ပါးချိုင့်လေး နှင့် ကောင်မလေး(၂)

in #myanmar7 years ago (edited)

image
(ပထမပိုင်း)
https://steemit.com/myanmar/@thantzinoo96/paundefinedngelnwng-ekangmel-fd70776697003

(ဒုတိယပိုင်း)
ဒိုင်ယာရီ စာအုပ်၏ပထမဆုံးစာမျက်နှာတွင်ရေးထားသည်က
image
image

မနက်ခင်းရဲ့ တီတီတာတာ ကျေးငှက်သံလေးများ ထူးဆန်းစွာပျောက်လျနေသည်။ ညီစူး
အိပ်ယာကနိုးနေပြီ ဖြစ်သော်လည်း မျက်လုံးလေးမှိတ်ပီး အသံ တစ်ခုကြားရဖို့
နားစွင့်နေမိသည်။
“ဒေါက်…ဒေါက်…ဒေါက်…”
“သားရေ…သား…ကိုညီ”

ဘာကြောင့်မှန်းမသိ ညီစူးချက်ချင်း ပြန်မထူးမိပေ။ အတန်ကြာပီးမှ…
“ဗျာ…မေမေ…”
“နိုးသေးဘူးလားသားလေး…ဒီနေ့သွားးစရာရှိ….”
“ဟေ့ကောင်…နေဖင်ထိုးနေပြီ။ ခုထိ အိပ်ယာမထသေးဘူးလားကွ။ အစားနဲ့ အအိပ်
အငှားလိုက်စားရင် မင်းခုနေ ဘီလျံတာသူဌေး ဖြစ်နေလောက်ပီ”
‘ပျစ်တောက်ပျစ်တောက်နဲ့ အဖေက မိန်းမကြီးကျနာပဲ’ ဟု ညီစူးတွေးမိသည်။
“နိုးနေပါပီ…အဖေရာ”
“နိုးပီဆိုလည်း မနက်စားဘုန်းပေးဖို့ ကြွခဲ့ပါအူး…”
တခါလေ အဖေက ထိုသို့ရွဲ့တတ်သေးသည်။

ရေချိုးလိုက်သဖြင့်ထင်ရဲ့ အနည်းငယ် ခေါင်းမကြည်မလင်ဖြစ်နေတာ
သက်သာသွားသည်။ ထမင်းစားခန်းထဲသို့ ရောက်သည်ဆိုရင်ပဲ အဖေက…
“မြင်းခြံမြို့က အဖေ့သူငယ်ချင်း မိသားစု ဒီကိုရွှေ့လာတာ တစ်ပတ်လောက်ရှိပီ။
လူချင်းက ရင်းနှီးတော့ အဖေတို့ကို အိမ်လည်လာခဲ့ဖို့ ဖိတ်ထားတယ်”

ညီစူးကတော့ မကြားချင်ယောင်ဆောင်ကာ အရန်သင့်ထဲ့ထားသော ပန်းကန်ထဲက
မုန့်ဟင်းခါးကိုသာ တစ်ဇွန်းပြီး တစ်ဇွန်း အပီအပြင် ဆွဲနေတော့သည်။

“ဒီိလိုသားရဲ့…ဦးမြင့်ဆွေဆိုတာ မင်းဖေဖေရဲ့ကျောင်းနေဖက် သူငယ်ချင်း။
သူတို့သမီးက အထက်တန်းပြ ကျောင်းဆရာမလေ။ အခု ဒီမြို့မှာတာဝန်ကျလို့
ပြောင်းလာတာ။ မေမေတို့ကို အိမ်လည်လာဖို့ ဖိတ်ထားတယ်။ အခုအဲဒီကို
သွားမလို့…သားပါလိုက်ခဲ့”

