင့်သံစဉ်တို့မှ ရှေ့ဆင့်နောက်
ဆင့်ထွက်ပေါ်လာလေတော့သည်။
"အငတ်မတွေ မီးဖိုထဲကြွပါရှင်"
စိမ်းလဲ့၏ရွဲ့စောင်းပြောသံကြောင့်
ရယ်သံများပေါ်ထွက်လာ၍လာပါ
တော့သည်။
မနက်စာစားပြီး၍
လေးယောက်သားခြံပြင်သို့ထွက်
လိုက်သောအခါ ဖိတ်ထားသော
အခြားသူငယ်ချင်းများနှင့်
ရပ်ကွက်ထဲမှကလေးများပင်
ရောက်ရှိနေပြီဖြစ်သည်။
image
အကုန်လုံးလည်းရွှဲရွှဲစိုနေကြပြီး
သီချင်းသံများဖြင့်ပျော်မြူးနေကြ
တော့သည်။
မိမိတို့လေးယောက် အိမ်ထဲမှထွက်
လာသည်ကိုမြင်သောအခါ
ရေလောင်းရန်ပြေးလာကြသော
ကလေးများကိုရှောင်တိမ်းလိုက်စဉ်-
"တီ တီ"
နောက်မှကားဟွန်းသံထွက်ပေါ်လာ
ပြီးတုံ့ခနဲရပ်ကာ ကားမှန်ရှေ့တံခါး
ချ၍-
"လမ်းပေါ်တက်ပြီး မကြီးမငယ်နဲ့
ဆော့နေရသလား?"
image

ဆက်လက်စောင့်စားဖတ်ရှုပါရန်-
Credit Photos:Google and Facebook
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

မကြီးမငယ်နဲ့ဆော့ရင် ရည်းစားရတတ်တယ်ဗျာ့
😂😂

တော်သေးတယ် ကားနဲ့မတိုက်မိလို့

အေးနော ကိုလင်းပြောမှ ကြည့်မိတယ် Tag ထားတာများ စုံလို့ဗျာ

ဈေးကျနေတဲ့အချိန်လာvoteပေးတော့ပျော်မိတယ်
အကညန်tagတာပဲ

အမြဲ​စောင့်​​မျှော်​အား​ပေး​နေပါ့မယ်​ tagတွဲထား​တော့
အရမ်းကြိုက်​သွားပြီ😂😂😂😂

botမလုပ်နိုင်တော့လည်းလာvoteလို့voteငြားပေါ့

Tag ကိုတော့ အတော်လေးသဘောကျတယ်

ဈေးကျနေချိန်လာvoteလို့voteငြားပါဗျာ

Goodနေပြန်ရော လွှမ်းပိုင်သီချင်းလေးပါထည့်သွားတယ်😀
အခုလိုပုံလေးတွေနဲ့ဆိုတော့ ပိုကောင်းသွားတယ်broရေ
ဆက်လက်စောင့်မျှော်ဖတ်ရှုပါအုံးမည်ခင်ဗျာ

ဟုတ်တယ် သီးချင်းလေးလည်းကြိုက်လို့

ဒီတခါတော့တကယ်ကိုအသက်ဝင်သွားပြီဗျာ
အားပေးနေတယ်broရေ

ဟုတ် အကောင်းဆုံးဆက်ရေးသွားပါ့မယ်

သင်္ကြန်ရောက်ခါနီး သင်္ကြန်အကြောင်း ပို့စ်လေးထဲပါတော့
ရောက်ချင်လှပြီကွယ်

ဒီလိုဇာတ်လမ်းလေးဆင်ရတာပေါ့ဗျာ

သင်္ကြန်နားနီးလို့ သင်္ကြန်အကြောင်းလေးနဲ့ဆိုတော့ ရောဂါထချင်သွားပြီဗျာ

ထိန်းထားဦး ရောက်တော့ပါမည်

ဖတ်တော့ဖတ်လိုက်တာပဲ ဘာမန့်ရမှန်းမသိဖြစ်မိတယ်။ ဇာတ်ကြောင်းကိုရေးပြထားတာကလည်း မပီးသေးဆိုတော့

တဖြည်းဖြည်းတော့ဇာတ်ရည်လည်သွားမှာပါ

လမ်းကူးရင် ဘယ် ညာ ကြည့်ဆိုက်ကားဖြတ်တိုက်သွားမယ်။ 😁😁
ကားတိုက်မလိုဖြစ်တော့ J Fire သီချင်းလေးသတိရသွားလို့ 😁

J Fire fanပါပဲဗျာ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 61841.74
ETH 3420.69
USDT 1.00
SBD 2.47