" Our Intelligence…"

in #myanmar6 years ago (edited)

ဒီအပါတ် Promotion ကိုတော့ မှတ်ဥာဏ်နဲ့ ပက်သက်တာလေးတွေ ရေးသားချင်ပါတယ် မှတ်ဥာဏ် ကတော့ တစ်ယောက်နဲ့ တစ်ယောက် တူညီမှုမရှိကြပါဘူး မွေးလာကတည်းက ပါရမီအခံရှိလို့ ဥာဏ်ရည်ထက်မြတ်တာမျိုးလည်း ရှိကြပါတယ် ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်လို့ ဥာဏ်ကောင်းလာတာမျိုးလည်း ရှိပါတယ် တစ်ချို ကျတော့ သူတစ်ပါးလောက် ဥာဏ်ရည် မမီပေမယ့် ကြိုးစား အားထုတ်မှုဝီရိယကြောင့် ထူးခွန်ထက်မြတ်လာတာမျိုးတွေလည်း တွေ့ မြင်ရ တတ်ပါတယ် အဓိက,ကတော့ အလေ့အကျင့် အလေ့အထများတဲ့သူမျိုးတွေပေါ့ ဒါပေမယ့် ပင်ကိုယ်ဥာဏ်ရည် ထက်မြတ်တဲ့သူတွေကျတော့ ကြိုးစားအားထုတ်မှုပါ ပေါင်းစပ်လိုက်ရင် ပိုပြီး ထူးချွန်တဲ့ သူတွေဖြစ်လာကြတော့တာပါပဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သာမာန်ဥာဏ်ရည် ဥာဏ်သွေး ကိုတော့ ပိုပြီးတောက်ပလာအောင် မလုပ်နိုင်တောင် ကျဆင်းသွားအောင် ထိခိုက်သွားအောင် မလုပ်မိဖို့ ပိုအရေးကြီးပါတယ်

imageCrd-org-source

တစ်ခါတစ်လေ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိတာလေးတွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်နိုင်သလို ကိုယ့်ရဲ့ ဥာဏ်ရည်တွေကိုလည်း အမှတ်မထင် မတော်တဆ ထိခိုက်မိတတ်ပါတယ် ဒါကိုကျွန်တော်တို့ မသိလိုက်မိတာတွေလည်း ဖြစ်တတ်ပါတယ် သိနေပေမယ့်လည်း သိပ်ပြီးအရေးမကြီးပါဘူးဆိုပြီး လျစ်လျူရှုမိ လိုက်တာမျိုးလည်း ရှိတတ်ပါတယ် ဥပမာအနီးစပ်ဆုံးတစ်ခုပြောရရင် ဆေးလိပ်သောက် နေကျတာမျိုးပေါ့ (ကိုယ်မသောက်လို့ ပြောတာမဟုတ်ပါ)ဆေးလိပ်က ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေပါတယ် ရေရှည်သောက်သုံးလာရင် အယ်ဇ်ဇိုင်းမား ရောဂါကိုဖြစ်စေပါတယ် နောက်မေ့တတ်တဲ့ ရောဂါလည်း ဖြစ်တတ်ပါတယ် တစ်ခြားကင်ဆာရောဂါတွေလည်း
ဆေးလိပ်နဲ့ ပက်သက်လို့ အများကြီး ဖြစ်နိုင်ပါ သေးတယ် ဒါပေမယ့် အဓိကပြောချင်တာကတော့ မှတ်ဥာဏ်တွေဆုံးရှုံးလွယ် ထိခိုက် လွယ်တာကိုပဲ ပြောလိုတဲ့အတွက် ဆေးလိပ်သောက်သုံးမှု ဆင်ခြင်သင့်ပါတယ်

imageCrd-org-source

နောက်တစ်ခုအနီးစပ်ဆုံးပြောရရင် အရက် ဘီယာ သောက်သုံးတာပါပဲ ဒါဟာလည်း မှတ်ဥာဏ်ဆဲလ်တွေကို အများကြီးသေစေနိုင်ပါတယ် လူ့ ခန္ဓာကိုယ်ဟာနေ့ စဉ် စားသုံးတဲ့ အစားအသောက်တွေက ဆဲလ်အသစ်တွေကို အမြဲဖန်တီးပေးနေပါတယ် အရက် ဘီယာဟာ မှတ်ဥာဏ်ကို ထိခိုက်စေပေမယ့် ဆေးဖြစ်ဝါးဖြစ် သောက်သုံးမယ်ဆိုရင် ကျန်းမာရေးရှ့ုထောင့်အရကောင်းပါတယ် ဒါပေမယ့် အလွန်အကြူးသောက်သုံးမယ်ဆို မသင့်တော်ပါဘူး ဆင်ခြင်သင့်ပါတယ်

