Ideas on Steem blockchain part#4 - Pay It Forward Curation conteststeemCreated with Sketch.

in #steempress6 years ago


Ref Link: https://steemit.com/payitforward/@pifc/week-20-pay-it-forward-curation-contest-71556c5823d6cest

Ref link ကိုမကြာခဏသွားကြည့်လို့ comment တွေရဲ့ အောက်ဆုံးအထိ ဖတ်ကြည့်ပေးပါ။ ဒီအပတ်မှာတော့ @costanza ကို ဧည့်ဒိုင်အဖြစ် ရွေးချယ်ထားပါတယ်။ အဲ့ဒိအတွက် ဒီတစ်ပတ်ရဲ့ ဒိုင်လူကြီးတွေကတော့ @costanza, @tryskele, @lynncoyle1 နဲ့ @wolfhart တို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို စီစဉ်သူကတော့ @thedarkhorse ပဲဖြစ်ပါတယ်။ သူက တစ်ပတ်ကို ဒိုင်လူကြီး လေးယောက်ကိုရွေးချယ်ခိုင်းပါတယ်။

Pay It Forward Curation Contest ဆိုတာဘာလဲ။
Community Minded Steemians တွေအနေနဲ့ အခြား Rep 55 နဲ့အောက် Steemians နှစ်ယောက်ရေးထားတဲ့ ပိုစ့်နှစ်ခုကို ပိုစ့်အနေနဲ့ရေးပြီးတင်လို့ရပါတယ်။ အောက်မှာဖော်ပြထားသလို့Curation style ပိုစ့်ရေးပြီး Ref post အောက်မှာ comment အနေနဲ့ရေးပေးရမှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ပြိုင်ပွဲဝင်ရမလဲဆိုတာကိုတော့ @pifc မှာ သွားကြည့်လို့ရပါတယ်။ Pay It Forward Curation contest လို့ ပိုစ့်တင်ထားပါတယ်။

Rules

  • ကောင်းမွန်တဲ့ ပိုစ့်တွေ ရေးလေ့ရှိတဲ့Blogger နှစ်ယောက် ကို မိတ်ဆက်ပေးတဲ့အနေနဲ့ curation style ပိုစ့်ရေးပေးရမှာဖြစ်ပါတယ်။ နမူနာ ပိုစ့်
  • သူတို့မကြာခင်က ရေးထားတဲ့ ပိုစ့်နှစ်ခုကို မိမိရဲ့ပိုစ့်မှာ လင့်ခ်အနေနဲ့ထည့်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒိ ပိုစ့်တွေက ခုနှစ်ရက်ပြည့်ဖို့အရမ်းကပ်လွန်းနေတဲ့ ပိုစ့်တွေ မဖြစ်ရပါဘူး။
  • ဒီ contest post link(Ref Link) ကို မိမိရဲ့ ပြိုင်ပွဲဝင်ပိုစ့်မှာ ထည့်ပေးရပါမယ်။
  • မိမိရွေးချယ်လိုက်တဲ့ blogger နှစ်ယောက်က RP ၅၅ ထက်နည်းရမှာဖြစ်ပါတယ်။
  • ဒီပိုစ့်(Ref Link) မှာမိမိရဲ့ပြိုင်ပွဲဝင်ပိုစ့်ကို comment လာပေးရမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ဖို့အတွက် အနည်းဆုံး စာလုံးရေ ၂၀၀ ရှိရမှာဖြစ်ပါတယ်။ စာလုံးရေ ၂၀၀ ရှိခဲ့ရင်တော့ ပုံတစ်ပုံထဲနဲ့တင်ထားရင်လည်းလက်ခံမှာဖြစ်ပါတယ်။ စာလုံးရေ ၂၀၀ ဆိုတာ စာကြောင်းရေ ၁၂ ကြောင်းခန့်ရှိပါတယ်။ Parley နဲ့ Dmania က ပိုစ့်တွေကို လက်မခံပါဘူး။

ဆုကြေး
အနည်းဆုံး SBI share ၁၄ ခုပေးသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ရှစ်ယောက်ကို SBI ရှယ်ယာတစ်ခုနှုန်းနဲ့ မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ အနည်းဆုံးနှစ်ခုပေးသွားမှာဖြစ်ပါတယ်။ ဒိုင်လူကြီးလေးယောက်ကနေ ပိုစ့်တစ်ခုစီကို ရွေးပေးမှာဖြစ်ပြီးတော့ အနိုင်ရတဲ့သူ လေးယောက်ကလဲ SBI share တစ်ခုစီရရှိမှာ ဖြစ်ပါတယ်။အနိုင်ရတဲ့လေးယောက်က ရွေးချယ်ပေးလိုက်တဲ့ blogger နှစ်ယောက်စီ စုစုပေါင်းရှစ်ယောက်ကလဲSBI share တစ်ခုစီရရှိမှာဖြစ်ပါတယ်။ ၂ + ၄ + ၈ စုစုပေါင်း ၁၄ SBI share ပေးသွားမှာဖြစ်ပါတယ်။

