သမီးလေးကို မေမေပုံပြောပြမယ် အပိုင်း ၁ အခန်း၁
ဟိုးရှေးရှေးတုန်းက ဝက်အမေအိုကြီးတစ်ကောင်မှာ ဝက်သားလေး ၃ ကောင်ရှိတယ် ... သမီးလေး ။ သူ့မှာ အစာရေစာ အလုံအလောက်မရှိတာကြောင့် ဝက်လေးတွေ အရွယ်ရောက်တဲ့အခါမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ လွှတ်လိုက်ပါတယ်။ ပထမဆုံးဝက်ကလေးက ငပျင်းကလေးပေါ့။ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိဘဲ သူ့အိမ်ကိုလည်း ကောက်ရိုးတွေနဲ့ ဆောက်ထားတယ်။ ဒုတိယဝက်ကလေးက အနည်းငယ်အလုပ်ကြိုးစားပေမယ့် သူလည်း ပျင်းတာပါပဲ။ သူ့အိမ်ကို တုတ်ချောင်းတွေနဲ့ ဆောက်ထားပါတယ်။ သူတို့ဟာ သီချင်းဆိုလိုက် ကလိုက်နဲ့ ပျော်ပျော်ကြီး နေကြတယ်။
တတိယဝက်ကလေးကတော့ အလုပ်ကြိုးစားတယ်တဲ့ ... သူ့အိမ်ကို အုတ်တွေနဲ့ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတာကြောင့် တော်ရုံတန်ရုံလေပြင်းကတော့ မမှုဘူးကွယ်။ ဒီလိုနဲ့ သူတို့ဘ၀တွေဟာ ထူးခြားမှု မရှိဘဲ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားပေမယ့် သူတို့ရဲ့ ကံ ဥာဏ်ဝီရိယကို စမ်းသပ်မယ့် အချိန် ရောက်လာပါတယ်။
သူတို့အိမ်နားကနေ ဖြတ်သန်းသွားတဲ့ မြေခွေးတစ်ကောင်က သူတို့ရဲ့အနံ့ကို ရသွားတယ်လေ။ သူက အနီးဆုံးမှာ ရှိတဲ့ ပထမဝက်ကလေးရဲ့ ကောက်ရိုးအိမ်ကို သွားတယ်။
" ဒေါက် ဒေါက် ဒေါက် ဝက်ကလေးရေ တံခါးဖွင့်ပေးပါ ... ငါ အထဲဝင်ပါရစေ" ဆိုတော့ ဝက်ကလေးက သော့ပေါက်ကနေ ချောင်းကြည့်တယ်။ မြေခွေးရဲ့ ရှည်လျားတဲ့ ခြေသည်းလက်သည်းတွေကို မြင်တဲ့အခါ မဖွင့်ပေးဘူးပေါ့။ အဲဒီအခါ မြေခွေးက ကောက်ရိုးအိမ်ကို ဆွဲဖြဲဖျက်ဆီးပြီး ဝင်လာတယ်။ ပထမဝက်ကလေးလည်း အပြေးမြန်လို့သာ လွတ်သွားတယ်။
အဲဒီနောက် ဒုတိယဝက်ကလေးရဲ့အိမ်ကို အပြေးသွားတာပေါ့။ နှစ်ကောင်သား ကြောက်လို့ တုန်နေကြတယ်။ မြေခွေးလည်း နောက်ကနေ လိုက်လာရင်း ဒုတိယဝက်ကလေးရဲ့ တုတ်ချောင်းအိမ်ရှေ့ကို ရောက်လာတယ်။
" ဒေါက် ဒေါက် ဒေါက် ဝက်ကလေးတို့ရေ ငါ အထဲ ဝင်ပါရစေ "
သော့ပေါက်ကနေ ချောင်းကြည့်တော့ မြေခွေးရဲ့ နားရွက်ရှည်ရှည်ကို မြင်လိုက်တယ်။ ဒါကြောင့် တံခါးကို ဖွင့်မပေးဘူးပေါ့။
မြေခွေးလည်း အိမ်ကို ဆွဲဖြဲ ဖျက်ဆီးပြီး ဝင်လာတယ်။ ဝက်ကလေး နှစ်ကောင်ကို ဖမ်းပေမယ့် မမိလိုက်ဘူး။ သူတို့က အိမ်နောက်ပေါက်ကနေ ထွက်ပြေးသွားတယ်။ မြေခွေးလည်း ကျိတ်မနိုင်ခဲမရဖြစ်ပြီး နောက်ကနေ တောက်လျောက်လိုက်တာပေါ့။
( ဆက်လက်ဖော်ပြပါမည် )
Reference : https://americanliterature.com/childrens-stories/the-three-little-pigs
မုန့်လုံးရေပေါ်တက်လာတော့ ဆယ်စားမယ့်သူနဲ့ တန်းတိုးနေပြီ၊ ဆရာကို CB မှာဆက်သွယ်ပါ၊ Cheetah မမိအောင်နည်းလမ်းပေးပါ့မယ်။
Congratulations @linthitsar! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Congratulations @linthitsar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:

Congratulations @linthitsar! You received a personal award!
Click here to view your Board
Congratulations @linthitsar! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!