What is Plankton,Minnow,Dolphin,Orca and Whale on steemit

in #myanmar7 years ago

What is Plankton,Minnow,Dolphin,Orca and Whale on steemit
image

Imagesource
စတီးမစ်​မိသားစုဝင်​များအားလုံးမင်္ဂလာပါခင်​ဗျာ။
Steemit မှာ voting bot ​တွေသုံးဖူးကြမယ်​ထင်​ပါတယ်​။ခုတစ်​​လော​တော့steem​ဈေးကျ​နေ​တော့သုံးရတာသိပ်​မကိုက်​လှပါဘူး။အဲဒါ​ကြောင့်​bot​တွေမသုံးဖြစ်​ပါဘူး။သုံးစရာsbdမရှိတာလည်းပါတာ​ပေါ့ဗျာ😁။ဒါ​ပေမယ့်​အဲဒီbot​တွေထဲကမှminnowboosterကမဆိုးဘူး​ပြောလို့ရတယ်​။အရင်​ကထဲကအဲဒီbotသုံးဖူးပါတယ်​။အရင်း​လောက်​​တော့ပြန်​ရတယ်​။spက​တော့အမြတ်​​ပေါ့ဗျာ။နောက်​ထပ်​free bot တစ်​ခုကိုလည်းသုံးဖူးကြမှာပါ ။discord က​နေup vote ​တောင်းရတဲ့ minnowsupport ပါ။သူကလည်း​တောင်းတဲ့သူများ​တော့ခု​နောက်​ပိုင်းအိပ်​​နေတာကများ​နေပါတယ်​။ကိုယ်​​တောင်းမယ်​လုပ်​လိုက်​သူကအိပ်​​နေလိုက်​နဲ့​တောင်းကိုမ​တောင်းရပါဘူး။အဲဒီ minnowsupport တို့ minnowbooster တို့မှာပါတဲ့minnow ဆိုတာဘာကို၊ဘယ်​လိုဆိုလိုတယ်​ဆိုတာ လိုက်​ရှာဖတ်​ရင်းနဲ့ပြန်​လည်​မျှ​ဝေ​ပေးတာပါ။

ပင်​လယ်​သမုဒ္ဒရာကြီးထဲမှာအမျိုးမျိုး​သော​ရေသတ္တဝါ​တွေရှိကြပါတယ်​။အချို့ကအ​ကောင်​​သေး​သေး​လေး​လေး​တွေ၊အချို့ကခပ်​လတ်​လတ်​၊အချို့ကြ​တော့ကြီးကြီးမားမားစသည့်​ဖြင့်​အရွယ်​စုံ၊ဆိုဒ်​စုံရှိကြပါတယ်​။သူတို့ရဲ့တစ်​​ကောင်​နဲ့တစ်​​ကောင်​လှုပ်​ရှားသွားလာနိုင်​မှု၊ကူးခတ်​နိုင်​မှု၊လွှမ်းမိုးနိုင်​မှုဟာမတူညီကြပါဘူး။အင်​အားကြီးရင်​ကြီးသလိုပြုမူနိုင်​ကြပြီး၊အင်​အားနဲတဲ့သူက​တော့ထိထိ​ရောက်​​ရောက်​မလုပ်​​ဆောင်​နိုင်​ကြပါဘူး။

ကျ​တော်​တို့တစ်​​တွေဟာလည်းsteemitဆိုတဲ့ပင်​လယ်​ကြီးထဲမှာကူးခတ်​​နေကြတဲ့သူ​တွေဖြစ်​ပါတယ်​။တစ်​​ယောက်​နဲ့တစ်​​ယောက်​ဟာကူးခတ်​နိုင်​မှု၊စွမ်း​ဆောင်​နိုင်​မှုမတူညီပါဘူး။Steemitမှာအဲလိုလုပ်​​ဆောင်​နိုင်​တဲ့စွမ်းရည်​ကိုဘာနဲ့ပိုင်းခြားလိုက်​သလည်းဆို​တော့spလို့​ခေါ်တဲ့steem power ပါ။Sp များများကိုင်​ထားနိုင်​တဲ့သူကပိုပြီး​တော့steemပင်​လယ်​ကြီးထဲမှာကူးခပ်​နိုင်​ပါတယ်​။Sp များ​လေ သူ့ရဲ့လုပ်​​ဆောင်​နိုင်​မှုကများ​လေဖြစ်​ပါတယ်​။Steemit ကူးခတ်​​နေတဲ့ သူ​တွေကိုလည်း ပြင်​ပ​လောက ကငါးက​လေး​တွေနဲ့နှိုင်းယှဉ်​သတ်​မှတ်​ထားပါတယ်​။
Sp အနည်းအများ​ပေါ်မူတည်​ပြီး သတ်​မှတ်​ထားတာပါ။ဘယ်​လိုသတ်​မှတ်​ထားသလည်းဆို​တော့

