ပထမခြေလှမ်း...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ MSC အဖွဲ့အစည်း၏ ရှေ့ဆက်သွားမည့် planတွေထဲက တစ်ခုဖြစ်သည့် MSC၏member များစုပေါင်းပြီး စီးပွားရေးတစ်ခုခုလုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်မည့် အစီအစဉ်ကို အနည်းငယ် ရေးသားခဲ့ချင်ပါသည်။

Crd-org-source
member များအတွက် အပိုဝင်ငွေ passive income ရရှိပြီး တိုးတက်အောင်မြင်လာစေရန် ရည်ရွယ်သော idea ကောင်းတစ်ခုဖြစ်ပါသည်။
ထိုအခြေအနေများအတွက် စီးပွားရေးလုပ်ရန် အစ်ကိုမဟော် အစ်ကို ဟိန်းတို့မှ post များတင်၍ အကြံညဏ်များမျှဝေခြင်း...comment များဖြင့်အကြံပြုရန် တိုက်တွန်းခြင်းများဖြင့် နိုးဆော်နေကြပါသည်။
မည်သို့ မည်ပုံ မည်သည့် စီးပွားရေးလုပ်ကိုင်ကြလျှင် အကောင်းဆုံးဖြစ်မည်ဆိုသော အကြံညဏ်များ comment များသည် တန်ဖိုးရှိပြီး အရေးပါသောကြောင့် member များအားလုံး ဝင်ရောက်ဆွေးနွေး comment ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။
အရင်လလောက်တုန်းက အစ်ကိုဟင်နရီ၏ MSC token နဲ့ပတ်သက်ပြီး မည်သို့ မည်ပုံလုပ်ဆောင်သင့်ကြောင်း MSC group တွင် ဆွေးနွေးဖူးပါသေးသည်။MSC token အတွက် social media platform တစ်ခုပြုလုပ်၍ postတင်/comment လုပ်အသုံးပြုခြင်းဖြင့် token ရရှိပြီး လည်ပတ်အသုံးပြုစေခြင်းဖြင့် ဈေးကွက်ထိုးဖောက်ခြင်း...game ပုံစံပြုလုပ်ထိုးဖောက်ခြင်း...PTC site ပြုလုပ်၍ ဈေးကွက်ထိုးဖောက်ခြင်း...you tube တွင်မိမိကျွမ်းကျင်ရာကို video clip တင်ပြီး MSC token ဝယ်ယူအသုံးပြုစေ ခြင်းဖြင့် ထိုးဖောက်ခြင်း စသည်ဖြင့် member အတော်များများမှ ပုံစံအမျိုးမျိုး ဆွေးနွေးတင်ပြ အကြံပြုသွားကြပါသေးသည်။
member အားလုံးသည် မိမိတို့ဖြတ်သန်းလာသောအတွေ့အကြုံ.. မိမိတို့ကျွမ်းကျင်လာသောကဏ္ဍများ မတူညီကြသောကြောင့် အကြံညဏ်မျိုးစုံထွက်ပေါ်လာပြီး ဒီအားလုံးသော အကြံညဏ်များထဲမှ အကောင်းဆုံးကို ရွေးချယ်အကောင်အထည်ဖော်ဆောင်ကြရမှာပဲ ဖြစ်ပါသည်။
ဒါကြောင့် ဒီရက်ပိုင်း အစ်ကိုမဟော်နှင့် အစ်ကိုဟိန်းတို့၏ MSC တွင်စီးပွားရေးလုပ်မည့်ပုံစံ ideas အကြံညဏ်များကို postများတင်၍ နိုးဆော်မျှဝေခြင်းသည် အဖွဲ့အစည်းတစ်ခု တိုးတက်ရန်အတွက် မရှိမဖြစ် လိုအပ်သော အကြောင်းအရင်းတစ်ချက်ဖြစ်တဲ့အတွက် ပထမဦးဆုံး ချီကျူးစကားဆိုခဲ့ပါရစေ...။
အစ်ကိုမဟော်၏စီးပွားရေးအကြံပြုချက်လေးက ကွန်ယက်အခြေပြု စီးပွားရေးဖြစ်ပြီး ချပြထားတဲ့ planလေးကလည်း အရမ်းကောင်းမွန်ပါသည်။
ဥပမာ---အစ်ကိုမဟော်၏ planကိုရွေးချယ်လိုက်မည်ဆိုပါစို့...။
ဒီ plan အတွက်...
(၁) ဦးဆောင်မည့်သူ/တာဝန်ခံမည့်သူ
(၂) လက်ထောက် တာဝန်ခံမည့်သူ
(၃) ငွေကိုင်
(၄) စာရင်းကိုင်
(၅) ပစ္စည်းတင်သွင်းသူ/ရင်းနှီးမြှုပ်နှံမည့်သူ
(၆) အရောင်းကိုယ်စားလှယ်
...စသည်ဖြင့် လိုအပ်မည်ဟုထင်မိပါသည်။
ဒါကြောင့် plan တစ်ခုအတွက် ဒီလိုအပ်မှုများကိုပါ စနစ်တကျ အသေးစိတ် တွက်ချက်ပြီးဆောင်ရွက်နိုင်မှသာ ပထမခြေလှမ်းအတွက် အားပြည့်အင်ပြည့် လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
နံပါတ် (၁)ကို မည်သူကဖြင့်တာဝန်ယူမည်။နံပါတ် (၂)အတွက် မည်သူကလုပ်ဆောင်မည်...စသည်ဖြင့် တိတိကျကျ နေရာထားရှိပြီး အားလုံးအတူတကွ ဟန်ချက်ညီညီ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် မိမိတို့ အဖွဲ့သားအားလုံး အပြင်မှာသော်လည်းကောင်း...MSC group chat မှာသော်လည်းကောင်း meeting သဘောမျိုးလေး အရင်ဆုံး ဆွေးနွေးတိုင်ပင် ညှိနိုင်းကြဖို့ လိုအပ်ပါလိမ့်မည်။

