River Spring (Part --3)
ရေဝင် ကုန်တက်
Hello , all steemit member .
ရေဝင်ကုန်းတက် တဲများနေသူများသည် ရေလွတ်ရာ ကားလမ်းဘေးသို့
ပြောင်းရွေ့လာကြသော်လည်း တစ်ချို့မြစ်ရေကြီးသော နှစ်များဆိုလျင်
စစ်ကိုင်း- မန္တလေး ကားလမ်းပေါ် ထိတိုင် ရေကြီး လေ့ရှိသည့်အတွက်
ဒုက္ခ ရောက်ကြရပါသည်
ရေလွတ်ရာနေရာသို့ ပြောင်းရွေ့ဆောက်လုပ်နေပီးကာမှ ထိုနေရာသို့
ထပ်မံ ရေဝင်ရောက်သည့်အခါ ပြေင်းစရာမြေ မရှိ နေစရာ မရှိ ဖြစ်
ကြရသောနှစ်များလည်းရှိပါသည်
ယုခုနှစ်လို ဝါတပ်သည့် နှစ်များတွင် ကားလမ်းမပေါ်သို့ တိုင် ရေဝင် ရေကြီး
လေ့ ရှိတတ်ပါသည်
ထို ကုန်းတက် တဲတန်းနေရာရောက် သို့ရောက်လျင် သွားဖူးလာထူး သူတွေကတော့ ယာဉ်ကို ဖြည်းဖြည်းမောင်းတတ်ကြ ပါ တယ်
နေထိုင်ကြသည့် နေရာသည် ကားလမ်းဘေးမို့ ကား ဆိုင်ကယ် ယာဉ်
အန္တရာယ် အ တော်လေးရှိပါတယ်
ထို ကုန်းတက်တဲ လေးများတွင် နေထိုင်ကြသော ကလေးငယ် များမှာ လမ်းပေါ် ၌ ပင် ဆော့ပြေးကစားတတ်ကြသည့် အတွက် နေထိုင်ကြသူများရော
သွားလာကြသူများပါ အလွန်အန္တရာယ် များလှပါသည်
တဲထဲကလူများ ကလေးများ အိမ်အ ပြင်ထွက်တာနဲ့ လမ်းပေါ်ရောက် တာမို့ မတော်တဆတိုက်မိနိုင်တာ ကြောင့် သတိထားသွားလာသင့်ပါတယ်
ဘယ်သို့ပင်ဖြစ်စေ စစ်ကိုင်းမှ မန္တလေးသို့ သွားရောက်ရာတွင်ထိုနေရာသို့
ဖြတ်သွား ဖြတ်လာ ပြုလုပ်ရသည့်အတွက် ရေဝင်ကုန်းတက်ကြရသော
မိသားစု များ၏ တဲတန်းရှည် လေးများအား မြင်တွေ့ရစဉ်တွင်
တွေးမိသည်က ၇- ထပ်တိုက်ပေါ်တွင် စည်းစိမ်အပြည့်ဇိမ်အပြည့် ကားတစ်ဝီဝီ ဖြင့် အားကျ ငေးမော ရလောက်အောင် ပြည့်စုံသည့် ဘဝ များစွာရှိသလို
ကျောတစ်ခင်းစာ နေရာ ရဖို့ရာပင် ခဲယဉ်းစွာ ခက်ခဲပင်ပန်ူး စွာဖြင့် နေထိုင်မှု
ဒုက္ခ ခံစားနေရသော ဘဝများစွာ လည်းရှိနေသေးသည် ကို မြင်တွေ့ရပါသည်
နေ့စဉ်တွေ့မြင်နေရတဲ့ စစ်ကိုင်း- မန္တလေး သွားကားလမ်းဘေး တွင်
ယခုလို ရေဝင် ရာသီရောက်ချိန်တိုင်း တွေ့မြင်နေရသော ရေဘေဒုက္ခသည်
များအား စာနာသနား ခြင်းများစွာဖြင့် ကျူးးမဟုတ်သော ရေဝင်ကုန်းတက်
ကြသော မိသားစုဝင်များ၏ နေထိုင်ပုံ တစိပ်တစ်ပိုင်းအား ရေးသား မျှဝေ
လိုက်ရပါသည်

ဘဝပေးကုသိုလ်မတူကြသောအခါ
ဟုတ်တယ်နော်
စိတ်မကောင်းစရာပဲ။
ဟုတ်ကဲ့
အော် ဒုက္ခ
Sneaky Ninja Attack! You have just been defended with a 2.86% upvote!
I was summoned by @mamamyanmar. I have done their bidding and now I will vanish...
woosh
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?