Water festival

in #myanmar8 years ago (edited)

#သင်္ကြန်
download (2).jpeg

သင်္ကြန်​ နှင့်​ပတ်​သတ်​၍ လူတိုင်းကိုယ်​စီ အမှတ်​တရ​တော့ရှိဖူးကြ​လေမည်​။သင်္ကြန်​ဟူ​သောဝေါဟာရသည် သင်္ကန္တခေါ်ပါဠိ ဘာ သာဆင်းသက်​လာပြီးကူးပြောင်းခြင်း ဟု အနက်အဓိပ္ပါယ်ရသည်။မြန်မာလတပေါင်း လတွင် မြန်မာနှစ် တစ်နှစ် ကုန်ဆုံးကာ
နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံ
ရသောကာလနှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။နှစ်​​ဟောင်းတွင်​ပြုလုပ်​ခဲ့​သော အညစ်​အ​ကြေး​တွေ​ကို သင်္ကြန်​ ​ရေနှင့်​အတူ ​ဆေး​ကြော​ခြင်း၊ပူပြင်းလှ​သော​နွေရာသီကို အတာ​ရေဖြင့်​​အေးမြ​စေခြင်းဟူ​သော ရည်​ရွယ်​ချက်​တို့ရှိကြသည်​။သင်္ကြန်​အခါကာလတွင်​ ဥပုဒ်​သီတင်းသီလ​စောင့်​တည်​သူတို့ရှိသကဲ့သို့ အ​ပျော်​ရွှင်​မြူတူးစွာ​ရေကစားကြသူများလည်းရှိကြ​ပေသည်​။

ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်​လာ အတာသင်္ကြန်​မှာဆိုလျင်​ ဥပုဒ်​သတင်းသီလ​စောင့်​တည်​ခြင်း၊ သက်​ကြီးရွယ်​အို များအား​ခြေသည်းလက်​သည်းညှပ်​​ပေးခြင်း၊​ခေါင်း​လျော်​​ပေးခြင်း၊အလှူအတန်းစတုဒီသာပြုလုပ်​ကြခြင်း၊သ​ပြေခက်​နှင့်​​ရေပက်​ခြင်းကဲ့သို့​သော အ​လေ့အထများနှင့်​ချစ်​စရာဓ​လေ့ရိုးရာပွဲ​တော်​တစ်​ခုဖြစ်​​လေသည်​။မြန်​မာနိုင်​ငံ၏ ၁၂လရာသီပွဲ​တော်​များထဲတွင်​ အစည်​ကားဆုံးပွဲ​တော်​ကြီး​လဲဖြစ်​သည်​။