Screenshot -org-source
ဒါကြောင့် @ansoe - ဦးစိုးကလည်း ဆွေးနွေးတိုင်ပင်ဖို့အတွက် "လူကိုစုမရသေးပါလို့" comment တစ်ခု ပေးခဲ့ပါသေးသည်။
ဒါ့အပြင် ကိုမဟော်၏ post တွင်လည်း ဆရာကိုဟင်နရီမှ comment ပေး၍ ပြောခဲ့ပါသည်။
"ချပြထားသော စီးပွားရေး plan လေးမှာ အတော်ကောင်းမွန်သော်လည်း ဒီ plan ကို လူဘယ်နှစ်ယောက်စိတ်ဝင်စားသလဲ" ဆိုသော မေးခွန်းဖြင့် မှတ်ချက်ပြုခဲ့ပါသည်။
ဆရာကိုဟင်နရီ၏ မေးခွန်းလေးနဲ့ comment ပေးထားတာသည် စိတ်ဝင်စားစရာကောင်းပြီး သဘောကျစရာလည်းကောင်းပါသည်။

Screenshot-org-source
အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ member များ၏အကြံညဏ်များ..plan များလိုအပ်ပါကြောင်း... ထိုအကြံညဏ်များအား မည်မျှစိတ်ဝင်စားကြပြီး မည်သူကမည်သည့်တာဝန်ယူကြမည် စသည်ဖြင့် လက်တွေ့ကျသော အဆင့်အထိ ဆက်လက်ကြိုးစားအကောင်အထည်ဖော်မှသာလျှင် မိမိတို့၏ပထမခြေလှမ်းအတွက် အားအင်အပြည့်ရရှိပြီး စတင်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း...
မိမိတစ်ဦးတည်းအမြင်သာဖြစ်၍ အခြားသောလိုအပ်မှုများစွာရှိနေနိုင်ပါသေးကြောင်း...စိတ်ဝင်စားမှုပိုများလာကြစေရန် ရည်ရွယ်၍ ဒီ postလေးအား ထပ်မံရေးသားနိုးဆော်လိုက်ရပါတော့သည်။
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Posted using Partiko Android

Sort:  

ဆွေးနွေး တိုင်ပင် ညှိနှိုင်းကြပါကုန်လော့ အို အမျိုးကောင်းသား အမျိုးကောင်းသမီးတို့

အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အချိန်တစ်ခု လိုအပ်နေသော်လည်း member အားလုံးအတွက် စိတ်ထဲမှာ မိမိလုပ်ချင်သော plan လေးများ ရှိပါက ဒီလို post လေးတွေတင်ပြီး နိုးဆော်ထားရင်တော့ ပိုပြီးကောင်းမယ်ထင်မိတဲ့အတွက် ထပ်ဆင့်နိုးဆော် ရေးသားခဲ့ခြင်းဖြစ်ပါသည်။

