“ ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင် ”

in #myanmar7 years ago (edited)

“ ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင် ”
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အားလုံးကို မင်္ဂလာပါလိုပြောရင်းနဲ နှုတ်ခွင်းဆက်သပါတယ်
အခုကျွန်တော် ရေးသားမယ်အကြောင်းအရာလေးကတော့
“ ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင် ”ဆိုတယ့်ခေါင်းစဉ် ကို ကျွန်တော်ရဲ့ သိသလောက်မှတ်သ
လောက်လေးနဲရေးသားပြချင်တယ်ဗျာ အမှားပါရင်လဲ ကျွန်တော်ကို
ခွင့်လွတ်နားလည်းပေကြပါလို့ကျွန်တော်ပြောပရစေဗျာ။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် ငလျင်ဒဏ် အပါအဝင် သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်နှင့် တွေ့ကြုံ ရသည့်အခါ အဆောက် အအုံများ ပျက်စီးဆုံးရှုံးမှုများ ထဲတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များလည်း ပါဝင်လျက် ရှိသည်။ ၂ဝ၁၆ ခုနှစ် အတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း image ယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးပေါင်း များစွာ ပျက်စီးခဲ့ရသည်အကြောင်းကိုလဲ အားလုံးလဲ သိကြမှာပါ။ image

ယင်းတို့ထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရှေးခေတ်သမိုင်း အထောက်အထား များစွာလည်း ပါဝင်ခဲ့သည်။ကျွန်တော်တို့ကို ကြိုတင်ကာကွယ်နိုင်ရန်လဲ image
သဘာဝ ဘေးအန္တရာယ်များ အနက် အရှေ့တောင် အာရှအတွင်း လေမုန်တိုင်း အန္တရာယ်နှင့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာသော အခါ မြန်မာနိုင်ငံဘက် ဦးတည်နေသည်နှင့် အမျှ မြန်မာနိုင်ငံ သားများနှင့် မြန်မာ့ယဉ်ကျေးမှုများ အတွက် ကာကွယ်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု များကို လုပ်ဆောင်ကြရန် သတိပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၌ တန်ဖိုးမဖြတ်နိုင်သော တစ်နည်းအားဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေသည့် သမိုင်း အမွေအနှစ် ပြယုဂ်များစွာ ရှိနေသည်။ ယင်းတို့သည် နှစ်ပေါင်းရာထောင်ချီ၍ သက်တမ်းရှိနေသည့် အတွက် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ထိခိုက် ပျက်စီးလွယ်သော အခြေအနေများတွင် ရှိနေကာ နိုင်ငံတော် အစိုးရ အနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည် ဆိုသည့် စီမံချက်များအပေါ် မူတည်နေသည်။ ထိန်းသိမ်း ကာကွယ်သင့်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် စနစ်တကျ လုပ်ဆောင်သင့်ပေသည်။ စလေမြို့၌ရှိသော ရှေးဟောင်း ယဉ်ကျေးမှု စေတီ၊ ပုထိုးများမှာ ထိန်းသိမ်းကာကွယ်မှု အားနည်းခြင်းကြောင့် ပျက်စီး ဆုံးရှုံးလျက်ရှိသည်။ ယဉ်ကျေးမှု တန်ဖိုးကို မသိသော လူတချို့၏ မြေယာပိုင်ဆိုင်လိုစိတ် များကြောင့် သမိုင်းဝင် အဆောက်အအုံ တို့မှာ မတရား ဖြိုချ ဖျက်ဆီးခြင်း ခံနေရသည်။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် များသာမက လူတို့၏ ပယောဂကြောင့် ပျက်စီးမှုများ ကိုလည်း ကာကွယ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ ရှေးဟောင်း အမွေအနှစ် များကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှု မြင့်တက်နေသည့် အတွက် နှစ်စဉ်ခရီးသွားများ လာရောက်လည်ပတ်မှု များပြားနေပေသည်။ ယင်းတို့ကို ထိန်းသိမ်းကာကွယ်ရန် ယခင်ကထက် ပိုမို လုပ်ဆောင်သင့်ပေသည်။ လူဦးရေ တိုးတက်လာသဖြင့် မြို့ပြချဲ့ထွင်ရာမှ သမိုင်းအမွေ အနှစ်ရှိရာ ဒေသများတွင် လူနေအိမ်များ နီးကပ်စွာ ဆောက်လုပ်နေခြင်းကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးပျောက်ကွယ်သွား နိုင်ပေသည်။

လက်ရှိ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတကာမှ ပူးပေါင်းပါဝင် ကူညီ လုပ်ဆောင်နေခြင်းများ ရှိသဖြင့် ၎င်းတို့ထံမှ နည်းပညာများ ရရှိလာသည့် အတွက်လည်း မြန်မာနိုင်ငံအတွက် အကျိုးရှိသည်။ သဘာဝ ဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းဒဏ်ထက် ငလျင်ဒဏ်သည် ရှေးဟောင်း အမွေအနှစ်များကို ပိုမိုပျက်စီးစေသည်။ နိုင်ငံတကာ အထောက်အပံ့ များစွာ ဝင်ရောက်နေချိန်တွင် အဓိကအားဖြင့် ယဉ်ကျေးမှု ထိန်းသိမ်း ကာကွယ်နိုင်မည့် ခေတ်နှင့်လျော်ညီသော နည်းပညာများစွာ ပါဝင်လာသည်။ ယင်းနည်းပညာ များကို မြန်မာနိုင်ငံမှ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်နေသည့် အဖွဲ့အစည်း များအတွင်းမှ ပညာရှင်များက အတုယူထားသင့်သည်ဟု ကျွန်တော်ထင်တယ်ဗျာ
ကျွန်တော်တို့အားလုံးကလည်း ကိုယ်ရဲ့ပတ်ဝန်းကျင်က မိမိနှင့်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ကိုယ့်ရဲ့အသိစိတ်လေးတွေနဲ့
ဝိုင်းဝန်းကူညီဖြေရှင်းကြပြီး အားလုံးဝိုင်းဝန်းထိန်းသိမ်ပြီးဆောင်ရွက်ကြပါဆိုဗျာ။
ကျွန်တော် Zawzawhtwe
@zzawzawhtwe
MSC-161
Photos-Facebook

Sort:  

HELLO Steemit! USER @NITESHBANIYA FOLLOW HIM FOR GOOD CONTENT AND NUMBER OF UPVOTE
@reecha
It is a platform like none other. You can get to know people from all over the world. If you continue to post great informative content you will grow a following in no time! @niteshbaniya
Start following some authors that post good content and upvote them as well. Follow Me! @niteshbaniya Make some friends and you will be well on your way to earning some nice curation rewards and growing your following.
I AM FOLLOWING YOU RIGHT WAY ... @NITESHBANIYA
Best Of Luck!
@REECHA

Thank you zzawzawhtwe for making a transfer to me for an upvote of 0.98% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

မှန်ပါတယ်အစ်ကို ကိုယ့်အသိစိတ်လေးတွေနဲ့ လုပ်ဆောင်ကြရမှာပါ

မှန်ပါတယ်......မိမိကိုယ်တိုင်လည်းပါဝင်ရမှာပါ........

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62847.35
ETH 2464.17
USDT 1.00
SBD 2.64