Ideas on Steem blockchain part#3:super8ballclubsteemCreated with Sketch.

in #steempress6 years ago (edited)

ဒီနေ့တော့ super8ballclub အကြောင်းရေးမှာဖြစ်ပါတယ်။ @yee900 နဲ့ john john တို့အတွက် ရည်ရွယ်ပါတယ်။

 


 

Ref Link : https://steemit.com/super8ballclub/@suyutu/special-giveaway-of-15-000-coins-to-all-the-verified-players-celebrating-the-national-independence-days

Ref Link : https://steemit.com/super8ballclub/@super8ballclub/special-giveaway-of-15-000-coins-to-all-the-verified-players-celebrating-the-national-independence-days

အပေါ်က suyutu ရဲ့လင့်ခ်မှာ ဘယ်လို လုပ်ရသလဲဆိုတာကို ရေးထားပါတယ်။ upvote ပေးရင်လဲ စိတ်မဆိုးပါဘူးတဲ့။
အတိုချုပ်ပြောရရင် အောက်ကလင့်ခ်မှာ သွားပြီး game tracking name ကို comment ပေးလိုက်ရင် ၁၅၀၀၀ in-game coins ရမှာဖြစ်ပါတယ်။ coins ရရင်လဲ ဒိပိုစ့်မှာ comment တော့ လာပေးကြပါဦ။ ကျေးဇူးတင်ပါတယ်။

Super8ballclub Officials website

Google's Play Store

အပေါ်ကလင့်ခ်ကို နှိပ်ပြီးတော့ app ကို ဒေါင်လုဒ်ဆွဲလိုက်ပါ။ ပြီးတာနဲ့ ကိုယ့်ရဲ့စက်မှာ install လုပ်လိုက်တာ။ app ကိုဖွင့်ပြီးတာနဲ့ အောက်က အဆင့်တွေအတိုင်းလိုက်လုပ်ပေးပါ။

Another Ref Link : https://steemit.com/gaming/@princewahaj/introducing-super8ballclub-the-first-ever-multiplayer-based-pool-game-for-android-powered-by-steem-blockchain-using-playfab-and

မှတ်ပုံတင်ခြင်း

 


 

app ကိုဖွင့်လိုက်တာနဲ့ အပေါ်က ပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။ Register here ကိုနှိပ်လိုက်ပါ။

 


 

Email ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ email address
password : ကိုယ်သုံးချင်တဲ့ စကားဝှက်
Your Unique Tracking Name : ကိုယ်ကြိုက်တဲ့နာမည်ထည့်ပါ။ ဒါကိုမှတ်ထားဖို့တော့လိုပါတယ်။
Your Steem Username : ကိုယ့်ရဲ့ steemit user name ကိုထည့်ပေးပါ။
Referer Steem Username : Suyutu

Register ကိုနှိပ်ပါ။

 


 

အပေါ်ကပုံမှာ Play ဆိုတဲ့နေရာမှာ မှိန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆို ကစားလို့မရသေးပါဘူး။ ကစားလို့ရဖို့ဆို အရင်ဆုံး verify လုပ်ရမှာဖြစ်ပါတယ်။

Verify လုပ်ခြင်း

တစ်ကယ်လို့ ကိုယ့်ရဲ့ Rep က ၆၀ ထက်နည်းခဲ့မယ်ဆိုရင် အောက်ကပုံလိုမျိုး ဓာတ်ပုံတစ်ပုံ ရိုက်ပါ။ စာရွက် တစ်ရွက်ပေါ်မှာ ကိုယ့်ရဲ့ steemit username ရယ်၊ game tracking name ရယ်ကို ချရေးပါ။။ ကိုယ့်မျက်နှာရယ် အဲ့ဒိစာရွက်ရယ် နှစ်ခုစလုံးပေါ်အောင် ဓာတ်ပုံရိုက်ပါ။ ပြီးတာနဲ့ ပိုစ့်တစ်ခုတင်ပါ။ အဲ့ဒိပိုစ့်မှာ ဓာတ်ပုံကိုပါထည့်ပေးပါ။ ပြီးတော့ super8ballclub ကို tag အနေနဲ့တွဲပေးပါ။

 


 

သူ approve လုပ်ဖို့ ၂၄ နာရီကနေ ၇၂ နာရီလောက်အထိ ကြာတတ်ပါတယ်။ approve ရပြီဆိုတာနဲ့ switch account ကိုနှိပ်ပြီး login လုပ်လိုက်ပါ။

 


Play ဆိုတာ မှီန်မနေတော့တဲ့အတွက် စကစားလို့ရပြီဖြစ်ပါတယ်။ ဒီနေရာမှာ ဂိမ်းရဲ့ ငွေကြေးစနစ်အကြောင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။

  • Coins
  • Shares
Coins ဆိုတာကတော့ ဂိမ်းကစားဖို့ရယ်၊ cues ဝယ်ဖို့ရယ်။ chat packs စတာတွေကို ဝယ်ဖို့ဖြစ်ပါတယ်။ ကိုယ် game တစ်ပွဲနိုင်တယ် ဆိုရင် ကိုယ်ထည့်ထားတဲ့ပိုက်ဆံရဲ့နှစ်ဆပြန်ရပါတယ်။ အဲ့ဒိတော့ coins များများရှိမှ ဂိမ်းများများဆော့နိုင်မယ်။ ဒါမှမဟုတ် ပိုပြီးကြေးကြီးတဲ့ ဝိုင်းတွေမှာ ကစားနိုင်မှာဖြစ်ပါတယ်။ Coins ကတော့ ဂိမ်းအတွင်းမှာပဲ သုံးဖို့လုပ်ထားတာပါ။