Posted using Partiko Android

ကိုသန့်ရဲ့ နှိုးဆော်သောpostက အများကြီး အထောက်အကူဖြစ်စေမှာပါ။ အချက်အလက်ေ်တော်များများကို စုဆောင်းတင်ပြထားလို့ အလွယ်တကူ သိရှိနိုင်ပါတယ်။ စီးပွားရေး ကိစ္စဖြစ်တဲ့အတွက် အကောင်အထည်ဖော်ဘို့ မလွယ်ပေမယ့် အခက်အခဲကြီးလည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီplan က productတင်သွင်းသူ တစ်ဦး အရောင်းကိုယ်စားလှယ်တစ်ဦးရှိရင်တောင် စ လုပ်ကိုင်လို့ ရပါတယ်။ ကိုယ်နိုင်ရာက စ လုပ်ကြတာပေါ့။လုပ်ငန်းအရှိန်အဟုန်ကောင်းဘို့ တော့ အချိန်တစ်ခုတော့ ပေးရမှာပါ။ အဓိက က အားလုံးရဲ့ ဆန္ဒ ကောက်ခံပြီး လမ်းအူကြောင်း ဖောက်ထားဘို့ လိုတယ်။ အသေးစိတ်အချက်အလက်ဆွေးနွေးဘို့ က ဒုတိယ အဆင့်အနေနဲ့ ဆက်ဆွေးနွေးကြရမှာပါ။ အားလျော့နေတဲ့အချိန် ကိုသန့် postဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါဗျ။ ကျေးဇူးအများကြီးတင်မိသလို အခြားmember တွေကိုလည်း မျှော်လင့်နေပါတယ်။ကိုဟင်ပြောသလို ဘယ်လောက်စိတ်ဝင်စားကြတယ်အပေါ်မူတည်ပြီး ရှေ့ ဆက်ရမှာမို့ ပါ။ အပြောင်းအလဲအတွက် တစ်ခုခုတော့ လုပ်စေချင်တာအမှန်ပါ။ ကျွန်တော့်planမှမဟုတ် သင့်တော်သော planတစ်ခုတော့ လုပ်စေချင်ပါကြောင်း ပြောကြားပါရစေ။ လေးစားလျက်

မှန်ပါတယ်အစ်ကို မည်သည့် planမျိုးမဆို အားလုံးအတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုရင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပြီး လမ်းကြောင်းဖောက်ထားရမှာပါ။ကျွန်တော်တို့ အချိန်တစ်ခုတော့ လိုအပ်နေမှာပေါ့။

Posted using Partiko Android

အဓိကကတာ့ အရင်းအနှီးနဲ့ ဘယ်ပစ္စည်းတွေကနေ စတင်လုပ်ဆောင်မလဲ ဆိုတာကနေစရမယ် ထင်ပါတယ် ။ ပူးပေါင်းရင်းနှီးရအောင်လဲ steem ဈေးတွေက အားမရ ။ တစ်ဦးက စိုက်ထုတ်ပေးရန်လဲ အဆင်မပြေထင်မိပါသည် MSC ဘတ်ဂျက်ကလဲ အဲ့လောက်ကြီး မလုပ်နိုင်သေးလားလို့ ။ အရောင်းကိုယ်စားလှယ်ကတော့ Member တွေအရင်ဆုံးဖြစ်မှာပါ ။ဒါလဲ အချို့ လုပ်နိုင်မလုပ်နိုင် ။ ပစ္စည်းက ဘယ်ဟာ ရောင်းဝယ်မလဲ ဆိုတာလဲ အရေးကြီးတယ် ထင်ပါတယ် ။

အစ်ကိုပြောတဲ့ data လေးတွေကလည်း လိုအပ်နေအုံးမှာပါ။steem ဈေးကျဆင်းခြင်းကလည်း နှောင့်နှေးစေသောအကြောင်းတစ်ချက် ဖြစ်နေတာပဲလေ။ဒီလိုအပ်မှုတွေနဲ့ ကျွန်တော်တို့ အချိန်တစ်ခုစောင့်ပြီး အစ်ကိုဟင်ပြောသလိုပေါ့ ဒီ Plan အတွက် လူဘယ်နှစ်ယောက်စိတ်ဝင်စားသလဲ ဆိုတဲ့ မေးခွန်းမျိုးပဲ လိုအပ်မှုများနေမှာပါ။လက်တွေ့ပဲ စာရေးတဲ့သူတောင် အတော်နည်းနေတော့...

Posted using Partiko Android

စတီးမစ် နဲ့ အဆက်သွယ်ပျက်နေလို့
ဘာမှကို မသိသေးဘူးဗျာ။
သင်တန်းတစ်ဖက်နဲ့မို့ အားရင်အားသလို
လေ့လာသွားပါ့မယ်ဗျ။

ဟုတ်ကဲ့ပါခင်ဗျာ။အားတဲ့အခါ ဝင်ပြီးအကြံညဏ်လေးတွေပေးပါအုံးအစ်ကို။

Posted using Partiko Android

လုပ်ချင်စိတ်ကို ဆုံးဖြတ်ကြဖို့ပါပဲ

Posted using Partiko Android

ဒါကတော့ လိုရင်တိုရှင်း အရေးကြီးဆုံး ဆုံးဖြတ်ချက်လေးပဲပေါ့အစ်ကို။လုပ်ချင်စိတ်လေးပဲပေါ့။

Posted using Partiko Android

Congratulations @uthantzin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemitBoard to support the german speaking community meetups

You can upvote this notification to help all Steem users. Learn how here!

Thank you so much for your new badges.I try my best with you in future.Good luck to you all.

Posted using Partiko Android

Coin Marketplace

STEEM 0.15
TRX 0.16
JST 0.028
BTC 67807.24
ETH 2423.65
USDT 1.00
SBD 2.33