မနိုးထချင်ဘူး အိပ်မက်သခင်ရယ်

in #myanmar7 years ago (edited)

image
အခန်း(၃)

"သားကြီး ဘာလုပ်နေတာလဲ"
"applicationတစ်ခုရေးဖို့
codeကြည့်နေတာပါကွာ"
ဝေထွန်း၏အဆောင်တွင်ဝေယံ
တစ်ယောက်ပျင်း၍အလည်လာခြင်း
ဖြစ်သည်။
"ငါ့ဆီလာတာအဲ့ဒါတွေလုပ်ဖို့လား?"
"မင်းကလည်းကွာ မင်းရေချိုးနေတုန်းလေးစောင့်ရင်း
ကြည့်နေတာပါဟ ကဲ မလုပ်တော့ပါဘူး"
"မင်းလည်း
တစ်နေ့တစ်နေ့လူနားမလည်တဲ့
စာတွေပဲဖတ်နေတယ်"
ဝေထွန်းကမကျေမနပ်ပုံစံဖြင့်
ပြောလေသည်။ဝေထွန်းပြောလည်း
ပြောချင်စရာပင်ဖြစ်သည်။ကိုယ်လည်းတစ်နေ့တစ်နေ့ဒါတွေနဲ့
သာအချိန်ကုန်နေတတ်သည်။
"မင်းကလည်းကွာ ငါလည်းလူပါပဲ
နားလည်ချင်ရင် မခက်ပါဘူး"
"တော်ပါကွာ မင်းဟာတွေက
မူးနောက်နေတာပဲ"
"အေးပါ ထားပါတော့ မင်းကရော
ဘာတွေလုပ်နေတာလဲ"
"ဟဲဟဲ ငါလည်းပြောချင်လို့ပဲ"
Laptopကို ဝေယံဘက်သို့မြင်စေရန်
လှည့်လိုက်လေသည်။
"ဘာများတုန်းလို့ ကောင်မလေးပုံ
တွေပါ့လား"
"အံမယ် နယ်နယ်ရရကောင်မလေး
တွေများထင်နေလား?"
"ဘယ်လိုများထူးခြားလို့လဲ
လင်းစမ်းပါဦး"
"မင်းသေချာကြည့်ပါဦးဟ"
ဝေထွန်းပြောကာမှကြည့်လိုက်ရာ-
"ဒီနှစ်ယောက်ကတို့အခန်းထဲ
ကမလား"
"အင်း မင်းမှာobservationတော့
ရှိသေးသားပဲ"
"မင်းကလည်းကွာ ငါ့များပတ်ဝန်းကျင်ကိုပစ်ပယ်ထား
တတ်တဲ့သူကြီး ကျနေတာပဲ"
"မင်းကလည်း မဟုတ်လို့လား?"
"မဟုတ်ရပါဘူးကွာ ကိုယ့်အလုပ်ကို
စိတ်နှစ်လုပ်ရင်း ပတ်ဝန်းကျင်ကို
သိပ်အလေးမထားမိတာပါ"
"မင်းကတော့ လွန်ကိုလွန်ပါတယ်ကွာ
အသက်ကအငယ်လေးရှိသေးတယ်
တက်တက်ကြွကြွလေးနေစမ်းပါဟ
မင်းကြည့်လိုက်ရင် ဖုန်းကိုင်လိုက်
laptopကိုင်လိုက် ဒါတွေနဲ့ဘဲ
အချိန်ကုန်နေတာ"
"ဒါကတော့ငါ့ဝါသနာလေကွာ
ရည်မှန်းချက်လည်းဟုတ်တယ်
ကဲပါ အဲ့ဒါတွေအသာထားပါဦး
မင်း အခုလိုကောင်မလေးတွေ
ပုံတွေဘာလို့Folderတွေနဲ့List
လုပ်ထားရတာလဲ"
"အေး မင်းမေးတာကိုဖြေချင်လွန်း
လို့စောင့်နေတာပဲ"
"ဒါဆိုလည်း ပြောလေကွာ"
"ဒီလိုကွ ဒီကောင်မလေး(၇)ယောက်
ကEmajor 1st yearရဲ့Uptown
Girlတွေလေ"
"မင်းကလည်းကွာ ဘိုလိုတွေ
