" My  terrible dream  !!!  " Episode ( 1 )

in #myanmar6 years ago (edited)

ကျွန်​တာ် အိပ်မက်အ​ကြာင်း "Dreams"ကို ပြီးခဲ့တဲ့​ Promotionမှာ ​​​​ရေးသား​​​ဖော်​ပြထား ပါတယ်​ အခု​ရေးသားမှာက​တော့ ကျွန်​​တော့်​ကိုယ်​​တွေ့ ​လေးပါ အိပ်မက်လိုလို တစ်ကယ် လိုလို ရောနှော ထားတဲ့အရာပေါ့ ထူးဆန်းတယ်ဗျာ ကြောက်ဖို့ လည်းကောင်းတယ် သ နားဖို့ လည်း ကောင်းတယ် ဒါပေမယ့် အိပ်မက်ထဲ ပြောတဲ့စကားတွေ အကုန်မမှတ်မိဘူး စကားပြောနေမှန်းတော့သိတယ် (တစ်ချို့ အိပ်မက်တွေဆို စကားပြောတာ အကုန်မှတ်မိ တာမျိုး ရှိကြ တယ်) အိပ်မက်ထဲမှာ ကျွန်တော် ပြောနေတာ ဘာတွေပြောမှန်း စဉ်းစားလို့ မရတာ အဲ့အကြောင်းကိုယ်တွေ့ ​လေး​ကို အပိုင်း(၄ )ပိုင်းခွဲပြီးပြောပြဝေမျှချင်ပါတယ်
imageCrd-org-source
Episode ( 1 )
အဖြစ်​အပျက်​ကို မပြောခင် သူငယ်ချင်းဆုံးသွားတဲ့အကြောင်းလေး ပြောပြချင်ပါတယ် (သူငယ်ချင်းဆုံးတဲ့အကြောင်းကို Steemit မှာ " Death and life "ဆိုပြီး post ရေးဖြစ် ပါသေးတယ် ကျွန်တော် Steemit member ဝင်ပြီး ၁လသားအရွယ် MSC No မရသေး ခင်ကပေါ့ သူငယ်ချင်းကတော့ ဒီနှစ် ၂လပိုင်းလောက်က ဆုံးတာပါ)ကျွန်တော် အိပ်မက် အကြောင်း ဆက်ပြောပါမယ် သူဆုံးပြီးကတည်းက ၃လကျော် ၄လလောက်အထိဘာသံ မှ မကြားရဘူး အခုဆိုသူဆုံးပြီး ၆လ​လောက်​ရှိပြီလို့ ပဲ​ပြောပါရ​စေ အခုနောက်ပိုင်း ည တိုင်းလိုလို သူတို့ အိမ်နားမှာခွေးတွေ အူနေတော့တာ သတိထားမိပါတယ် သိပ်အကြာ ကြီးအူတာတော့မဟုတ်ဘူး "သူရှိ တယ် သူလာတယ်" ဆိုတဲ့ သဘောလားမသိဘူး တစ်ခါ တစ်လေ ကျွန်တော့် အိမ်နားအထိ ခွေးလာအူနေတတ်တယ် အမြဲတမ်းတော့မဟုတ်ပါဘူး တစ်​ညမှာ​ပေါ့ ည၁၁နာရီ​လောက်​ခွေးတွေ အူနေတယ် သူ့ အိမ်နားတစ်ဝိုက်မှာပဲ အူနေတာ ပါ ကျွန်တော် သိလိုက်တယ် သူလာနေပြီပေါ့ တစ်ခါတစ်လေဆိုရင် ည ၁ နာရီ ၂နာရီ လောက်မှအူတတ်တာ ဒီနေ့ စောတယ်ပေါ့ ဒါနဲ့  ကျွန်တော်လည်း အိပ်တော့မယ်ဆိုပြီး ဘု ရားရှိခိုး သူ့ အတွက်တောင် ရှိတဲ့ကုသိုလ် အနည်းငယ်လေးတွေ ရည်စူးပြီး အမျှဝေပေး လိုက်ပါသေးတယ် "မင်း အဆင်မပြေတာ အိပ်မက်ပေးချင်တာရှိလည်း လာပေး" ဆိုပြီး ကြောက်ကြောက်နဲ့ ရေရွတ်မိပါသေးတယ် ကိုယ်ကလည်း ငယ်သူငယ်ချင်းဆိုတော့ သူ့ ကိုလည်းကောင်းတဲ့ နေရာ လေးသွားစေချင်တာပေါ့ ရေးရင်းနဲ့ ပဲ စိတ်တောင်မကောင်းပါ ဘူးဗျာ ……

