စေတနာကောင်းဆိုတိုင်း

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူတိုင်းက နေ့စဉ် လူတွေနဲ့ ပြောဆို ဆက်ဆံနေရပါသည်။ ဒီတော့ တခါတလေမှာ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ နှင့်တွေ့ကြုံနိုင်ပြီး တခါတလေ စိတ်ပျော်ရွှင်ကြည်နူးဖွယ် ကိစ္စများနှင့် တွေ့ကြရပါသည်။ စိတ်ကြည်နူးသည်ဆိုတိုင်း အူမြူးနေကြရန် မဟုတ်သကဲ့သို့ စိတ်ညစ်သည်ဆိုတိုင်း ရန်လုပ်နေလျှင် သင့်တော်မည်မထင်ပါ။ စိတ်ညစ်စရာ၊ ပျော်ရွှင်စရာများသည် မိမိတို့၏ ခံယူချက်များနှင့်လည်း သက်ဆိုင်နေ ပါသည်။ ပတ်ဝန်းကျင်က စိတ်အနှောက်အယှက်ပေးနေသော်လည်း စိတ်ညစ်မှု မရှိသူများ၊ အသေးအဖွဲလေးများ အပေါ်တွင် စိတ်ညစ်နေကြသူများ အလွယ်တကူ တွေ့မြင်နိုင်ပါသည်။ စိတ်အလိုသို့ လိုက်လျောကာ စိတ်ညစ်ခြင်း၊ စိတ်ပျော်ခြင်းများဖြစ်ပေါ်ကြရပါသည်။ စိတ်အလိုသို့ မလိုက်သင့်ပါ။ စိတ်အလိုသို့လိုက်နေမည်ဆိုပါက အမြဲတမ်းစိတ်ညစ်ရန်နည်းလမ်း ပိုမိုများပြားမည်ဖြစ်ပါသည်။ လူတို့သည် မိမိကိုယ်တိုင်မှ လွဲပြိး အခြားသူများအား အပြစ်အမြဲပြောတတ်ပါသည်။ မိမိကိုယ်ကိုတော့ ဘယ်သောအခါမှ အပြစ်မတင်တတ်ကြပါ။ အခြားသူများအား အပြစ်တင်ရန်မူ အလွန်လွယ်ကူတတ်ကြပါသည်။ စေတနာထား ဆက်ဆံကြသည်ဟု ဆိုသူများက အလွန်ပင်များပြားမည်ထင်ပါသည်။ မည်သည့်အလုပ်ကိုလုပ်လုပ် ငါကစေတနာနဲ့ပြောတာ စေတနာနဲ့ လုပ်တာ ဆိုသည့်စကားများ နေရာတိုင်းတွင် ကြားနိုင်ပါသည်။ စေတနာနှင့် လုပ်ကိုင်လျှင် အပြစ်မပြင်သင့်သကဲ့သို့ဖြစ်နေမည်ထင်ပါသည်။ စေတနာကောင်းဟု ဆိုတိုင်း ကောင်းကျိုး ရတတ်သည်မဟုတ်ပါ။ အသိဥာဏ်မပါသော စေတနာသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေ နိုင်ပါသည်။


