ဆူလွယ်နပ်လွယ်

in #busy6 years ago (edited)

@bobokyaw.jpg

အကျိုးအမြတ်ရအောင် လုပ်ဆောင်တဲ့ နည်းဆိုရင် လူတိုင်း လိုချင်ပါတယ် လူတိုင်း
စိတ်ဝင်စားပါတယ် လောကသဘာဝကြီးကိုက စီးပွားရေးဆိုရင် မြတ်ရမယ် ပိုရမယ်
တိုးပွားလာရမယ်လို့ အရင်ဆုံး မြင်တက်နားလည်တက်သည့် သဘောရှိပါတယ်
လိုအပ်ချက်နဲ့ လိုအင်အတွက် စီးပွားလုပ်ကြသူချည့်ပါဘဲ အကျိုးစီးပွားဆိုတာလည်း
ငွေတစ်ခုတည်းတော့ မဟုတ်ပြန်ပါဘူး။ စီးပွားအမျိုးမျိုးရှိနိုင်ပါသေးတယ်
ငွေမရှိသူက ငွေလိုချင်ပါတယ်။ ငွေရှိသူက နာမည်ဂုဏ်သတင်း ကျော်ဇောခြင်း
လိုချင်လာပါတယ်။ နာမည်ဂုဏ်သတင်း ကျော်ဇောသူကလည်း အခွင့်အာဏာ
လိုချင်ပြန်ပါတယ်။တရားရှာမှီးသူ သူတော်စင်များသည်လည်း စစ်မှန်သော ငြိမ်းအေးမှု တရားသဘောတွေကို လိုချင်ကြပါတယ် ဒီအတွက် လုပ်ဆောင်ချက်နဲ့ အမည်နာမသည်သာ ကွဲပြားသွား
ပါတယ်။ လိုရင်းကတော့ အကျိုးအမြတ်ရရှိရေး စီးပွားရေးပင်ဖြစ်ပါတယ်
ဒါကြောင့် အားလုံးက စီးပွားရှာသူများပင်ဖြစ်ပါတယ်
စီးပွားရှာကြပြီဟေ့ ဆိုရင်တော့ ကိုယ်ကျိုးနဲ့ သူ့အကျိုးတို့ ဆက်နွယ်လာရပါပြီ
မနွယ်ချင် မပါတ်သက်ချင်လို့လည်းမရပါဘူး။ စီးပွားလုပ်ပါပြီဆိုမှ တစ်ဦးတည်း
တစ်ယောက်တည်း လုပ်လို့ရသည့်အရာမဟုတ်ဆိုတာ လူတိုင်းသိပါသည်။
ကုန်ထုတ်သူက ကုန်ဝယ်သူနဲ့တော့ ပါတ်သက်ရသည်။ စာရေးသူက စာဖတ်သူနဲ့
တော့ ဆက်ဆံရမည်။ နာမည်ဂုဏ်သတင်း ကျော်ဇောခြင်း အခွင့်အာဏာ ရချင်သူ
များကလည်း။ လူအများရဲ့ လေးစားချစ်ခင် အားကိုးခြင်း ယုံကြည်ခြင်းတို့အား ပေါင်းကူးနိုင်ရပါလိမ့်မည်။ လူတွေနဲ့ ပါတ်သက် ဆက်နွယ်ရပြီဆိုတဲ့ အခါ
သူ့အကျိုး ကိုယ့်အကျိုးကို မျက်ကွယ် ပြုလို့မရနိုင်တော့ပြီပေါ့ အနီးဆုံးပြောရမယ်
ဆိုရင်တော့ အလကားရနေတာအများကြီးထက် ကိုယ်ပေးသလောက်တော့ အနည်းဆုံးပြန်ပြီးရချင်ကြတယ်ဆိုတာပါဘဲ
ဒါကြောင့်လည်း စီးပွားရှာသူချင်း ကိုယ်ချင်းစာပါဆိုတဲ့ ရေးမထားသော ဥပဒေသ
တစ်ရပ်ကို စီးပွားရှာသူများက ရေးသားလာကြတော့တာပေါ့
စီးပွားရှာသူတွေကလည်း တစ်သမက်တည်းတော့ ဦးတည်လို့ သွားနေတာတော့
မဟုတ်ပါဘူး ထင်ရာမြင်ရာ လုပ်ကြသူတွေပါဘဲ။ အချို့က ဈေးတက်မယ်ဆိုပြီး
ဝယ်တယ် တစ်ချို့က ဈေးကျမယ်ဆိုပြီးရောင်းတယ် ဒီအတိုင်းပါဘဲ သူယုံကြည်ရာ
သူရပ်တည်တာပါဘဲ။
စီးပွားရှာသူအချို့က ကံရာဇာကြီးကို သဘောကျတယ် အချို့ကလည်း ကံရာဇာငယ်ကို နှစ်သက်ပြန်တယ်။ ယုံကြည်ချက်နဲ့ ဦးတည်ချက်တွေ ကွဲပြားနေ
တော့ လုပ်ဆောင်ချက်တွေကလည်း တူညီနိုင်တော့မည်မဟုတ်ပါဘူး
ရပ်တည်ချက်မတူ ယုံကြည်ချက်မတူ လုပ်ဆောင်ချက်တွေမတူတာကို မှန်တယ်
မှားတယ် ကောင်းတယ် မကောင်းဘူးတွေကို ရေချိန်ညှိချင်လို့တော့ မရနိုင်ပါဘူး
ဒါပေမယ့် အားလုံးကတော့ စီးပွားရှာနေသူချည့်ပါဘဲ

@bobokyaw

Sort:  

Done bro. Thanks for your support.

Thanks you bro.np

You got a 7.04% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

မှန်ပါသည်

ကျေးဇူးတင်ပါတယ် အစ်မရေ

You got a 16.41% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks you upme

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 16.24% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you sneaky ninja

မတူ မတူညီခြင်း

မတူကွဲပြားခြင်းပေါ့

သားကတော့ တစ်ကိုတော်အောင်ပွဲဆင်နေပြီ၊ ဆရာကတော့ကြိုးစားဆဲပဲဟေ့။

ပန်းတိုင်မရောက်သေးပါဘူး ဆရာ
ရုန်းကန်နေတုန်းပါဘဲ
အချိန်ကောင်းတစ်ခုဆီတော့ အားလုံး အတူတူရောက်ကြမှာပါ

This is an advertised post

The author of this post or one of his supporters has used one or more paid services to promote this post. This post's valuation and number of upvotes does not represent human curation. This means this post's valuation does not represent community appreciation and should be viewed as advertised content.

If you are new to these services please be warned that bid voting is a huge gamble with little return on investment if not utilized right and might also lead to a net loss.

If you like this service please update this comment for visibility and to support paying for the server costs.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61185.73
ETH 3012.54
USDT 1.00
SBD 3.84