သိပ်မှုတ်တာပဲ ဘာလဲ အဲ့ဒီUptown
Girlဆိုတာက?"
"သြော် မင်းကလည်း လွှမ်းပိုင်ဆိုတဲ့
သီချင်းမကြားဖူးဘူးလား?"
"ဘာသီချင်းလဲ"
"မင်းပြောတာ Uptown Girl
Uptown Girl………🎵🎶🎵🎶🎵🎶"အဲ့ဒီသီချင်းလေ
ကြားဖူးတယ်မလား?"
"အေး အဆောင်မှာတော်တော်
များများဖွင့်နေတာပဲ ကြားဖူးပါတယ်
ဒီသီချင်းနဲ့ ဘာပတ်သတ်လို့လဲ"
"ငါသေချာရှင်းပြမယ် နားထောင်
Uptownဆိုတာ'မြို့ပြနဲ့သက်ဆိုင်
သော'လို့အဓိပ္ပါယ်ရတယ်
ဒါပေမဲ့ Direct ဘာသာမပြန်ဘဲ
ခေတ်မီသော ခေတ်ဆန်သော
ကောင်မလေး လို့ပြောကြတာပေါ့
ကွာ Style လန်းလန်း Smart ကျကျ
ကောင်မလေးမျိုးကိုဆိုလိုတာ
ဒီကောင်မလေး(၇)ယောက်ကိုလည်း
ဒီလိုတင်စားခေါ်ထားတာ
ငါတို့Fresher Welcomeမှာ
ရွေးထားတဲ့Queenသုံးယောက်
ပြီးရင်တော့ ဒီ(၇)ယောက်က
အလန်းဆုံးပဲ
ကဲ သဘောပေါက်ပြီလား?"
"အင်း မင်းအတွေးနဲ့မင်းကတော့
ဟုတ်နေတာပဲ"
"ကဲပါ (၇)ယောက်လုံးသေချာကြည့်
လိုက်ဦး ဖုန်းနံပါတ် Facebook
Account မွေးနေ့ နေရပ်လိပ်စာ
ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်
မှတ်ပုံတင်နံပါတ်အပါအဝင်
တခြားသိသင့်သိထိုက်တဲ့သူတို့နဲ့
ပတ်သတ်တာတွေကိုလက်လှမ်းမှီ
သမျှစုစည်းထားတယ်
(၇)ယောက်လုံးSingleတွေချည်းပဲ"
"သားကြီးရာ မင်းကတော့တကယ့် ကောင်ပဲကျောင်းဖွင့်ကတည်းက
သုံးလလုံးလုံးဒါတွေ
စုဆောင်းနေတာပေါ့လေ"
"အေးပေါ့ကွာ ဒါကတော့
ကိုယ့်အတွက်ရော ကိုယ့်သူငယ်ချင်း
တွေအတွက်ပါ ရှာရဖွေရတာပေါ့ကွာ
ဟီး ဟီး"
ဝေထွန်းကတော့သူ့ရဲ့ကြိုးစားထား
မှုကိုဂုဏ်ယူဝင့်ကြွားစွာပြောပါတော့
သည်။ထိုFileများထဲမှ"SLMO"
ဆိုသည့်FileကိုClickတစ်ချက်နှိပ်၍
ဖွင့်လိုက်ရာ-
"သားကြီး လာစမ်းပါဦးဟ
ဒီကောင်မလေးကEmajorကလား?"
"ဟုတ်တယ်လေ Cခန်းထဲက
ဒါနဲ့မင်းကသူနဲ့သိလို့လား?"
"မသိပါဘူးကွာ ဟို့နေ့က
Tutorialနောက်ကျနေလို့ ပြေးတက်
လာတုန်း လှေကားအတက်မှာ
တိုက်မိတာ ငါကိုမျက်စောင်း
တောင်ထိုးသွားသေးတယ်"
"သြော် မင်းကတွေ့မယ့်တွေ့တော့
လည်း တကယ့်မလွယ်ကျောလေး
မှသွားတွေ့တာပဲ"
"ဟုတ်လားဟ ကဲ ဒီFileတွေနောက်မှ
