ဘဝတ​ကွေ့ဝယ်​(၁)

in #myanmar8 years ago

မပျက်​မကွက်​တာဝန်​တစ်​ရပ်​ဖြစ်​သည့်​​ရေးချင်​စိတ်​ဖြစ်​သည်​ဖြစ်​​စေ၊မဖြစ်​သည်​ဖြစ်​​စေတာဝန်​တစ်​​ရပ်​ဟုကိုယ့်
ကိုယ်​သတ်​မှတ်​၍Steemitအတွက်​​နေ့စဉ်​စာ​ရေး​နေမိ
သည်​။ယခုတကြိမ်​တွင်မူရင်​ထဲပြည့်​နှပ်​​နေသည့်​မ​ကျေ
နပ်​ချက်​က​လေးများအားစာစုအဖြစ်​​ရေးချင်​လာမိသည်​။
မိမိဖခင်​ကြီးမကြာခဏ​ပြော​လေ့ရှိသည့်​စကား​လေးတ
ခွန်းရှိသည်​။"​ဆွေမျိုးနည်း၍​ရွှေရှိမှအမျိုး​တော်​ချင်​သည့်​​ရွှေ
မျိုးများ​နေ​ပေသည်​။"ဟူ​သောစကား​လေးဖြစ်​သည်​။မိမိဖခင်​စကားသည်​အကြွင်းမဲ့မှန်​ကန်​​ကြောင်းမိမိကိုယ်​တိုင်​အကြိမ်​ကြိမ်​ကြုံ​တွေ့ခဲ့ရ​ပေသည်​။
မိမိဖခင်​​ဆုံးပါးသွားပြီး​နောက်​တွင်​ဖခင်​ဘက်​မှ​ဆွေမျိုးများ
ကလက်​ရှိအိမ်​ကိုပိတ်​ထားခဲ့၍၎င်းတို့နှင့်​အတူလိုက်​​နေ
ရန်​​ပြောကြားခဲ့သည်​။သို့​သော်​လည်းမိမိသည်ပညာစုံ၍
အရွယ်​​ရောက်​ပြီးသားမိန်းက​လေးတစ်​​ယောက်​ဖြစ်​သည်​။မိမိဘဝတွင်​မည်​သူ့အကူအညီမှမလိုအပ်​။ထို့​ကြောင့်​မိမိသည်​ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​တည်​နိုင်​သည်​ဟုစိတ်​မျိုးရှိသည်​။ထို့​ကြောင့်​လည်း​ဆွေမျိုးများနား​ထောင်​၍နားဝင်​ချို​စေမည့်​စကားလုံးမျိုးသုံးကာငြင်းလွှတ်​လိုက်​သည်​။ထို့​ကြောင့်​အားလုံးလက်​​လျော့ကာမိမိစိတ်​တိုင်းကျပင်​ဖြစ်​​စေခဲ့သည်​။
ထိုသူတို့စိတ်​ထဲ၌မည်​သို့သ​ဘောထားသည်​ကိုစာ​ရေးသူ
လည်း​ခေတ်​ပညာတတ်​တစ်​ဦးဖြစ်​​သော​ကြောင့်​​ကောင်း
သည်​ဆိုးသည်​ကိုခွဲခြားနိုင်​ခဲ့သည်​။တကယ့်​စိတ်​ရင်း​စေ
တနာဖြင့်​ကူညီချင်​သည့်​သူများရှိသကဲ့သို့ပွဲလန့်​တုန်းဖျာခင်း၍မိမိဖခင်​ထားခဲ့သည့်​အ​မွေအနှစ်​အနည်းငယ်​အားမျက်​​စောင်းထိုးသူများလည်းရှိ​ကောင်းရှိ​ပေလိမ့်​မည်​။သို့​သော်​လည်းမိမိစိတ်​ထဲရှိသည်​ကိုတဖက်​လူများအား
ထုတ်​​ဖော်​​ပြောချင်းအလျည်းမရှိခဲ့​ပေ။
မိမိသည်​အတတ်​နိုင်​ဆုံးငယ်​စဉ်​ကတည်းကကိုယ့်​တာဝန်​ကိုယ်​ယူချင်​သည့်​စိတ်​ရင်းသာရှိခဲ့သည်​။မိမိဒုက္ခ
အခက်​အခဲဟူသမျှကိုမိမိဖာသာဆုံးဖြတ်​၍​ဖြေရှင်း​လေ့ရှိ
သူဖြစ်​သည်​။မိမိကိုယ်​မိမိယုံကြည်​စိတ်​လွန်​ကဲလွန်းသူ
ဟုပင်​အားမနာတမ်း​ဝေဖန်​မိသည်​။သို့​သော်​လည်းထို