imageCrd-org-source

ကျွန်တော် အဲ့နေ့ က ဘာအိပ်မက်မှလည်းမမက်ဘူး အဲ့တာနဲ့  အဲ့နေ့ ညပြီးသွားတယ်ပေါ့ နောက်နေ့ လည်း မမက်သေးဘူး မက်တာက အဲ့လိုသူ့ အတွက် ဆုတောင်းရေရွတ်ပြီးလို့  ၃ရက်မြောက်နေ့ မှာပေါ့ ညဘက်အိပ်နေရင်း ကျွန်တော့်အခန်းထဲ သူရောက်လာတယ် ည၁၂နာရီလောက်တော့ထင်မိတာပဲ ကျွန်တော်အိပ်တာ ဘုရားခန်းမှာပါ သူဘယ်လိုဝင် လာလည်းမသိဘူး မီးပိတ်အိပ်တာပါ ဒါပေမယ့်အိပ်မက်ထဲမှာ မီးဖွင့်ထားတယ် ကျွန်တော် ကြောက်မှာမို့ လို့ လားတော့ မသိဘူး သူလာတော့ ကျွန်တော်ခြင်ထောင်အပြင်ထွက်လိုက် ပြီး ခြင်ထောင်ဘေးမှာ စကားပြောနေကြတာ သူ့ ပုံစံက သူ့  ရုံးယူနီဖောင်းနဲ့ ပါပဲ အပေါ် အပြာနုရောင်နဲ့ အောက် နက်ပြာရောင်ပါ အရင်လည်း သူအလုပ်ပြန်လာရင် မကြာခဏ ဝင်လာနေကျပုံစံမျိုးပါ အဲ့ဒါနဲ့ သူနဲ့ နှစ်ယောက်တည်း စကားတွေပြောနေတာ ဘာတွေ ပြောမှန်းမသိဘူး အိပ်မက်ထဲမှာ ကျွန်တော်တွေးမိတာက"တံခါးပိတ်ထားတာ သူဘယ်လို ဝင်လာသလဲ အမေပဲဖွင့်ပေးလိုက်တာလား အမေလည်း အိပ်နေလောက်ပါပြီ အခုည ၁၂ နာရီ လောက်လည်းရှိနေပြီ ဒီကောင် အိပ်မပြန်ဘူးလား "ဆိုပြီး တွေးမိနေတာ ဒါပေမယ့် ပါးစပ်ကတော့ သူလည်းပြော ကိုယ်လည်းပြောနေတာ နှစ်ယောက်လုံးတင်ပျဉ်ခွေ ချိတ် ပြီး ပြောနေကြတာ ကြာလာတော့ ကျွန်တော်မပြော ချင်တော့ဘူး အိပ်နေရင်း သူ့ ကို ထ လာပြီးပြောရတာလေ သူမှာတော့ တစ်တွတ်တွတ် ပြောနေတာ (သူ ကြုံတွေ့ နေတာ တွေ ပြောပြတာနေမှာပေါ့) အဲ့လိုနဲ့ စဉ်စားမိလိုက်တာက "သူကသေနေပြီပဲ ဒီလောက်ပြော ရင် တော်ရောပေါ့ "ဆိုပြီး ကျွန်တော်စိတ်တိုလာမိတယ် သူသေတာကို ကိုယ်က သိပေမယ့် အ ရမ်းတော့ မကြောက်မိဘူး သူကြုံလို့ စကားပြောတာလို့ တွေးနေမိတာ ဒါပေမယ့် သူက လည်း အလိုက်ကမ်းဆိုးမသိဘူး ပြောတာမပြီးနိုင်တော့ဘူးလေ အဲ့ဒါနဲ့ ပဲ သူ့ ကိုမောင်း ထုတ်ရမှာလည်း အားနာတာနဲ့  ကျွန်တော်အမေ့ကို လှမ်းအော်ပြောလိုက်တယ် သူ့ ကို လည်း စကားပြောနေရင်း ကိုယ်ကတစ်ချက်တစ်ချက် အမေ့ကို လှမ်းပြီးတော့ အကူအညီ တောင်းတာ ဒါပေမယ့် စဉ်းစားလို့ မရဘူး ဘာကိုအကူအညီတောင်းတာလဲ ဆိုတာကိုပေါ့
(သဘောကတော့ တစ်ယောက်ယောက်ကိုလှမ်းပြောပြီး အခြေအနေတစ်ခုခု ပြောင်းတယ် ဖန်တီးတယ် Directionပြောင်းတဲ့သဘောမျိုးဗျာ ပြောတာကြားဖူးပါတယ် အလိမ္မာလေး နဲ့  ဧည့်သည်ကို "ပ "ထုတ်တယ် ဆိုလား ပညာသားပါပါ မောင်းထုတ်တယ်ဆိုလား အခု လည်း အဲ့လိုမျိုးပေါ့ )

image Photo by me
"အဖြူအဝိုင်းလေး နှစ်ခုက သူနဲ့ ကျွန်တော်ထိုင်ပြီး စကားပြောနေတဲ့နေရာပါ"

သူငယ်ချင်းနဲ့ ကျွန်တော်ပြောနေတာ တစ်ကယ့်ခဏလေးပါ ဒါပေမယ့် စိတ်ထဲမှာ အရမ်း ကြာတယ် နာရီဝက်လောက်ရှိတယ်လို့ အလိုလို ထင်လာမိတယ် ကြာလာတော့ သူက မောလည်း မမောဘူး ပုံမှန်ပြောနေပေမယ့် ကျွန်တော့်မှာနားမလည်ဘူး မကြားရဘူးလေ ကျွန်တော် ပျင်းလာပြီး စိတ်ထဲလည်း သူ့ပြောတာတွေကို နားမလည်စွာကြည့်ပြီး ထိတ်လန့် လာမိတယ်………

