လာပြန်ပြီဟ နောက်တစ်နှစ်

in #steempress6 years ago

ဗျောက်ဖေါက်သံ တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ အိပ်မရတော့တဲ့ ဒီတစ်ညပါဘဲ အရင်ညတွေ

ကကော အိပ်နေသလားဆိုတော့ ရယ် စရာတော့ဖြစ်တော့မယ် မအိပ်သေးဘူးလေး

ဒီတစ်ညက ပိုလို့ မအိပ်ချင်စေအောင် အသံစုံတွေနဲ့ဆိုတော့ ပျော်စရာတော့ ကောင်းသား

သူတကာကတော့ ဒီတစ်ညကို ရောက်လာတော့မယ့် နှစ်သစ်အတွက် ချမ်းချမ်းစီးစီး

ထိုင်လို့စောင့်နေကြလေရဲ့

သိပ်မကြာပါဘူး လမ်းတကြောလုံး အော်လိုက်ကြတာ ကိုယ်တောင် လန့်သွားတယ်

အော် ညဆယ့်နှစ်နာရီထိုးပြီကို ဖေါက်လိုက်တဲ့ ဗျောက်အိုးတွေကလည်း စစ်ဖြစ်နေတာကြနေတာဘဲ

ကိုယ့်အတွက်တော့ နှစ်တစ်နှစ် ကူးပြောင်းသွားတာ သိပ်တော့ ဖီလင်မရှိလှ

သူ့ဟာသူ ပြောင်းတာဘဲလေ ပြောင်းပေါ့ နှစ်သစ်ကူးပြောင်းတာကို စတင်းဈေး

ပြောင်းတာလောက် စိတ်မ၀င်စားမိတာတော့ အသေအချာပါဘဲ

နှစ်သစ်ကူးခြင်းအတွက် ဘာလုပ်သနည်း ဆိုတော့ နေ့ခင်းဘက် က နံရံမှာ ချိတ်ထားတဲ့ ပြကဒိန် အဟောင်းကြီးနဲ့ အသစ်လဲလှယ်လိုက်တယ်

အဲ့တာတော့ လုပ်ဖြစ်တယ် ကျန်တာတော့ ထွေထွေထူးထူး မလုပ်မသွားဖြစ်တော့

သူများတွေ အော်ဟစ်နေကြချိန် ကိုယ်က စောင်ခြုံကွေးရင်း စတီးမစ်ပေါ် လမ်းသလားနေလေရဲ့

ဒီနေ့ညတော့ ဂိမ်းလည်း ကောင်းကောင်းမဆော့လိုက်ရ ဂိမ်းကလည်း ရာသီလိဒ်

စတင်ခါစဆိုတော့ နည်းနည်း သွေးအေးနေသယောင် သိပ်ပြီး အကြိတ်အနယ်မရှီသေး

စတီးမစ်ပေါ် စာရေးရအောင်လည်း အရင်လို သွက်သွက်လက်လက်မရှိလှ

ဒါကြောင့်ပြောပါတယ် နှစ်သစ်ကူးတာတော့ ကူးပေါ့ စတင်းဈေးပြောင်းတာလောက်

ကိုယ့်အတွက် စိတ်ဝင်စားဖွယ်မကောင်းလှ

နောက်နှစ်ဆိုတော့ လည်း နောက်တစ်နှစ်ပေါ့လေ

 

Author : @bobokyaw
@bobokyaw.jpg


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=134

Sort:  

နှစ်တစ်နှစ် ကူးပြောင်းသွားတာ သိပ်တော့လည်းမဆန်းကျယ်ပါဘူးကွာ

မင်းသဘောပေါက်လွယ်သားပါလား

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Christmas Challenge - The party continues

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63592.23
ETH 2551.58
USDT 1.00
SBD 2.75