Plankton
Minnow
Dolphin
Orca
Whale ဆိုပြီးသတ်​မှတ်​ထားပါတယ်​။

Plankton
image

Plankton ဆိုတာက​တော့ ပင်​လယ်​သမုဒ္ဒရာ​တွေထဲကအမှုန်​၊အမွှား​လေး​တွေ၊အ​ကောင်​မဖြစ်​​သေးတဲ့ဥ​တွေ၊​ရေးစီးနဲ့​မျောပါ​နေတဲ့တနည်းအားဖြင့်​ငါးကြီး​တွေရဲ့အစာ​တွေဖြစ်​ပါတယ်​။သူတို့မှာလုပ်​ပိုင်​ခွင့်​ဘာမှ​ထွေ​ထွေထူးထူးမရှိပါဘူး။Steemit မှာလည်းplankton​တွေဟာထို့အတူပါပဲ။Sp နည်း​နေကြ​သေးတဲ့သူ​တွေဖြစ်​ကြတဲ့အတွက်​သူတို့ရဲ့လုပ်​​ဆောင်​မှုကသိပ်​ပြီး​တော့မထိ​ရောက်​ပါဘူး။Plankton ကိုဘယ်​လိုသတ်​မှတ်​သလည်းဆို​တော့ ဒီ​နေရာမှာ vest နဲ့သုံးထားပါတယ်​။

1 MVESTS(Million vests) ထိကို Plankton လို့သတ်​မှတ်​ပါတယ်​။

ကိုယ့်​ရဲ့vest ကိုသိချင်​ရင်​ steemd.com/@username မှာကြည့်​လို့ရပါတယ်​။

ကျွန်​​တော်​ဆိုရင်​ Plankton ပဲရှိပါ​သေးတယ်​။
ုမြန်​မာစတီးမစ်​သမားအားလုံးနီးပါးကလည်းခုချိန်​ထိPlankton​တွေပါပဲ။

image

Minnow
image

Minnow ဆိုတာက​တော့ ငါးက​လေး​တွေလို့​ပြောလို့ရပါတယ်​။ဟိုဟိုသည်​သည်​ကူးခတ်​သွားလာနိုင်​​နေပါပြီ။Steemit မှာလည်း minnow ​တွေက​တော်​​တော်​​လေးလုပ်​ပိုင်​ခွင့်​ရှိ​နေပါပြီ။သူတို့မှာspအတန်​သင့်​ရှိ​နေကြပါတယ်​။
Minnow ကို ဘယ်​လိုသတ်​မှတ်​လည်းဆို​တော့

1 က​နေ10 MVESTS ထိကို Minnow အဖြစ်​သတ်​မှတ်​ပါတယ်​။

@patricksanlin က Minnow ပါ။
image

Msc admin ​တွေဖြစ်​ကြတဲ့
@donjaun
@domelay
@ansoe
@pyaesonekhinkhin
တို့အားလုံးဟာ Minnow ​တွေပါ။

Dolphin
image

Dolphin ဆိုတာက​တော့လင်းပိုင်​ကြီး​တွေပါ။သူတို့ရဲ့လုပ်​ပိုင်​ခွင့်​စွမ်းရည်​က​တော်​​တော်​​လေးများလာပါပြီ။Steemit မှာ Sp ​ထောင်​ဂဏန်း​တော်​​တော်​များများကိုင်​ထားနိုင်​တဲ့သူ​တွေပါ။Dolphin ကို ဘယ်​လိုသတ်​မှတ်​လည်းဆို​တော့

10 က​နေ100 MVESTS အထိရှိတဲ့သူ​တွေကို Dolphin လို့သတ်​မှတ်​ပါတယ်​။

ုမြန်​မာ​တွေထဲမှာ​လော​လောဆယ်​Dolphinတစ်​​ယောက်​ပဲရှိပါတယ်​။သူက​တော့

@kachinhenry ပါ။
image

Orca
image
Orca က​တော့ Killer whale လို့ ဖွင့်​ဆိုထားပါတယ်​။လင်းပိုင်​မျိုးနွယ်​စုပါပဲ။Steemitမှာသူ့ရဲ့လုပ်​​ဆောင်​နိုင်​မှုက​တော်​​တော်​​လေးကို များလာပြီ။Orca ကိုဘယ်​လိုသတ်​မှတ်​လည်းဆို​တော့