05.png


လူတိုင်းကြားဖူးသော်လည်း ရယ်စရာအဖြစ်သတ်မှတ်ထားကြသော ပုံပြင်လေးများလည်း ရှိကြပါသည်။ ထိုပုံပြင်လေးများအား နားထောင်ပြီးသောအခါတွင် လူအများစုသည် သင်ခန်းစာယူရန်ထက် ရယ်မောခြင်းကို သာပြုလုပ်တတ်ကြပါသည်။ ရယ်မောစရာအဖြစ်သာ မြင်တတ်ပါသည်။ ပုံပြင်တို့သည် တစ်စုံတစ်ရာအတွက် သင်ခန်းစာပေးရန်အတွက် ဥပမာအနေဖြင့် ဖော်ပြခြင်းဖြစ်သည်ဟု ထင်မြင်ပါသည်။ ရယ်စရာအဖြစ်မြင်တတ် သူတို့သည် တစ်စုံတစ်ရာ အသိဥာဏ်အား ရရှိကြလိမ့်မည်မဟုတ်ပါ။ ရယ်မောလိုကရယ်မောနိုင်ပါသည်။ သင်ခန်းစာရယူလိုသူတို့လည်း သင်ခန်းစာရယူနိုင်ကြမည်ဖြစ်ပါသည်။ အသိဥာဏ်မပါရှိသော စေတနာကောင်း သည် လက်သမားသားအဖကဲ့သို့သော အကျိုးနည်းသည့် အဖြစ်အပျက်ကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါသည်။ ဖခင်လက်သမားဖြစ်သူသည် အလုပ်လုပ်နေချိန်တွင် နဖူးတွင်ခြင်ကိုက်နေသည်။ လက်မအားသဖြင့် သားဖြစ်သူအား ခြင်မောင်းရန်ပြေကြားရာ သားဖြစ်သူက စေတနာကောင်းဖြင့် ဖခင်နဖူးတွင် နားနေသောခြင် အား သေစေရန်အတွက့် ခြင်ကို တူဖြင့် အားကုန်ထုလိုက်ရာ ဖခင်ဖြစ်သူ ခေါင်းကွဲကာ သေပွဲဝင်ရလေသည်။ ထိုအဖြစ်အပျက်တွင် သားဖြစ်သူသည် စေတနာကောင်းသော်လည်း လုပ်နည်းမမှန်ကန် အသိဥာဏ်မပါသော ကြောင့် ဖခင်ဖြစ်သူ သေပွဲဝင်ရခြင်းတည်းဟူသော မကောင်းကျိုးကို ဖြစ်ပေါ်စေပါသည်။ စေတနာကောင်းတွင် အသိဥာဏ်ယှဉ်ပြီး လုပ်နည်းကိုင်နည်း မှန်ကန်ပါက ကောင်းသော အကျိုးတရားများ ရရှိနိုင်မည်ဖြစ်ပါသည်။ စေတနာကောင်းသော်လည်း ကောင်းကျိုးမရသည့် အဖြစ်အပျက်များစွာ ရှိပါသည်။ ရေးသားနေလျှင်ကုန်နိုင်မည်မဟုတ်ဟုလည်း ထင်မိပါသည်။

“စေတနာသည် လူတိုင်းနှင့်မတန် ဟု ဆိုသူများကလည်း ဆိုကြပါသည်။ လူတိုင်းနှင့်မတန်သည်မဟုတ်ဟုလည်း ထင်မိပါသည်။ လူတိုင်းနှင့် တန်သော စေတနာကို ထားတတ်ရန်လိုမည်ဟုသာ ထင်ပါသည်။"



03.png


အများစုသော လူတို့သည် မိမိရောက်ရှိနေသော အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ ဆိုသောအရာများကို မေ့လျော့သွားတတ်ကြပါသည်။ သို့တည်းမဟုတ် မချင့်ချိန် ဖြစ်နေတတ်ကြပါသည်။ အင်္ဂလိပ်စာမကျွမ်းကျင်သူ တို့အလယ်တွင် အင်္ဂလိပ်စကားများညှပ်ပြောခြင်းသည် အထင်မကြီးပဲ အမြင်ကတ်ဖွယ်ဖြစ်သွားတတ်ပါသည်။ တောထဲတွင်ထမင်းငတ်နေသူအား ရွှေငွေများပေးလျှင် အကူအညီမရသည့်အတွက် ကျေးဇူးတင်ဖွယ်မရှိဖြစ် တတ်ပါသည်။ သဲကန္တာရအလယ်တွင် ရေငတ်နေသူအား ထမင်းကျွေးနေခြင်းသည် မှန်ကန်သောလုပ်ရပ် မဖြစ်နိုင်ပါ။ ထို့အပြုအမူတို့သည် စေတနာဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်သော်လည်း မည်သူမျှ ကောင်းကျိုးမဖြစ်နိုင် ကြောင်းတွေ့နိုင်မည်ဖြစ်ပါသည်။ ရောမရောက်လျှင် ရောမလိုကျင့်ရမယ် ဆိုသောစကားသည် အလကား သက်သက် ပြောခဲ့ခြင်းဖြစ်ဟန်မတူပါ။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို သိနားလည်ပြိး လိုက်လျော ညီထွေ ကျင့်ကြံနေထိုင်နိုင်ရန် ပြောကြားခဲ့ခြင်းသာဖြစ်နိုင်ပါသည်။ စေတနာဟူသည်နောက်တွင် ကောင်းမွန်သောရည်ရွယ်ချက် ရှိပါသည်။ သို့သော် လူတို့သည် တစ်ဦးနှင့်တစ်ဦး နေထိုင်ရာပတ်ဝန်းကျင် မတူညီ ကြသောအခါ အယူအဆနှင့် ခံယူချက်များလည်း ကွာခြားကြပါသည်။ ခံယူချက်ကွာခြားသူများနှင့် ကြုံဆုံရသော် မိမိအယူအဆသည် မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် အမှန်ဖြစ်နိုင်သော်လည်း အယူအဆမတူသူ တို့၏ အသိုင်းအ၀ိုင်းတွင် အမှားဖြစ်နေနိုင်ပါသည်။ တခါတလေ ကိုယ်ပြောတဲ့စကားကို စဉ်းစားကြည့်မိတယ်။ စေတနာနဲ့ပြောတာပါလို့ဆိုနေပေမယ့် တွင်ကျယ်ချင်တဲ့စိတ်၊ အရေးပါကြောင်း အရာရောက်ကြောင်းပြလိုတဲ့ စိတ်တွေနဲ့ ပြောဆိုမိနေသလားလို့ပါ။ အများအားဖြင့်တော့ စေတနာနဲ့ပြောဆိုနေတယ်ဆိုတာထက် ကိုယ်က အရေးပါကြောင်းပြသိစေချင်သလို ဖြစ်နေတတ်ပါသည်။ ပြုပြင်ဆင်ခြင်ရပါဦးမည်။


