စာပေ ခရီး
Steemitမှာ စာမရေးဖြစ်တာလည်း ကြာပြီမို့ ဒီနေ့တော့ အားလပ်ချိန်လေးထဲကနေ ဖဲ့ထုတ်ပြီး စာရေးအုံးမှလို့ အတွေးဝင်တာနဲ့ ထရေးဖြစ်ပါတော့တယ်။ Steemမှာ စာမရေးဖြစ်တဲ့ အကြောင်းက မဂ္ဂဇင်းတစ်စောင်အတွက် ဆောင်းပါးရေးနေတာကြောင့်ပါ။ စာစရေးစ စာရေးဆရာပေါက်စလေး ဘဝဆိုတော့ စာမူ အပယ်မခံရရေးအတွက် အတော်လေးကို ဖတ်ရမှတ်ရ အကြောင်းအရာ ရှာရ။ ရေးပြီးသားကို စိတ်တိုင်းမကျတာနဲ့ ပြန်ဖျက်လိုက် ပြန်ရေးလိုက်။ ဒီအပိုဒ်ကတော့ လိုနေသလို ဒီအပိုဒ်က အထားအသိုမှားနေသလို လိုလိုလိုနဲ့ဘဲ စိတ်တိုင်းကျတဲ့ ဆောင်းပါးတစ်ပုဒ် ထွက်လာရေးဟာ အတော်ခက်ခဲတယ် ဆိုတာ သိလိုက်ရပါတယ်။
သူများရေးထားတဲ့ ဆောင်းပါးတွေ ဖတ်တုန်းကတော့ ဆောင်းပါးတစ်ပုဒ် ၁၅မိနစ် မိနစ် ၂၀လောက်နဲ့ ဖတ်ပြီးပေမဲ့ ကိုယ်တကယ်ရေးတဲ့ အခါ ၁၅မိနစ်စာလောက် စာဖတ်သူအတွက် အချိန်ပေးဖို့ရာ ကိုယ့်ဘက်က တော်တော် ပြင်ဆင်ပြီး အချိန်ပေးရပါတယ်။ ဒီစာသားက ဒီစာပိုဒ်မှာ သုံးလို့ သင့်တော်၏ မတော်၏ကစလို့ စာတစ်ပိုဒ်ချင်းအချိတ်အဆက် စကားပြောခန်းအသုံးအနှုန်းတွေကအစ အတော်လေး သိတိထား ဂရုစိုက်ရပါတယ်။ ပေးရမဲ့ ရက် အမီ စာမူပေးပြီးကာမှဘဲ တာဝန်တစ်ခု ကျေသလို ဟင်းချနိုင်ပါတယ်။ ရွေးချယ်ခံရသည် မခံရသည်ကတော့ နောက်ထပ်စိတ်မောရမဲ့ အပိုင်းပါဘဲ။ ကိုယ်ရေးတဲ့စာလေး ပုံနှိပ်ဖော်ပြတာ မြင်ရတဲ့ အပျော်လောက် ကြည်နှုးရတဲ့ အပျော် မရှိသေးပါဘူး။ ဆောင်းပါး လက်စသတ်ပြီးမှဘဲ စိတ်ဒုန်းဒုန်း ချနိုင်ကာ steemဘက် လှည့်နိုင်ပါတော့တယ်။
စာပေလမ်းကို ဖြည်းဖြည်းချင်းလျှောက်သွားမယ်လို့ ရည်ရွယ်ချက်ထားတဲ့ အတိုင်း အခုတည်းက ဖြည်းဖြည်းချင်း စလှမ်းနေပါပြီ။ ကိုယ့်ရဲ့ စာတွေထဲကနေ စာဖတ်သူအတွက် သုတ ရသတွေ ပေးစွမ်းနိုင်တယ်ဆိုရင် စာရေးရတဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ကဗျာက စခဲ့ပါတယ်။ ပြီးတော့ အခု ဆောင်းပါးဆိုတဲ့ ခြေလှမ်းကို စတင်ခဲ့ပါပြီ။ ဒါ့အပြင် ရသအမျိုးအစား ဝတ္တူတိုလေးတွေကို ကြိုးစားရေးသားသွားပါအုံးမယ်။ Steemက စ ခဲ့တဲ့ စာပေခရီးလမ်း မည်မျှဝေးမည် မသိသော်လည်း ဆက်လက်ချီတက် ကြိုးစားသွားပါအုံးမည်။
@suhlaing
msc 175
@suhlaing, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
ဟုတ်ကဲ့ပါ
ရေးပါကြိုးစားပါ မစုရေ အားပေးနေပါတယ် အောင်မြင်ပါစေဗျာ
အားပေးတဲ့အတွက် ကျေးဇူးပါ ဘထွေးရေ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thanks
အောင်မြင်ပါစေရှင်
ကျေးဇူးပါ ညီမရေ
တဖြည်းဖြည်းချင်းလျောက်လှမ်းရင်းအောင်မြင်မှုပန်းတိုင်ရောက်မှာပါ....အားပေးနေပါတယ်👍👍👍
Posted using Partiko Android
ကျေးဇူးပါ ညီမရေ
အရွေးခံရပါစေမမစုရေ ။ အောင်မြင်ပါစေရှင်။
ကိုယ့်ဘက်က အတက်နိုင်ဆုံးတော့ကြိုးစားထားပါတယ် မအိရေ အားပေးတဲ့အတွက် ကျေးဇူးပါ
Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
thanks