" ကျွန်တော် နှင့် စာအုပ် ၂ အုပ်"

in #myanmar6 years ago (edited)

ဒီအပါတ် Promotionကိုလည်း စာအုပ်အကြောင်းလေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုပါတယ် စာအုပ်ဝယ်ရင်းကြုံကြိုက်လို့ ရေးသားရခြင်းဖြစ်ပါတယ် အလုပ်ထဲက အကိုတစ်ယောက် မှာတာနဲ့ ပဲ Promotion ရေးဖို့ အထောက်အကူဖြစ်နေသလိုဖြစ်သွားရတာပါ ပြီးခဲ့တဲ့ Promotion မှာလည်း စာအုပ်အကြောင်းရေးသားSharing လုပ်ထားပါတယ် အခုတစ် ဖန် မတူတဲ့စာအုပ်အမျိုးအစားလေး၂အုပ် ဝယ်ယူရတာလေးနဲ့ ပက်သက်ပြီး ရေးသားရ ခြင်းပါလို့ အမှာစာလေးနဲ့ နိဒါန်းအစပြှုပါရစေ

မနေ့ က Sunday အလုပ်ပိတ်တော့ မြို့ ထဲသွားဖြစ်ပါတယ် ရန်ကုန် လှည်းတန်းဘက်ပေါ့
အလုပ်ထဲက အကိုက Messenger ကနေ ဆရာ မောင်မောင်ဝမ်း ရေးသားတဲ့English Grammer စာအုပ်နဲ့ Speaking စာအုပ် ၂အုပ်ဝယ်ပေးဖို့ ထပ်မှာထားတာတွေ့ ရပါတယ် ကျွန်တော်တို့ လည်း ကျောင်းပြီးလို့ အလုပ်တွေဝင်ကြ လုပ်ကြနဲ့ တစ်ခါတစ်လေတော့ လည်း English စာကို သိပ်ပြီး ဂရုတစိုက်မလုပ်ဖြစ်ကြတော့ အခုလို စာအုပ်မှာတဲ့ အကို ကိုလည်းကျေးဇူးတင်မိပါတယ် ကိုယ်လည်း ပြန်လုပ်ဖြစ်တာပေါ့ Englishစာကတော့ ဘယ်နယ်ပယ်မှာမဆို အသုံးဝင်တဲ့အသုံးပြုတဲ့ Language တစ်ခုဆိုတာလည်း အားလုံး အသိပါပဲ ကိုယ့်အလုပ်နဲ့ သိပ်ပြီးအကျုံးမဝင်ဘူး မလိုဘူးရယ်လို့ မရှိပါဘူး အခုအသုံးမ ဝင်လည်း အသုံးပြု အသုံးချလို့ ရတဲ့နေရာတွေက အများကြီးပါ Practice များလေလေ Skill တိုးတက်လေပါပဲ အခု IT ခေတ်မှာ English လို အသုံးပြုနေရတာတွေအများကြီး ပါ နိုင်ငံတကာ Online Website တို့ Page တို့ မှာလည်း English စာသိမှ ဝင်ရောက် ဖတ်ရှုလို့ ရတာတွေ ဒုနဲ့ ဒေးပါပဲ ဒါကတော့ သိပြီးသားလေး ပြန်ပြောပြရခြင်းပါ

ကျွန်တော့်စာအုပ်အကြောင်းလေး ဆက်ပြောပါ့မယ် မနေ့ ကမိုးကလည်း ရန်ကုန်မှာ အရမ်း ကောင်းတယ်လေ ရွာတာကလည်း ရေသွန်ချနေသလိုပဲ ဒါနဲ့ ကျွန်တော့်အလုပ် ကိစ္စလေးတွေပြီးတာနဲ့ မြို့ ထဲ လှည်းတန်းဘက် စာအုပ်ဝယ်ဖို့ ရောက်သွားဖြစ်တယ် ရန် ကုန်မှာ လှည်းတန်းဆိုတဲ့နေရာက သင်တန်းမျိုးစုံ စာအုပ်မျိုးစုံ စုံစုံလင်လင်ရှိတဲ့နေရာ ပါ နောက်ပြီးတော့ ဝယ်စရာ ပစ္စည်း စားစရာပစ္စည်း ဈေးအနည်းအများအလိုက် တည်ရှိ တဲ့ တစ်ကယ့် လမ်းဆုံမြို့ ကြီးပဲဆိုပါတော့ ဒါနဲ့ စာအုပ်ဝယ်ဖို့ ရာပြည့်စာအုပ်ဆိုင်ဝင်ပြီး မေး လိုက်တယ် တစ်ခါတည်းတန်းပြီး ရပါတယ် Up to Date ဖြစ်တဲ့ စာအုပ်တွေ Year Latest ဖြစ်တဲ့စာအုပ်တွေ အကုန်ရတယ် စုံတယ်ပေါ့ဗျာ ဝယ်ရတာစိတ်ချမ်းသာတယ် အဲ့ဒါနဲ့  အလုပ်ထဲကမှာတဲ့အကို စာအုပ် ၂အုပ်လည်း ရခဲ့တယ် ကျွန်တော်လည်း ဘောပင် ၂ချောင်းဝယ်လာခဲ့ပါသေးတယ် အတိုတစ်ချောင်း အရှည်တစ်ချောင်းပေါ့ အပြန်လမ်းမှာ လည်း မိုးရွာနေပေမယ့် အဆင်ပြေတယ် စာအုပ်ဝယ်ပြီးလမ်းကူးတာနဲ့ ကားမှတ်တိုင်ပဲ ဒီလိုနဲ့ စာအုပ်၂အုပ်ဝယ်လာတဲ့အကြောင်းအရာလေး ရေးဖြစ်ခဲ့ပါတယ်ခင်ဗျာ