ကြည့်တော့မယ်ကွာ မင်းကိုယ်တိုင်သူ့အကြောင်းလေး
နည်းနည်းလင်းစမ်းပါဦး"
"သူက မာနခဲလေးဟ ချေတာမှလည်း
အရမ်းပဲ ချေလွန်းလို့မိန်းကလေး
ချင်းကတောင်အမြင်ကပ်တယ်
Stateကတည်းကရည်းစားလည်း
တစ်ယောက်မှမထားဖူးဘူးလို့
သူနဲ့တွဲနေတဲ့သူငယ်ချင်းတွေဆီက
ငါသိထားတယ်"
"အဲ့လိုကြီးလားဟ"
"ဟားမင်းစိတ်ဝင်စားသွားပြီမလား?"
"မဟုတ်ပါဘူးကွာ သူ့ပုံစံလေးက
ငါနဲ့စတွေ့ကတည်းကထူးထူးခြားခြား
လေးဖြစ်နေတာတော့ငါသတိထားမိ
တယ် အဲ့နေ့ကငါလည်း
အလျင်လိုနေလို့ပါ ခုလိုမင်းပြောပြ
တော့လည်းသိရတာပေါ့ကွာ
ဘာပဲဖြစ်ဖြစ် မင်းကိုကျေးဇူးတင်ပါ
တယ်ကွာ"
"မင်းကလည်း သူစိမ်းတွေကျလို့
ဒီFileတွေအကုန်လုံးမင်းLaptopထဲ
ငါထည့်ထားပေးမယ်
မင်းအားတဲ့အခါ ကြည့်ပေါ့
ဒါနဲ့ ခုနကကောင်မလေးကိုကြွေရင်
လည်းပြောဦးနော် ငါကမင်းကို
ရည်းစားရစေချင်နေတာ
ဒါမှမင်းက တက်တက်ကြွကြွ
လန်းလန်းဆန်းဆန်းဖြစ်မှာ"
ဝေထွန်းကတော့ FileများကိုTransferလုပ်ရင်း
ရွှင်မြူးစွာအားတက်သရော
ပြောလေသည်။သုံးလတာခင်မင်ခဲ့
ရသေးသော်လည်းတကယ့်ညီအစ်ကို
အရင်းတွေလို ချစ်ခင်ကြသည်။
"အေးပါကွာ ဖြည်းဖြည်းပေါ့"
"ငါကတော့'HHH'ဆိုတဲ့Fileထဲက
ကောင်မလေးကိုIntroဝင်နေပြီ"
"မင်းကတော့ ဒါမျိုးကျသွက်တယ်
(၁ဝ)တန်းတုန်းကဇာတ်လမ်းဟောင်း
တွေကလည်းတက္ကသိုလ်ထိသယ်လာ
သေးတယ် ခုလည်းသူများသားသမီး
ကိုဒုက္ခရောက်အောင်လုပ်တော့မယ်"
"ဟာ မင်းကလည်း ဒါတွေက
ဘာညာသာရကာတွေပါဟ
အခုဟာကမှအတည်"
"ပြောတာပဲ"
"တကယ်ပါဆိုကွာ"
"အေးပါကွာ မင်းတကယ်ဆိုလည်း
တကယ်ပဲပေါ့ ကဲကူးပြီးပြီလား?
ငါပြန်လိုက်ဦးမယ်"
"အေးအေး ဆိုင်ကယ်ဖြည်းဖြည်း
စီးဦးဟ"
"အေးပါ သွားပြီနော်"
ဝေထွန်းကစိုးရိမ်သည့်အနေဖြင့်
ပြောသော်လည်း လမ်းမပေါ်သို့
တက်သည်နှင့်တပြိုင်နက်အရှိန်တင်
လိုက်မိပါတော့သည်။
။နွေဦးဝင်ခါစ
ကာလဖြစ်သောကြောင့်လမ်းပေါ်
တွင်ရော်ရွက်များပြန့်ကျဲနေလေ
တော့သည်။ထိုရော်ရွက်များသည်
ဆိုင်ကယ်၏အရှိန်ကြောင့်လွင့်စင်
ထွက်ကာနောက်၌ကျန်ခဲ့ပါတော့
သည်။သို့သော်လည်းအတွေးပုံရိပ်
ထဲတွင်တော့"SLMO"ဆိုသည့်
Folderတစ်ခုကပ်ငြိပါလာပါတော့
သည်။