ရှစ်ခေါက်ချိုး မျက်နှာကြီးနဲ့ ညီစူး ရှူံ့လျသွားသည်။
“မလိုက်ချင်ပါဘူးအမေရာ…အမေတို့ဖာသာ သွားပါ…သားဒီနေ့ သူငယ်ချင်းတွေနဲ့ချိန်းထားတယ်”
“ဟေ့ကောင် ဥာဏ်များမနေနဲ့…လိုက်ဆို လိုက်ခဲ့”
ညီစူး ဘာမျှမတတ်နိုင်တော့သည်။ ထော်လော်ကန့်လန့် နှင့် ပါသွားလေ၏။

ခြံစည်းရိုးတိုင်ပုပုလေးတွေမှာ ဖန်မီးရောင်စုံတွေ တပ်ဆင်ထားသည်။
စိမ်းစိုစိုမြက်ခင်းများထက်မှ စပယ်ပန်းရုံလေးကိုမြင်ရ၏။
နီညိုရောင်အုပ်ကြွပ်မိုးထားသည့် တစ်ထပ်တိုက်လေးရှေ့တွင် ကားရပ်သွားသည်။
အရပ်ပုပု၊ အသားဖြူဖြူ၊ မျက်နှာလေးထောင့်နဲ့လူတစ်ယောက်က အရန်သင့်စောင့်နေလျက်…

“လောင်းတိုင်းနိုးဆီးးး ကိုသန်းဆင့်ရေ….လာဗျာ အိမ်ထဲဝင်ပါ…”

‘ဒီလူကြီး တစ်တေတူးသေပြီး ၀င်စားတာဖြစ်မယ်’…
မပီကလာ ပီကလာနှုတ်ဆက်လိုက်သည့်
အသံကို ညီစူးကြိတ်၍ ကဲ့ရဲ့မိသည်။

ရှေးဟောင်းဆန်ဆန် ပန်းချီကားများကို ဧည့်ခန်းထဲ၌ ချိတ်ဆွဲထားသည်ကို
မြင်ရသည်။ ရယ်မောစကားသံများက အခန်းတခုလုံးကိုဖုံးလွှမ်းသွား၏။
ခဏကြာတော့…မုန့်ဟင်းခါး တစ်ပွဲတာစားခဲ့ရသည့် ၀မ်းဗိုက်ကဆန္ဒပြလာလေတော့သည်။
‘အိမ်ထမင်းခေါ်ကျွေးတယ်ဆိုပီး လေကြောရှည်နေသည့် ဦးမြင့်ဆွေ၏ပါးစပ်ကို
တိတ်ကပ်ထားလိုက်ချင်မိသည်’ ဟု ညီစူးတွေးမိသည်။

အခန်းတခုတွင်းမှ ကောင်မလေးတစ်ယောက်ထွက်လာပြီး…
“ဖေဖေ…ထမင်းဝိုင်းပြင်ပီးပါပီ”
ညီစူးပျော်သွားသည်။ ထမင်းစားလာခေါ်သည့် ကောင်မလေးကို ကျေးဇူးတင်နေမိသည်။
မဟုတ်ရင် စကားဝိုင်းက တော်တော်နဲ့ပီးတော့မည် မဟုတ်ပါလား။
“အေးအေး…သမီး လာခဲ့မယ်…
ကိုသန်းဆင့်ရေ…အဲ့တာကျနော်သမီးလေ… သက်အိခိုင်တဲ့”
“သမီးလေးတောင် တော်ရွယ်ရောက်နေပီပဲ…မတွေ့တာအတော်ကြာသွားလို့လားမသိဘူး
ကိုမြင့်ဆွေရေ…ကျနော်ဖြင့် သမီးကိုမှတ်တောင် မမှတ်မိဘူး”

‘မေမေတော့ ဘာမှ လိုလေစိတ်မရှိအောင် ပြင်ဆင်ထားသည့် သက်အိခိုင်ကို သဘောကျနေဟန်တူသည်’

ကုလားဆင် အသားဖြူဖြူ နှာခေါင်းပွပွ ဆံပင်မတိုမရှည်နဲ့ သက်အိခိုင်ကို
ညီစူးစိတ်ထဲ ဘ၀င်မကျဖြစ်မိသည်။ (သူ့ကြည့်ရတာလှမလိုလိုနဲ့
တခုခုလိုနေသလိုလို)

