ထီးနှင့်ဥတုသုံးပါး
ပူပြင်းလှသည့်နွေရာသီကိုကျော်လွန်လာပြီးနောက်စိုစိုစွတ်စွတ်မိုးရာသီသို့တဖန်ရောက်လာချေဦးမည်။မိုးရာသီရောက်ခါနီးတိုင်းပူပန်ရသည့်အကြောင်းတခုရှိရပြန်ပါသည်။နွေ၊မိုး၊ဆောင်းသုံးရာသီလုံးနေ့စဉ်
အပြင်ထွက်အလုပ်လုပ်နေရသူအဖို့မပါမဖြစ်ပစ္စည်းတစ်ခုမှာခေါက်ထီးတစ်လက်ပင်ဖြစ်သည်။
ရန်ကုန်ဆောင်းသည်လည်းထူးခြားလှသည်မဟုတ်။ပူပြင်းလှသည့်နေရောင်ခြည်နှင့်ရင်ဆိုင်ရသဖြင့်ထီးတစ်လက်မရှိမဖြစ်လိုလှပေသည်။မိုးရာသီရောက်ခါနီး၌
စာရေးသူသည်ထီးတစ်လက်အသစ်တစ်လက်အမြဲပင်ဝယ်လေ့ရှိသည်။ထိုထီးတစ်လက်အားနွေ၊မိုး၊ဆောင်းဥတုသုံးပါးလုံး၌ဆောင်းလေ့ရှိပါသည်။
ထို့ကြောင့်ထီးဝယ်လျှင်Yamasu;Nikoအစရှိသည့်
၅၀၀၀အထက်ပေးဝယ်ရသည့်ထီးများကိုသာဝယ်လေ့ရှိ
ပါသည်။လွန်ခဲ့သော၂နှစ်၃နှစ်ခန့်ကထီးတစ်လက်ဝယ်ထားလျှင်တစ်နှစ်ပတ်လုံးနီးပါးထီးပြင်ဆိုင်မသွားရဘဲ
စိတ်ချမ်းမြေ့စွာဆောင်းရပါသည်။
ပြီးခဲ့သည့်နှစ်မှစ၍ဈေးကြီးကြီးနှင့်ထီးကောင်းကောင်းဝယ်ထားသော်လည်း၂ပတ်ခန့်အကြာမှစ၍၎င်းထီးမှာ
ယိုယွင်းလာပါတော့သည်။ထီးကိုင်းအသေးကလေးမှ
မူလီလေပစ်ကလေးများပြုတ်ထွက်၍ထီးပြင်ဆိုင်သို့ခဏ
ခဏသွားနေရပါတော့သည်။မိုးမိ၍လေပါပါလျှင်၎င်းထီးမှာထီးကိုင်းများပင်ကျိုးပါသေးသည်။ထို့ကြောင့်
လည်းထီးနှင့်ပတ်သတ်၍ဒုက္ခဆင်းရဲခံရပါတော့သည်။
ထီးကောင်းကောင်းကိုဈေးကြီးပေး၍ဝယ်သော်လည်း
အရင်နှစ်များကဲ့သို့အဆင်မပြေလှပေ။ထီးပြင်ဆိုင်နှင့်သာနှစ်ပါးသွားနေရပါတော့သည်။
ထီးပြင်ဆိုင်ခဏခဏသွားရသည့်ဒဏ်မခံနိင်၍အသစ်တစ်လက်ဝယ်ကိုင်သော်လည်းထိုဒုက္ခမှမလွတ်ကင်းနိုင်
ခဲ့ပေ။
ယခုနှစ်တွင်လည်းထုံးစံအတိုင်းမိုးရာသီနီးလာပြီဖြစ်၍ထီးအသစ်တစ်လက်အားcity martတွင်ဈေးဝယ်ပြီးရင်းဖြင့်ဝယ်လာခဲ့သည်။သို့သော်လည်းထိုထီးမှ
စဆောင်းသည့်နေ့မှာပင်ထီးကိုင်းမှလေပစ်ပြုတ်သွား
ခဲ့သည်။ပထမဦးဆုံးဆောင်းသည့်နေ့မှာပင်ထီးပြင်ဆိုင်
သို့ပြေးရလေသတည်း။
စာရေးသူနှင့်ထီးပြင်ဆိုင်လည်းဘယ်သောအခါမှကင်းကင်းရှင်းရှင်းနေနိုင်မည်မသိ။မည်မျှတန်သည့်ထီး
အကောင်းစားကြီးအားဝယ်စေကာမူအနိစ္စသဘော
ဖြင့်အချိန်တိုအတွင်းပျက်စီးကြလေတော့သတည်း။
ပစ္စည်းအတုပဲမိလေသလား။ထီးတို့၏qualityပဲတစ်နှစ်ထက်တစ်နှစ်ညံ့ဖျင်းလာရော့သလား။
မည်သို့ဆိုစေကာမူတစ်နှစ်ပတ်လုံးစာရေးသူနှင့်ထီးပြင်ဆိုင်၊ထီးပြင်ဆိုင်နှင့်စာရေးသူအကြိမ်ကြိမ်တွေ့ဆုံရန်
ကားသေချာသလောက်ပင်ရှိနေပေတော့သည်။
မြန်မာလူမျိုးများsteemitတွင်အောင်မြင်ကြပါစေ။
ိအိအိခိုင်ရေးသားသည်။
MSC No.173.
Credited image from https://pixabay.com/en/woman-umbrella-floating-jumping-1245817/

အမ ထီးပြင်ချင်ပြောနော်
ကျွန်တော် ထီးပြင်ဆရာတစ်ယောက်ပါ😂😂
ပြင်မယ်😜😜
You got a 3.08% upvote from @emperorofnaps courtesy of @eieikhing!
Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!
Sneaky Ninja Attack! You have just been defended with a 1.42% upvote!
I was summoned by @eieikhing. I have done their bidding and now I will vanish...
woosh
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?
ကျွန်တော်ကတော့ ဘေထုပ်က ထီးအသန့်တွေဝယ်ဆောင်းပါတယ် မဆိုးဘူးအစ်မ အဲဒီကထီးတွေခိုင်တယ်ဗျ
ဟုတ်
မည်သို့ပင် ဆိုစေကာမူ အသစ်တစ်လက်ထပ်ဝယ်ဘိုက် မအိရေ😂😂😆😆
ဟုတ်ပါ့😂😂😂