လူတိုင်းအတွက် မရှိမဖြစ် ရှိရမည့်အရာ...!
အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ 2.2.2019 ရက်နေ့တုန်းက မိမိတို့ရပ်ကွက်တရားပွဲမှာ "ရတနာဃရ" ဆရာတော်ဘုရားဟောကြားတော်မူခဲ့တဲ့ တရားလေးကို ပြန်လည်ရေးသားဝေမျှခဲ့ချင်ပါတယ်။
Crd-org-source
ဆရာတော်ပေးထားတဲ့ တရားခေါင်းစဉ်လေး၏အမည်ကတော့ "လူတိုင်းအတွက် မရှိမဖြစ် ရှိရမည့်အရာ" တရားတော်ပဲ ဖြစ်ပါသည်။
ဆရာတော်ဟာ တရားတော်ကို ဟောကြားမည့်အစတွင် ဒီတရားတော်ဟာ အရှင်ဗုဒ္ဓမြတ်စွာဘုရား သာဝတ္တိပြည် ဇေတဝန်ကျောင်းတော် သီတင်းသုံးတော်မူနေစဉ် တပည့်သာဝက ရဟန်းများအား သီလအကြောင်းကိုလေ့လာနေတဲ့ ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြုပြီး ပြန်လည်ဟောကြားခဲ့တာဖြစ်တယ်လို့ အရင်ဆုံးပြောပြပါတယ်။
**လွန်လေပြီးသောအခါ ဗာရာဏသီပြည် ရာဇာဗြဟ္မဒတ်မင်းအုပ်ချုပ်တဲ့အချိန် ဗုဒ္ဓအရှင်မြတ်ဟာ ပုဏ္ဏားမျိုးမှာဖြစ်ပါတယ်။
ဘုရားအလောင်းပုဏ္ဏားဟာ အရွယ်ရောက်လာတဲ့အခါ တက္ကသိုလ်ပြည်သွားပြီး ပုဏ္ဏားတို့ တတ်သင့်/တတ်အပ်တဲ့ပညာတွေအားလုံး သင်ယူပြီး ဗာရာဏသီပြည်ကိုပြန်လာခဲ့ပါတယ်။
ထို့သို့ပညာတွေသင်ယူပြီး ဗာရာဏသီ ပြန်ရောက်တဲ့အခါ ဗြဟ္မဒတ်မင်းထံ သွားပြီးဖူးတွေ့ပါတယ်။
ဗာရာဏသီမင်းကလည်း ဘုရားအလောင်းပုဏ္ဏားအား ပုရောဟိတ် - မင်းဆရာရာထူးပေးပြီး ခန့်အပ်ထားရှိပါတယ်။
photo credited by @uthantzin
အဲဒီအခါ ဘုရားအလောင်းပုဏ္ဏားက ငါဟာ မင်းဆရာရာထူးရပြီး တိုင်းသူပြည်သားတွေကလည်း ငါ့အားကြည်ညိုလေးစားကြတယ်။ငါ့မှာဘာတွေလိုအပ်သလဲ။ဘုရင်မင်းမြတ်က ငါ့ကိုပေးတဲ့ ပုရောဟိတ်ရာထူးဟာ ငါ့ရဲ့"ပညာ"ကြောင့်လား??ငါ့ရဲ့"သီလ"ကြောင့်လား??ငါ့ရဲ့"သုတ"ကပဲ မြတ်သလား?? ငါ့ရဲ့ "သီလ"ကပဲမြတ်သလား ဆိုပြီး အတွေးဝင်ကာ စဉ်းစားနေပါတော့သည်။သူ့ရဲ့အတွေး ပုစ္ဆာကို အဖြေထုတ်ဖို့ ဆန္ဒဖြစ်နေခဲ့ပါတယ်။ဒါနဲ့ သူ၏ပုစ္ဆာကိုအဖြေထုတ်ရန် ရွှေပန်းတိမ်သည်အိမ်ကိုသွားပြီး ရွှေကိုခိုးယူပါတော့သည်။
ပထမအကြိမ်ရွှေခိုးယူတာကို ပန်းတိမ်ဆရာကမြင်သော်လည်း တိုင်းသူပြည်သားတွေကလည်း ကြည်ညိုလေးစားတဲ့သူ ဘုရင်မင်းမြတ်၏အတိုင်ပင်ခံမင်းဆရာလည်းဖြစ်တော့ မပြောပဲထားလိုက်ပါသည်။
မင်းဆရာပုဏ္ဏားဟာ ဒီလိုနဲ့ သူ၏ပုစ္ဆာအတွက် ဒုတိယအကြိမ် ရွှေထပ်မံ ခိုးယူပြန်သည်။ထိုဒုတိယအကြိမ်တွင်လည်း ပန်းတိမ်ဆရာဟာ မပြောသေးပဲ ထားလိုက်ပြန်ပါသည်။
