How to write a Good Comment
မင်္ဂလာပါရှင်။
Post တွေ နေ့တိုင်းမတင်နိုင်သောသူများအတွက်
sbd ရရှိနိုင်သော နည်းလမ်းလေးတစ်ခုကို ပြောပြချင်ပါတယ်။
အဲ့ဒါကတော့ comment ပေးခြင်းဖြင့် sbd ရှာဖွေရေးပါ။
ဟုတ်ပါတယ်။
စာအရှည်ကြီးတွေ ရေးစရာမလိုဘဲ၊ booster (comment boost) တွေ သုံးစရာမလိုဘဲ ကောင်းမွန်တဲ့ comment လေးတွေ ပေးခြင်းအားဖြင့် sbd တွေရရှိနိုင်ပါတယ်။
comment ရေးပီး sbd ရှာတာဖြစ်တဲ့အတွက် စာရေးသူရဲ့ ဆောင်းပါးကို သေသေချာချာ စိတ်ဝင်တစား ဖတ်ပေးဖို့တော့ လိုအပ်ပါတယ်။
MSC မှာဆိုရင်လည်း ကိုဟင်နရီအောင် ၊ ဆရာတင်လှိုင်ဦး
နဲ့ ကိုဒိုမီလေး တို့ဆောင်းပါးကို ဖတ်ပြီး ကွန်မန့်ပေးရင် ပြန်ပီးဘုတ်တာ တွေ့ရပါတယ်နော်။ (တခြားသူတွေလည်း ကွန်မန့်ဘုတ်တာရှိပေမယ့် သေချာ
သတိမထားမိပါ)
comment vote ရရှိရေးအတွက် စဉ်းစားမိသမျှ အချက်များကို ချရေးကြည့်ရာ အောက်ပါအတိုင်း အချက်ငါးချက်ကို တွေ့ရှိရပါတယ်။
၁။ တစ်နာရီခြားတစ်ခါ အင်တာနက်လိုင်းဖွင့်ပြီး Comment တွေလိုက်ပေးပါ။
၂။ ပထမဆုံးပေးတဲ့ comment ဖြစ်လေလေ vote ရဖို့အတွက်နီးစပ်လေပါပဲ။
၃။ အပြုသဘောဆန်သော positive comment တွေသာပေးပါ။ negative ဆန်သော comment တွေဟာ
တစ်ဖက်သူကို မခံချိမခံသာ ဖြစ်စေရုံကလွဲလို့ သင့်အတွက်လည်း
ဘာအကျိုးအမြတ်မှမရှိလို့ ရှောင်သင့်ပါတယ်။
၎။ တင်ထားသောစာကို သေချာဖတ်ပြီးမှသာ သင့်တင့်လျောက်ပတ်သော comment ကိုပေးပါ။ Nice Post. Good Post. Good Job .....စသဖြင့်ပေးထားတဲ့ comment တွေဟာ စာမဖတ်ပဲပေးထားတဲ့ comment မှန်းကြည့်လိုက်တာနဲ့သိပါတယ်။ အားနာလို့ vote ချင် vote နိုင်ပေမယ့် 100% နဲ့တော့ vote မှာ မဟုတ်တာ သေချာပါတယ် ။
၅။ facebook သုံးသလိုမျိုးသဘောထားပြီး comment ပေးသင့်ပါတယ်။
facebook မှာ ဆို comment တွေ အပြန်အလှန်ပေးကြတာ ပျော်စရာပါ။ comment war ဟုတောင် ခေါ်ကြတယ်ဆိုပဲ။
Comment ရေးပီး sbd တွေ ရနိုင်ကြပါစေနော်။
Thank you,
@honeysara
MSC-040


ဘယ်လိုက ဘယ်လို ဘယ်သူကို မန့် ရမလဲလေ
ပြောအုံးကွဲ့ 
ဘယ်သူ့ကိုမန့်ရမယ်လို့တော့ ပုံသေမရှိပါဘူး။
ကျွန်မကတော့
Trending မှာတက်လာသမျှ new post တွေထဲကမှ reputation မြင့်တဲ့သူကို ရွေးပီး မန့်တာ။ သူတို့ကြိုက်ရင် ပြန်ဘုတ်သွားတာ ။
ဖတ်မိသလောက် ကိုယ့်ခံစားချက်နဲ့ကိုက်ညီရင်တော့ မန့်ပါတယ်။ တချို့ပိုစ်တွေကျ ဘာမန့်ရမှန်းမသိတော့ vote ပဲပေးဖြစ်တယ် 😁😁
ဘာမန့်ရမှန်းမသိဘူး လို့ပဲ မန့်လိုက်မမ 😁😁
ကောင်းပါတယ်။ ဒီနေ့မှ စဝင်တာဆိုပေမဲ့ စာတွေ တော်တော်ဖတ်မိပါတယ်
တချို့ဆို ဘာစာမှမတင်ပါဘူး
ဒါနဲ့ ဘယ်လို စာသားတွေကို စိတ်ဝင်စားအောင် ရေးပြီး Tag နဲ့ပတ်သက်တာ
တွဲနိုင်တာ
Beginners တွေအတွက် နားလည်လွယ်မဲ့ စာလေးတွေလည်း တင်စေချင်ပါတယ်
သုံးတဲ့သူလည်း နည်းသေးတော့ ပြီးတော့ steemit account က ခုနောက်ပိုင်း ဖွင့်ရတာ အရင်ကလောက် မလွယ်တော့ ဇာတ်လမ်းရေးမယ်ဆိုစိတ်ကူး မတူတာကများတော့ ရနိုင်ချေနည်းမယ်ထင်တာပဲ
ခုတလော အကောင့်ကလည်း ဖွင့်ရင်တော်တော်ကြာတယ်
steemit အကောင့်အကြောင်းတစေ့တစောင်းလေး တခါတလေ ရေးပေးပါလား
ဟုတ်ကဲ့။ myanmar steemit တစ်ယောက်တိုးလာလို့ဝမ်းသာမိပါတယ်။
Steemit for beginners ဆိုတဲ့ခေါင်းစဉ်နဲ့ ထပ်ရေးပေးပါ့မယ်နော်။ ကျေးဇူးပါ 😊
ဒါ ကျွန်မ fb account ပါ။ steemit အကြောင်းသိချင်တာရှိရင် မေးနိုင်ပါတယ်။
https://www.facebook.com/gabriella.cyrus.9
ဟုတ်ကဲ့ပါ ကျွန်မ friends request ပို့ထားလိုက်ပါတယ် Crystal Strife ဆိုတဲ့ နာမည်နဲ့ပါ
Elliie Mongodir နာမည်နဲ့လည်း သုံးပါတယ်။
Online Money အတွက်လေ့လာတာတော့ ကြာပါပီ သေသေချာချာ နားမလည်ခဲ့သေးတာပါ
ပိုလည်း သိချင် ဖတ်ချင်ပါတယ်
ကြိုးစားပြီး ရေးပေးတဲ့ အမကို ကျေးဇူးတင်ပါတယ် Fighting!
Good Luck ပါ :)
You got a 2.02% upvote from @emperorofnaps courtesy of @honeysara!
Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!
I was summoned by @honeysara. I have done their bidding and now I will vanish...
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?