02.png


စေတနာကောင်းဖြင့် လမ်းညွှန်ပြသည်ဆိုတိုင်းလည်း မိမိပြညွှန်ပြသည့်လမ်းကို လိုက်ချင်သူ အင်မတန်နည်းပါး လိမ့်မည်ထင်ပါသည်။ ပညာရှိအများစုတို့ သည် စေတနာကောင်းဖြင့် လမ်းညွှန်ပြခဲ့ကြသည်သာဖြစ်သော်လည်း ညွှန်ပြေသောလမ်းကို လိုက်နာသူသည် အလွန်ပင်နည်းပါးမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နောက်လိုက်ဖြစ်ရသည်ကို လက်မခံနိုင်ကြသည့် လူမျိုးဖြစ်နေသောကြောင့်ဖြစ်ပါမည်။ တရားဓမ္မလိုက်စားနေ သူအား တရားစကားပြောကြားလျှင် အလွန်နှစ်သက်မည်ဖြစ်သော်လည်း သားသတ်သမားအား တရားစကား ပြောကြားမိပါက ထသတ်ကောင်း သတ်ခံရနိုင်ပေသည်။ ထို့ကြောင့် စေတနာကောင်းတစ်ခုတည်းအား တရားသေလက်ကိုင်ထားခြင်းဖြင့် မည်သည့်အရာမျှ လုပ်ကိုင်၍မရနိုင်ဟုလည်း ဆင်မြင်မိပါသည်။ စေတနာ ကောင်းတိုင်းလည်း ကောင်းကျိုးရသည်မဟုတ်သည်ကိုလည်း နားလည်မိပါသည်။ ငွေလိုသူအား ငွေပေးရမည် သာဖြစ်ပြီး တရားလိုသူအား တရားပေးရမည်သာဖြစ်ပါသည်။ ငွေလူသူအား တရားပေးခြင်းသည် မသင့်လျော်နိုင်သလို တရားလိုသူအား ငွေပေးလျှင် ကြိုက်နှစ်သက်မည်မဟုတ်ပါ။ ထို့ကြောင့် ချစ်မိတ်ဆွှေများ အနေဖြင့် စေတနာကောင်းထားတိုင်း ကောင်းကျိုးမရနိုင်ကြောင်းသတိပြုနိုင်ကြပြီး အသိဥာဏ်ပညာဖြင့် ကောင်းကျိုးရနိုင်သော စေတနာကောင်းများထားကြကာ ဘ၀ခရီးလမ်းအား လျှောက်လှမ်းနိုင်ကြပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

2-Jul-2018 တနင်္လာနေ့(Monday)

Sort:  

Thank you very much.

စေတနာသည်ထားတတ်မှတန်ဖိုးရှိလာပါမည်

စေတနာမှာ အသိထည့်နိုင်ရင် အကျိုးရှိနိုင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ဗျာ

မှန်ပါတယ်ဆရာ

ဆရာဟုတ်ပါဘူးဗျာ

တူနဲ့ထုတာ စေတနာထားလို့ပေါ့၊ လောင်ချာနဲ့ဆိုပြီးပေါလေရော။

ခြင်သေစေချင်တဲ့စေတနာပါဆာ

Congratulations @ansoe! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 3


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 52827.29
ETH 2171.15
USDT 1.00
SBD 2.28