image
Grammar စာအုပ်ပါ

image
Speaking စာအုပ်ပါ

image
ဘောပင်၂ချောင်းဝယ်လာမိသေးတယ်လေ

အားလုံးကို ကျေးဇူးတင်ပါတယ်

Photos by me.

MSCး234

Author >>> Winko (Maun Mou Nja)

Sort:  

သင်‌တန်းတက်‌ထားတာ‌တွေ share ‌ပေးဦး။

ဟုတ် အဲ့အကြောင်းလေးတွေ လည်း မကြာခင် ရေးဖြစ်မှာပါ အကို ဟုတ်

အင်္ဂလိပ်စာကိုတော့ တစ်လုံးမှတ်မိရင် တစ်ဆင့်မြင့်တယ်ဆိုတဲ့အသိမျိုးထားပါတယ်ခင်ဗျာ။
ကျွန်တော်တို့တွေ များများသင်ယူ ကြိုးစားကြတာပေါ့။

ဟုတ်တယ် ကိုသန့် ရေ စကားလုံးတွေက နေ့ တိုင်းအသစ်ထွက်နေတော့
တစ်လုံးကအစ သိထား မှတ်ထားမှ တော်ရာကျမှာ

လေ့လာဖတ်မှတ်သင့်သောစာအုပ်ပါ

ဟုတ်တဟ် အန်တီရေ လေ့လာသင့်ပါတယ်

Congratulations, your post had been chosen by curators of eSteem Encouragement program. Feel free to join and reach us via Discord channel if you have any questions or would like to contribute.

Also,

DON'T FORGET TO CREATE YOUR OWN @REVIEWME PROFILE TO START EARNING CREDIBILITY STARS FROM THE COMMUNITY!

CREATING YOUR PROFILE IS EASY! JUST FOLLOW THE STEPS HERE ☜(ˆ▿ˆc)

You can trade your earned credstars for SBD!


eSteem Curators

Thank esteem and aslo you.

သားတတ်ရင် မမရော သင်ပွေးဘာ😁

သားလည်း ဝယ်ပေးတာ တတ်ဘူး😁

ပြန်​သင်​​ပေးပါ☺

မသင်တတ်ဘူး ကိုယ့်ကိုယ်ပဲပြောတတ်တာ ဟီး

စာအုပ်​​ကောင်းများအ​ကြောင်း​ပြောပြ​ပေးတာ​ကောင်းပါတယ်​...​ကျေးဇူးပါ....

ဟုတ်ကဲ့ပါအမ ကျေးဇူးပါ Sharing လုပ်ပေးမိတာပါ

အရမ်းလေ့လာဖတ်သင့်သောစာအုပ်လေးတွေပါ။

ဟုတ်ပါတယ်အကို လေလာစရာလေးတွေပါဗျ

အင်္ဂလိပ်လာလေ့လာနေသူတွေအတွက် အရမ်းအထောက်အကူဖြစ်စေမဲ့စာအုပ်ကောင်းလေးတွေပါ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ

ဟုတ်ကဲ ကျေးဇူးပါ မဆုလှိုင်ရေ ကျွန်တော်လည်း လမ်းကြုံတာနဲ့  Sharing တာပါ

Book lover

ကိုဒွန်က စာပေချစ်သူပေါ့နော်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63248.94
ETH 2576.33
USDT 1.00
SBD 2.85