ပါးချိုင့်လေး နှင့်ကောင်မလေး(ဇာတ်သိမ်း)

in #myanmar7 years ago (edited)

image
Hello everybody all members...
မဂ်လာပါခင်မျာ...

ပထမပိုင်း
https://steemit.com/myanmar/@thantzinoo96/paundefinedngelnwng-ekangmel-fd70776697003

ဒုတိယပိုင်း
https://steemit.com/myanmar/@thantzinoo96/paundefined-ngel-wng-ekangmel-2-6f9bcee638fa1

ဇာတ်သိမ်းပိုင်း

ကလိမ်... ကလိမ်...ကလိမ်....

"ဟယ်လို အမိန့်ရှိပါ...."

"အန်တီလားး...ကျနော် နိုင်စိုးပါ"

"အေး သားလေး...နေကောင်းရဲ့လား"

"ဟုတ်ကဲ့ အန်တီ နေကောင်းပါတယ်...ကျနော်လည်း အလုပ်တွေရှုပ်နေတာနဲ့ အန်တီတို့ဆီမလာဖြစ်တာ..."

"ရပါတယ်ကွယ်...အန်တီက သားနေမကောင်းလို့များလားလို့"

"နေကောင်းပါတယ် အန်တီ...
ဟိုလေ.... ဖြိုးလေးရှိလား"

"အေး...ရှိတယ် သား"

ဖုန်းကိုလက်တဖက်နှင့် အုပ်ထားရင်း...

"သမီးရေ ဖြိုး... မောင်နိုင်စိုးဆီက ဖုန်းလာနေတယ်"
မေမေဖုန်းပြောနေတာ အစအဆုံး သူမကြားရသည်။

"သမီးမရှိဘူးပြောလိုက်နော်..."

"ရှိတယ်လို့ပြောပီးပီ...မူမနေပါနဲ့အေ အခုလာကိုင်"

"မေမေကလဲလေ ကိုယ့်သမီးကို ပြောလိုက်မှဖြင့်"
စူပုတ် စူပုတ်နှင့် သူမ...
"ဟလို...အမိတ်ရှိပါ ဘယ်သူနဲ့ပြောချင်လို့ပါလဲရှင်"( သိသိနဲ့ တမင် ပြောလိုက်၏)😠

"ဟုတ်ကဲ့ ဖြိုးလေးနဲ့ စကားပြောချင်လို့ပါခင်မျာ"😊

"မရှိဘူး ရှင့် အပြင်သွားဘီ"😒

"ဖြိုးကတော့ လုပ်ပီ...ကိုယ် မအားလို့ပါနော်"

"ဒီကမ္ဘာမှာ ရှိတော့ဘူးထင်နေတာ ရှိသေးတယ်နော်..."

"ကိုယ် လဲ ဖြိုးဆီ လာချင်တာပေါ့ကွာ
ခုတလော အရောင်းဝယ်တွေကရှုပ်တော့...တော့"(စကားတောင်မဆုံးသေးဘူး)

"သိဘူး ဘာမှလာမပြောနဲ့...ဖုန်းမခေါ်တာဘယ်လောက်ကြာနေပီလဲ ကွကိုသိ ဒါပဲ ဒါပဲ"

"ဟလို ဖြိုး...ဖြိုး"

"ဘာလဲ"

"လိမ္မာပါတယ်ကွာ...စိတ်မကောက်ပါနဲ့ အလုပ်တွေကြိုးစားနေတာ ဖြိုးတွက်ပါ...
အခု ဖြိုးတွက် လက်ဆောင်ဝယ်နေတာ"

"ဟင်...ဟုတ်လား ဘာလေးလဲ"

"အခုပြောလို့ ဘယ်ဖြစ်မလဲ ဖြိုးရဲ့...နက်ဖြန်ကျမှ ကြည့်နော်"

"ဟွင့်..."
ပျားရည်လိုချို မြသော အရည်တခုခုစားလိုက်ရသလိုပါပဲ။ သူမပြုံး နေသည်။

(နိုင်စိုးဆိုသည်မှာ ဖြိုး နှင့် မိဘချင်း သဘောတူထားတဲ့သူဖြစ်သည်။ဖြိုးပြည့်စံထက် အသက် (၉)နှစ်လောက်ကြီးသည်။ ဖြိုး ငယ်ငယ်ကတည်းက ဖြိုးလိုချင်ရာမှန်သမျှ အလိုလိုက်ခဲ့သူတယောက်ဖြစ်၏)

မနက်ခင်းရဲ့ နေလုံးကြီးက တဖြည်းဖြည်းမြင့်တက်လာလေပြီ။ နာရီကိုကြည့်တော့ ၁၁နာရီတောင်ထိုးတော့မှာပါလား။ အိမ်ရှေ့မှာ တယောက်တည်း ဒိုင်ယာရီစာအုပ်လေးပေါ်တွင် စာရေးနေသူက ညီစူး...
image