imageCrd-org-source

လူတိုင်းသိပ်ပြီး အလေးမထားတတ်တဲ့ အပြုအမူ တွေလည်း ရှိပါသေးတယ် အဲ့ဒါကတော့ မနက်စာကို ပြည့်ဝစွာ စားသောက်မှုမရှိတာပါပဲ တစ်ညလုံး အိပ်စက် အနားယူရင်း ကုန်ခန်းလောင်ကျွမ်းသွားတဲ့ သကြားဓာတ်တွေကို မနက်စာ လုံလုံ လောက်လောက် စားသုံးရင်း ပြန်ဖြည့်ဆည်းရပါတယ် သကြားဓာတ်ဟာ လူခန္ဓာကိုယ်အတွက်လိုအပ်ပေမယ့် အများကြီးပိုလျှံလာလည်း မကောင်းပါဘူး ရောဂါဖြစ်စေနိုင်ပါတယ် သကြားဓာတ်နည်းလွန်းရင်လည်း ဦးနှောက်ဥာဏ်ရည် ထိခိုက်နိုင်လို့ သင့်တင့်စွာ စားသောက်သင့်ပါတယ် အဓိက ကတော့ မနက်စာကို ပြည့်ဝစွာစားသုံးသင့်တာပါ မြန်မာစကားပုံမှာတောင် ရှိပါတယ် "မနက်စာကို ရှင်ဘုရင်လိုစားသုံးပါ နေ့ လည်စာကို သူဌေးလိုစားသုံးပါ ညစာကို သူဆင်းရဲလို စားသုံးပါ ဆိုတာမျိုးပေါ့" ဒါတွေဟာ ကျန်းမာရေးရှုထောင့်အရရော ကိုယ့်ရဲ့ ဥာဏ်ပညာတွေကိုပါ အထောက်အကူပြု လမ်းညွှန်ထားတယ်လို့ လည်း မြင်မိပါတယ် အိပ်တာတောင် အလွန်အကျွံအိပ်တတ်တဲ့သူဟာ သူရဲ့ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်တယ်လို့ တောင်ဖတ်ဖူးပါတယ် ဒါပေမယ့် အအိပ်နည်းရင်လည်း ဦးနှောက်ဆဲလ်တွေ လှုပ်ရှားမှုနှေးလို့ ဥာဏ်ထိုင်းစေနိုင်ပါသေးတယ်

imageCrd-org-source

ဥာဏ်ရည်ထိခိုက်ဆုံးရှုံးစေတာတွေကတော့ ရေးသားမယ်ဆို အများကြီးပါ
ကျွန်တော်တို့ တွေရဲ့ အနီးစပ်ဆုံးထိတွေ့ လုပ်ကိုင် ဖြတ်သန်းနေတာတွေထဲက ဆွဲထုတ် ရေးသားထားရတော့ တစ်ခြားလေ့လာရှာဖွေပြီးလည်း မှတ်သားနိုင်ပါသေးတယ်ကျွန်တော်တို့  Steemit Online Earnings မှ ဥာဏ်ကွန့် မြူး ဖြန့် ကျက် ရေးသား တတ်သော ဆရာသမားများ ညီအကို မောင်နှမများကို လေးစားဦးညွှတ်လျက် ကျွန်တော်၏ရေးသားမှု နိဂုံးချုပ်ပါတယ်

အားလုံးကို ကျေးဇူးတင်ပါတယ်

MSCး 234

Author >>> winko (Maun Mou Nja)

Sort:  

ပိုစ့်​ထဲဗဟုသုတရ​စေတာအများကြီးပါ...ခုလိုမျှ​ဝေ​ပေးတာ​ကျေးဇူးပါ....

ဟုတ်ကဲ့ ပါ အမရေ အမြဲ အားပေးနေလို့ လည်း Thank a heap ပါ

ဦးနှောက်ညဏ်နဲ့ပတ်သက်ပြီး အစားအသောက်တွေကို ဘယ်လိုစားသောက်ပြီး နေထိုင်သင့်တယ်ဆိုတားလေးကို ပြောပြသွားတာ မှတ်သားစရာကောင်းပါတယ်။အားလုံးအတွက်လည်း ဗဟုသုတဖြစ်စေပါတယ်။ကောင်းသော post လေးပါခင်ဗျာ။

အကို သန့် ရဲ့  post တွေလည်းမျှော်နေပါတယ် အားပေးဖို့ အသင့်ပါပဲဗျာ
ကျေးဇူးပါအကို

ခန္တာကိုယ်​ အစိတ်​အပိုင်းဖွံ့ဖျိုးမှူအားလုံး အစားအ​သောက်​နဲဆိုင်​တာ​ပေါ့ဗျာ

ဟုတ်တယ်ဗျ အားလုံး ဟာ သူ့ ဟာနဲ့ သူ ခန္ဓာကိုယ်အစိတ်အပိုင်း အသီသီးကို
အထောက်အကူပြုပါတယ်

အသိပညာဗဟုသုတရစေပါတယ်။ဆက်လက်ပြီးရေးသားပေးပါနော်

အကိုတို့ လို အမာခံအားပေးတတ်တဲ့သူရှိနေသရွေ့ 
ဆက်ရေးသားနေဦးမှာပါ

Congratulations, your post had been chosen by curators of eSteem Encouragement program. Feel free to join and reach us via Discord channel if you have any questions or would like to contribute.


eSteem Line
Thank you for using eSteem

CREATE YOUR OWN @REVIEWME PROFILE TO START EARNING CREDIBILITY STARS FROM THE COMMUNITY!

CREATING YOUR PROFILE IS EASY! JUST FOLLOW THE STEPS HERE ☜(ˆ▿ˆc)

You can trade your earned credstars for SBD!

Thank Mister.

အကျိုးရှိ‌စေ‌သော Post‌ကောင်းတစ်‌ခုပါ။စာ‌ကောင်း‌ပေမွန်‌‌တွေ ဒလ‌ဟောထွက်‌လာပြီ။အား‌ပေး‌နေပါတယ်‌ညီ။

ဟုတ်အကိုကြီးရေ ကျေးဇူးပါ
အကျိုး ရှိသော စာပေအမျိုးအစားတွေ ရေးချင်ပါသေးတယ်

မနက်စာတော့ ထမင်းပဲစားတယ် အဝ

ဟုတ်တယ် အမ မနက်စာ ကို အပြည့်အဝသာဆွဲပလိုက်

Good

မနက်ကို ထမင်းလေးမှမစားရရင် ရင်ထဲမကောင်းဘူး 😁

မှတ်ဥာဏ်လေးတွေ လျော့ကျမသွားအောင် ဂရုစိုက်နေရတယ်။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62915.59
ETH 2542.92
USDT 1.00
SBD 2.63