100 က​နေ 1,000 MVESTS အထိကို Orca အဖြစ်​သတ်​မှတ်​ပါတယ်​။မြန်​မာ​တွေထဲမှာ​တော့ Orca မရှိ​သေးပါဘူး။

@pharesim
@curie တို့က Orca ​တွေပါ။
image

image

နောက်​ပြီး​တော့ @good-karma သူလည်း Orca ပါ
image

နောက်​ဟိုတရုတ်​မလား မသိ ဆယ်​လီ
@sweetsssj သူလည်း Orca ပါ။
image

Buildawhale ဆိုတဲ့​ကောင်​က တစ်​ကယ်​​တော့Whale မဟုတ်​ပါဘူး။Orca ကို မရှိပါဘူး။သူကDolphin ပါ။
image

Whale
image

Whale ဆိုတာက​တော့ ​ဝေလငါးကိုကြီး​တွေကိုဆိုလိုတာပါ။ရေထဲမှာသူတို့ဟာဘုရင်​ပါပဲ။လုပ်​ပိုင်​ခွင့်​အရှိဆုံးပါ။Steemit မှာလည်းWhale ​တွေရဲ့ ပါဝါဟာအရမ်းကြီးပါတယ်​။Whale ကို ဘယ်​လိုသတ်​မှတ်​လည်းဆို​တော့

1000 MVESTS အထက်​ကို Whale အဖြစ်​သတ်​မှတ်​ပါတယ်​။ Whale က ​တော်​​တော်​ရှားပါတယ်​။

@hendrikdegrote က Whale ပါ။
image

နောက်​တစ်​​ယောက်​ကျွန်​​တော်​သိတာ
Steemit ရဲ့ ceo @ned ပါ။
image

Ref
Credit;google images
ကျွန်​​တော်​သိသ​လောက်​ပြန်​ပြီးမျှ​ဝေ​ပေးခြင်းပါ။

image

အားလုံးကျန်းမာချမ်းသာကြပါ​စေ
ရဲသီဟ​ကျော်
@yethihakyaw
Msc-093
2.3.2018,Fri

Sort:  

minowတွေwhaleတွေနာမည်တာကြားဖူးတာ။သေချာမသိဘူး။ခုဒီစာဖတ်မိမှပဲ အစုံအလင်သိတော့တယ်။ကျေးဇူးပါ။

ဖတ်​ရှု​ပေးတဲ့အတွက်​လည်း​ကျေးဇူးတင်​ပါတယ်​fri.

ဝိုးးမသိတာ​တွေသိရတာ ​ကျေးဇူး ကိုရဲသီဟ​ကျော်
Steemit ကို​လေ့လာထားတာပဲ

နဲနဲပါးပါးပါဆရာ။သိတာ​လေး​တွေပြန်​မျှ​ဝေတာပါ။

Woo,စုံစုံလင်လင် အကုန်သိအောင်ပြောပြပေးတဲ့အတွက်ကျေးဇူးပါ။

ကျ​တော်​ကလည်း​ကျေးဇူးတင်​ပါတယ်​။

ရေးထားတာလေးကောင်းလိုက်တာ

အား​ပေးတာ​ကျေးဇူးပါ​နော်​။

ပြည့်ပြည့်စုံစုံဖတ်ခွင့်ရတာကျေးဇူးပါဗျ။

ဖတ်​ရှုတယ်​ကြားရလို့ဝမ်းသာပါတယ်​။

ဘယ်သူတွေက ဘယ်အဆင့်ရောက်နေလဲဆိုတာ သိလိုက်ရပါတယ်

ကျ​တော်​သိသ​လောက်​ပါ။ကျန်​​နေနိုင်​ပါတယ်​။

Congratulations! This post has been upvoted from the communal account, @minnowsupport, by yethihakyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စုံစုံလင်လင်သိခွင့်ရပါတယ် broကျေးဇူးပါ

ခုလိုကြားရတဲ့အတွက်​ ဝမ်းသာပါတယ်​ဗျာ။

သငျသညျ steemit.I အထောက်အကူပြုဘာဖြစ်လို့လဲဆိုတော့ nice post.I အလွန်ကိုသင်လေးစား you.I အဆိုပါ steemit တိုးချဲ့ချင်ပါတယ်တူသောလှုပ်ရှားမှုများပြုလိမ့်မည်။.

စုံစုံလင်​လင်​ကိုသိလိုက်​ရလို့​ကျေးဇူးပါရှင်

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61098.42
ETH 2470.86
USDT 1.00
SBD 2.64