ဘယ်လိုပဲရေးရေးပါ ရင်ဘတ်ထဲက အဓိပ္ပါယ်က အတူတူပဲမဟုတ်လား
ဟု ညီစူးတွေးလိုက်သည်။

"သားရေ...ညီစူး
မေမေ ကိုမြင့်ဆွေသမီးလေးကို အိမ်လည်ခေါ်ထားတယ် သွားခေါ်ချေနော်"

'ဟိုက်...အမေ ဘာအကြံတွေ ထုတ်မလို့လဲမသိဘူး..မသွားချင်ဘူး ငြင်းရင်လည်း အဖေနဲ့တိုင်ပြောရင် ဒုက္ခ...'

"သားး ကိုညီ...မသွားသေးဘူးလား နောက်ကျနေမယ်..."

"ဟုတ်...သွားမလို့ပါအ မေရာ"

မိုးသားများကင်းစင်သည်။ နေရောင်က လွတ်လပ်စွာ တောက်ပနေ
၏။ ညီစူး ဆိုင်ကယ်စီး ဦးထုပ်လေးဆောင်းကာ ထွက်လာခဲ့သည်။

"နှောင်....နှောင်....နှောင်"
ဟော ထမင်းစား ကျောင်းဆင်းပြီ ။ ကလေးများ ကိုယ်စီထွက်လာကြလေသည်။နောက်ဆုံးမှ ဆရာမများလဲပါလာ၏။
"ဆရာမ...ဟိုလေ"
လက်ညိုးကို နောက်ပြန်ထိုးလျက် 'ဟိုဟို' 'ဒီဒီ' နဲ့ ညီစူးစကားထစ်နေ၏။ သက်အိခိုင်က လက်ကာပြလိုက်ပြီး ရယ်ကျယ်ကျယ်ဖြင့်...
" ညီစူး ဘယ် သွားမလို့လဲ "

'ဟိုက်...သိလျက်နဲ့ နောက်နေပြန်ပြီ...သင်းကို ခေါ်ချင်လွန်းသပ လာခေါ်တာမှတ်မနေနဲ့'

ညီစူး စိတ်ထဲ ကျိန်ဆဲမိသည်။ပီးတော့မှ မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြလိုက်ပီး

"မေမေက ထမင်းစားပင့်ခိုင်းလိုက်လို့"
"ညီစူးကနောက်တတ်တားးပဲ မင်းမေမေ မမဆီဖုန်းဆက်ပြောပီးပါပီ
အခုလာခေါ်တာမလား သွားမယ်လေ"
'အမယ် ပိုင်စိုးပိုင်နင်းနဲ့များ'

ဘောလုံးကန်သလို မြေကြီးပေါ်သာ လှိမ့်လှိမ့်ပြီး ကန်ပစ်လိုက်ချင်ရဲ့

"သမီး ရောက်လာပီလား...လာကွယ်
ဆာနေရောပေါ့ "
"ဟင်းတွေကလဲ စုံလို့ပါလား အန်တီ။ မွှေးနေတာပဲနော်၊ ဗိုက်တောင် ဆာလာသလိုပဲ"

"သမီး စားနော် ဘာမှအားမနာနဲ့"
"ဟုတ်ကဲ့ပါ အန်တီ"

စားသောက်ပီးတော့ နှစ်ယောက်သား ဒန်းလေးပေါ်မှာထိုင်ပြီး စကားပြောဖြစ်ကြသည်။
"မသက်အိခိုင် ဘယ်နာရီ ကျောင်းပြန်တက်ရမှာလဲ"
"၁နာရီခွဲမှ အတန်းချိန်ဝင်ရမှာ"
တစ်ယောက်ကြောင်း တစ်ယောက်ပြောဖြစ်ကြသည်။

နံနက်ခင်းရဲ့ သာယာဖွယ် တွန်ကျူး သံ လေကိုကြားရဖို့ရာ အိမ်ထဲကထွက်လာခဲ့သည်။ စာရွက်တရွက်ကိုခေါက်ပီး ပြတင်းပေါက်တခုဆီသို့ ပစ်လွှတ်လိုက်၏။

"ဖြိုးရယ်
ပုန်းညက်ပန်းလေး သေပီတော့များ လူဝင်စားလေရော့သလား...
ပန်းလေးကိုမြင်တိုင်း မင်းကို သတိရရနေမိတယ်"