စိတ်​တခုတည်းကပင်​မိမိဘဝကိုဆွဲတင်​သွားသည်​ဟုလည်းဂုဏ်​ယူမိသည်​။
မိခင်​ဆုံးပါးစဉ်​ကစာ​ရေးသူအသက်​သည်​၁၈နှစ်​ပင်​မပြည့်​​သေးခဲ့​ပေ။မိခင်​သည်​မည်​သည့်​​ရောဂါမျှမရှိဘဲ
ဦး​နှောက်​​သွေး​ကြောပြတ်​၍ရုတ်​တရပ်​​သေဆုံးခဲ့ခြင်းဖြစ်​သည်​။ဖခင်​​၊​မောင်​​လေး၊မိမိတို့ဘာလုပ်​၍ဘာကိုင်​ရမှန်းမသိ​လောက်​​အောင်​ပင်​ဖြစ်​၍ဆုံးပါးခဲ့ခြင်းဖြစ်​သည်​။မိမိတို့မိသားစုအတွက်​အကြီးမားဆုံးဆုံးရူံှးမှူပင်​ဖြစ်​ခဲ့သည်​။
မိခင်​ဆုံးပါးသွားသည့်​အချိန်​၌နှစ်​ဖက်​​ဆွေမျိုးများအား
ဖခင်​သည်​အ​ကြောင်းကြားခဲ့သည်​။ဖခင်​ဘက်​မှ​ဆွေမျိုး
များသည်​ပြဿ နာတစုံတရာမရှိခဲ့​ချေ။မိခင်​ဘက်​မှ​ဆွေမျိုး
များသည်​ကားအစုံအလင်​​ရောက်​ရှိချိန်​၌မူပြဿ နာစတင်​ခဲ့သည်​ဟုဆိုချင်​ပါသည်​။
မိမိတို့ပတ်​ဝန်းကျင်​မှတချို့​သောသူများသည်​မိခင်​၏​ညီအစ်​ကို​မောင်​နှမများအားမည်​သို့မည်​ပုံ​သွေးထိုး​ပြော
ဆိုလိုက်​သည်​မသိ။မိမိ၏အဖွားနှင့်​အဖိုး၊မိခင်​၏ဖခင်​နှင့်​မိခင်​၊မိခင်​၏ညီအစ်​ကို​မောင်​နှမများသည်​စာ​ရေးသူ၏
ဖခင်​အားအပြစ်​တင်​သည့်​စကားလုံးများဖြင့်​ထိုးနှက်​ခဲ့
ကြသည်​။မိမိဖခင်​မှမိခင်​အား​ဆေးမကု၍​သေဆုံးသ​ည်
ဟုပြစ်​တင်​စွပ်​စွဲသည့်​အသုံးအနှူန်းပုံစံပင်​ဖြစ်​လာခဲ့သည်​။
စာ​ရေးသူတို့မိသားစုအဖို့မည်​သည့်​​ရောဂါမျှမရှိ​သောမိခင်
သည်​ရုတ်​တရပ်​​သေဆုံးသည်​ကိုမျက်​ဝါးထင်​ထင်​​တွေ့
မြင်​၍​သေဆုံးခဲ့ခြင်းဖြစ်​သည်​။ဆရာဝန်​၏​ဆေးစစ်​ချက်​သည်​လည်းထိုသို့ပင်​အ​ဖြေထုတ်​ခဲ့သည်​။၎င်းတို့၏
သံသယအတွက်​အံ့သြမဆုံးပင်​ဖြစ်​ခဲ့မိသည်​။
မိမိ၏ဖခင်​သည်​မိခင်​အားမျိုထားမတတ်​ချစ်​မြတ်​နိုးသူုဖြစ်​သည်​။မိခင်​၏​မောင်​အရင်း၊ညီမအရင်းများအိမ်​မှာ​ခေါ်
ထားပြီးညီအရင်း၊ညီမအရင်းကဲ့သို့ပင်​သ​ဘောထားကာ
အစစအရာရာတာဝန်​​ကျေပွန်​လာခဲ့သူဖြစ်​သည်​။မိခင်​သည်သူမ၏အ​ဖေ၊အ​မေ၊ညီအစ်​ကို​မောင်​နှမများအား​ပေး
ကမ်း​ထောက်​ပံ့​နေသည်​ကိုလည်းငြိုငြင်​ခြင်းအလျည်းမရှိသူဖြစ်​သည်​။
ထိုသို့စိတ်​​ကောင်းနှလုံး​ကောင်းရှိသည့်​မိမိဖခင်​အားအ
ထင်​အမြင်​မှားကြသည်​ကိုနားမလည်​နိုင်​ဘဲဖြစ်​မိသည်​။
ထိုသူတို့အားလည်းစိတ်​အနာကြီးနာမိ​လေ​တော့သည်​။
အပိုင်း(၂)အားဆက်​လက်​ဖတ်​ရှူပါရန်​။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.