ထမင်း လက်ဆုံစား…အလ္လာပသလ္လာပပြောပီး ပြန်ခဲ့ကြသည်။

ညနေခင်းရဲ့ နေရောင်ဖျဖျလေးကိုကြည့်ပြီး ရင်ထဲမှာ နွေးထွေးသလို ခံစားရသည်။ ကျောက်သားတွေ မညီမညာခင်းထားသည့် လမ်းလေးကိုငေးမောရင်း ညီစူးတယောက် ကျူရှင်ဆင်းချိန်ကို စော့်မျှော်မိသည်။

"ကဲ...ကလေးတို့ အိမ်စာတွေလုပ်ခဲ့ကြ...
အားလုံးပဲ...ကိုယ့်အိမ်ကို တန်းတန်းမတ်မတ်ပြန်ကြနော်"
"ဟုတ်ကဲ့ပါဆရာမ"ဟု
အားလုံးနှုတ်ဆက်ပြီးပြန်ကုန်ကြပြီ။

"ဖြိုးရေ...ငါဒီနေ့ နင်နဲ့မလိုက်တော့ဘူးနော်"
ဟုနှုတ်ဆက်လိုက်ပြီး အေးမြစံရဲ့ ဆိုင်ကယ်နဲ့ လိုက်ပါသွားလေသည်။
သိရိရဲ့စကားကြောင့် အားငယ်သလိုခံစားမိသွား၏။

"ဖြိုး...ရေ...ငါဒီနေ့...နင်နဲ့...မလိုက်...တော့...ဘူး...နော်"

စကားသံများး ထပ်တလဲလဲ ပြန်ကြားနေမိတော့သည်။လေးလန်သော ခြေလမ်းများနှင့် ဖြိုးအိမ်ပြန်ခဲ့သည်။

ဟိုးး...ခပ်လှမ်းလှမ်းဆီက ပိတောက်ပင်ကြီးတစ်ပင်ကိုလှမ်းမြင်ရသည်။ ပိတောက်ပင်ခြေရင်းက မိုးပြာရောင်အင်္ကျီလေးနဲ့ လူတစ်ယောက် တစုံတခုကို ငေးမောနေဟန်တူသည်။ တဖြည်းဖြည်းအနားရောက်ခါးနီးလာတော့...

"ဟင်...ကိုညီစူးပါလား
ဟာ...ငါ့ဆီ တည့်တည့်လာနေပီ
ဒုက္ခပါပဲ..."
ညီစူးရဲ့ ခြေလှမ်းတွေ မြန်လာ၏။
"ဖြိုး..."
"ရှင်"
သူမ ယောင်ပီးထူးမိသည့် ပါးစပ်လေး လက်နှင့် ပိတ်နေသည်။

"ဖြိုး...တယောက်တည်းပြန်လာတာလား"
"ဟုတ်...ဟုတ်ပါတယ် ကိုညီဆူး"
သူမ စကားများပင် မပီတော့။

"ကိုယ့် နာမည် ညီစူးပါ...ဖြိုးရဲ့
ရော့...ဖြိုးတွက်"
မမြင်အောင် ဝှက်ထားသည့် ပုန်းညက်ပန်းလေးအား လှမ်းပေးလိုက်သည်။
image
"ပန်းလေးတွေက ဖြူ စင်သန့်ရှင်းပါတယ်...ယူပါနော် ဖြိုး"
သူမ ရှက်ရှက်နဲ့ ပန်းလေးယူပီး ပြေးထွက်သွားသည်။

မိုးတိမ်များကင်းစင်သောကြောင့် လရောင်က အတားအဆီမရှိ လွတ်လပ်စွာတောက်ပနေသည်။လမင်းကြီးကို ငေးကြည့်ရင်း...