ညီစူးတစ်ယောက် ညနေကျူ ရှင်ဆင်းချိန် ဖြိုးပြန်အလာကိုစောင့်နေမိသည်။ စောင့်ရသည့်အလုပ်က ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဆိုပေမယ့် သူ စိတ်ရှည် လက်ရှည်စောင့်နေမိသည်။
ဟိုးခပ်လှမ်းလှမ်းဆီက ဖြူစိမ်းဝတ်စုံနှင့်ကောင်မလေးတစ်ယောက်ကို လှမ်းမြင်ရသည်။ ညီစူးပြုံးလိုက်မိသည်။ 'ဟုတ်ပါတယ် ဖြိုးပြည့်စံပါ'

"ဖြိုး ...ခဏနေပါအူးနော်"
ဖြိုးပြည့်စံကြောင်အမ်းအမ်း ကြည့်နေမိသည်။ညီစူးကတော့ ပန်းလေးကို ဝှက်ထားရာက ထုတ်ပေးရင်း

"ဖြိုး...ရင်ခုန်သံက အချစ်ဆိုရင်
ကိုမင်းကိုအရမ်းချစ်နေမိပီကွာ"
"ကိုယ့်ရဲ့ ရင်ခုန်သံတွေကို ဖြိုးနှလုံးသားသွေးကြော တနေရာရာ မှာစီးဆင်းခွင့်ပေးပါလားဟင်"
ညီစူးက ပြေားရင်း ဖြိုးရဲ့လက်ကလေးကိုဆုတ်ကိုလိုက်၏။

"ကိုညီစူး လက် ကိုလွှတ်ပါ
လမ်းမကြီးမှာ သူများတွေမြင်ရင်ရှက်စရာကြီး..."
"ကိုယ့်ကို စဉ်းစားပေးပါနော် တခုခုပြန်ပြောပါအူး"
ညီစူးကြည့်ရတာ တော်တော်နဲ့ လက်ကိုလွှတ်မည်မထင်။

"အင်းပါ လက်ကိုအရင်လွှတ်နော်"
"ကိုယ့်ကိုစဉ်းစားပေးနော်...နော်"
"အင်းပါ"
ရှက်ရှက်နဲ့ သူမ အတင်းရုန်းထွက်သွားလေသည်။

နောက်နေ့တွေမှာလဲ ညီးစူးက အမြဲစောင့်ပီး ပုန်းညက်ပန်းလေးတွေပေး၏။

ဒိုင်ယာရီစာအုပ်လေးထဲတွင်...

image
တဖြည်းဖြည်းနဲ့ ညီစူးရဲ့ ဇွဲလုံ့လ အရိပ်ယောင်လေးများထင်ဟပ်လာတော့သည်။ ဟုတ်ပါသည် သူမ ရင်ခုန်တတ်စပြုလာပါပြီ။

တခုသောညနေခင်ဝယ်...
မိုးတိမ်များသည် ရွေ့လျားပြေးလွှားတော့မည်လိုလို၊ အုံ့ဆိုင်းတော့မည်လိုလို၊နေမင်း၏ အလင်းရောင်များကျစ်လစ်နေ၏။ လက်ထဲက ပုန်းညက်ပန်းလေးကို ဖြိုးရဲ့ခေါင်းမှာ "ဝှစ်" ခနဲ ပန်ပေးရင်း

"ဖြိုး ...ကိုယ့်ကို အဖြေပေးသေးဘူးလားဟင်"
"ဘာတွေလောနေတာလဲ ကိုညီစူးရယ် မတွေ့ရတော့မယ့် လူတွေကျနေတာပဲ"
"အင်းပါ...ကိုယ်ဖြိုးကို ဆုံးရှုံးရမှာ အရမ်းကြောက်တယ်....
ထားလိုက်ပါ...ဒီနေ့တော့ ကိုယ်တို့လျောက်လည်ရအောင်လားဟင်"
"ဟာ...ကျူရှင်ဆင်းချိန်ကို အိမ်ကသိတယ် အိမ်ပြန်နောက်ကျမှာပေါ့"
"နောက်မကျစေရဘူးကွာ ကိုယ်ဂတိပေးပါတယ်... နော်နော်"
++
ညီစူးက သူဆောင်းလာသော ဆိုင်ကယ်စီးဦးထုပ်ကို ဖြိုးအားဆောင်းပေးလိုက်သည်။

နှစ်ယောက်အတူ ဆိုက်ကယ်စီးရင် လျောက်လည်ကြသည်။ ဘုရားအတူဖူး၍ ပွဲဈေးတန်းတွင်မုန့်ဝယ်ပြီးပြန်လာခဲ့သည်။
"ဖြိုး ဟိုးးမှာ ငှက်ကလေးတွေ သူတို့လည်းလျောက်လည်နေကြတာနေမှာနော် ပျော်စရာကြီး
ဖြိုးရော မပျော်ဘူးလား "
"အင်း ဟုတ်တယ်နော် ကြည်နူးစရာလေး"
"ကိုယ်မေးတာလဲမဖြေဘူး ပျော်လားလို့"
"ပျော်ပါတယ် ကိုညီစူးရဲ့..."