             အခန်း(၃)

"လက်ဖက်ထမင်းတစ်ပွဲ"
"Powerတစ်လုံး"
"ဟုတ်ကဲ့ အစ်မ"
Canteenရောက်သည်နှင့်ပင်
စားပွဲထိုးလေးကို နံနက်စာစားရန်
မှာလိုက်လေ၏။လူများလွန်းသော
ဆိုင်တွင်လည်းဆူညံလွန်း၍မထိုင်
တတ်ပါ။ထို့ကြောင့် လူရှင်းသော
ဆိုင်၏ဆိုင်နှင့်ဝေးရာသစ်ပင်
အောက်တွင်အရိပ်ရှိသဖြင့် ထိုဝိုင်း၌ထိုင်ရန်ရွေးချယ်ဖြစ်ခြင်း
ဖြစ်သည်။မိမိမှာစကားနည်းသူ
ဖြစ်သောကြောင့်အပေါင်းအသင်း
ရယ်များများစားစားမရှိပေ။
အတန်းထဲတွင်တစ်ခုံတည်းထိုင်သူ
များနှင့်ပင်ဟက်ဟက်ပက်ပက်
မရှိလှပါ။တစ်ယောက်တည်းနေရ
သည်များ၍အမြဲလိုလို
စာအုပ်တစ်အုပ်ဖတ်နေလေ့ရှိ
သည်။ယခုလည်းမှာထားသည်များ
ရောက်မလာခင်စာအုပ်ဖတ်ရန်
ကျောပိုးလွယ်အိတ်အတွင်းမှ
လင်္ကာရည်ကျော်၏"သမီးသို့"
စာအုပ်ကိုဆွဲထုတ်လိုက်ပါသည်။
ဝင်းသည်အခြားမိန်းကလေးများ
ကဲ့သို့ပြင်ပြင်ဆင်ဆင်မလုတ်တတ်ပါ။
စာအုပ်များသည်ပင်၎င်းဘဝ၏
အဖော်မွန်ကောင်းများသာ
ဖြစ်ပေသည်။

ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်-

MSC-138
Written by@aungtharkyaw
Aung Thar Kyaw

Sort:  

ညီရဲ့စာ ဖတ်မှပဲ Uptown Girl ကို သိရတော့တယ်။
အင်း uptown girl လေးတွေ မြန်မာ့ယဉ်ကျေးမှုတော့ ရှိကြစေချင်ပါတယ်။

ဟုတ်ကဲ့ ကျောင်းမှာကမိန်းကလေးတွေယဉ်အောင်ပဲဝတ်ရတာပါ

စောင့်မျှော်ဖတ်ရှုပါအုံးမယ်ဗျာ
ဒါနဲ့ ရီးစား ရှာဖွေရေးဆင်းနေတယ်ထင်တယ်😁😁

အဲ့ဒါကပိုအရေးကြီးတာအစ်ကိုရေ

Good. I am not feel conveniance on reading with this type of writing bro. That's truth for me. I just want to advice write with paragraph. This is not negative view. Just happen on me. I don't know other feel. But thanks for your post. 😁

I thank you for your advise.

uptown girl ကိုကြားကြားနေရတာ ကြာပြီ အခုမှရှင်းရှင်းလင်းလင်းသိခွင့်ရတော့တယ်။

ဟီး ဒါကတော့လူငယ်တွေကြားရေပန်းစားပါတယ်

ဝတ္ထုရေးတာ တော်တယ်ဗျာ အရှည်လေး ဖြစ်စေချင်ပါတယ်

အရှည်ကြီးရေးဖို့စိတ်ကူးထားပါတယ်

အပိုင်းဆက်​​လေး​မျှော်​​နေမယ်

ဟုတ် အကောင်းဆုံးဆက်ရေးသွားမှာပါ

ကောင်းပါတယ်ဗျာ အားပေးနေပါတယ် uptown girl ဆိုတာတော့ ခုမှသိတယ် hee hee

ဟုတ်ကဲ့ လူငယ်တွေကြားတော့ရေပန်းစားပါတယ်

ဗဟုသုတရစေပါတယ် အကို။

ဟုတ်ကဲ့ပါ

စောင့်မျှော်နေလျက်ပါ အားပေးနေပါတယ်

တင့်ပါးဘုရား

ဆက်ပါဦး ဗျာ သေချာစာရင်းဇယားနဲ့ ပြုစုထားတာတော့ သဘောကျမိသဗျ

အဲ့ဒါကတကယ့်အဖြစ်အပျက်ပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57673.98
ETH 2343.83
USDT 1.00
SBD 2.37