" 'ခံစားချက်' ဆိုသည်မှာ လူကို အနေရအထိုင်ရခက်စေသော အရာ ဖြစ်သည်"
ဟု သူမ တွေးလိုက်သည်။
"ဒီချိန်ဆို...ဟိုလူကြီး ဘာလုပ်နေမလဲမသိ
ဟင်...ငါဘာတွေ တွေးနေမိပါလိမ့်။ ဘာလို့ သူ့အကြောင်းတွေ စဉ်စားနေမိပါလိမ့်"

"သမီးရေ...ညဥ့်နက်နေပီ အိပ်တော့လေ"
"ဟုတ်...မေ့"
သူမ အိမ်ထဲသို့ ပြေးဝင်သွားသည်။

(ကျနော့်ရဲ့ ပါးချိုင့်လေး နှင့်ကောင်မလေး storyဟာဖြင့် တကယ့်အပြင်ဖက်တွင် ဒီထက်မက ကျယ်ပြန့်ပါသေးသည်။ ကျနော် ဥာဏ်မှီ သလောက် ရေးသားပုံဖော်ထားခြင်းဖြစ်ပါသည်ခင်မျာ။ ဒုတိယပိုင်းကို ဖတ်ရှုပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ် ခင်မျာ။ ဇာတ်သိမ်းပိုင်းမှာ ညီစူး၊ဖြိုး ၊သက်အိခိုင်တို့ သုံးပွင့်ဆိုင် ချစ်ဇာတ်သိမ်းလေးကို ဖတ်ရှုပေးပါအူး ဟု အားနာနာဖြင့် ဖိတ်ခေါ်ပါရစေခင်မျာ)
အားလုံး​​သော Steemit ညီအကို မောင်နှမများး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ.....

Photo Credit to Google
Author : Thant Zin Oo (Magway)
MSC- 184
image

Sort:  

စောင့်မျှော်နေမယ် ညီရေ

Ko soe ရေ😂
ခုမှ လာဒယ် မျှော်နေဒါ...😁

ဇာတ်သိမ်းသိချင် လားး😁😁

အပိုင်းဆက်​​လေး ​စောင့်​​နေမယ်

ဟုတ်ကဲ့ပါဗျာ

ကွဲမှာလား ပေါင်းကြမှာလားဆိုတာ ဇာတ်သိမ်းစောင့်ဖတ်ရမှာပေါ့

ကျေးဇူးပါ ခင်မျ

ရင်ခုန်ရင် အချစ်လား
ရင်တွေတုန်လို့ စကားတွေယောင်ကုန်တဲ့ ငယ်တုန်းက ချစ်ဇာတ်လမ်းများ ဖတ်ပြီး ငယ်မူပြန်ချင်သား

ဇာတ်လမ်းဒေ ရှိခဲ့ဒယ်ပေါ့ 😁😁
Thanks you နော် Bro

ဖတ်လို့ကောင်းတယ်
ကျေးဇူးပါ

ကျေးဇူးပါညီ

အရမ်းကောင်းတယ်ဗျို့ 😁

ဟုတ် ပြောင်ရဘူးလေလို့စ်...😊
ကျေးဇူးပါ ကို လင်း

Steemit. မှာ အားလုံး စာရေးဆရာကောင်းတွေဖြစ်ကုန်ကြပြီ

အဲလယ့်...ဘယ်သူဒေတုန်း bro😁

ကျနော်တိုတေလေ

😊
Lets go together.
Fighting...

ဇာတ်​သိမ်းကို ဖတ်​ချင်​လှပြီ အ​ရေးသား​ကောင်းတယ်​ bro

ဟုတ်ပါပီ ရေးနေပါတယ် ခင်မျ
ကျေးဇူးပါနော်

ဇာတ်လမ်းလေးကတော့နော်

😁အဲလယ့်...ဆက်ပြောလေ Bro

ပြောတော့ပါဘူးကွယ်

ပြောတော့ဘူးလာကွယ်😂😁

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 68985.88
ETH 2736.64
USDT 1.00
SBD 2.72