နှစ်ယောက်သား စကားတပြောပြောနှင့်မောင်းလာသည်။ ရုတ်တရက် လမ်းကြားမှ Dyna ၁၂ပေကား တစ်စီး "ဗွားကနဲ" ပေါ်လာ၏။

အန္တရာယ် ကြိုမြင်နိုင်တယ်လို့ ဘယ်သူပြောလဲ၊ ခုနေ ကျနော့်၌ စွမ်းအားသာရှိရင် ထိုသူ၏ ဘဝနိဂုံးချုပ်ရာ မြေကျင်းကို ရှာထားရပေလိမ့်မည်...

ဖြိုးရေ ကိုယ်မင်းကို မမြင်ရဘူး မင်းဘယ်မှာလဲဟင်...

ကျနော့် ချစ်သူလေးကို ချစ်လို့မဝသေးလို့ပါ
ကျနော့် ကိုယ်ထဲမှာ သွေးတစက်မှမရှိတော့ရင်တောင်မှ
စက်ရုပ်အဖြစ်နဲ့ သူ့နားမှာ နေပါရစေ...

နေမင်းသည် အရှေ့ရပ်မှ ပျို့အန်၍ထွက်ပေါ်လာသည်။ မနက်ခင်းရဲ့ တေးငှက်သံ အစား ငိုရှိုက်သံ တဲ့တဲ့ကြားရသည်။ သူမ၏အခန်းတွင် ပူဆွေးမှုများနှင့် ပြည့်လျှံလျက်ရှိသည်။ ထိုခိုက် အခန်းတွင်းသို့ ဝင်လာသည့် ခြေသံလေးကိုကြားရသည်။ သူမ၏ခါးသွယ်သွယ်လေးကို တစုံးတယောက်က သိုင်းဖက်လိုက်သည်။ သူမ လှည့်ကြည့်လိုက်သည်...
"ကိုနိုင် စိုး"

စာရွက်ကလေးတရွက်ပေါ်မှ အပြာရောင်စားတန်းလေးကို ရှင်းလင်းစွာမြင်ရ၏။

အချစ်က သူ့အလိုလို ရောက်လာတတ်ပြီး
သူ့အလိုလိုပျောက်ကွယ်သွားတတ်သည်

ပြီးပါပြီ

အားလုံး​​သော Steemit ညီအကို မောင်နှမများး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ.....

Author : Thant Zin Oo (Magway)
MSC- 184

image

Sort:  

ဖတ့်ကောင်းတယ်

Thanks you vro

Magway သားချင်း​တွေ့ပီ

Shake Vro😁😁

MSC No. တပ်ဖို့ မေ့မယ်နော် ညီလေး

ဟုတ်ဟုတ် ကျေးဇူးပါနော် အစ်ကို

ဘယ်လိုဇာတိသိမ်းမလဲမျှော်ရဦးမှာပေါ့
ကျော်ထင်သလိုလေးသိမ်းပါ့မလားမသိ

ဟုတ် သိမ်းပီးပီလေ

စာရေးဆရာလုပ်
စာအုပ်ထုတ်လို့ ရပါပြီ

ဟားးကျေးဇူးပါခင်မျာ
အောင်မြင်မှုတွေ အမြန်ဆုံးရရှိပါစေခင်မျာ

အားပေးနေပါတယ်Bro .

ဟုတ်ဟုတ် ကျေးဇူးနော် အစ်ကို
steemitမှာအောင်မြင်ပါစေခင်မျာ

Thanks bro.

ဖတ်လို့ကောင်းပါတယ် အစ်ကို

ဟုတ် ကျေးဇူးပါ ညီ

အဆုံးပိုင်းလေးပြန်ဖတ်ဦးမယ် ဘဒို 😁😁
လိုက်ကြည်နူးမလို့ 😛

ကြူးနူးစေတည်းး
ကျေးဇူးနော် ကိုရှမ်းလေး

Steemitမှာ တိမ်မြုပ်နေတဲ့စာရေးဆရာကောင်းတွေပေါ်ထွန်းလာနေပါလားကွယ်

အဲလယ့် မြှောက်ပီဗျ...
ရွဲ့ပါနက်လို့စ်
ဟဲဟဲ
ကျေးဇူးပါ ခင်မျာ

မရွဲ့ပါဘူးလို့စ်
တကယ်ပြောတာပါဂျာ😁😁😁

ကျေးဇူးပါလို့

ဇာတ်သိမ်းတာမသိလိုက်ဘူး နည်းနည်း တုန်းတိဖြစ်သွားသလားလို့ပါ hee hee!

ဟားး ဟုလား​ဗျာ😁😂

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59907.23
ETH 2647.48
USDT 1.00
SBD 2.43