တော်သလင်းလ
တော်သလင်းလ
တော်သလင်းလသည် မြန်မာတို့ရဲ့ ၁၂လ ရာသီထဲတွင် (၆)လမြောက်လဖြစ်သည်။ တော်သလင်းလသည် ရာသီအားဖြင့်ကန်ရာသီဖြစ်ပြီး မိုးဥတုတွင်ပါဝင်သည်၊တော်သီလင်းလတွင် နဂါး၏ဦးခေါင်းသည်အရှေ့အရပ်သို့လှည့်နေ၏ ။ထိုကြောင့် အရှေ့အရပ်သို့ခရီးဝေးသွားသူများ ဆင်ခြင်၍သွားကြလေသည်။
တော်သလင်းလအခေါ်အဝေါ်ဖြစ်ပေါ်လာပုံက အမျိုးမျိုးရှိတယ်ဗျာ့ ဘယ်ဟာအမှန်လည်းက ဘယ်သူမှမသိကြပါဘူး ကျွန်တော်သိသလောက် ဖတ်ဖူးသလောက်ပြောရရင် တော် ဆိုသည်မှာမြင့်မြတ်တယ် အထွဋ်အထိပ်ရောက်တယ် အထက်ကောင်းကင်ရောက်သည်ပေါ့ဗျာ စသည့်အဓိပ္ပါယ်ကိုယူပြီး သလင်း ဆိုသည်မှာ သာလင်း မှလာပြီး သာယာထွန်းလင်းသည်ဟုအဓိပ္ပါယ်ကောက်ကြတယ်လို့သိရပါတယ်။တချို့ကြအဲ့လိုမဟုပ်ပြန်ဘူး အင်းဝခေတ်ကစာပေတွေမှာတော့ တော်သလင်းလကို သစ်ဆင်းလဟု ရေးသားကြတာကိုတွေရပြန်သတဲ့ဗျာ့ ။ ဒီသစ်ဆင်းလ ဟုခေါ်ရပြန်တာကတော့ တချို့သော ပညာရှိတွေက တော်သလင်းလမှာ မိုးသက်လေပြင်းတွေညိမ်ရာသီဥတုသာယာ၍ရေပြင်သည် သင်ဖြူးဖြာ သကဲ့သို့ ညိမ်ညိမ်လေးစီးဆင်းနေလေသည်။ထို့ကြောင့်မြစ်အညာဖက်မှသစ်ခုပ်သမားများသည် သစ်ဖောင်ဝါးဖောင်များကို အောက်ပြည်သို့စုန်ဆင်းကြလေသည် ၊ထိုကြောင့် တော်သလင်းလကို သစ်ဆင်းလဟုခေါ်ကြတာပါတဲ့ ။
တချို့ကြပြန်တော့လည်းအဲ့လိုမဟုပ်ပြန်ပါဘူး တိုင်လေးတိုင်စိုက်ပြီးထိုတိုင်ပေါ်မှ ပိုက်ခင်းထားသောရေပြင်ပေါ်ကို ခုန်ဆင်းပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပကြပါသတဲ့ ၊ ထိုကြောင့် "ပန်းလုသဘင် သစ်ဆင်းရင် ဟုခေါ်ဆိုပြီး သစ်ဆင်းလဟုခေါ်ကြတာပါတဲ့ ။ တော်သလင်းလရဲ့နာမည်အကြောင်းကတော့ တခြားလည်းအများကြီးရှိပါသေးတယ်။ ရေးပြနေရရင်အများကြီးဖြစ်သွားပါလိမ့်မည်။ ထိုကြောင့်နောက်အပတ်မှ ဆက်လက်ရေးသားပါအုန်းမည်။
Post writer=@yuzana(shineshine)
MSC=146
လှေပြိုင်ပွဲ
Posted using Partiko Android
လာမယ်အာစိ
Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
တော်သလင်းလ၏ အနက်အဓိပ္ပါယ်နဲ့ဖြစ်ပေါ်လာပုံ အယူအဆတွေကို ရေးသားထားတာ ဗဟုသုတရပါတယ်အစ်ကို။သစ်ဆင်းလလို့ ပြောဆိုမှတ်ယူကြတယ်ဆိုတဲ့အချက်ကို အခုမှသိတာပါအစ်ကို။မှတ်သားထားပါ့မယ်ခင်ဗျာ။တန်ဖိုးရှိသော post လေးဖြစ်ပါတယ်အစ်ကို။ဆက်အားပေးပါ့မယ်ခင်ဗျာ။
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ
တော်သလင်းလအကြောင်းတစေ့တစ်စောင်းပေါ့😁
ဒါနဲ့ တော်သလင်းလမှာမွေးတဲ့သူတွေကရောဘာတွေဖြစ်နိုင်လည်းဦးယုရေ ဗေဒင်တွက်ပေးပါ😁😁
Posted using Partiko Android