Knowledge For DiamondsteemCreated with Sketch.

in #myself7 years ago

စိန်သည် ကြွယ်ဝချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ်သင်္ကေတဟုလည်း ယူဆနိုင်ပြီး ကြွယ်ခြင်းကို ဖော်ပြရန် စိန်ကို ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကိုဆင်မြန်းပြီး ဂုဏ်ယူသည်။ ထိုထက်မက စိန် ဟူသော ရတနာသည်…

စိန်

ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များက စိန်သည် ချစ်ခြင်း မေတ္တာ၏ သင်္ကေတ (symbol of love) ဟု ယူဆသည်။ ထို့ကြောင့် ချစ်ရသော သူအား ချစ်သက်သေ အဖြစ် စိန် လက်ဝတ်ရတနာကို ဝယ်ယူ လက်ဆောင် ပေးပြီး အချစ်ကို ဖော်ကျူး မှတ်ကျောက်တင်၏။ လက်ထပ် လက်စွပ်ကို စိန်နှင့် ပြုလုပ်ကာ ဝတ်ဆင်စေ၏။ စိန်သည် symbol of wealth and success ကြွယ်ဝ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ် သင်္ကေတဟု လည်း ယူဆနိုင်ပြီး ကြွယ်ဝခြင်းကို ဖော်ပြရန် စိန်ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကို ဆင်းမြန်းပြီး ဂုဏ်ယူသည်။ ထိုထက်မက စိန် ဟူသော ရတနာသည် လူသားတို့အား ကျက်သရေ မင်္ဂလာ ထည်ဝါခြင်းနှင့် ကံကောင်းခြင်းကို သယ်ဆောင်ပေး သည်ဟူ၍ ယူဆကာ အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြကုန်၏။

ကမ္ဘာတစ်ဝန်းရှိ လူတို့သည် စိန် ကို ဝတ်ဆင် သုံးစွဲရန် ဝယ်ယူသောအခါ ဇန်နဝါရိလတွင် အဓိက ဝယ်ယူလေ့ ရှိသည်။ ဤလတွင် စတင် ပိုင်ဆိုင်သော စိန်သည် မိမိဘဝအတွက် ထူးခြားသော ကံကောင်းခြင်း၊ လာဘ်ပွင့် ခြင်း၊ အောင်မြင် ချမ်းသာခြင်းနှင့် ထင်ပေါ် ကျော်ကြားခြင်း ဓာတ်များ ခိုအောင်းနေသည်ဟူ၍ ယူဆလေ့ ရှိသည်။ ၎င်းအပြင် ဇန်နဝါရီလ မွေးသောသူ အားလုံးတို့၏ ရတနာလက်ဝတ် အဆောင့်ကျောက်သည် စိန် ဖြစ်သည်။

ဇန်နဝါရီ (January) ဟူသော လ၏ အမည်သည် JANUS အမည်ရှိသော အနောက်တိုင်း ဒဏ္ဍာရီမှ နတ်ဒေဝတာ၏ အမည်ကို စွဲယူ မှည့်ခေါ်ထားသည်။ JANUS နတ်ဒေဝတာသည် နှစ်ကာလ တစ်ခုကို စတင် ဖွင့်လှစ်ပေးသူ ဖြစ်သည်။ နှစ်ကာလတစ်ခု ဖွင့်လှစ်သည့် မုခ်ဦးကို စောင့်ရှောက်သော တံခါးမှူးကြီး ဖြစ်သည်။ ဦးခေါင်းနှစ်လုံး မျက်နှာနှစ်ဖက်ရှိပြီး တစ်ခုသော မျက်နှာသည် အတိတ်သို့ မျက်နှာမူကာ တစ်ခုသော မျက်နှာသည် အနာဂါတ်တို့ မျှော်ကြည့် မျက်နှာမူ၏။

အတိတ်ကာလတွင် ကောင်းခြင်း ပြုခဲ့သော သူည် အနာဂတ်တွင် ထူးခြားစွာ အောင်မြင်မှု တစ်စုံတစ်ရာ ရစေရန် အကြောင်းရှိသော် JANUS သည် အတိတ်၊ အနာဂတ်ကို မျက်နှာနှစ်ဖက် ခေါင်းနှစ်လုံးနှင့် လေ့လာပြီး နှစ်ဦးကာလ ၎င်းပိုင်ဆိုင်သော လ January တွင် စိန် ရတနာကို ပိုင်ဆိုင် ဝတ်ဆင်၏။ ထို စိန် ကို ပိုင်သူကား အနာဂတ်တွင် ဘုန်းကံကြီးခြင်းနှင့် အောင်မြင်ခြင်းကို ရစေသည် ဟူသော အယူအဆမှ သက်ဆင်းသည်။

စိန် ကို အကျိုးရှိရှိ ဝတ်ဆင်ပြီး စိန်ကြောင့် ဖြစ်ပေါ်လာသော ကံကောင်းခြင်းကို ရစေရန် နည်းစနစ်ကျန သေချာ ရန် လိုအပ်ပါ၏။