စာ​ရေးသူတို့ငယ်​စဉ်​က သင်္ကြန်​ကျလျင်​ ညီအစ်​ကိုနှစ်​​ယောက်​ အိမ်​​ရှေ့တွင်​ အုန်းလက်​မဏ္ဍပ်​​ဆောက်​၊​ရေတိုင်​ကီ​တွေချ၊အသံချဲ့စက်​​တွေဆင်​ပြီး ​ရေ​ဆော့ကစား ကြသည်​။လွယ်​အိတ်​ထဲကို​ရေ​ဗုံး​လေးထည့်​ စတီး​ရေပြွတ်​​လေးနဲ့ လမ်းတကာလှည့်​ပြီး​ရေပက်​ကြ​လေသည်​။ဟိုဘက်​ဒီဘက်​နှစ်​ဖွဲ့​တွေ့လျင်​ ​ရေပြွတ်​​တွေနဲ့ စစ်​တိုက်​ကြ​သေးသည်​။ရေပက်​ပြီဆိုလျင်​လည်းနို့ဆီခွက်​​လေးနဲ့ ပက်​လိုက်​ရမှ အားရတတ်​သည်​။ကျော​ကော့သွား​အောင်​ ဖျန်းကနဲပက်​ရတာကို က​လေးသဘာဝ​အ​ပျော်​ကြီး​ပျော်​ခဲ့​လေသည်​။ကောင်​မ​လေး​တွေလာပြီဆိုလျင်​လည်း အလုအယက်​ ​ရေပက်​ရတာအ​မော။လမ်းထဲကို ​ရေပက်​ခံထွက်​တဲ့ကား ရှားရှားပါးပါးဝင်​လာတဲ့အခါမျိုးဆိုလျင်​​တော့ သင်္ကြန်​ ကားကြီးလာပြီ​ဟေ့ဆိုပြီး ​ရေပုံးအကြီးကြီးနဲ့ ပက်ကြ၏။မိဘ​တွေလုပ်​တဲ့စတုဒီသာ​ကျွေးတဲ့​နေ့ဆိုလျင်​လည်း ဝိုင်းကူလုပ်​ မုန့်​လုံး​ရေ​ပေါ်​တွေထဲ ငရုတ်​သီး​တွေထည့်​လုံးပြီး သူငယ်​ချင်း​တွေ​ကျွေး ကြနဲ့ ​ပျော်​စရာ​ကောင်းလှ​ပေသည်​။စာ​ရေးသူတို့ငယ်​စဉ်​က အ​ဟော့ဆုံးသင်္ကြန်​သီချင်းက​တော့ ဒီအရိပ်​မှာလာပါ၊နားပါ၊မုန့်​လုံး​ရေ​ပေါ်​တွေစားကြ၊ငရုတ်​သီးပါရင်​​တော့အားနာ၊စိတ်​မဆိုးတတ်​ဘူးမလားဆိုသည့်​ ဟန်​ဇာမိုးဝင်းသီချင်းဖြစ်​သည်​။ခု​ခေတ်​ကြ​တော့ဘာတဲ့ ဇိ​လေ့ဇိ​လေ့​တွေ​ကော၊မိ​ချော​ရေမိ​ချော​ရေဆိုတာ​ကော အ​တော်​​ဟော့​လေသည်​။က​လေးဘဝက သင်္ကြန်​ ကိုစိတ်​လွတ်​ကိုယ်​လွတ်​​ပျော်​ဖူးသည်​။စာ​ရေးသူ တာဝန်​ကျသည့်​ ဘားအံ့၊​ရေးနယ်​ဘက်​မှာ​တော့ သင်္ကြန်​ မှာ သနပ်​ခါး သုတ်​တာ​အ​တော်​​ခေတ်​စား၏။အိုးမဲသုတ်​တာနဲ့စာလျင်​​တော့ ​တော်​​သေးသည်​​ပြောရမည်​။ရေပက်​ခံထွက်​ပြီးပြန်​လာရင်​ မျက်​နှာတွင်​ သနပ်​ခါးအ​ဖွေးသားနှင့်​ဖြစ်​သည်​။ က​လေးဘဝကသင်္ကြန်​ကို​ပျော်​ခဲ့​သ​လောက်​ အသက်​အရွယ်​ရလာပြီး လုပ်​ငန်းတာဝန်​​တွေရှိလာတဲ့အခါမှာ​တော့ သင်္ကြန်​ နဲ့တ​ဖြေး​ဖြေး ကင်းကွာလာသည်​။သင်္ကြန်​​ရေမစိုဖြစ်​သည့်​​နှစ်​တွေများလာ၏။ရှေ့တန်း​ရောက်​​နေသည့်​နှစ်​များတွင်​​တော့ သင်္ကြန်​ ဆိုတာကိုနဲ့မဆိုင်​သလို၊​ရေဒီယိုမှလွင့်​သောသင်္ကြန်​သီချင်း​တွေ​ကြောင့်​သာ သင်္ကြန်​ ​ရောက်​မှန်းသိရ​လေ​တော့သည်​။

@zinminhtet
Msc-1268-4-16Chol-Chnam-water-festival-in-Cambodia.jpg

Sort:  

ထွက်မလည်ဖြစ်ပေမယ့် သင်္ကြန်အငွေ့အသက်လေးတွေက ရင်ထဲအေးချမ်းရပါတယ် ကိုဇင်ရေ

မြေသင်းနံ့​​လေး​တွေကြိုက်​တယ်

ငါတို့ငယ်ငယ်ကပဲပျော်ဖို့ကောင်းတယ်သင်္ကြန်က😊

ဟုတယ်

ငယ်​ငယ်​တုန်းက​တော့သင်္ကြန်​ဆိုအရမ်း​ပျော်​ခဲ့ဖူးတယ်​။

ဟုတ်​တယ်​​နော်​ငယ်​ငယ်​ကဆိုအရမ်း​ပျော်​တာ

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ အကို

ပျော်​ရွှင်ပါ ​စေ​ဗျာ

သင်္ကြန်ဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ မြတ်နိုးဖွယ် ယဉ်ကျေးမှုပါဗျာ။စတုဒီဟာ ကျွေးမွေးတာတွေ ကလည်း ချစ်စရာဒလေ့ပေါ့။ဒါပေမယ့် မူးပြီး ရမ်းနေသူတွေ ရှိနေတာကတော့ အရုပ်ဆိုးလှပါတယ်

အရက်​၊ဘီယာ​ကြော်​ငြာတာ​တောင်​ သင်္ကြန်​ ​ခေါင်းစဉ်​​လေးနဲ့​လေ

ဒီနှစ်တော့ ကထက်တို့ သင်္ကြန်ထင်ပါ့အေ

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.43% upvote!
I was summoned by @zinminhtet. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

တပ်မှာ သင်္ကြန်ကျတယ် အလှူလုပ်တယ် ... ဘာပဲပြောပြော ပျော်စရာကောင်းတာပါပဲ ...

ပျော်​​နေတဲ့သူ​တွေကိုမပျက်​​အောင်​ထိန်း​နေရတာနဲ့ပဲ 😄

ငယ်စဉ်ကတော့ သင်္ကြန်ကို ဆုံချင်တယ်၊ အသက်အရွယ်ရလာတော့ သင်္ကြန်ကိုရှောင်ချင်တယ်။

ဟုတယ်​ဆရာ

Release the Kraken! You got a 3.04% upvote from @seakraken courtesy of @zinminhtet!

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.073
BTC 63032.57
ETH 1660.64
USDT 1.00
SBD 0.42