family-2611748_1280.jpg
Credited image from
https://pixabay.com/en/family-sunset-beach-happiness-2611748/

Sort:  

မျှော်

ဟုတ်​ကဲ့

အဲ့လိုပါပဲ မအိ ဆွေမျိုး ဆိုတာက လိုတစ်မျိုး မလိုတမျိုး သူစိမ်းတွေထက် ပိုဆိုးတယ် သူတို့နဲ့က သူစိမ်းတွေလို ကင်းကင်းနေလို့မှ မရတာလေ 😟😟

ဟုတ်​ကဲ့။ရင်​ထဲမွန်​ကြပ်​​နေတာ​တွေကိုစာစုအဖြစ်​​ရေးတင်​မိတာပါ။

အားမငယ်ပါနဲ့ မအိရေ ကျွန်တော်တို့ အမြဲတမ်းရှိပါတယ်ခင်ဗျ vote အားနည်းနေလို့ နောက်နေ့မှ vote
တော့မယ်လေ

ရပါတယ်​ရှင်​။အမြဲအား​ပေး​နေတာကို​ကျေးဇူးတင်​​နေရပါတယ်​ရှင်​။

ဘဝဆိုတာ ဒီလိုပါဘဲအမ​ရေ
Fighting အမ

ဟုတ်​ပါတယ်​​မောင်​​လေး​ရေ။

Resteem bot Service! Promote Your New Post.Find New Freinds - Followers - Upvotes. Send 0.400 SBD and your post url in memo and we will resteem your post to 9000+ followers from two different account.@stoneboy and @vimal-gautam.

You got a 4.05% upvote from @nado.bot courtesy of @eieikhing!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 1.33% upvote!
I was summoned by @eieikhing. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Release the Kraken! You got a 3.70% upvote from @seakraken courtesy of @eieikhing!

ဆွေမျိုးဆိုပေမဲ့ ကိုယ့်ရှိမှ ကိုယ်ဘဲ မအိရေ

ဟုတ်​ကဲ့မမ​ရေ။

ဘယ်လိုပြောရမလဲ
အရမ်းကောင်းတယ်ဆိုတဲ့စကားထက်ပြောလို့ရရင်
ပြောချင်သေးတယ်ဗျာ

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင့်​။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.080
BTC 61943.49
ETH 1656.22
USDT 1.00
SBD 0.47