မည်သူမဆို စိန်ကို လက်စွပ်အဖြစ် ဝတ်ဆင်ပါက လက်ခလယ်တွင်သာ ဝတ်ဆင်ရမည်။ ခြွင်းချက်အဖြစ် လက်ထပ် လက်စွပ် ( wedding ring) ကို လက်သူကြွယ်တွင် ဝတ်ပါ။ လက်မတွင် ဝတ်ပါက နာမည်ပျက် ကံဆိုး၏။ လက်ညှိုးတွင် ဝတ်ပါက ဘေးရန် အန္တရာယ်များ၍ ကြေကွဲရမည်။ လက်ထပ် လက်စွပ်မဟုတ်သော အခြား စိန်လက်စွပ်ကို လက်သူကြွယ်တွင် ဝတ်ပါက မနာလိုသူ၊ ရန်သူပေါများမည်။ စကားတင်း ပြောဆို ခံရတတ်သည်။ လက်သန်းတွင် ဝတ်ပါက လာဘ်ပိတ်၊ ငွေမမြဲ၊ လုပ်သမျှ အခက်အခဲကြုံတတ်၏။ လက်ခလယ်တင် ဝတ်ပါက အလွန်ကောင်း၏။

စိန်ကို တန်းစီ၍ သော်လည်းကောင်း ဝန်းဝိုင်း၍ သော်လည်းကောင်း၊ အလုံးရေများစွာ သုံး၍ လက်ဝတ် ရတနာပြုသော် မ ဂဏန်းအရေးအတွက် ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇…… စသည့် အရေတွက်နှင့် ပြုလုပ်ရမည်။ စုံ ဂဏန်းပြုပါက ခိုက်တတ်၏။

စိန်ကို မဟူရာနှင့် တွဲ၍ လက်ဝတ် ရတနာ မပြုအပ်။ အခြားသော ရတနာ ကျောက်နှင့် တွဲ၍ ပြုနိုင်၏။ အခြား ရတနာတွဲပါက အခြားကျောက်ကို အလယ်ထားပြီး စိန်နှင့်ရံခြယ်ကာ ဝတ်ရမည်။ စိန် ကို အလယ်ထားပြိး အခြားကျောက်နှင့် ရံပါက ဝယ်သူတွင် ခိုက်တတ်သည်။

စိန်တွင်ရှိသော သိဒ္ဓိဓာတ်အား ကောင်းစေရန် စိန်ဝတ်ဆင်သော သူသည် စိန် ကို ဆေးကြော သန့်စင်ခြင်းပြုဖို့ အချိန် (၅) ချိန် ရှိပါသည်။

-ဝတ်ဆင်သူ၏ မွေးနေ့နံနက် ၇ နာရီမှ ၉ နာရီအတွင်း

  • တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ၇း၃၀ နာရီအတွင်း
    -တနင်္လာနေ့ နံနက် ၇း၃၀ နာရီ မှ ၉ နာရီအတွင်း
    -ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ မှ ၉ နာရီအတွင်း
    -သောကြာနေ့ နံနက် ၇း၃၀ နာရီ မှ ၉ နာရီအတွင်း

ဖော်ပြပါ ငါးရက်မှ တစ်နေ့နေ့သည် လပြည့်နေ့နှင့် တိုက်ဆိုင်ပါက သတ်မှတ်ထားသော အချိန်တွင် စိန်ကိုသိဒ္ဓိဖွင့်ရပါမည်။ ဆိုလိုသည်မှာ အင်္ဂါနေ့ မွေးသော သူတစ်ဦးသည် ပြက္ခဒိန်တွင် အင်္ဂါနေ့နှင့် လပြည့်နေ့ တိုက်ဆိုင်သော နေ့၏ နံနက် ၇ နာရီမှ ၉ နာရီအတွင်း မိမိဝတ်ဆင်သော စိန်ကို ဆေးကြောသန့်စင်ခြင်း ပြုရမည်။ လပြည့်နေ့သည် တနင်္ဂနွေ၊ တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့တို့နှင့် တိုက်ဆိုင်ပါက ၎င်းနေ့ အသီးသီး၏ ပူးတွဲ ဖော်ပြပါ အချိန်အတွင်း သန့်စင်ခြင်း ပြုရမည်။
စိန်ကို ဆေးကြောသန့်စင်သော အခါတွင် နွားနို့စိမ်း စစ်စစ်နှင့် (၂၁) ကြိမ်ဆေးရမည်။ ၎င်းနောက် တရော်ကိုးထုံး၊ ကင်ပွန်းကိုးဆစ်နှင့် ပြုဆောင်ထားသော ရေတွင် (၂၁) ကြိမ်ဆေးပါ။ တရော်ကင်ပွန်း မရှိပါက သန့်စင်သော ရေတွင် အမွှေးနံ့သာ (ရေမွှေး) နှင့်ရော၍ ဆေးကြောရမည်။ ၎င်းနောက် စိန်ကို ကတ္တီပါ အနီပေါ်တွင် တင်ထားပြီး စိန် ရှေ့တွင် အမွှေးတိုင်သုံးတိုင်ထွန်းပါ။ ထို့နောက်မှ ဝတ်ဆင်ပါ။ စိန်၏ ထူးခြားသော တန်ခိုးအာနိသင်ကို ထင်ရှားစွာရရှိပါလိမ့်မည်။

Sort:  

Congratulations @naraya! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - France vs Belgium


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @naraya! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations @naraya! You received a personal award!

Thank you for the witness votes you made to support your Steem community and for keeping the Steem blockchain decentralized

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Use your witness votes and get the Community Badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 62731.36
ETH 2678.00
USDT 1.00
SBD 2.54