Prizes: Steembounty

ဒီပိုစ့် (Ref Link) မှာ 2 Steem ကို bounty အနေနဲ့ပေးသွားမှာဖြစ်ပါတယ်။ Steembounty ဆိုတာဘာလဲဆိုတာသိချင်ရင်အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။

https://steemit.com/steempress/@mmunited/whatisabountyexactlyexpalinedinmyanmarlanguage-6hkk85k63y

Steem monsters cards

@erodedthoughts က ဒီပိုစ့်မှာ ပြိုင်ပွဲဝင်သူတိုင်းကို 1 Steem monsters card ပေးမယ်လို့ ကတိပြုထားပါတယ်။

 

ပိုစ့်ရဲ့အောက်ပိုင်းမှာတော့ sponsor ပေးထားတဲ့သူတွေရဲ့နာမည်တွေပါပါတယ်။ အဲ့ဒိသူတွေရဲ့ နောက်ဆုံးရေးထားတဲ့ပိုစ့်တွေလဲပါပါတယ်။ အဲ့ဒိ ပိုစ့်တွေကို upvote လုပ်ပေးဖို့လဲ ပြောထားပါတယ်။

သူ့အောက်မှာကတော့ ပြိုင်ပွဲဝင်တွေရဲ့ပိုစ့်တွေဖြစ်ပါတယ်။ပြိုင်ပွဲဝင်ပိုစ့်တွေကို upvote ပေးဖို့လဲ ပြောထားပါတယ်။ SBI အကြောင်းသိချင်ရင် အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။


Ideas on Steem blockchain Series

 

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=120
Sort:  

တကယ်တော်တယ်ဗျာ ကျွန်တော်တို့က အဲဒီပို့တွေဝင်မဖတ်နိုင်ဘူးဗျ၊ အင်င်္ဂလိပ်ညံ့တယ်၊ ကွန်မန့်မရှိပဲတောင် 1$ ကျော်နေပြီ

သူ့ပြိုင်ပွဲပုံစံက သိပ်တော့မခက်ပါဘူး ဘရို။ ဘရိုတို့က comment တိုက်ရိုက်ပေးခိုင်းတာပါ။ ဒီပုံစံကို bunnypuncher မှာလဲ တွေ့နိုင်ပါတယ်။ အခုပြိုင်ပွဲကတော့ ကိုယ်အကြိုက်ဆုံး ပိုစ့်နှစ်ခုကို ရွေးပြီး ပိုစ့်တစ်ခုရေးခိုင်းတာပါ။ အဲ့ဒိပိုစ့်မှာ ကိုယ်ဘယ်လို ခြယ်မှုန်းချင်သလဲ။ သူ့ပိုစ့်ကို ဘာ့ကြောင့်စိတ်ဝင်စားတာလဲ စသဖြင့် ထည့်ရေးပေးလို့ရပါတယ်။ အဓိကကတော့ curator တွေ အတွက်ပါ။ အဲ့ဒိလို ရွေးပေးတဲ့သူကလဲ SBI share ရပါတယ်။ ပိုစ့်ရေးတဲ့သူကလဲ ရပါတယ်။ ဒီကြားထဲမှာ Random ရွေးတာကလဲ ရှိတော့ ပြိုင်ပွဲဝင်ရုံနဲ့ကို ဆုရနိုင်ပါတယ်။ Steem Monsters လဲ ရဦးမှာဖြစ်သလို steembounty ကနေလဲ ထပ်ရဦးမှာပါ။

မက်လုံးကတော့ အများကြီးပေးထားပါတယ်။ MSC အနေနဲ့လဲ အဲ့ဒိလိုလုပ်ပေးနိုင်ရင်ကောင်းမှာပဲလို့ ထင်မြင်ယူဆမိပါတယ်။

သိပ်နားမလည်ဘူးဗျာ ပြိုင်ပွဲတော့ စိတ်ဝင်စားပါတယ် fb acc ရှိရင် ပေးထားပါလား နားမလည်ရင်မေးရတာပေါ့ steemit acc မှာ ကျွန်တော့ fb ရှိပါတယ်
@aggamun

https://discord.gg/MwxY3dn

Discord ရှိရင် discord ကို join ပါလားဘရို။ ကျွန်တော် အဲ့ဒိမှာ ရှိပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 67584.80
ETH 3438.61
USDT 1.00
SBD 2.70