တတိယအကြိမ်မြောက် ရွှေခိုးယူသောအခါကျမှ ပန်းတိမ်ဆရာဟာ ဘုရားအလောင်းပုဏ္ဏား၏လက်ကို အမိအရဖမ်းပြီး အရှင်မင်းကြီးထံသို့သွားရောက်၍ အရှင်မင်းမြတ်ကြီး၏မင်းဆရာပုဏ္ဏားဟာ သူခိုးကြီးပါဘုရား...မိမိထံမှ ရွှေထည်ပစ္စည်းများ ခိုးယူပါသည်ဘုရားဟု လျှောက်တင်လေ၏။ ထိုအခါ မင်းကြီးမှ ပုရောဟိတ်ပုဏ္ဏားအား ပန်းတိမ်ဆရာပြောတာ မှန်သလားဟုမေးမြန်းရာ မှန်ပါသည်ဟုပြန်လည်လျှောက်တင်လေ၏။ထိုသို့ ခိုးယူရခြင်းမှာ မိမိထံတွင် အရှင်မင်းမြတ်ကြီးပေးတဲ့ရာထူးဟာ မိမိ၏သွားရောက်သင်ယူခဲ့သော ညဏ် ပညာ ဗဟုသုတတွေကြောင့်လား?? စောင့်ထိန်းထားတဲ့ သီလကြောင့်လား??ဆိုတာ မိမိ၏ရင်ဘတ်ထဲ/အတွေးထဲမှာ သံသယဝင်နေတာကြောင့် ရွှေပန်းတိမ်သည်၏အိမ်မှာ ရွှေခိုးယူခြင်းဖြစ်ပါသည်ဟု ပြည့်ပြည့်စုံစုံပြန်လည်လျှောက်တင်ပါတော့သည်။
ဒါကြောင့် မိမိတို့၏ "သီလ"နှင့်"သုတ"တွင် "သီလ"ကပိုပြီးမြတ်ကြောင်း အရှင်မင်းမြတ်ပေးအပ်တဲ့ မင်းအတိုင်ပင်ခံရာထူးဟာ မိမိ၏စောင့်ထိန်းထားသော သီလကြောင့်သာ ခိုင်မြဲတည်ရှိနေတာ ဖြစ်ပါကြောင်း ယခုအချိန်မှာ ပြတ်ပြတ်သားသား တိတိကျကျ သိသွားပါပြီအရှင်မင်းကြီး။
ထိုအခါဘုရင်မင်းမြတ်ကြီးက ကယ် ရွှေပန်းတိမ်ဆရာ ပုဏ္ဏားကြီးက ရွှေကို လိုချင်သောကြောင့် ခိုးယူခြင်းမဟုတ်ဘဲ "သုတ" နဲ့ "သီလ"တွင် ဘယ်အရာမြတ်သလဲသိချင်၍ ခိုးယူခြင်းဖြစ်ကြောင်း သူ့၌အပြစ်ရှိသလားဟုပြောဆိုပြီး အားလုံးအတွက် သုတ နဲ့ သီလတွင် သီလကပို၍မြတ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာစေရန် ထောက်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု ပြန်လည်ဖြေရှင်းပေးခဲ့ပါသည်။
Crd-org-source
ဒါကြောင့် ကျွန်တော်တို့ လူသားအားလုံးအတွက် "သုတ"နဲ့"သီလ"တွင် "သီလ"သည် မရှိမဖြစ် ရှိရမည့် အရေးကြီးသောအရာဖြစ်ပါကြောင်း...
ပညာတွေဘယ်လောက်ပင်တတ်မြောက်ပါစေ စောင့်ထိန်းအပ်သော "သီလ"တရားများမစောင့်ထိန်းနိုင်ပါက တန်ဖိုးရှိသောသူ မြတ်သောသူ မဖြစ်နိုင်ပါကြောင်း...သုံးသပ်ရင်း ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
Thank you for your choosing and resteemed my post.
Posted using Partiko Android
Congratulations @uthantzin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Thank you for new badges.
Posted using Partiko Android
တရားတော်ကို ဝေမျှတဲ့အတွက် ကျေးဇူးပါဗျာ
သီလ ကလူတိုင်းအတွက် တံတိုင်းတစ်ခုပါ
မှန်ပါတယ် "သီလ"ကသာ အရေးအကြီးဆုံး အရာဖြစ်ပါတယ်။
Posted using Partiko Android
Welcome back bro.
Thank you for your record.
Posted using Partiko Android
ပေးချင်တဲ့ မက်ဆေ့ကို အပြည့်ဝရလိုက်ပါတယ်ဗျာ။
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ။
Posted using Partiko Android