မနိုးထချင်ဘူး အိပ်မက်သခင်ရယ်

in #myanmar6 years ago (edited)

အခန်း(၄)မှအဆက်-

ထိုအချိန်မှာပင်ဖုန်းRingtoneသံ
ထမြည်လာသောကြောင့်
ဖုန်းကိုကြည့်လိုက်ရာ-
"ဟဲလို"
"အေး ရူပ ပြော"
"နင်ဘယ်မှာလဲ"
"အိမ်မှာဘဲပေါ့"
"အားလား?"
"ဘာခိုင်းမလို့လဲဟ?"
"ဟယ် နင်ကလည်းပြောရက်လိုက်တာ
ဒီသူငယ်ချင်းလေးတစ်ယောက်ရှိတာ
အကူအညီတောင်းတာလို့ပြောစမ်းပါ
ဟာ နင့်စကားတွေကသူစိမ်းဆန်လိုက်တာ"
"ဟား အပိုတွေမပြောပါနဲ့ဟာ
နင်ကခိုင်းချင်ရင်သာအမှတ်ရတာပါ
ကဲပါ ပြောမှာသာပြောစမ်းပါဟာ
လိုရင်းကိုမရောက်နိုင်ဘူး"
"ဟီး ရုပ်ရှင်သွားကြည့်ချင်လို့ပါဟာ
ငါ့ကိုလိုက်ပို့စမ်းပါနော်"
"ဟာ မကြည့်ချင်ပါဘူး"
"နင်ကလည်း လုပ်ပါဟ ငါ့သူငယ်ချင်းတွေလည်းပါမှာပါ"
"ဒါဆိုငါ့ကိုဘာလို့ခေါ်နေသေးလဲ"
"ကိုဝေယံရယ် မသိတာလည်း
မဟုတ်ဘူး ငါ့အမေကနင်ကလွဲပြီး
တခြားဘယ်ယောက်ျားလေးနဲ့
အပြင်လွှတ်လို့လဲ"
"မသိနိုင်ဘူးလေ လွှတ်ချင်လည်း
လွှတ်မှာပေါ့"
"ကောင်စုတ် သေဦးမယ်
လိုက်ပို့မှာလား? မပို့ဘူးလား?ပြော"
"တော်တော်အနိုင်ကျင့်တာပဲဟာ
ပို့မယ်ဟေ့ ပို့မယ်"
"ပြီးသာပဲ အဲ့လိုလိမ္မာစမ်းပါဟာ
နေ့လည်3:00PMအိမ်လာခေါ်လှည့်
ငါ့သူငယ်ချင်းတွေလည်းငါ့အိမ်မှာ
ဆုံမှာ တချို့ကအတွဲတွေပါတယ်"
"အေးပါ ငါလည်းနင်ရည်းစားမရ
မချင်းတော့နင့်ဝဋ်ခံရဦးမှပေါ့"
"အံမယ် ရည်းစားမထားဘဲကို
နင့်ကိုအခုလိုနှိပ်စက်ရတာက
အရသာရှိတာ"
"စိတ်ဓာတ်ကရုပ်နဲ့လိုက်တယ်"
"ဘာ ဘာပြောတယ် နင်ကမှစိတ်ပုတ်"
"ကဲ ဒါပဲဟာ ငါရေချိုးလိုက်ဦးမယ်"
"အေးအေး See you!"
ဖုန်းချပြီးသည်နှင့်တစ်ပြိုင်နက်
LaptopကိုPowerပိတ်လိုက်ရပါတော့
သည်။ယခုအချိန်တွင်Uptown
Girlsများကိုလျစ်လျူရှုကာ
မယ်မင်းကြီးမအလိုကျရုပ်ရှင်သွားရန်
ရေချိုးရမည်ဖြစ်ပါတော့သည်။
နာရီကိုတစ်ချက်ကြည့်လိုက်သော
အခါ2နာရီခွဲနေပြီဖြစ်သည်။
မည်သည့်ကိစ္စကိုမဆို
ကြိုမပြောတတ်ဘဲအချိန်ကပ်၍
ဒုက္ခပေးတတ်သောအကျင့်
သည်ဒေါ်ရူပလိမ္မာ၏မွေးရာပါပင်
ဖြစ်၏။ငယ်စဉ်ကတည်းကပင်
သူအနိုင်ကျင့်သမျှကိုခံလာခဲ့ရသည်
မှာယနေ့အချိန်ထိပင်ဖြစ်သည်။
သို့ပေမဲ့လည်း ငယ်သူငယ်ချင်းဆို
သည့်သံယောဇဉ်သည် အမြစ်တွယ်
ခိုင်ခန့်နေသောကြောင့်သာ။……။

            အခန်း(၅)