ဆက်ရန် >>>>>>>

MSCး 234

Author >>> Winko (Maun Mou Nja)

Sort:  

စိတ်‌စွဲတာ ဖြစ်‌နိုင်‌သလို သူဘာ‌ပြောလည်း အ‌ရေးကြီးပါတယ်‌။ အကူအညီ‌တောင်းတာ လည်း ဖြစ်‌နိုင်‌တယ်‌‌လေ။ ‌နောက်‌ အပိုင်း ဆက်‌ဖတ်‌ပါ့မယ်‌ညီ။ အစွဲ‌တော့ မထားပါနဲ့ညီ။

ဟုတ် ကိုမဟော် ရေ တစ်ကယ်လို လို အိပ်မက်လိုလိုပါ
သိပ်တော့အစွဲမထားပါဘူး ဟုတ် သူပြောတာတွေ ဘာမှ မကြားရတာပါ

ဘယ်​လိုဖြစ်​လာမလဲ...စိတ်​၀င်​စားလို့ဆက်​ဖတ်​ဖို့​မျော်​​နေပါ့မယ်​...

ဟုတ် အမရေ ဆက်လက်တင်ပြသွားပါမယ် ကျေးဇူးမမ

ဖတ်ရင်းနဲ့ ကြက်သီးထလာတယ် စကားပြောနေရင်းနဲ့ သူသေသွားပြီးသားကို သိနေတာ ဘယ်လိုစကားဆက်ပြောရဲတဲ့ သတ္တိများ ရှိနေရသလဲလို့  မေးလည်းမေးချင်တယ် မေးလည်းမေးလိုက်ပြီ

တင်ပါ့ဘုရား ကြောက်လည်းကြောက် သူငယ်ချင်းဆိုတော့လည်း သိနေပေမယ့် အားတင်းထားတာပါဘုရား
တပည့်တော် ဆက်လက်ရေးသားတင်ပြပါဦးမယ်ဘုရား

ကျောင်းသားဘဝတုန်းကတော့ ကြောက်စရာအိပ်မက်တွေ ခဏခဏမက်ခဲ့ဖူးတယ်

ဟုတ်အကို ကျွန်တော်လည်း အိပ်မက်တွေ သိပ်မက်လေ့တော့မရှိဘူး အခုဟာကျ တစ်ကယ်လိုလို အိပ်မက်လိုလို ဆိုတော့ စဉ်းစားရခက်နေတာ

ငယ်​ငယ်​ တုန်းက လူကြီး​တွေ က ထမင်းလုံး တ​စ္ဆေ နဲ့ အ​ခြောက်​ခံရဘူးတယ်

ခြောက်ခံဖူးတယ် ငယ်ငယ်က ဟိုးအမြင့်ကြီးက အောက်ပြုတ်ကျသလို မက်ဖူးတယ်

အတိအကျပုံလေးနဲ့ ပြထားတော့ စာဖတ်သူအတွက် ပိုပြီးစိတ်ဝင်စားစေပါတယ် နောက်တစ်ပိုင်းမျှော်နေပါ့မယ်

ဟုတ် မမလှိုင် ကျေးဇူးပါနော် ပုံပြထားသလို တစ်ကယ်ရှင်းရှင်းကြီး မက်တာပါအမ အခုထိမြင်ယောင်တုန်းပါ

Congratulations, your post had been chosen by curators of eSteem Encouragement program. Feel free to join and reach us via Discord channel if you have any questions or would like to contribute.

Also,

DON'T FORGET TO CREATE YOUR OWN @REVIEWME PROFILE TO START EARNING CREDIBILITY STARS FROM THE COMMUNITY!

CREATING YOUR PROFILE IS EASY! JUST FOLLOW THE STEPS HERE ☜(ˆ▿ˆc)

You can trade your earned credstars for SBD!


eSteem Curators

ပြောတော့လဲပြောတာပါဘဲ နောက်တစ်ပိုင်းဆက်လက်ရှုစားမယ်

ပြောမယုံ ကြံမှသိ ဆိုတဲ့ စကား ဘယ်သွားထားမတုန်း
ဒိုရေမီဖာဆိုလာတီဒိုရေ

ဆက်လက်ရေးသားပါ့မယ်ဗျ

စိတ်ဝင်စားတယ် စောင့်မျှော်နေပါတယ်

ဟုတ်ကဲ့ အကိုစိုးရေ အပိုင်းဆက် အကောင်းဆုံးရေးသားပါ့မယ်ဗျ

သိစိတ်နဲ့မသိစိတ်က တစ်လှည့်စီဖြစ်နေတဲ့အချိန်ကြီးပေါ့။ နောက်တစ်ပိုင်းမျှော်မယ်နော့။

ဟုတ်တယ် အမပြောတာ မှန်တယ် အခုထိ ကျွန်တော်အခန်းထဲဝင်ရင် သတိရတုန်းပဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63117.29
ETH 2601.03
USDT 1.00
SBD 2.76