Shares ကတော့ Steem အဖြစ်ကို ပြောင်းလို့ရပါတယ်။ ကစားပွဲတစ်ခုနိင်တာနဲ့ သူသတ်မှတ်ထားတဲ့ share ရပါတယ်။ အဲ့ဒိ share က ပြန်မရှုံးနိုင်ပါဘူး။ ရှယ်ယာများများရဖို့ဆိုရင် ကစားပွဲတွေများများကစားရမယ်။ ဒါမှမဟုတ် လောင်းကြေးများတဲ့ကစားဝိုင်းတွေမှာ ဝင်ကစားရမှာဖြစ်ပါတယ်။

Coins တွေကို ဘယ်လိုရနိုင်သလဲ


 

Claim ကိုနှိပ်ပြီးတော့ ၂ နာရီ ၆ နာရီ ၁၂ နာရီပြည့်တိုင်းမှာ coin တွေကို ရယူနိုင်ပါတယ်။ ကစားပွဲတွေကို အနိုင်ရခြင်းနဲ့လဲ ရနိုင်ပါတယ်။ +၅၀ ဆိုတဲ့ နေရာကို နှိပ်ပြီး ကြော်ငြာကြည့်ခြင်းနဲ့လဲ ရနိုင်ပါတယ်။ အခြားသူတွေကို ဒီဂိမ်းအကြောင်း ညွှန်းပေးရင်းနဲ့လဲ ရနိုင်ပါတယ်။ မိမိရဲ့ ပိုစ့်တွေမှာ super8ballclub ကို ထည့်ပေးခြင်းဖြင့်လဲ ရနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ giveaway တွေကနေလဲရနိုင်ပါတယ်။

Ref Link : https://steemit.com/super8ballclub/@super8ballclub/special-giveaway-of-15-000-coins-to-all-the-verified-players-celebrating-the-national-independence-days

အပေါ်မှာပေးထားတဲ့ လင့်ခ်မှာ မိမိရဲ့ game tracking name ကိုထည့်ပေးရင် ၁၅၀၀၀ coins ရမှာဖြစ်ပါတယ်။ မိမိ အကောင့်က verify ဖြစ်နေဖို့တော့လိုပါတယ်။

 


 

Shares ကနေ steem ပြောင်းချင်ရင် Convert Share ကိုနှိပ်လိုက်ပါ။ အပေါ်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိလိုပေါ်လာတာနဲ့ Submit ကိုနှိပ်လိုက်ပါ။ သူ့ဘာသာသူလွှဲပေးမှာဖြစ်ပါတယ်။

မိမိ Avatar ကို ကြိုက်သလိုပြောင်းလို့ရပါတယ်။ Default Avatar ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့ပုံမှာ ကိုယ်ကြိုက်တဲ့ image လင့်ခ်ကို ထည့်လိုက်ပါ။ ပြီးတာနဲ့ save ကိုနှိပ်ပါ။

 


 

Chat လဲလုပ်လို့ရပါတယ်။ အများကြီးတော့ လုပ်လို့မရပါဘူး။ အများကြီးလုပ်ချင်ရင်တော့ coins ပေးပြီးဝယ်ရမှာဖြစ်ပါတယ်။ ညာဘက်က အပြာရောင် အစက်ကလေးသုံးစက်ကို နှိပ်ပြီး chat လုပ်နိုင်ပါတယ်။ gameplay room ထဲမှာရှိပါတယ်။

 


 

ဂိမ်းဆော့ဖို့အခန်း ၁၂ ခုရှိပါတယ်။ London, Sydney, Moscow, Tokyo, Las Vegas, Jakarta, Toronto နဲ့ Sheffield တို့ပဲဖြစ်ပါတယ်။ နောက်ဆုံးအခန်းကအခက်ဆုံးဖြစ်သလို ဆုကြေးလဲ အရဆုံးဖြစ်ပါတယ်။

 


 

Cues ကတော့ အချောင်း ၂၀ ရှိပါတယ်။ ဈေးကြီးလေ ကောင်းလေပါပဲ။ Cues ရော Chat ရော Store ထဲမှာ ဝယ်လို့ရပါတယ်။

 


 

သူ့ရဲ့ မူရင်းပိုစ့်မှာ coins သွားတောင်းဖို့မမေ့ပါနဲ့။ ဒီ game က ဘိလိယက်ထိုးတာ ဝါသနာပါတဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်တော် ပိုစ့်မှာ upvote နဲ့ comment ပေးရင် ကျေးဇူးတင်မိမှာပါ။

Ideas on Steem blockchain part#2 - Upvote me Service in Steemchat
Ideas on Steem blockchain part#1 - Steembasicincome


Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=115

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61166.56
ETH 2987.63
USDT 1.00
SBD 3.71