တိမ်ကင်းစင်သည့်ကောင်းကင်ကို
မော့ကြည့်၍ပူပြင်းသောနွေရာသီ
ဒဏ်ကိုအံတုရန်အင်အားသစ်များ
ကိုသဘာဝတရားကြီးကမွေးဖွား
ပေးလိုက်ပြန်ပါသည်။
"ရင်ခုန်သံမရပ်ဘူး နာကျင်စရာ
မတွေ့ဘူး ကြင်နာသူအချစ်မမုန်း
ရက်ပါ ကြာနေပြီဆိုပေမဲ့နာရီလို
ပါပဲ ပုံပြင်လိုရင်ထဲ စွဲလမ်းခဲ့တယ်
အကြောင်းတစ်ခုကြုံကြိုက်တဲ့အခါ
သတိရမိသူပါ ဟိုတုန်းကစိတ်နဲ့ဆို
ငိုလိုက်မိမှာပါ နှလုံးသားကမင်းအတွက်နေရာသီး
သန့်ရှိသူပါ ဟိုအရင်တုန်းကပုံပြင်
ဟောင်းလေးအတွက်……🎵🎶🎵"
ဝိုင်းစုခိုင်သိန်း၏"ချစ်ဦးပုံပြင်"
သည်Cherry FMမှတောင်းဆိုထား
ခြင်းမရှိဘဲထုတ်လွှင့်လို့နေပါသည်။
အချစ်ဦးနှင့်ပတ်သတ်၍ဇာတ်လမ်း
ဟောင်းရှိဖို့မဆိုထားနှင့်။ယောက်ျား
လေးသူငယ်ချင်းတောင်လက်တစ်
ဖက်ပြည့်အောင်မရှိသော လင်း အဖို့
ဘာမဆိုင်ညာမဆိုင်နဲ့ပင် သီချင်း
လေးကိုစူးစိုက်စွာနားထောင်မိနေ
ပါတော့သည်။
ထိုအချိန်တွင်အောက်ထပ်မှ-
"သမီးရေ
သမီးသူငယ်ချင်းတွေလာတယ်
အောက်ဆင်းခဲ့ပါဦး"
"ဟုတ်ကဲ့ လာပြီ မေမေ"
ဖုန်းမှRadioကိုပိတ်ကာ
အောက်ထပ်သို့ရောက်အောင်
လှေကားထစ်များကိုခြေလှမ်းကျဲ
များဖြင့်အစဉ်လိုက်ထပ်ပို၍
ဆင်းလာခဲ့ပါသည်။
"အံမယ် မိန်းမတွေ နေနိုင်တယ်နော်
ဖုန်းလေးတောင်မဆက်ဘူး"
မိမိတို့သူငယ်ချင်းလေးယောက်သည်
မူကြိုမှစ၍ယနေ့တက္ကသိုလ်အတူတူ
တက်သည့်အထိမခွဲတမ်းအတူတူ
တက်ခဲ့ခြင်းသာဖြစ်သည်။
"ဟဲဟဲ နင်ကလည်း ပြောတော့မယ်"
"ကဲပါ ဘယ်လိုဆုံမိကြတာလဲ"
"ငါတို့ရုပ်ရှင်သွားကြည့်မလို့
နင့်ကိုလာခေါ်တာ"
"ဘာကားလဲ"
"ချိုမြန်သောကလဲ့စားချေခြင်း"
"ဘယ်သူတွေလဲ"
"စိုင်းစိုင်းခမ်းလှိုင် ရွှေမှုန်ရတီ
ခင်ဝင့်ဝါ"
သံစဉ်ကစိတ်ရှည်လက်ရှင်ရှင်းပြ
နေသည်ကို
စိမ်းလဲ့ က ဝင်၍-
"နင်ကလည်းလိုက်မှာဖြင့်လိုက်ခဲ့
စမ်းပါ ပလိပ်စစ် စစ် နေတော့တာပဲ"
"အေးပါ စိမ်းလဲ့ရယ် နင်စိတ်မရှည်
ချက်ကတော့လက်လန်ပါတယ်
အဝတ်အစားလေးတော့လဲပါရစေဦး
ငါးမိနစ်လောက်တည်းပါ"
"အေးအေး မြန်မြန်လုပ်"
လင်း အဝတ်အစားလဲပြီးသောအခါ
ရုပ်ရှင်သို့သွားရန်လေးရောက်သား
ခြေလှမ်းများတက်ကြွနေပါတော့
သည်။
ရုပ်ရှင်ရုံသို့ရောက်သောအခါ
12:30PMပင်ရှိနေသည်။
ဇာတ်ကားမှာလည်းသုံးပွင့်ဆိုင်
အချစ်ဇာတ်လမ်းဖြစ်၍
လူငယ်အများစုလာရောက်ကြည့်ရှုကြလေသည်။ဇာတ်ကားသည်
လည်းဇာတ်ရှိန်မြင့်တက်မှုများစွာဖြင့်
ပရိတ်သတ်ကိုဖမ်းစားသွားသည်မှာ ဇာတ်ကားပြီးဆုံးသွားသည်အထိဖြစ်သည်။
ဒီလိုနဲ့ပင်အိမ်သို့ပြန်လာသောအခါ
လင်း၏အတွေးထဲတွင်မဆီမဆိုင်
အတွေးတစ်ခုသည်ရုပ်ရှင်ရုံမှ
ကပ်ငြိပါလာပါလေတော့သည်။
အကယ်၍ဇာတ်ကားထဲမှအတိုင်း
ရွှေမှုန်ရတီသရုပ်ဆောင်ရသော
အံ့ထားမေcharacterနေရာတွင်
သူမ သာဆိုပါက မိမိ၏ချစ်သူအား
စွန့်လွှတ်နိုင်ရန်ခက်ခဲမည်သာ
ဖြစ်ပေသည်။သို့သော်လည်း
သူငယ်ချင်းဖြစ်သူများကိုတော့
ပြန်လည်ပြောပြပါကရယ်စရာ
တစ်ခုပင်ဖြစ်ပါပေလိမ့်မည်။
မိမိ၏အကြောင်းကိုခြေဆုံးခေါင်းဆုံး
သိကြသူများကို မနက်ကRadioမှ
"အချစ်ဦးပုံပြင်"သီချင်းအား
စီးမျောစွာခံစားခဲ့မှုနှင့်ယခုလို
အတွေးမျိုးဝင်ခြင်းသည်ယနေ့မှ
တိုက်တိုက်ဆိုင်ဆိုင်ခံစားမှုမျိုး
ဖြစ်သည်။တကယ်ဆိုလျှင်
လူတိုင်း၌ခံစားတတ်သောနှလုံးသား
ကိုယ်စီရှိကြပါသည်။
ချစ်သူ ရည်းစားရှိမှသာလျှင်
ခံစားတတ်မည်မဟုတ်ဟုထင်မြင်မိပါသည်။

ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်-
image
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

စာက ဘာနဲ့ ရေးထားတာလဲဗျ ကြည့်ရတာ enter ကို အခေါက်များတယ် ထင်တယ် စာရှည်နေရင်လည်း စာပုဒ်ရောက်မှပဲ တစ်ကြောင်းဆင်းသင့်တယ် ရေးသမျှ စာတွေက အဲဒီလို ဖြစ်နေလို့ အကြံပေးတာပါ

ဟုတ်ကဲ့ colourနဲ့ရေးတာမလို့ပါ နောက်ကျပြင်ဆင်ပါ့မယ်

ဖတ်တော့ဖတ်တာပဲ ဖတ်ရင်းနဲ့လည်နေပီ

ရှေ့ဟာတွေနဲ့ဆက်စပ်ဖတ်ပေးပါ

စောင့်​​မျှော်​​နေပါ့မယ်​ခင်​ဗျ

ဟုတ်ကဲ့ပါ

စာပိုဒ်လေးတွေခွဲပေးအုံးbroရေ
ကြားမှာ ပုံလေးပါတွဲပြီးထည့်ပေးရင် ပိုအဆင်ပြေတယ်။

ဟီး ခုတစ်ပုံပုံရှာတာဆက်စပ်မှုမတွေ့လို့
နောက်အပတ်ကျထည့်ပေးပါ့မယ်

စာပိုဒ်လေးတွေကို သေချာဖြတ်ပြီးထည့်ရင် ပိုကောင်းမယ်ထင်တယ် အခုကြည့်ရတာ စာတိုလေးတွေလိုဖြစ်နေသလားလို့ပါ

Color Noteနဲ့ရေးတဲ့အခါတိုသွားတာပါ
နောက်ကျကောင်းအောင်ရေးပါ့မယ်

စောင့်မျှော်နေလျက်ပါ

တင့်ပါးဘုရား

ဟုတ်...
နောက်တစ်ခါ post ကျရင် အရင်အခန်း link လေးတွေပါထည့်ပေးပါလားဗျ....တစ်လုံးတစ်စည်းတည်း ဖတ်ရတာပေါ့..

ဟုတ်ကဲ့ အခုလိုအကြံပေးတာ ကျေးဇူးပါ ထည့်ပေးပါ့မယ်

စာရေးထားတာလေးတွေမိုက်တယ်

ဟုတ်ကဲ့

ဖွင့်ပြောလိုက်ပါ ဘဒို 😁

ဘယ်သူ့ပြောရမလဲဆိုတာ ဇာတ်လမ်းဆင်တုန်း

စကားပြောတဲ့နေရာလေးတွေကို တစ်ကြောင်းနဲ့ တစ်ကြောင်း ခြားရေးရင် ဖတ်တဲ့သူအဖို့ မျက်စိအမြင်ရှင်းရှင်းနဲ့ ဖတ်ရန်အဆင်ပြေလိမ့်မယ်ဟု အကြံပြုချင်ပါသည်။

ဟုတ်ကဲ့ နောက်ကျပြင်ဆင်ရေးသားပါ့မယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 61436.95
ETH 3388.33
USDT 1.00
SBD 2.49